သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရးေပၚတာ၀န္က်၀န္ထမ္းမွလဲြလို႔ သံရံုး၀န္ထမ္းနဲ႔မိသားစုမ်ားထြက္ခြာဖို႔ ကန္ၫႊန္ၾကား


“ျမန္မာ့ေႏြဦးလႈပ္ရွားမႈကို ကူညီဖို႔ အေမရိကန္သံရံုးေရွ႕ တတ္ႂကြသူမ်ားဆႏၵျပ”

{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံမွာရွိေနတဲ့ အေမရိကန္အစိုးရ ဝန္ထမ္းေတြထဲက အေရးေပၚအေျခအေနမွာ တာဝန္ထမ္းေဆာင္ဖို႔မလိုတဲ့ ဝန္ထမ္းေတြနဲ႔ မိသားစုဝင္ေတြ ျပန္ထြက္ခြာၾကဖို႔ ႏုိုင္ငံျခားေရးဌာနက အဂၤါေန႔မွာ ၫႊန္ၾကားထားပါတယ္။

ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔က ထုတ္ျပန္ထားတဲ့ ကိုယ့္သေဘာဆႏၵရွိရင္ ျပန္ထြက္ခြာႏိုင္တဲ့ ၫႊန္ၾကားခ်က္ကို အခုေတာ့ "ထြက္ခြာဖို႔ ၫႊန္ၾကားခ်က္" အျဖစ္ ေျပာင္းလဲထုတ္ျပန္လိုက္တာပါ။

လူ႔အခြင့္အေရးဆိုင္ရာ ၂၀၂၀ ျပည့္ႏွစ္ အေမရိကန္ႏုိင္ငံျခားေရးဌာန အစီရင္ခံစာကို အဂၤါေန႔က ထုတ္ျပန္ခ်ိန္အတြင္းမွာလည္း ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ျမန္မာႏုိင္ငံမွာ စစ္တပ္နဲ႔ရဲက လူ႔အခြင့္အေရးခ်ဳိးေဖာက္ေနတာေတြကို အျပင္းထန္ဆံုး ျပစ္တင္႐ႈတ္ခ်ခဲ့ပါတယ္။

"မတရား ဖမ္းဆီးထိန္းသိမ္းခံထားရသူေတြ အားလံုးကုိ ျပန္လႊတ္ေပးဖို႔၊ အရပ္ဘက္လူမႈအဖြဲ႔အစည္းဝင္ေတြ၊ သတင္းေထာက္ေတြ၊ အလုပ္သမားသမဂၢေတြကို တိုက္ခိုက္ေနတာ ရပ္တန္႔ဖို႔၊ လံုျခံဳေရးတပ္ေတြက သတ္ျဖတ္ေနတာ ရပ္ပစ္ဖို႔နဲ႔ ဒီမုိကေရစီနည္းက် ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရလက္ထဲ အာဏာျပန္လႊဲေပးဖို႔ စစ္အစိုးရကို က်ေနာ္တို႔ ဆက္ၿပီးေတာင္းဆိုပါတယ္" လို႔ ဝန္ႀကီး Blinken ကေျပာပါတယ္။

၂၀၁၃ ခုႏွစ္က ႏွစ္ႏုိင္ငံၾကား ခ်ဳပ္ဆိုထားတဲ့ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာ သေဘာတူညီခ်က္အရ ပူးေပါင္းလုပ္ေဆာင္တာအားလံုးကုိ ဒီမုိကေရစီနည္းက် ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရ ျပန္တက္လာခ်ိန္ထိ ခ်က္ျခင္းဆိုင္းငံ့ထားလိုက္ၿပီလို႔လည္း အေမရိကန္က တနလၤာေန႔မွာ ေၾကညာခဲ့ပါတယ္။

အာဏာသိမ္းစစ္တပ္နဲ႔ ရဲတပ္ဖြဲ႔ ထိပ္တန္းေခါင္းေဆာင္ေတြကိုေရာ၊ စစ္တပ္ပိုင္ စီးပြားေရးလုပ္ငန္းႀကီးေတြကိုပါ အေမရိကန္က ဒဏ္ခတ္အေရးယူထားပါတယ္။

ျမန္မာစစ္တပ္ကို အေထာက္အကူျဖစ္ေစတဲ့ စီးပြားေရးလုပ္ငန္းေတြ ဆက္မလုပ္ၾကဖို႔လည္း ဝန္ႀကီး Blinken က ႏုိင္ငံတကာ စီးပြားေရးလုပ္ငန္းႀကီးေတြကို အဂၤါေန႔မွာ ေတာင္းဆိုခဲ့ပါတယ္။

ဒီကေန႔ အေမရိကန္ အေရွ႕ပိုင္းေဒသစံေတာ္ခ်ိန္ မြန္းလြဲပိုင္းမွာေတာ့ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ ျမန္မာ့အေရး တံခါးပိတ္အစည္းအေဝး က်င္းပဖို႔ရွိပါတယ္။ အဲဒီမွာ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ျမန္မာႏုိ္င္ငံ ေနာက္ဆံုးအေျခအေနေတြကို ရွင္းလင္းတင္ျပဖို႔ စီစဥ္ထားပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာနိုင်ငံမှာရှိနေတဲ့ အမေရိကန်အစိုးရ ဝန်ထမ်းတွေထဲက အရေးပေါ်အခြေအနေမှာ တာဝန်ထမ်းဆောင်ဖို့မလိုတဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ပြန်ထွက်ခွာကြဖို့ နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှာ ညွှန်ကြားထားပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ထားတဲ့ ကိုယ့်သဘောဆန္ဒရှိရင် ပြန်ထွက်ခွာနိုင်တဲ့ ညွှန်ကြားချက်ကို အခုတော့ "ထွက်ခွာဖို့ ညွှန်ကြားချက်" အဖြစ် ပြောင်းလဲထုတ်ပြန်လိုက်တာပါ။

လူ့အခွင့်အရေးဆိုင်ရာ ၂၀၂၀ ပြည့်နှစ် အမေရိကန်နိုင်ငံခြားရေးဌာန အစီရင်ခံစာကို အင်္ဂါနေ့က ထုတ်ပြန်ချိန်အတွင်းမှာလည်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ရဲက လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

"မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်တွေ၊ သတင်းထောက်တွေ၊ အလုပ်သမားသမဂ္ဂတွေကို တိုက်ခိုက်နေတာ ရပ်တန့်ဖို့၊ လုံခြုံရေးတပ်တွေက သတ်ဖြတ်နေတာ ရပ်ပစ်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်ထဲ အာဏာပြန်လွှဲပေးဖို့ စစ်အစိုးရကို ကျနော်တို့ ဆက်ပြီးတောင်းဆိုပါတယ်" လို့ ဝန်ကြီး Blinken ကပြောပါတယ်။

၂၀၁၃ ခုနှစ်က နှစ်နိုင်ငံကြား ချုပ်ဆိုထားတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်အရ ပူးပေါင်းလုပ်ဆောင်တာအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ပြန်တက်လာချိန်ထိ ချက်ခြင်းဆိုင်းငံ့ထားလိုက်ပြီလို့လည်း အမေရိကန်က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေကိုရော၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတွေကိုပါ အမေရိကန်က ဒဏ်ခတ်အရေးယူထားပါတယ်။

မြန်မာစစ်တပ်ကို အထောက်အကူဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်မလုပ်ကြဖို့လည်း ဝန်ကြီး Blinken က နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးတွေကို အင်္ဂါနေ့မှာ တောင်းဆိုခဲ့ပါတယ်။

ဒီကနေ့ အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကျင်းပဖို့ရှိပါတယ်။ အဲဒီမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာနိုင်ငံ နောက်ဆုံးအခြေအနေတွေကို ရှင်းလင်းတင်ပြဖို့ စီစဉ်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG