သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ ကရင္ဒုကၡသည္ ၃,၀၀၀ ထိုင္းႏိုင္ငံတြင္း တိမ္းေရွာင္


ျမန္မာစစ္တပ္ ဗံုးႀကဲတိုက္ခိုက္မႈေၾကာင့္ တိမ္းေရွာင္ေနရတဲ့ စစ္ေဘးေရွာင္ကရင္ဒုကၡသည္မ်ား (ဓာတ္ပံု - KNU - မတ္ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

ကရင္လက္နက္ကိုင္ KNU တပ္ေတြ ႐ွိတဲ့ ထိုင္း ျမန္မာနယ္စပ္နားမွာ ျမန္မာစစ္တပ္နဲ႔ ေကအန္ယူတပ္ေတြၾကား တိုက္ပြဲေတြ ဆက္ျဖစ္ေနခ်ိန္မွာ ျမန္မာတပ္ေတြဘက္က တိုက္ေလယာဥ္ေတြနဲ႔ပါ ဗံုးၾကဲတိုက္ခိုက္ေနပါတယ္။ ဒါေၾကာင့္ ထိုင္းႏိုင္ငံ မဲေဟာင္ေဆာင္ ျပည္နယ္အတြင္းကုိ ကရင္စစ္ေဘးေရွာင္ဒုကၡသည္ ၃,၀၀၀ ထက္မနည္းတိမ္းေရွာင္လာပါတယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာကေျပာျပေပးမွာပါ။

ျမန္မာစစ္တပ္ ဗံုးႀကဲတိုက္ခိုက္မႈေၾကာင့္ တိမ္းေရွာင္ေနရတဲ့ စစ္ေဘးေရွာင္ကရင္ဒုကၡသည္မ်ား (ဓာတ္ပံု - KNU - မတ္ ၂၉၊ ၂၀၂၁)
ျမန္မာစစ္တပ္ ဗံုးႀကဲတိုက္ခိုက္မႈေၾကာင့္ တိမ္းေရွာင္ေနရတဲ့ စစ္ေဘးေရွာင္ကရင္ဒုကၡသည္မ်ား (ဓာတ္ပံု - KNU - မတ္ ၂၉၊ ၂၀၂၁)

KNU တပ္ေတြနဲ႔ တိုက္ပဲြအတြင္း ျမန္မာစစ္တပ္ဘက္က မတ္လ ၂၇ နဲ႔ ၂၈ ရက္ေန႔ေတြမွာ တိုက္ေလယာဥ္ေတြ သံုးၿပီး ဗံုးႀကဲတိုက္ခိုက္ေနတာေၾကာင့္ အဲဒီေဒသဘက္မွာ ႐ွိေနတဲ့ ကရင္ျပည္သူေတြဟာ သံလြင္ျမစ္ကို ျဖတ္ေက်ာ္ၿပီး ထိုင္းနိုင္ငံ မယ္ေဟာင္ေဆာင္ျပည္နယ္ထဲကုိ ထြက္ေျပးေနၾကပါတယ္။

ဒီကေန ့ မတ္လ ၂၉ ရက္ေန ့အထိ ကရင္႐ြာေတြကေန ထြက္ေျပးလာတဲ့ စစ္ေျပးဒုကၡသည္ ၃,၀၀၀ ေလာက္ရွိေနျပီျဖစ္ေၾကာင္း ကရင္သတင္းစဥ္ရဲ့ အမႈေဆာင္အယ္ဒီတာခ်ဳပ္နန္းေဖာေဂကအခုလိုေျပာျပပါတယ္။

"ထိုင္းဘက္ျခမ္းကိုေတာ့ ၃,၀၀၀ ၀န္းက်င္ေလာက္တိမ္းေရွာင္လာၾကတယ္။ အီဒူးထေဘးနားမွာလည္း သူမဲြထဆုိတာ တေနရာလည္း ရွိေသးတယ္။ ေခ်ာင္းေလးေတြေဘးကို အစဲြျပဳျပီးေခၚတဲ့ေနရာေတြေပါ့။ ေထာင္နဲ႔ ခ်ီေတာ့ရွိတယ္။ ၃,၀၀၀ ၀န္းက်င္ရွိတယ္။ ရြာကေတာ့ ခူကီ ေက်းရြာတခုရွိတယ္။ ေကေကာ့ထဆိုတာ တပ္မဟာ ၅ နဲ႔ နီးတဲ့ေနရာတခုရွိတယ္။ သူတို႔လည္း အေတြ႔အႀကံဳရွိေတာ့ေရွာင္ၾကတယ္။ ေရွာင္ၾကျပီးေတာ့ လာပစ္တဲ့အခ်ိန္ကေတာ့ ၂၈ ရက္ေန႔က မြန္းလဲြညေန ၃ နာရီေလာက္တႀကိမ္၊ ၅ နာရီေလာက္တႀကိမ္ လာပစ္ၾကတယ္။"

ေကအန္ယူတပ္မဟာ ၅ နဲ႔ ျမန္မာစစ္တပ္တို႔ဟာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီတက္လာတဲ့ ၂ လအတြင္းမွာ တိုက္ပဲြေတြ ခပ္စိတ္စိတ္ျဖစ္လာေနတာပါ။ မတ္လ၂၇ ရက္ေန႔ကေတာ့ သံလြင္ျမစ္အနီးက ျမန္မာစစ္တပ္ရဲ႕ သီးမူထာစခန္းကို ေကအန္ယူက သိမ္းပုိက္လိုက္တာေၾကာင့္ မတ္လ၂၇ ရက္ေန႔ ညကစျပီး ျမန္မာစစ္တပ္ဘက္က ေလယာဥ္နဲ႔ ဗံုးႀကဲတုိက္ခိုက္မႈေတြကို စတင္ခဲ့ပါတယ္။ မတ္လ ၂၈ ရက္ေန႔မွာလည္း ေလယာဥ္ေတြနဲ႔ ဗံုးႀကဲတိုက္ခိုက္မႈထပ္လုပ္ခဲ့ပါတယ္။ ေကအန္ယူတပ္မဟာ ၅ က ဗိုလ္မွဴးေစာကလဲဒုိကေတာ့ အခုလိုေျပာပါတယ္။

"တဘက္နဲ႔ တဘက္က်ေတာ့ ပဋိပကၡျဖစ္ျပီးေတာ့ ဒီလို တုိက္ပဲြေတြျဖစ္တယ္ဆုိတာကေတာ့ ႏိုင္ငံေရးအရ ေျပာရမယ္ဆုိရင္ ေျပလည္မႈ မရွိလို႔ေတာ့ မရွင္းႏိုင္လို႔ေပါ့။ ႏိုင္ငံေရးအရ ေျဖရွင္းလို႔ရတဲ့အရာပဲ။ ဒါေပမဲ့ ႏို္င္ငံေရးအရ မေျဖရွင္းဘဲ သူတို႔ကစစ္အင္အားသံုးျပီး ေျဖရွင္းတာက ေတာက္ေရွာက္ပဲေလ။ အခုလည္းပဲ ဒီလိုပဲေလ။"

ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ ကရင္ျပည္နယ္ ဖာပြန္ခရိုင္အတြင္းက ေဒသခံ ေက်း႐ြာသား ၁၀,၀၀၀ ေက်ာ္ ျပည္တြင္းမွာပဲ ေဘးလြတ္ရာကုိ ထြက္ေျပးတိမ္းေရွာင္ေနၾကရေၾကာင္း ဒီကေန႔မွာပဲ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေဒပူႏို၊ တေနးလူေတာင္ကုန္း၊ ကလိုေဘာထာ၊ ေမာယူနီ၊ သယ္ဘိုးပေလာ၊ သီးေကာထာနဲ့ ဟိုေက စတဲ့ ဖာပြန္ခရိုင္ထဲက ေက်း႐ြာ ၇ ႐ြာအတြင္းကို ျမန္မာစစ္တပ္ဘက္က ဗုံးႀကဲတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ ေကအန္ယူက သတင္းထုတ္ျပန္ထားပါတယ္

တိမ္းေရွာင္ေနရတဲ့ ဒုကၡသည္ေတြအတြက္ အေရးေပၚစားနပ္ရိကၡာမ်ား လိုအပ္ေနေၾကာင္း ေဒသခံ အကူအညီေပးေရးအဖဲြ႔ေတြက ေျပာပါတယ္။ ထိုင္းဘက္ကိုေရာက္လာတဲ့ ဒုကၡသည္ ၃,၀၀၀ ေလာက္ကိုေတာ့ ထိုင္းဘက္ျခမ္း သစ္ေတာႀကိဳး၀ိုင္းအတြင္းမွာ ခိုလႈံစရာေနရာေပးထားပါတယ္။ ဒဏ္ရာရသူ ဆယ္ဂဏန္းေလာက္ကိုလည္း ေဆး၀ါးကုသေပးေနပါတယ္။ စစ္ေျပးဒုကၡသည္ေတြနဲ႔ ပတ္သက္လို႔ ထိုင္းႏိုင္ငံ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးရံုးနဲ႔ ထုိင္းျပည္ထဲေရးဝန္ႀကီးဌာနတို႔ ညိွႏိႈင္းျပီးေဆာင္ရြက္ေနေၾကာင္း ထုိင္းႏိုင္ငံရဲ ့ေဒသဆုိင္ရာသတင္းေတြမွာေဖာ္ျပႀကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာလေကြောင်း တိုက်ခိုက်မှုကြောင့် ကရင်ဒုက္ခသည် ၃,၀၀၀ ထိုင်းနိုင်ငံတွင်း တိမ်းရှောင်

ကရင်လက်နက်ကိုင် KNU တပ်တွေ ရှိတဲ့ ထိုင်း မြန်မာနယ်စပ်နားမှာ မြန်မာစစ်တပ်နဲ့ ကေအန်ယူတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ မြန်မာတပ်တွေဘက်က တိုက်လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ မဲဟောင်ဆောင် ပြည်နယ်အတွင်းကို ကရင်စစ်ဘေးရှောင်ဒုက္ခသည် ၃,၀၀၀ ထက်မနည်းတိမ်းရှောင်လာပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာကပြောပြပေးမှာပါ။

KNU တပ်တွေနဲ့ တိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ တိုက်လေယာဉ်တွေ သုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အဲဒီဒေသဘက်မှာ ရှိနေတဲ့ ကရင်ပြည်သူတွေဟာ သံလွင်မြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်ထဲကို ထွက်ပြေးနေကြပါတယ်။

ဒီကနေ့ မတ်လ ၂၉ ရက်နေ့အထိ ကရင်ရွာတွေကနေ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် ၃,၀၀၀ လောက်ရှိနေပြီဖြစ်ကြောင်း ကရင်သတင်းစဉ်ရဲ့ အမှုဆောင်အယ်ဒီတာချုပ်နန်းဖောဂေကအခုလိုပြောပြပါတယ်။

"ထိုင်းဘက်ခြမ်းကိုတော့ ၃,၀၀၀ ဝန်းကျင်လောက်တိမ်းရှောင်လာကြတယ်။ အီဒူးထဘေးနားမှာလည်း သူမွဲထဆိုတာ တနေရာလည်း ရှိသေးတယ်။ ချောင်းလေးတွေဘေးကို အစွဲပြုပြီးခေါ်တဲ့နေရာတွေပေါ့။ ထောင်နဲ့ ချီတော့ရှိတယ်။ ၃,၀၀၀ ဝန်းကျင်ရှိတယ်။ ရွာကတော့ ခူကီ ကျေးရွာတခုရှိတယ်။ ကေကော့ထဆိုတာ တပ်မဟာ ၅ နဲ့ နီးတဲ့နေရာတခုရှိတယ်။ သူတို့လည်း အတွေ့အကြုံရှိတော့ရှောင်ကြတယ်။ ရှောင်ကြပြီးတော့ လာပစ်တဲ့အချိန်ကတော့ ၂၈ ရက်နေ့က မွန်းလွဲညနေ ၃ နာရီလောက်တကြိမ်၊ ၅ နာရီလောက်တကြိမ် လာပစ်ကြတယ်။"

ကေအန်ယူတပ်မဟာ ၅ နဲ့ မြန်မာစစ်တပ်တို့ဟာ စစ်အုပ်ချုပ်ရေးကောင်စီတက်လာတဲ့ ၂ လအတွင်းမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာနေတာပါ။ မတ်လ၂၇ ရက်နေ့ကတော့ သံလွင်မြစ်အနီးက မြန်မာစစ်တပ်ရဲ့ သီးမူထာစခန်းကို ကေအန်ယူက သိမ်းပိုက်လိုက်တာကြောင့် မတ်လ၂၇ ရက်နေ့ ညကစပြီး မြန်မာစစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို စတင်ခဲ့ပါတယ်။ မတ်လ ၂၈ ရက်နေ့မှာလည်း လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုထပ်လုပ်ခဲ့ပါတယ်။ ကေအန်ယူတပ်မဟာ ၅ က ဗိုလ်မှူးစောကလဲဒိုကတော့ အခုလိုပြောပါတယ်။

"တဘက်နဲ့ တဘက်ကျတော့ ပဋိပက္ခဖြစ်ပြီးတော့ ဒီလို တိုက်ပွဲတွေဖြစ်တယ်ဆိုတာကတော့ နိုင်ငံရေးအရ ပြောရမယ်ဆိုရင် ပြေလည်မှု မရှိလို့တော့ မရှင်းနိုင်လို့ပေါ့။ နိုင်ငံရေးအရ ဖြေရှင်းလို့ရတဲ့အရာပဲ။ ဒါပေမဲ့ နိုင်ငံရေးအရ မဖြေရှင်းဘဲ သူတို့ကစစ်အင်အားသုံးပြီး ဖြေရှင်းတာက တောက်ရှောက်ပဲလေ။ အခုလည်းပဲ ဒီလိုပဲလေ။"

မြန်မာစစ်အုပ်ချုပ်ရေးကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက ဒေသခံ ကျေးရွာသား ၁၀,၀၀၀ ကျော် ပြည်တွင်းမှာပဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒီကနေ့မှာပဲ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေပူနို၊ တနေးလူတောင်ကုန်း၊ ကလိုဘောထာ၊ မောယူနီ၊ သယ်ဘိုးပလော၊ သီးကောထာနဲ့ ဟိုကေ စတဲ့ ဖာပွန်ခရိုင်ထဲက ကျေးရွာ ၇ ရွာအတွင်းကို မြန်မာစစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်

တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသခံ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ထိုင်းဘက်ကိုရောက်လာတဲ့ ဒုက္ခသည် ၃,၀၀၀ လောက်ကိုတော့ ထိုင်းဘက်ခြမ်း သစ်တောကြိုးဝိုင်းအတွင်းမှာ ခိုလှုံစရာနေရာပေးထားပါတယ်။ ဒဏ်ရာရသူ ဆယ်ဂဏန်းလောက်ကိုလည်း ဆေးဝါးကုသပေးနေပါတယ်။ စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနတို့ ညှိနှိုင်းပြီးဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံရဲ ့ဒေသဆိုင်ရာသတင်းတွေမှာဖော်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG