သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆႏၵျပမႈ ႏွင္႔ ထိခိုက္ ေသဆံုးရမႈ ေနာက္ဆံုးအေျခအေန


မတ္လ ၂၉ ရက္ေန႔က မံုရြာၿမိဳ႕ရွိ ဆႏၵျပသူမ်ား

(Zawgyi/Unicode)

တနလၤာေန႔မွာလည္း ဆႏၵျပျပည္သူ ေထာင္နဲ႔ခ်ီၿပီး ဆႏၵျပခဲ့ၾကတာ ျဖစ္ၿပီး တနလၤာေန႔ တရက္ထဲ မွာတင္ ေသဆံုးရသူက ၁၄ ေယာက္ ရွိေနတာပါ။ ေသဆံုးရသူေတြထဲမွာ ရန္ကုန္ ေတာင္ဒဂံုမွာတင္ ေသဆံုးရသူက ၈ ဦးရွိေနပါတယ္။

ေတာင္ဒဂံုက ဆႏၵျပသူေတြကုိ တနလၤာေန႔မွာ စစ္တပ္နဲ႔ ရဲေတြ ဘက္က လက္ပစ္ဗုံးေတြ အပါအ၀င္ က်ည္ဆံအစစ္ေတြနဲ႔ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ ရွိခဲ့ပါတယ္။

ထားဝယ္ဘက္မွာေတာ့ ရာနဲ႔ခ်ီတဲ့ ေဒသခံေတြ တနလၤာေန႔မွာလည္း ဆက္လက္ ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။

“ဒီမိုကေရစီ ရရွိေရး.. ဒို႔အေရး..ဒို႔အေရး

စစ္အာဏာရွင္ က်ဆံုးေရး.. ဒို႔အေရး..ဒို႔အေရး”

ရန္ကုန္၊ မႏၲေလး၊ ျမစ္ႀကီးနား၊ ကေလး၊ ျမင္းျခံ၊ ေမာ္လၿမိဳင္၊ ၿမိတ္၊ ထားဝယ္ အပါအဝင္ ျမန္မာႏိုင္ငံ ၿမိဳ႕ရြာ အေတာ္မ်ားမ်ားမွာ တနလၤာေန႔ က ဆႏၵျပမႈေတြ ရွိခဲ့သလို အာဏာပိုင္ေတြ ဘက္ကလည္း ဆက္ၿပီး အၾကမ္းဖက္ ၿဖိဳခြဲေနတာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းတဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ကေန မတ္လ ၂၉ ရက္ေန႔အထိ စစ္အာဏာဆန္႔က်င္ေရး ဆႏၵျပသူ စုစုေပါင္း ၅၁၀ ေသဆံုးခဲ့ၿပီ လို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းက သတင္းထုတ္ျပန္ပါတယ္။ ဒီအေရအတြက္ဟာ AAPP က ေကာက္ယူထားတဲ့ အတည္ျပဳႏိုင္သူ အေရအတြက္ျဖစ္ၿပီး ေသဆံုးရသူဦးေရ အခုထက္ ပိုမ်ားႏိုင္တယ္ လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ဆန္ဒပြမှု နှင့် ထိခိုက် သေဆုံးရမှု နောက်ဆုံးအခြေအနေ

(Unicode)

တနင်္လာနေ့မှာလည်း ဆန္ဒပြပြည်သူ ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး တနင်္လာနေ့ တရက်ထဲ မှာတင် သေဆုံးရသူက ၁၄ ယောက် ရှိနေတာပါ။ သေဆုံးရသူတွေထဲမှာ ရန်ကုန် တောင်ဒဂုံမှာတင် သေဆုံးရသူက ၈ ဦးရှိနေပါတယ်။

တောင်ဒဂုံက ဆန္ဒပြသူတွေကို တနင်္လာနေ့မှာ စစ်တပ်နဲ့ ရဲတွေ ဘက်က လက်ပစ်ဗုံးတွေ အပါအဝင် ကျည်ဆံအစစ်တွေနဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိခဲ့ပါတယ်။

ထားဝယ်ဘက်မှာတော့ ရာနဲ့ချီတဲ့ ဒေသခံတွေ တနင်္လာနေ့မှာလည်း ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

“ဒီမိုကရေစီ ရရှိရေး.. ဒို့အရေး..ဒို့အရေး

စစ်အာဏာရှင် ကျဆုံးရေး.. ဒို့အရေး..ဒို့အရေး”

ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကလေး၊ မြင်းခြံ၊ မော်လမြိုင်၊ မြိတ်၊ ထားဝယ် အပါအဝင် မြန်မာနိုင်ငံ မြို့ရွာ အတော်များများမှာ တနင်္လာနေ့ က ဆန္ဒပြမှုတွေ ရှိခဲ့သလို အာဏာပိုင်တွေ ဘက်ကလည်း ဆက်ပြီး အကြမ်းဖက် ဖြိုခွဲနေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၂၉ ရက်နေ့အထိ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြသူ စုစုပေါင်း ၅၁၀ သေဆုံးခဲ့ပြီ လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက သတင်းထုတ်ပြန်ပါတယ်။ ဒီအရေအတွက်ဟာ AAPP က ကောက်ယူထားတဲ့ အတည်ပြုနိုင်သူ အရေအတွက်ဖြစ်ပြီး သေဆုံးရသူဦးရေ အခုထက် ပိုများနိုင်တယ် လို့လည်း ပြောပါတယ်။

XS
SM
MD
LG