သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလ လံုျခံဳေရးေကာင္စီအေရးေပၚ အစည္းအေဝး ထပ္မံေခၚယူမည္


မတ္လ ၂၇ ရက္ေန႔က ရန္ကုန္ သာေကတၿမိဳ႕ ဆႏၵျပပဲြအတြင္း ေတြ႔ရတဲ့ လက္သံုးေခ်ာင္းေထာင္ဆႏၵျပျပည္သူမ်ား။ (မတ္ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိ္ုင္ငံအ​ေျခအေနအေပၚ ကုလသမဂၢလံုျခံဳေရးေကာင္စီ အေရးေပၚအစည္းအေ၀းကို လာမယ့္ ဗုဒၶဟူးေန႔မွာ တခါးပိတ္ေခၚယူ က်င္းပဖို႔ရွိတယ္လို႔ သံတမန္သတင္းရပ္ကြက္ေတြကို ကိုးကားၿပီး AFP သတင္းဌာနက ေရးပါတယ္။ ျမန္မာႏိုင္ငံအေျခအေနကို အေရးေပၚေဆြးေႏြးဖို႔ ၿဗိတိန္ႏိုင္ငံက အဆိုျပဳခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ၁၅ ႏိုင္ငံပါ ကုလသမဂၢ လံုျခံဳေရးေကာင္စီမွာ အေမရိကန္ျပည္ေထာင္စုက လတ္တေလာအားျဖင့္ အလွည့္က်ဥကၠ႒ တာ၀န္ယူထားပါတယ္။ အခုလာမယ့္ ကုလ လံုျခံဳေရးေကာင္စီအစည္းအေ၀းမွာ ျမန္မာႏိ္ုင္ငံဆိုင္ရာကုလ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ျမန္မာႏိ္ုင္ငံေနာက္ဆံုး အေျခအေနေတြကို တင္ျပရွင္းလင္းမွာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကုိ ကန္႔ကြက္ ဆႏၵျပသူေတြကုိ လက္နက္ကုိင္တပ္ဖြဲ႔ေတြက အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ မတ္လ ၂၇ ရက္ေန႔က အဆုိးရြားဆုံး ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္ ရက္စက္ၾကမ္းၾကဳတ္တဲ့ ရာဇဝတ္မႈေတြ အရွိန္ျမင့္ ျဖစ္ေပၚလာႏုိင္ေၾကာင္း ကုလသမဂၢ လူမ်ဳိးတုံးသတ္ျဖတ္မႈ ကာကြယ္ဟန္႔တားေရးဆုိင္ရာ အႀကံေပးပုဂၢဳိလ္ Alice Wairimu Nderitu နဲ႔ ကုလသမဂၢ လူ႔အခြင့္အေရးဆုိင္ရာ မဟာမင္းႀကီး Michelle Bachelet တုိ႔က ဒီကေန႔ ပူးတြဲသတိေပးခ်က္ ထုတ္ျပန္လုိက္ပါတယ္။

ျမန္မာႏိ္ုင္ငံတြင္း စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပမႈေတြကို စစ္တပ္နဲ႔ ရဲက ပစ္ခတ္ႏွိမ္နင္းေနရာမွာ ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔ တရက္တည္းမွာတင္ လူ ၁၀၀ ေက်ာ္ေသဆံုးခဲ့ၿပီး၊ စစ္အာဏာသိမ္းၿပီးကတည္းကဆိုရင္ ဆႏၵျပသူ ၄၀၀ ေက်ာ္၊ ၅၀၀ နီးပါးအထိ ေသဆံုးခဲ့ရၿပီးျဖစ္ပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံသားေတြကို ၫွဥ္းပန္းသတ္ျဖတ္ေနမႈကေန ႏိုင္ငံတကာက အကာအကြယ္ေပးရမယ့္ တာ၀န္ရွိမႈကို ခ်က္ျခင္း ခ်မွတ္ေဆာင္ရြက္ၾကဖို႔ဆိုၿပီး လူ႔အခြင့္အေရးဆိုင္ရာ ကုလ မဟာမင္းႀကီးနဲ႔ လူမ်ိဳးတံုးသတ္ျဖတ္မႈကာကြယ္ဟန္႔တားေရးဆိုင္ရာ ကုလ အထူးကိုယ္စားလွယ္တို႔က ပူးတဲြ ထုတ္ျပန္ေတာင္းဆိုထားပါတယ္။

[Unicode Version]

မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေး ထပ်မံခေါ်ယူမည်

မြန်မာနိုင်ငံအခြေအနေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ တခါးပိတ်ခေါ်ယူ ကျင်းပဖို့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်တွေကို ကိုးကားပြီး AFP သတင်းဌာနက ရေးပါတယ်။ မြန်မာနိုင်ငံအခြေအနေကို အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက အဆိုပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုက လတ်တလောအားဖြင့် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။ အခုလာမယ့် ကုလ လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာကုလ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာနိုင်ငံနောက်ဆုံး အခြေအနေတွေကို တင်ပြရှင်းလင်းမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲမှုတွေ မတ်လ ၂၇ ရက်နေ့က အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနိုင်ကြောင်း ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Alice Wairimu Nderitu နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet တို့က ဒီကနေ့ ပူးတွဲသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နင်းနေရာမှာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ တရက်တည်းမှာတင် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် ဆန္ဒပြသူ ၄၀၀ ကျော်၊ ၅၀၀ နီးပါးအထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံသားတွေကို ညှဉ်းပန်းသတ်ဖြတ်နေမှုကနေ နိုင်ငံတကာက အကာအကွယ်ပေးရမယ့် တာဝန်ရှိမှုကို ချက်ခြင်း ချမှတ်ဆောင်ရွက်ကြဖို့ဆိုပြီး လူ့အခွင့်အရေးဆိုင်ရာ ကုလ မဟာမင်းကြီးနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်ဟန့်တားရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်တို့က ပူးတွဲ ထုတ်ပြန်တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG