သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိခိုက္သူေတြဆီ ကယ္ဆယ္ဆယ္ေရးလမ္းဖြင္႔ေပးဖို႔ ဆီြဒင္သံရံုး ေတာင္းဆို


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္တပ္က ရန္ကုန္၊ ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္းနဲ႔ တျခားေနရာေတြမွာ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္တံ့ဖို႔ ရန္ကုန္ ဆြီဒင္သံရံုးက သတင္းထုတ္ျပန္ပါတယ္။ ဒါ့အျပင္ အေရးေပၚေဆးအဖြဲ႔ေတြ၊ကယ္ဆယ္ေရး အဖြဲ႔ေတြကို မဟန္႔တားဖို႔ အသြားအလာလုပ္ႏိုင္ေအာင္ လမ္းဖြင့္ေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။

Embassy of Sweden Section Office in Yangon
Embassy of Sweden Section Office in Yangon

တနလၤာေန႔ညဘက္မွာ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္က ျပည္သူလူထုအေပၚ စစ္တပ္ႏွင့္ လုံၿခဳံေရး တပ္ဖြဲ႕ေတြက စစ္ေျမျပင္သုံး လက္နက္ႀကီးမ်ား အသုံးျပဳ တိုက္ခိုက္ ေနတာ သိရေၾကာင္းနဲ႔ ဒီ့အတြက္ စိုးရိမ္ေၾကာင္း ရန္ကုန္ ဆြီဒင္ သံရံုးက မၾကာေသးခင္ကပဲ သံရံုး ေဖ့စ္ဘုတ္ကေန သတင္းထုတ္ျပန္ခဲ့တာပါ။

ေသဆံုးရသူ အမ်ားအျပားရွိေနၿပီး ဒဏ္ရာရသူေတြကို ကယ္ဆယ္ကုသခြင့္ မေပးပဲ၊ အေရးေပၚေဆးအဖြဲ႔ေတြ၊ ကယ္ဆယ္ေရးအဖြဲ႔ေတြ မဝင္ႏိုင္ေအာင္ ပိတ္ထားတာကို သိရတဲ့အတြက္ မ်ားစြာတုန္လႈပ္ရေၾကာင္းလည္း ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ထိခိုက်သူတွေဆီ ကယ်ဆယ်ဆယ်ရေးလမ်းဖွင့်ပေးဖို့ ဆွီဒင်သံရုံး တောင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ တခြားနေရာတွေမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တံ့ဖို့ ရန်ကုန် ဆွီဒင်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အရေးပေါ်ဆေးအဖွဲ့တွေ၊ကယ်ဆယ်ရေး အဖွဲ့တွေကို မဟန့်တားဖို့ အသွားအလာလုပ်နိုင်အောင် လမ်းဖွင့်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

တနင်္လာနေ့ညဘက်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က ပြည်သူလူထုအပေါ် စစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့တွေက စစ်မြေပြင်သုံး လက်နက်ကြီးများ အသုံးပြု တိုက်ခိုက် နေတာ သိရကြောင်းနဲ့ ဒီ့အတွက် စိုးရိမ်ကြောင်း ရန်ကုန် ဆွီဒင် သံရုံးက မကြာသေးခင်ကပဲ သံရုံး ဖေ့စ်ဘုတ်ကနေ သတင်းထုတ်ပြန်ခဲ့တာပါ။

သေဆုံးရသူ အများအပြားရှိနေပြီး ဒဏ်ရာရသူတွေကို ကယ်ဆယ်ကုသခွင့် မပေးပဲ၊ အရေးပေါ်ဆေးအဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေ မဝင်နိုင်အောင် ပိတ်ထားတာကို သိရတဲ့အတွက် များစွာတုန်လှုပ်ရကြောင်းလည်း ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG