သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေရႊႀတိဂံေဒသ စိတ္ႂကြေဆးထုတ္လုပ္မႈျမင့္တက္လာ


Bags of methamphetamine pills, many seized from Burmese drug mules

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံထဲ မတည္မၿငိမ္မူေတြေၾကာင့္ ေ႐ႊႀတိဂံနယ္ေျမမွာ၊ မူးယစ္ေဆး Methamphetamine ရာဘားေဆးျပားထြက္တာ ျမင့္မားလာတယ္လို႔၊ ကုလသမဂၢ ေအဂ်င္စီတစ္ခုက ေျပာလိုက္ပါတယ္။

ျမန္မာႏိုင္ငံထဲစစ္အာဏာသိမ္းအၿပီး၊ ေျပာင္းလဲလာမူေအာက္မွာ၊ တိုင္းရင္းသားလက္နက္ကိုင္တပ္တခ်ိဳ.အေနနဲ႔ အင္အားျဖည့္ဖို႔ ေငြအျမန္လိုလာတာေၾကာင့္၊ ဥပေဒအားနည္းတဲ့ နယ္စပ္ျဖတ္ၿပီး၊ မူးယစ္ေဆးျပားေတြ ပိုတင္သြင္းလာတာလို႔၊ ကုလသမဂၢ မူးယစ္ျပစ္မူဆိုင္ရာေအဂ်င္စီက မေန႔က ေျပာလိုက္ပါတယ္။

လာအို၊ ထိုင္း၊ တ႐ုတ္တို႔နဲ႔ နယ္စပ္ခ်ိတ္ေနတဲ့ ဒီေ႐ြႀတိဂံေဒသက လက္နက္ကိုင္တပ္ေတြနဲ႔ ခ်ိတ္ဆက္ထားေနတဲ့၊ မူးယစ္ရာဇာေတြက အခုလို Methamphetamine ရာဘား မူးယစ္ေဆးျပားေတြကို၊ အေရွ.ေတာင္အာရွတဝွမ္း၊ စံခ်ိန္တင္ အတင္းတိုးျမႇင့္ထုတ္လုပ္လာေနတယ္လို႔ UNODC ကုလသမဂၢရဲ႕ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မူတိုက္ဖ်က္ေရး႐ုံးက ဆိုပါတယ္။

ဒီမူးယစ္ရာဇာေတြအေနနဲ႔ ဓာတုပစၥည္းေတြသုံးၿပီး ပိုစြဲလန္း၊ ပိုေဈးရႏိုင္တဲ့ ဒီ ရာဘားေဆးျပားေတြထုတ္လုပ္ကာ၊ ႏွစ္စဥ္ဝင္ေငြ ခန႔္မွန္းေျခ၊ ေဒၚလာ သန္း ၇၀ ဘီလီယံအထိရွိတဲ့ မူးယစ္ေဈးကြက္ထဲကို တင္ပို႔ေနၾကတာပါ။

ေဖေဖာ္ဝါရီ ၁ ရက္စစ္အာဏာသိမ္းအၿပီး ျမန္မာနယ္စပ္တခ်ိဳမွာ စစ္ပြဲေတြစျဖစ္ၿပီး၊ ျမန္မာႏိုင္ငံထဲ စီးပြားေရးလုပ္ငန္းတခ်ိဳရပ္ဆိုင္းလာခ်ိန္၊ ဒီတပ္ေတြအင္အားျဖည့္တင္းေရး စီးပြားလုပ္ငန္းအျဖစ္၊ အခုလို နယ္စပ္ျဖတ္ေက်ာ္ မူးယစ္ေဆးတင္ပို႔မူေတြ ပိုမ်ားလာတာလို႔၊ UNODC အဖြဲ႕က Jeremy Douglas က VOA ကိုရွင္းျပပါတယ္ ခင္ဗ်ာ။

...........................

မူးယစ္ေဆးဝါးမ်ား မီးရိႈ႔ဖ်က္ဆီးခဲ့စဥ္
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံထဲ မတည်မငြိမ်မူတွေကြောင့် ရွှေတြိဂံနယ်မြေမှာ၊ မူးယစ်ဆေး Methamphetamine ရာဘားဆေးပြားထွက်တာ မြင့်မားလာတယ်လို့၊ ကုလသမဂ္ဂ အေဂျင်စီတစ်ခုက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံထဲစစ်အာဏာသိမ်းအပြီး၊ ပြောင်းလဲလာမူအောက်မှာ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တချို.အနေနဲ့ အင်အားဖြည့်ဖို့ ငွေအမြန်လိုလာတာကြောင့်၊ ဥပဒေအားနည်းတဲ့ နယ်စပ်ဖြတ်ပြီး၊ မူးယစ်ဆေးပြားတွေ ပိုတင်သွင်းလာတာလို့၊ ကုလသမဂ္ဂ မူးယစ်ပြစ်မူဆိုင်ရာအေဂျင်စီက မနေ့က ပြောလိုက်ပါတယ်။

လာအို၊ ထိုင်း၊ တရုတ်တို့နဲ့ နယ်စပ်ချိတ်နေတဲ့ ဒီရွေတြိဂံဒေသက လက်နက်ကိုင်တပ်တွေနဲ့ ချိတ်ဆက်ထားနေတဲ့၊ မူးယစ်ရာဇာတွေက အခုလို Methamphetamine ရာဘား မူးယစ်ဆေးပြားတွေကို၊ အရှေ.တောင်အာရှတဝှမ်း၊ စံချိန်တင် အတင်းတိုးမြှင့်ထုတ်လုပ်လာနေတယ်လို့ UNODC ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မူတိုက်ဖျက်ရေးရုံးက ဆိုပါတယ်။

ဒီမူးယစ်ရာဇာတွေအနေနဲ့ ဓာတုပစ္စည်းတွေသုံးပြီး ပိုစွဲလန်း၊ ပိုဈေးရနိုင်တဲ့ ဒီ ရာဘားဆေးပြားတွေထုတ်လုပ်ကာ၊ နှစ်စဉ်ဝင်ငွေ ခန့်မှန်းခြေ၊ ဒေါ်လာ သန်း ၇၀ ဘီလီယံအထိရှိတဲ့ မူးယစ်ဈေးကွက်ထဲကို တင်ပို့နေကြတာပါ။

ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းအပြီး မြန်မာနယ်စပ်တချိုမှာ စစ်ပွဲတွေစဖြစ်ပြီး၊ မြန်မာနိုင်ငံထဲ စီးပွားရေးလုပ်ငန်းတချိုရပ်ဆိုင်းလာချိန်၊ ဒီတပ်တွေအင်အားဖြည့်တင်းရေး စီးပွားလုပ်ငန်းအဖြစ်၊ အခုလို နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးတင်ပို့မူတွေ ပိုများလာတာလို့၊ UNODC အဖွဲ့က Jeremy Douglas က VOA ကိုရှင်းပြပါတယ် ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG