သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CNN သတင္းအဖဲြ႕ကို စစ္တပ္ယာဥ္တန္းနဲ႔လံုျခံဳေရးယူေပး


ရန္ကုန္ အင္းစိန္အက်ဥ္းေထာင္ ေရွ႕ လံုၿခံဳေရးယူေနတဲ့ ရဲတပ္ဖဲြ႕၀င္မ်ား ( ဧၿပီလ ၁၇၊ ၂၀၂၀)

{{Zawgyi/Unicode}}

CNN သတင္းဌာနရဲ႕ ႏိုင္ငံတကာေရးရာ အႀကီးတန္းသတင္းေထာက္ Clarrisa Ward နဲ႔ ႐ုပ္သံသတင္းအဖြဲ႕ ဒီကေန႔ ျမန္မာႏိုင္ငံမွာေရာက္ေနခ်ိန္မွာပဲ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တဲ့ ဆႏၵျပပြဲေတြ ဆက္ရွိခဲ့ပါတယ္။

Clarrisa Ward နဲ႔အဖြဲ႕ကို ရန္ကုန္ၿမိဳ႕၊ ရန္ကင္းၿမိဳ႕နယ္ဘက္မွာေနထိုင္တဲ့ စစ္ေကာင္စီကိုေထာက္ခံသူ အဆိုေတာ္အမ်ိဳးသမီးတဦးအိမ္ စစ္တပ္လုံၿခဳံေရးအင္အား အမ်ားအျပားပါ ယာဥ္တန္းနဲ႔ လိုက္ပို႔ခ်ိန္အတြင္း ပတ္ဝန္းက်င္မွာေနထိုင္တဲ့ ေဒသခံေတြက သံပုံးတီး ကန႔္ကြက္ခဲ့ၾကတယ္လို႔ အဲဒီနားမွာေနထိုင္သူ ေဒသခံတစ္ဦးက ဗြီအိုေအကိုေျပာပါတယ္။

သူတို႔အဖြဲ႕စီးလာတဲ့ လက္နက္ကိုင္စစ္သား အမ်ားအျပားပါယာဥ္တန္း ျဖတ္သြားတဲ့အခ်ိန္ သံပုံးတီးၾကတာကို ၾကားရတဲ့အေၾကာင္း Clarrisa Ward က လူမႈကြန္ယက္မီဒီယာမွာ ေရးခဲ့ပါတယ္။

CNN သတင္းအဖြဲ႕ဟာ ႏွစ္ရက္ၾကာခရီးစဥ္နဲ႔ ျမန္မာႏိုင္ငံမွာ ေရာက္ေနတာျဖစ္ၿပီး ဒီခရီးစဥ္အတြင္း ျမန္မာႏိုင္ငံ အေျခအေနအရပ္ရပ္ကို အျပည့္အဝ သိရွိတင္ျပႏိုင္မလားဆိုတာေမးဖို႔ ႐ိုက္တာသတင္းဌာနက CNN ကို ဆက္သြယ္ခဲ့ေပမယ့္ အေၾကာင္းျပန္ၾကားခ်က္ မရေသးပါဘူး။

ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲတာေတြ ဆက္တိုက္လုပ္ေနတဲ့ၾကားကပဲ ဒီကေန႔မွာလည္း ရန္ကုန္ၿမိဳ႕ေနရာအႏွံ႔အျပားမွာ ဆႏၵျပခဲ့ၾကပါတယ္။

ရန္ကုန္မွာ ပစ္ခတ္သံေတြၾကားရတယ္လုိ႔ ၿမို႕ခံေတြက ဗီြအိုေအကိုေျပာေပမယ့္ ဒီေန႔မွာ အထိအခိုက္ရွိတဲ့ သတင္းေတြေတာ့ မရပါဘူး။
မႏၲေလး၊ မံုရြာ၊ မိတၳီလာ စတဲ့ တျခားၿမိဳ႕ႀကီးေတြအျပင္ တခ်ဳိ႕ေဒသေတြမွာဆို ေက်းရြာအလိုက္ ရြာတြင္းမွာ သပိတ္ေမွာက္ ဆႏၵျပၾကတာေတြရွိပါတယ္။

စစ္တပ္က အာဏာသိမ္းယူခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန မတ္လ ၃၀ ရက္ေန႔အထိဆိုရင္ စစ္တပ္နဲ႔ရဲက ပစ္ခတ္ၿဖိုခြဲတာေၾကာင့္ ေသဆံုးသူ အေယာက္ ၅၁၀ ေက်ာ္ရွိၿပီျဖစ္သလို အဖမ္းခံထားရသူလည္း ၃,၀၀၀ ေက်ာ္ရွိပါတယ္။ေသဆံုးသူေတြထဲမွာ အသက္ ၇ ႏွစ္အရြယ္ ကေလးငယ္နဲ႔ အမ်ဳိးသမီးေတြလည္းပါဝင္ၿပီး တျခားေသဆံုးသူအမ်ားစုက လူငယ္ေတြျဖစ္ၾကပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

CNN သတင်းဌာနရဲ့ နိုင်ငံတကာရေးရာ အကြီးတန်းသတင်းထောက် Clarrisa Ward နဲ့ ရုပ်သံသတင်းအဖွဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာရောက်နေချိန်မှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။

Clarrisa Ward နဲ့အဖွဲ့ကို ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ဘက်မှာနေထိုင်တဲ့ စစ်ကောင်စီကိုထောက်ခံသူ အဆိုတော်အမျိုးသမီးတဦးအိမ် စစ်တပ်လုံခြုံရေးအင်အား အများအပြားပါ ယာဉ်တန်းနဲ့ လိုက်ပို့ချိန်အတွင်း ပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတွေက သံပုံးတီး ကန့်ကွက်ခဲ့ကြတယ်လို့ အဲဒီနားမှာနေထိုင်သူ ဒေသခံတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

သူတို့အဖွဲ့စီးလာတဲ့ လက်နက်ကိုင်စစ်သား အများအပြားပါယာဉ်တန်း ဖြတ်သွားတဲ့အချိန် သံပုံးတီးကြတာကို ကြားရတဲ့အကြောင်း Clarrisa Ward က လူမှုကွန်ယက်မီဒီယာမှာ ရေးခဲ့ပါတယ်။

CNN သတင်းအဖွဲ့ဟာ နှစ်ရက်ကြာခရီးစဉ်နဲ့ မြန်မာနိုင်ငံမှာ ရောက်နေတာဖြစ်ပြီး ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံ အခြေအနေအရပ်ရပ်ကို အပြည့်အဝ သိရှိတင်ပြနိုင်မလားဆိုတာမေးဖို့ ရိုက်တာသတင်းဌာနက CNN ကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားချက် မရသေးပါဘူး။

ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာတွေ ဆက်တိုက်လုပ်နေတဲ့ကြားကပဲ ဒီကနေ့မှာလည်း ရန်ကုန်မြို့နေရာအနှံ့အပြားမှာ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မှာ ပစ်ခတ်သံတွေကြားရတယ်လို့ မြို့ခံတွေက ဗွီအိုအေကိုပြောပေမယ့် ဒီနေ့မှာ အထိအခိုက်ရှိတဲ့ သတင်းတွေတော့ မရပါဘူး။
မန္တလေး၊ မုံရွာ၊ မိတ္ထီလာ စတဲ့ တခြားမြို့ကြီးတွေအပြင် တချို့ဒေသတွေမှာဆို ကျေးရွာအလိုက် ရွာတွင်းမှာ သပိတ်မှောက် ဆန္ဒပြကြတာတွေရှိပါတယ်။

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိဆိုရင် စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံးသူ အယောက် ၅၁၀ ကျော်ရှိပြီဖြစ်သလို အဖမ်းခံထားရသူလည်း ၃,၀၀၀ ကျော်ရှိပါတယ်။သေဆုံးသူတွေထဲမှာ အသက် ၇ နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသမီးတွေလည်းပါဝင်ပြီး တခြားသေဆုံးသူအများစုက လူငယ်တွေဖြစ်ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG