သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆန္ဒပြသူတွေကို အကြမ်းဖက်မှု ထိုင်းနဲ့ ဖိလစ်ပိုင်ဝေဖန်တုံ့ပြန်


ရန်ကုန်မြို့ရှိ လမ်းတခုပေါ်တွင် တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၀၄၊ ၂၀၂၁)
ရန်ကုန်မြို့ရှိ လမ်းတခုပေါ်တွင် တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (မတ် ၀၄၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲနေတာရပ်ဖို့ ဖိလစ်ပိုင်နိုင်ငံက ဒီကနေ့ တောင်းဆိုလိုက်သလို ထိုင်းနိုင်ငံကလည်း အကြမ်းဖက်မှုလေ ျှာ့ချဖို့ တောင်းဆိုထားကြောင်း ရိုက်တာသတင်းဌာနရဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အရပ်သားတွေကို မြန်မာစစ်တပ်က မလိုအပ်ဘဲ မမ ျှတစွာ အပြင်းအထန် အင်အားသုံး နှိမ်နင်းနေတဲ့အပေါ် "အထူးပဲ ထိတ်လန့်တုန်လှုပ်" ရတဲ့အကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံ တခြား အရပ်ဘက်ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ အပြည့်အဝပြန်တည်ဆောက်ရေး လမ်းကြောင်းကို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ထောက်ခံတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

အကြမ်းဖက်မှုလေ ျှာ့ချဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ဒီကနေ့ ပြောတယ်ဆိုတာကိုတော့ ထိုင်းပြည်တွင်းသတင်းတွေမှာ ဖော်ပြထားတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ထိုင်းနိုင်ငံရဲ့ပြောဆိုချက်ကို ရတဲ့အကြောင်း မြန်မာနိုင်ငံဘက်က အသိအမှတ်ပြုထားပေမယ့် ဒါက အခြေအနေပေါ် မူတည်တယ်လို့ပြောတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပဖို့ရှိနေချိန်မှာပဲ အခုလို အာဆီယံနိုင်ငံတွေဘက်က အတော်လေးပြင်းပြင်းထန်ထန် ပြောဆိုတာတွေ ထွက်လာနေတာပါ။

မြန်မာ့ငြိမ်းချမ်းရေးကိစ္စဟာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG