သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ ဆင္ျခင္တံုတရားကင္းမဲ႔စြာ လူသတ္မႈေတြ က်ဴးလြန္ေနတယ္ (ျပင္သစ္ႏိုင္ငံျခားေရး၀န္ႀကီး)


႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္တပ္နဲ႔ ရဲေတြက အရပ္သား ျပည္သူေတြ အေပၚ မ်က္ကန္းလို ရမ္းၿပီး သတ္ျဖတ္ အၾကမ္းဖက္မႈေတြ က်ဴးလြန္ေနတယ္လို႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian က တနလၤာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုလိုက္ပါတယ္။

ျမန္မာစစ္တပ္က စေနေန႔မွာ အသက္သိပ္ငယ္တဲ့ ကေလးငယ္ေတြ အပါအဝင္ လူေပါင္း ၁၀၀ ေက်ာ္ ကို သတ္ျဖတ္ခဲ့တာ ျဖစ္ၿပီး ဒါဟာ ကိုယ့္ျပည္သူကို ကိုယ္ျပန္သတ္တာမ်ိဳး ျဖစ္ၿပီး ဘာကိုမွ မျမင္ေတာ့ပဲ လူသတ္အၾကမ္းဖက္မႈကို က်ဴးလြန္လိုက္တာ ျဖစ္ေၾကာင္းေျပာပါတယ္။

ျမန္မာစစ္တပ္အေနနဲ႔ သတ္ျဖတ္မႈ သံသရာကို အဆံုးသတ္ၿပီး ႏိုင္ငံေရးအက်ဥ္းသားအားလံုးကို ခၽြင္းခ်က္မရွိ ျပန္လႊတ္ေပးဖို႔လည္း ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးက ထပ္မံေတာင္းဆိုလိုက္ပါတယ္။

စေနေန႔ တရက္တည္းမွာ ေသဆံုးခဲ့ရတဲ့ ဆႏၵျပျပည္သူ ၁၀၀ ေက်ာ္ ရွိေနၿပီျဖစ္ၿပီး ျမန္မာစစ္တပ္ ေဖေဖၚဝါရီလ ၁ ရက္ အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး အခုခ်ိန္အထိ အရပ္သား ျပည္သူ ၅၁၀ ေက်ာ္ဟာ စစ္တပ္နဲ႔ ရဲေတြရဲ႕ ၿဖိဳခြင္းမႈေၾကာင့္ ေသဆံုးခဲ့ရၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

မြန်မာစစ်တပ် ဆင်ခြင်တုံတရားကင်းမဲ့စွာ လူသတ်မှုတွေ ကျူးလွန်နေတယ် (ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး)

(Unicode)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ရဲတွေက အရပ်သား ပြည်သူတွေ အပေါ် မျက်ကန်းလို ရမ်းပြီး သတ်ဖြတ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်က စနေနေ့မှာ အသက်သိပ်ငယ်တဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၀၀ ကျော် ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ဒါဟာ ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်တာမျိုး ဖြစ်ပြီး ဘာကိုမှ မမြင်တော့ပဲ လူသတ်အကြမ်းဖက်မှုကို ကျူးလွန်လိုက်တာ ဖြစ်ကြောင်းပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ သတ်ဖြတ်မှု သံသရာကို အဆုံးသတ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံတောင်းဆိုလိုက်ပါတယ်။

စနေနေ့ တရက်တည်းမှာ သေဆုံးခဲ့ရတဲ့ ဆန္ဒပြပြည်သူ ၁၀၀ ကျော် ရှိနေပြီဖြစ်ပြီး မြန်မာစစ်တပ် ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး အခုချိန်အထိ အရပ်သား ပြည်သူ ၅၁၀ ကျော်ဟာ စစ်တပ်နဲ့ ရဲတွေရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG