သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေကို ပစ်ခတ်မှု ရှမ်းတပ်ခေါင်းဆောင် ဝေဖန်သတိပေး


RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Yawd Serk
RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Yawd Serk

Zawgyi/Unicode

အဓိက တိုင်းရင်းသားလက်နက်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက၊ မြန်မာစစ်တပ်အနေနဲ့ ဆန္ဒပြသူတွေကို နောက်ထပ်ပစ်သတ်နေရင် ရပ်ကြည့်နေမှာမဟုတ်တော့ဘူးလို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
NCA တနိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Yawd Serk အနေ့နဲ့ ရိုက်တာစ်သတင်းဌာနကို ဒီနေ့ပဲ အခုလိုပြောလိုက်ပြီး၊ မြန်မာ့တပ်မတော်နေ့ဟာ လူသတ်ပွဲနေ့လိုဖြစ်သွားပြီလို့လည်း ဝေဖန်လိုက်ပါတယ်။
အခုမြန်မာစစ်တပ်လုပ်နေတာတွေက ဒီမိုကရေစီကို ကာကွယ်တာမဟုတ်ဘူး၊ ဒီမိုကရေစီကို ဖျက်ဆီးနေတာဖြစ်သွားပြီလို့လည်း SSA ရှမ်းပြည်တောင်ပိုင်းတပ်လို့လဲလူသိများတဲ့ ဒီတပ်ဖွဲ့ခေါင်းဆောင်က၊ ဆက်ဝေဖန်လိုက်ပါတယ်။
အရင် ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် စစ်တပ်အလိုကျပြောင်းလဲခဲ့တဲ့ ဒီနေ့မှာ၊ မြန်မာနိုင်ငံတဝှမ်း ပစ်သတ်ခံရတဲ့ ဆန္ဒပြသူ စံချိန်တင်မြင့်တက်လာချိန်မှာ၊ ဗိုလ်ချုပ်ကြီး Yawd Serd က၊ မြန်မာစစ်တပ်ဆက်ပြီးပစ်သတ်အနိုင်ကျင့်နေရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအနေနဲ့၊ ဘာမှမတုံ့ပြန်ဘဲ၊ ငြိမ်နေလို့မရတော့ဘူးထင်တယ်လို့ ပြောလိုက်ပါတယ်။
ဒါ့အပြင် လက်ရှိစစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေတောင်းဆိုနေတဲ့ ဖယ်ဒရယ်တပ်မတော်ကိုလည်း သူထောက်ခံတယ်၊ တိုင်းရင်းသားတပ်တွေမှာလည်း အလားတူ ဘုံရန်သူရှိထားတာမို့၊ အတူလက်တွဲပြီး ပြည်သူကိုတိုက်တဲ့တပ်ကို ပြန်တိုက်ရလိမ့်မယ်လို့ Yawd Serk က ဆက်သတိပေးခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်အနေနဲ့ ဒီနေ့တပ်မတော်နေ့အခမ်းအနားမှာ၊ ပြည်သူကိုကာကွယ်ဖို့နဲ့ ဒီမိုကရေစီမြှင့်တင်ဖို့တာဝန်ရှိတယ်လို့ ပြောလိုက်ချိန်မှာ၊ ထိုင်းနယ်စပ်အခြေစိုက် ရှမ်းလက်နက်ကိုင်တပ်ခေါင်းဆောင်က၊ ခုလိုပြန်ဝေဖန် သတိပေးခဲ့တာပါ ခင်ဗျာ။

တိုက်ရိုက် လင့်ခ်


Unicode



#MyanmarMilitaryCoup #MyanmarProtest #WhatIsHappeningInMyanmar #VOABurmese

XS
SM
MD
LG