သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှု နိုင်ငံတကာ ကာကွယ်ရေးဦးစီးချုပ်တွေရှုတ်ချ


[ Zawgyi / Unicode ]

မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေက လက်နက်မဲ့ ပြည်သူတွေအပေါ် ထိခိုက်သေကျေတဲ့ အထိ အင်အားသုံးနှိမ်နင်းတဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ ဂျာမနီ၊ ဂရိ၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်၊ တောင်ကိုရီယား တို့က ကာကွယ်ရေးဦးစီးချုပ်တွေက ပူးတွဲကြေညာချက် ထုတ်ပြန် ပြောဆို လိုက်တာပါ။

မြန်မာနိုင်ငံမှာ တပ်မတော်နေ့ အခမ်းအနားတွေ ကျင်းပတဲ့ နေ့မှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံအဝန်း လှုပ်ရှားမှုတွေကို ပစ်ခတ်နှိမ်နင်းရာက လူပေါင်း ရာဂဏန်းလောက်အထိ သေဆုံးခဲ့ပြီးနောက် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက ထိပ်တန်းစစ်အရာရှိတွေရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အရည်အချင်းပြည့်ဝတဲ့ စစ်တပ်ဆိုတာဟာ အပြည်ပြည်ဆိုင်ရာကျင့်ဝတ်စံနှုန်းတွေကို လိုက်နာပြီး၊ ကိုယ်အလုပ်အကျွေးပြုရတဲ့ ပြည်သူလူထုအပေါ် အန္တရာယ်ပြုဖို့မဟုတ်ဘဲ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ နစ်နာဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူလူထုရဲ့ လေးစားမှုနဲ့ ယုံကြည်လက်ခံနိုင်မှု ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ဖို့လည်း မြန်မာ့တပ်မတော်ကို တိုက်တွန်းထားပါတယ်။

[ Unicode ]





XS
SM
MD
LG