သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင် ဖာပွန်ဒေသ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာသားများ ထိခိုက်သေဆုံး


သံလွင်မြစ်ကိုဖြတ်ပြီး ထွက်ပြေးလာတဲ့ ကရင်ဒုက္ခသည်များ။ (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)
သံလွင်မြစ်ကိုဖြတ်ပြီး ထွက်ပြေးလာတဲ့ ကရင်ဒုက္ခသည်များ။ (ဓာတ်ပုံ - ထိုင်းနယ်ခြားစောင့်တပ်)

(Zawgyi / Unicode)

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်တပ်က လေယာဉ်တွေနဲ့ စနေနေ့ညက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဖာပွန်ခရိုင်တွင်းက ကျေးရွာသားများ ထိခိုက်ဒဏ်ရာရတာ သေဆုံးတာတွေရှိပြီး ကျေးရွာသား ၁၀၀ ကျော် ထိုင်းဘက်ကို စစ်ဘေးရှောင်ပြီး ထွက်ပြေးနေကြပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ တပ်စခန်းချရာ နေရာကို ကေအန်ယူ တပ်မဟာ ၅ က စခန်းသိမ်းတိုက်ပွဲ လုပ်ခဲ့ပြီး ညပိုင်းမှာပဲ ဖာပွန်ခရိုင်ထဲက ကျေးရွာတွေကို မြန်မာစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသားတွေ သေဆုံးထိခိုက်မှု ရှိတယ်လို့ ကေအန်ယူ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောကလဲဒိုက အခုလိုပြောပြပါတယ်။

“လေယာဉ်နဲ့ လာပစ်သွားတာ၊ ည ၇ နာရီခွဲကနေ စပြီး ည ၁၂ နာရီကျော်အထိ လာပစ်သွားတယ်။ အမျိုးသမီး ကလေးငယ်တယောက် သေတယ်၊ ကျောင်းသူတယောက်သေတယ်။ စစ်သားထဲက တယောက်သေတယ်။ ဒဏ်ရာရတာ ၈ ယောက်လို့ ပြောတယ်။ သေဆုံးတာ ၃ ယောက်ရှိတယ်။ အိမ်တွေပျက်စီးတာရှိတယ်၊ အိမ်တွေ မီးလောင်တာရှိတယ်။ ဒေပူနိုကျးရွာမှာ ဖြစ်တာနော်။”

မြန်မာစစ်တပ်နဲ့ ကေအန်ယူ တပ်မဟာ ၅ အပါအဝင် တပ်မဟာ အတော်များများမှာ စစ်အုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်နေစဉ်ကာလ ဒီ ၂ လအတွင်းမှာ ထိတွေ့မှုတွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ အခုလိုမျိုး ကရင်ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေယာဉ်သုံး တိုက်ခိုက်တာဟာ လူထုကို နှိပ်စက်မှုတွေသာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးစောကလဲဒိုက ပြောပါတယ်။

“သူတို့က အထက်စီးကနေ အကုန်လုံးက သူ့ရဲ့လက်အောက်ခံပဲ နေရမယ်ဆိုတဲ့ သဘောပဲ လုပ်တာ၊ အင်အားသုံးဖြေရှင်းတာ တောက်လျှောက်လုပ်တာ အမြဲတမ်းလုပ်ခဲ့တာ မမှန်ကန်ဘူးလို့ မြင်တယ်။ သူတို့ လေယာဉ်တွေဝယ်တာ တိုင်းပြည်ကို ကာကွယ်ဖို့ပဲ ပြောတယ်။ ဒါပေမယ့် လေယာဉ်တွေနဲ့ တိုင်းရင်းသား ပြည်သူတွေကိုပဲ လာရောက်နှိပ်စက်နေတာ မတရားဘူးလို့ပဲ ကျနော်ကတော့ ဒီလိုပဲမြင်တယ်။”

မြန်မာစစ်တပ်ဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာနှစ်ရွာက ရွာသား ၁၀၀ ကျော်ဟာ ဒီနေ့မှာတော့ သံလွင်မြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကို စစ်ဘေးရှောင်ဖို့အတွက် ထွက်ပြေးလာနေကြတယ်လို့ ထိုင်းနယ်ခြားစောင့်တပ်တွေက ပြောဆိုခဲ့ပါတယ်။ ပထမဆုံးအသုတ်အနေနဲ့ မြန်မာဘက်က ထွက်ပြေးလာကြတဲ့ အမျိုးသား အမျိုးသမီးနဲ့ ကလေးတွေ ပါဝင်တဲ့ အိမ်ထောင်စု ၂၂ စုက ဒုက္ခသည် ၁၀၀ ကျော်ကို ထိုင်းဘက်က လူသားချင်းစာနာမှုနဲ့ စောင့်ရှောက်ပေးထားတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG