သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ စီးပြားေရးဒဏ္ခတ္မႈ စစ္ေကာင္စီအေပၚ ဘယ္ေလာက္ထိေရာက္မလဲ (ဆက္သြယ္ေမးျမန္းခ်က္)


(Zawgyi/Unicode)

ျမန္မာႏိုင္ငံနဲ႔ ကုန္သြယ္ေရးသေဘာတူညီခ်က္ေတြကို အေမရိကန္က တနလၤာေန႔က ယာယီရပ္ဆိုင္းလိုက္တဲ့အထဲမွာ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ႏွစ္ခုစလံုးကို တၿပိဳင္တည္း ပိတ္ပင္လိုက္တဲ့အတြက္ စစ္ေကာင္စီရဲ႕ ယႏၱရားလည္ပတ္မႈကို အေတာ္ေလးထိခိုက္ေစမွာျဖစ္တယ္လို႔ ျမန္မာ့စီးပြားေရးပညာရွင္ ဦးစိန္ေဌးက ေျပာပါတယ္။

ျမန္မာႏိ္ုင္ငံမွာ ဒီမိုကေရစီနည္းက်အစိုးရတရပ္ မတက္လာမခ်င္း အေမရိကန္ဘက္က ဆိုင္းငံ့ထားမယ့္ ကုန္သြယ္ေရးပိတ္ဆို႔မႈေတြနဲ႔ပတ္သက္လို႔ အေမရိကန္အေျခစိုက္ ျမန္မာ့စီပြားေရးပညာရွင္ ဦးစိန္ေဌးကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ အခုဆိုရင္ အေမရိကန္ ျပည္ေထာင္စုကေနၿပီးေတာ့ ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီက လက္ရွိ အၾကမ္းဖက္ ဖိႏွိပ္ေနတဲ့ အေပၚမွာ တေျဖးေျဖးနဲ႔ ဒဏ္ခတ္အေရးယူလာတာ အရင္တုန္းကဆိုရင္ စစ္ေခါင္းေဆာင္ေတြကို ပစ္မွတ္ထားၿပီးေတာ့ ဒဏ္ခတ္အေရးယူလာတာကေနၿပီးေတာ့ အခု တနလၤာေန႔မွာ ျမန္မာႏိုင္ငံနဲ႔ ကုန္သြယ္ေရး သေဘာတူညီခ်က္ေတြ ယာယီရပ္ဆိုင္းလိုက္တယ္ဆိုၿပီးေတာ့ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ဒီလိုအေရးယူမႈက ဘယ္ေလာက္အထိ ထူးျခားလဲဆရာ။

ဦးစိန္ေဌး။ ။ အခုဟာက ျမန္မာျပည္မွာ ျဖစ္တဲ့အေျခအေနနဲ႔ ပတ္သက္လို႔ရွိရင္ သူတို႔ ပိတ္ဆို႔မႈက တျပိဳင္တည္း ကုန္သြယ္ေရးေရာ ရင္းႏွီးျမွဳပ္ႏွံမႈေရာ တခါတည္း suspend လုပ္လိုက္တဲ့ အေနအထားရွိတယ္။ ျပင္းထန္တဲ့သေဘာေပါ့။ ခ်က္ခ်င္းလက္ငင္းကို ထိထိေရာက္ေရာက္အေရးယူတာ ။ အရင္တုန္းကေတာ့ ပုဂၢိဳလ္ေတြ သူတို႔ေခါင္းေဆာင္ေတြေပါ့ေလ စစ္ေခါင္းေဆာင္ေတြကို သူတို႔က Target ထားတယ္။ အခုက ဒီစစ္ေခါင္းေဆာင္ေတြ ယႏၱရားႀကီးကို မလည္ပတ္ႏိုင္ေအာင္ အဓိကေတာ့ အုပ္ခ်ဳပ္မႈကို ပံ႔ပိုးတဲ့အခ်က္ျဖစ္တဲ့ ေငြေရးေၾကးေရးအပါအ၀င္ သူ႔ရဲ႕ ဘ႑ာေငြစီးဆင္းမႈ။ တိုင္းျပည္တျပည္မွာ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈဆိုတာ ေငြေၾကးကို ပံ႔ပိုးမႈ ယႏၱရားႀကီးရဲ႕ လက္နက္ကရိယာေတြပဲ ဒါကို ပိတ္ဆို႔လိုက္တဲ့သေဘာပဲ။ သူက ျပင္းလည္းျပင္းထန္တယ္။ ဘာေၾကာင့္ျပင္းထန္သလဲဆိုေတာ့ အရင္တုန္းကလည္း ပိတ္ဆို႔ခဲ့တယ္ အရင္တုန္းကလည္း ပိတ္ဆို႔မႈထက္ အရွိန္အဟုန္ျမွင့္ၿပီးေတာ့ ေျပာမယ္ဆိုရင္ အလြန္ အင္မတန္ ျပင္းထန္တဲ့အေနအထားမွာ ရွိပါတယ္။

အင္ၾကင္းႏိုင္။ ။ ဒါဆိုရင္ အရင္က ျမန္မာစစ္အစိုးရလက္ထက္မွာ အေမရိကန္က စီးပြားေရး ပိတ္ဆို႔ ဒဏ္ခတ္အေရးယူတာနဲ႔ အခုဒီ ပိတ္ဆို႔အေရးယူတာက ဘာကြာသလဲရွင့္။

ဦးစိန္ေဌး။ ။ အရင္ ပိတ္ဆို႔မႈလုပ္တုန္းက ၁၉၈၈ ေနာက္ပိုင္းမွာ ၉ ႏွစ္ေလာက္ၾကာမွာ စၿပီး ပိတ္ဆို႔မႈလုပ္တာ ။ စၿပီး ပိတ္ဆို႔တာကလည္း ရင္းႏွီးျမွဳပ္ႏွံမႈ Investment ကိုစၿပီး ပိတ္တာ ၁၉၉၇ ခုႏွစ္မွာ ၾကာမွာ ပိတ္တယ္ေပါ့ဗ်ာ။ ေနာက္ ၂၀၀၃ က်မွ ပို႔ကုန္ Import ကို ပိတ္တာ ဆိုေတာ့ အဆင့္ေတြ အဲလိုသြားခဲ့တာ။ စုစုေပါင္း ပိတ္တာကေတာ့ ၅ ခါ ၆ ခါေလာက္ပိတ္တယ္ေပါ့။ ဆိုေတာ့ ေျပာခ်င္တာက ပထမအၾကိမ္ပိတ္ဆို႔တုန္းက အခ်ိန္အားျဖင့္လည္း ၾကာတယ္၊ ပိတ္ဆို႔တာကလည္း တခုခ်င္း ပိတ္ဆို႔တယ္။ ရင္းႏွီးျမွဳပ္ႏွံမႈစပိတ္တယ္ ၉ ႏွစ္ေလာက္ၾကာမွာ စပိတ္တယ္။ ၿပီးေတာ့ သြင္းကုန္ စပိတ္တယ္။ ပို႔ကုန္ေတာ့ မပိတ္ေသးဘူး သူက ဒီလို ေျဖးေျဖးခ်င္း ပိတ္ခဲ့တယ္။ ဒီတၾကိမ္ကေတာ့ တြက္ၾကည့္ပါ ၂ လအတြင္းမွာပဲ ကုန္သြယ္မႈေရာ ရင္းႏွီးျမွဳပ္ႏွံမႈေရာ တခါတည္း ရပ္လိုက္တယ္ ရွိတာေတြ ရပ္လိုက္တယ္ဆိုေတာ့ ဒီပိတ္ဆုိ႔ အေရးယူမႈက အေတာ္ျပင္းထန္တယ္။

အင္ၾကင္းႏိုင္။ ။ တဖက္မွာ က်ေတာ့ ျမန္မာႏိုင္ငံကဆိုရင္ အိမ္နီးခ်င္း ၊ တရုတ္ ၊ ထိုင္း၊ အိႏိၵယႏိုင္ငံေတြက နယ္စပ္ကုန္သြယ္ေရး ေနာက္ၿပီးေတာ့ ေဒသတြင္း ကုန္သြယ္ေရးေတြ ရွိေနတာဆိုေတာ့ အေမရိကန္နဲ႔ ယွဥ္ရင္ ဒီႏိုင္ငံေတြရဲ႕ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈက ဘယ္ေလာက္အထိ ရွိေနသလဲဆရာ။

ဦးစိန္ေဌး။ ။ ပမာဏအားျဖင့္ ေျပာရင္ တရုတ္ေပ့ါဗ်ာ ။ တရုတ္က ပို႔ကုန္မွာပဲျဖစ္ျဖစ္ သြင္းကုန္မွာပဲျဖစ္ျဖစ္ အမ်ားဆံုးတရုတ္က တ၀က္ေလာက္ေပါ့ ျမန္မာႏိုင္ငံမွာ ပို႔ကုန္နဲ႔ ပတ္သက္ရင္ အေမရိကန္ေဒၚလာ ပို႔ကုန္ ၁၁ ဘီလီယံ ၀န္းက်င္မွာရွိတယ္ ၁၀ ေက်ာ္တယ္ေပါ့။ အဲဒီေလာက္မွာ တ၀က္ေလာက္က တရုတ္ကို သြားေနတာ ဒါက ပို႔ကုန္ပိုင္း။ ဒုတိယေတာ့ ထိုင္း ၊ ၿပီးေတာ့ စကၤာပူ၊ အိႏၵိယ၊ ဂ်ပန္ စသည္ေပါ့ေနာ္ ကိုရီးယား၊ ေဟာင္ေကာင္ ေပါ့။ ဒါေတြက အမ်ားဆံုးပဲ ဥေရာပတို႔ အေမရိကန္တို႔ကေတာ့ အရမ္းနည္းပါတယ္။ အေမရိကန္ ပို႔ကုန္ဆိုရင္ ေတာ္ေတာ္ကို နည္းတယ္။ အခ်ိဳးခ်ၾကည့္ရင္ ျမန္မာႏိုင္ငံရဲ႕ ပို႔ကုန္မွာ တ၀က္ေလာက္ကေတာ့ တရုတ္ကို သြားတယ္။ သြင္းကုန္လည္း ဒီသေဘာပဲ သြင္းကုန္ ၁၃ ဘီလီယံ ေလာက္မွာ တရုတ္က အမ်ားဆံုးရွိတယ္ ၅ဘီလီယံ ၆ဘီလီယံ ဒီ၀န္းက်င္မွာ ရွိေနတယ္။ ၅၀ ရာခိုင္ႏႈန္းေပါ့ဗ်ာ တ၀က္ေလာက္သြားတယ္ ၿပီးေတာ့မွ စကၤာပူတို႔ ထိုင္းတို႔ သြားတယ္ ၿပီးမွ အိႏိၵယ ။ ဆိုေတာ့ တရုတ္က အမ်ားဆံုးျဖစ္ေနတယ္ ။ ရင္းႏွီးျမွဳပ္ႏွံမႈမွာလည္း ၃ ပံု ၁ ပံုေလာက္ေပါ့ ၂၀ ဘီလီယံ ေလာက္က တရုတ္က ရင္းႏွီးထားတယ္ စုစုေပါင္း ။ ၿပီးေတာ့မွ ဒုတိယ လိုက္တာက စကၤာပူ ၁၇ ဘီလီယံ ေလာက္ရွိတယ္။ ထိုင္းက ၁၅ ေလာက္ရွိတယ္။ အေမရိကန္ကေတာ့ ၃ ရာခိုင္ႏႈန္းေလာက္ပဲ ရွိတယ္။ ၂ ခုလံုးကို ၿခံဳေျပာမယ္ဆိုရင္ တရုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ရင္ ပို႔ကုန္မွာေရာ သြင္းကုန္မွာေရာ ၿခံဳေျပာမယ္ဆိုရင္ တ၀က္ေလာက္က တရုတ္ ကိုအားထားေနရတာ တရုတ္ကို ဆက္ဆံတယ္ေပါ့ ။ ရင္းႏွီးျမွဳပ္ႏွံမႈကလည္း ဒီသေဘာပါပဲ ရင္းႏွီးျမွဳပ္ႏွံတာမွာလည္း ျမန္မာႏိုင္ငံကို လာေရာက္ ရင္းႏွီးျမွဳပ္ႏွံတာက တရုတ္က အမ်ားဆံုးပဲ။ အေမရိကန္ရဲ႕ ပို႔ကုန္သြင္းကုန္နဲ႔ ပတ္သက္လို႔ပဲ ျဖစ္ျဖစ္၊ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ပတ္သက္လို႔ပဲျဖစ္ျဖစ္ နည္းတဲ့ သေဘာေတာ့ ရွိေနပါတယ္။

အင္ၾကင္းႏိုင္။ ။ ဒါဆိုရင္ အခု အေမရိကန္ဘက္က ျမန္မာနဲ႔ သေဘာတူညီမႈေတြကို ယာယီ ရပ္ဆိုင္းလိုက္တာကေရာ ထိေရာက္မႈ ရွိပါမလားရွင့္။

ဦးစိန္ေဌး။ ။ အဲဒါက ေစာေစာက က်ေနာ္တင္ျပခဲ့သလိုေပါ့ေလ ကုန္သြယ္တဲ့ ပမာဏတို႔ ရင္းႏွီးျမွဳပ္ႏွံမႈတို႔နဲ႔ ၾကည့္ရင္ေတာ့ ေတာ္ေတာ္နည္းပါတယ္။ အေမရိကန္ရဲ႕ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ကုန္သြယ္မႈက နည္းတယ္ ။ ဒါေပမယ့္ ဘာေတြလဲဆိုေတာ့ ေနာက္ထပ္ အက်ိဳးဆက္ေတြ ရွိတယ္။ ဆိုေတာ့ အေမရိကန္ႏိုင္ငံနဲ႔ Indirect ဆက္သြယ္တာေတြရွိတယ္။ အရင္တုန္းက အေတြ႔အၾကံဳအရ ေျပာမယ္ဆိုရင္ ဥပမာ အထည္လိပ္ ပို႔တဲ့ ကိစၥေပါ့ေနာ္။ ျမန္မာႏိုင္ငံမွာ အမ်ားဆံုး အထည္လိပ္က ႏိုင္ငံျခား၀င္ေငြ ရေစတယ္။ ရတဲ့အခါမွာ အဲဒီ အထည္လိပ္ လုပ္ငန္းမွာ ဘာေတြက ႀကီးစိုးသလဲဆိုရင္ စီးပြားေရး ဦးပိုင္လိမိတက္တို႔လို ခရိုနီေတြ လုပ္တဲ့ လုပ္ငန္းေတြရွိတယ္။ အဲဒီလုပ္ငန္းေတြက ပို႔တဲ့ ပို႔ကုန္ေတြဟာ အထည္လိပ္ ပို႔ကုန္ေတြေပါ့ ။ အဲဒီလိုပို႔တာေတြက အေမရိကန္ကို ပို႔တာမ်ိဳးရွိမယ္ ၊ ဥေရာပႏိုင္ငံေတြကို ပို႔တာရွိမယ္။ အဲဒီေတာ့ အဲဒါမ်ိဳးကို Indirect သြားတဲ့အပိုင္းမွာ ဒီက အေမရိကန္ကို ပို႔လို႔ မရတာရွိသလို သူတို႔ Brand name ေတြနဲ႔ သြားတဲ့အခါမွာ လိုက္ပိတ္လို႔ရတယ္ ဒါတခ်က္ ။ ေနာက္တခုက Indirect ဆိုတာက တဖက္က လွည့္သြင္းလာတဲ့ ကုန္ေတြရွိတယ္ဗ်ာ ျမန္မာပစၥည္းကို အဲဒီအထိ ပိတ္လာတာေတြရွိတဲ့ အခါက်ေတာ့ ဒီအက်ိဳးဆက္ေတြက Indirect ျဖစ္ပါလိမ့္မယ္။ အခုအထိ ဒီမွာ သူတို႔ ပိတ္ဆို႔လိုက္တာက ဘာလဲဆိုရင္ ကုန္သြယ္မႈရယ္ ရင္းႏွီးျမွဳပ္ႏွံမႈ သေဘာတူညီခ်က္ မူေဘာင္ ၂၀၁၃ က သူတို႔ သေဘာတူထားတာကို သူက ပိတ္လိုက္တာ ရပ္ဆိုင္းလိုက္တာေပါ့။ ရပ္ဆိုင္းတဲ့အျပင္ ပိုထူးျခားတာက ျမန္မာႏိုင္ငံဟာ အေမရိကန္ႏိုင္ငံရဲ႕ GSP ဆိုတဲ့ ကုန္သြယ္မႈ အထူးအခြင့္အေရး ၂၀၁၆ မွာ ျပန္ရထားတယ္။ အရင္တုန္းက ပိတ္ထားတာ။ အဲဒီ ရထားတာကို ျပန္ၿပီးေတာ့မွ ကြန္ဂရက္ကေနၿပီးေတာ့ အေရးယူ ေဆာင္ရြက္ႏိုင္ေအာင္အထိ ရည္ရြယ္တဲ့ ပိတ္ဆို႔မႈ ရွိေတာ့ ဒီပိတ္ဆို႔မႈသည္ ေနာက္ထပ္ အက်ဳိးဆက္ အမ်ားႀကီး လာပါလိမ့္မယ္။ အထူးသျဖင့္ က်ေနာ္တို႔ တင္ျပခ်င္တာက မွန္တယ္ သူတို႔ေျပာသလိုပဲ အခုလက္ရွိ စစ္ေခါင္းေဆာင္ေတြ ေျပာတာက ႏိုင္ငံတကာပိတ္ဆို႔မႈကို ဂရုစိုက္စရာမလိုဘူး တရား၀င္ မီဒီယာမွာ ေျပာတယ္ ။ “က်ေနာ္တုိ႔က က်ေနာ္တု႔ိကို မပိတ္ဆို႔တဲ့လူေတြရွိတယ္” မွန္ပါတယ္။ ဒါက သူတို႔ အေနနဲ႔ ၾကည့္မယ္ဆိုရင္ သူတုိ႔ Survival ျဖစ္မႈအတြက္တခုတည္း သူတို႔က ဂရုမစိုက္ဘူး။ ခုန ေစာေစာပိုင္းက က်ေနာ္တင္ျပခဲ့သလို ဒီလို ကုန္သြယ္မႈနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ ပိတ္ဆို႔တာက လက္ရွိ စစ္အုပ္စုရဲ႕ စစ္ယႏၱရားႀကီး လည္ပတ္မႈကို ဟန္႔တားတဲ့ အျဖစ္အေနအထားအထိ ေရာက္သြားႏိုင္တဲ့ အတြက္ေၾကာင့္မို႔ က်ေနာ္တို႔ ၾကည့္မယ္ဆိုရင္ေတာ့ သိပ္ျပင္းထန္တဲ့ အေနအထားမွာ ရွိပါတယ္။ အထူးသျဖင့္ေတာ့ စီးပြားေရး ထိခိုက္မႈ နည္းတယ္လို႔ သူတို႔ယူဆႏိုင္ေပမယ့္ တိုင္းျပည္တျပည္ရဲ႕ ကုန္သြယ္မႈနဲ႔ ပတ္သက္တဲ့ သိကၡာ၊ ႏိုင္ငံေရး သိကၡာ၊ စီးပြားေရး သိကၡာ ေတြအားလံုးကေတာ့ ပ်က္စီးတဲ့အေနအထား ေရာက္သြားႏိုင္တဲ့ အေနအထားရွိလို႔ ဒါက အလြန္အတန္ ျပင္းထန္တယ္လို႔ က်ေနာ္တို႔ အေနနဲ႔ သံုးသပ္လို႔ ရပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အမေရိကန် စီးပွားရေးဒဏ်ခတ်မှု စစ်ကောင်စီအပေါ် ဘယ်လောက်ထိရောက်မလဲ (ဆက်သွယ်မေးမြန်းချက်)

(Unicode)

မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို အမေရိကန်က တနင်္လာနေ့က ယာယီရပ်ဆိုင်းလိုက်တဲ့အထဲမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု နှစ်ခုစလုံးကို တပြိုင်တည်း ပိတ်ပင်လိုက်တဲ့အတွက် စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်မှုကို အတော်လေးထိခိုက်စေမှာဖြစ်တယ်လို့ မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျအစိုးရတရပ် မတက်လာမချင်း အမေရိကန်ဘက်က ဆိုင်းငံ့ထားမယ့် ကုန်သွယ်ရေးပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် မြန်မာ့စီပွားရေးပညာရှင် ဦးစိန်ဌေးကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အခုဆိုရင် အမေရိကန် ပြည်ထောင်စုကနေပြီးတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက လက်ရှိ အကြမ်းဖက် ဖိနှိပ်နေတဲ့ အပေါ်မှာ တဖြေးဖြေးနဲ့ ဒဏ်ခတ်အရေးယူလာတာ အရင်တုန်းကဆိုရင် စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီးတော့ ဒဏ်ခတ်အရေးယူလာတာကနေပြီးတော့ အခု တနင်္လာနေ့မှာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ယာယီရပ်ဆိုင်းလိုက်တယ်ဆိုပြီးတော့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလိုအရေးယူမှုက ဘယ်လောက်အထိ ထူးခြားလဲဆရာ။

ဦးစိန်ဌေး။ ။ အခုဟာက မြန်မာပြည်မှာ ဖြစ်တဲ့အခြေအနေနဲ့ ပတ်သက်လို့ရှိရင် သူတို့ ပိတ်ဆို့မှုက တပြိုင်တည်း ကုန်သွယ်ရေးရော ရင်းနှီးမြှုပ်နှံမှုရော တခါတည်း suspend လုပ်လိုက်တဲ့ အနေအထားရှိတယ်။ ပြင်းထန်တဲ့သဘောပေါ့။ ချက်ချင်းလက်ငင်းကို ထိထိရောက်ရောက်အရေးယူတာ ။ အရင်တုန်းကတော့ ပုဂ္ဂိုလ်တွေ သူတို့ခေါင်းဆောင်တွေပေါ့လေ စစ်ခေါင်းဆောင်တွေကို သူတို့က Target ထားတယ်။ အခုက ဒီစစ်ခေါင်းဆောင်တွေ ယန္တရားကြီးကို မလည်ပတ်နိုင်အောင် အဓိကတော့ အုပ်ချုပ်မှုကို ပံ့ပိုးတဲ့အချက်ဖြစ်တဲ့ ငွေရေးကြေးရေးအပါအဝင် သူ့ရဲ့ ဘဏ္ဍာငွေစီးဆင်းမှု။ တိုင်းပြည်တပြည်မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ငွေကြေးကို ပံ့ပိုးမှု ယန္တရားကြီးရဲ့ လက်နက်ကရိယာတွေပဲ ဒါကို ပိတ်ဆို့လိုက်တဲ့သဘောပဲ။ သူက ပြင်းလည်းပြင်းထန်တယ်။ ဘာကြောင့်ပြင်းထန်သလဲဆိုတော့ အရင်တုန်းကလည်း ပိတ်ဆို့ခဲ့တယ် အရင်တုန်းကလည်း ပိတ်ဆို့မှုထက် အရှိန်အဟုန်မြှင့်ပြီးတော့ ပြောမယ်ဆိုရင် အလွန် အင်မတန် ပြင်းထန်တဲ့အနေအထားမှာ ရှိပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် အရင်က မြန်မာစစ်အစိုးရလက်ထက်မှာ အမေရိကန်က စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်အရေးယူတာနဲ့ အခုဒီ ပိတ်ဆို့အရေးယူတာက ဘာကွာသလဲရှင့်။

ဦးစိန်ဌေး။ ။ အရင် ပိတ်ဆို့မှုလုပ်တုန်းက ၁၉၈၈ နောက်ပိုင်းမှာ ၉ နှစ်လောက်ကြာမှာ စပြီး ပိတ်ဆို့မှုလုပ်တာ ။ စပြီး ပိတ်ဆို့တာကလည်း ရင်းနှီးမြှုပ်နှံမှု Investment ကိုစပြီး ပိတ်တာ ၁၉၉၇ ခုနှစ်မှာ ကြာမှာ ပိတ်တယ်ပေါ့ဗျာ။ နောက် ၂၀၀၃ ကျမှ ပို့ကုန် Import ကို ပိတ်တာ ဆိုတော့ အဆင့်တွေ အဲလိုသွားခဲ့တာ။ စုစုပေါင်း ပိတ်တာကတော့ ၅ ခါ ၆ ခါလောက်ပိတ်တယ်ပေါ့။ ဆိုတော့ ပြောချင်တာက ပထမအကြိမ်ပိတ်ဆို့တုန်းက အချိန်အားဖြင့်လည်း ကြာတယ်၊ ပိတ်ဆို့တာကလည်း တခုချင်း ပိတ်ဆို့တယ်။ ရင်းနှီးမြှုပ်နှံမှုစပိတ်တယ် ၉ နှစ်လောက်ကြာမှာ စပိတ်တယ်။ ပြီးတော့ သွင်းကုန် စပိတ်တယ်။ ပို့ကုန်တော့ မပိတ်သေးဘူး သူက ဒီလို ဖြေးဖြေးချင်း ပိတ်ခဲ့တယ်။ ဒီတကြိမ်ကတော့ တွက်ကြည့်ပါ ၂ လအတွင်းမှာပဲ ကုန်သွယ်မှုရော ရင်းနှီးမြှုပ်နှံမှုရော တခါတည်း ရပ်လိုက်တယ် ရှိတာတွေ ရပ်လိုက်တယ်ဆိုတော့ ဒီပိတ်ဆို့ အရေးယူမှုက အတော်ပြင်းထန်တယ်။

အင်ကြင်းနိုင်။ ။ တဖက်မှာ ကျတော့ မြန်မာနိုင်ငံကဆိုရင် အိမ်နီးချင်း ၊ တရုတ် ၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေက နယ်စပ်ကုန်သွယ်ရေး နောက်ပြီးတော့ ဒေသတွင်း ကုန်သွယ်ရေးတွေ ရှိနေတာဆိုတော့ အမေရိကန်နဲ့ ယှဉ်ရင် ဒီနိုင်ငံတွေရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက်အထိ ရှိနေသလဲဆရာ။

ဦးစိန်ဌေး။ ။ ပမာဏအားဖြင့် ပြောရင် တရုတ်ပေ့ါဗျာ ။ တရုတ်က ပို့ကုန်မှာပဲဖြစ်ဖြစ် သွင်းကုန်မှာပဲဖြစ်ဖြစ် အများဆုံးတရုတ်က တဝက်လောက်ပေါ့ မြန်မာနိုင်ငံမှာ ပို့ကုန်နဲ့ ပတ်သက်ရင် အမေရိကန်ဒေါ်လာ ပို့ကုန် ၁၁ ဘီလီယံ ဝန်းကျင်မှာရှိတယ် ၁၀ ကျော်တယ်ပေါ့။ အဲဒီလောက်မှာ တဝက်လောက်က တရုတ်ကို သွားနေတာ ဒါက ပို့ကုန်ပိုင်း။ ဒုတိယတော့ ထိုင်း ၊ ပြီးတော့ စင်္ကာပူ၊ အိန္ဒိယ၊ ဂျပန် စသည်ပေါ့နော် ကိုရီးယား၊ ဟောင်ကောင် ပေါ့။ ဒါတွေက အများဆုံးပဲ ဥရောပတို့ အမေရိကန်တို့ကတော့ အရမ်းနည်းပါတယ်။ အမေရိကန် ပို့ကုန်ဆိုရင် တော်တော်ကို နည်းတယ်။ အချိုးချကြည့်ရင် မြန်မာနိုင်ငံရဲ့ ပို့ကုန်မှာ တဝက်လောက်ကတော့ တရုတ်ကို သွားတယ်။ သွင်းကုန်လည်း ဒီသဘောပဲ သွင်းကုန် ၁၃ ဘီလီယံ လောက်မှာ တရုတ်က အများဆုံးရှိတယ် ၅ဘီလီယံ ၆ဘီလီယံ ဒီဝန်းကျင်မှာ ရှိနေတယ်။ ၅၀ ရာခိုင်နှုန်းပေါ့ဗျာ တဝက်လောက်သွားတယ် ပြီးတော့မှ စင်္ကာပူတို့ ထိုင်းတို့ သွားတယ် ပြီးမှ အိန္ဒိယ ။ ဆိုတော့ တရုတ်က အများဆုံးဖြစ်နေတယ် ။ ရင်းနှီးမြှုပ်နှံမှုမှာလည်း ၃ ပုံ ၁ ပုံလောက်ပေါ့ ၂၀ ဘီလီယံ လောက်က တရုတ်က ရင်းနှီးထားတယ် စုစုပေါင်း ။ ပြီးတော့မှ ဒုတိယ လိုက်တာက စင်္ကာပူ ၁၇ ဘီလီယံ လောက်ရှိတယ်။ ထိုင်းက ၁၅ လောက်ရှိတယ်။ အမေရိကန်ကတော့ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ၂ ခုလုံးကို ခြုံပြောမယ်ဆိုရင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ပို့ကုန်မှာရော သွင်းကုန်မှာရော ခြုံပြောမယ်ဆိုရင် တဝက်လောက်က တရုတ် ကိုအားထားနေရတာ တရုတ်ကို ဆက်ဆံတယ်ပေါ့ ။ ရင်းနှီးမြှုပ်နှံမှုကလည်း ဒီသဘောပါပဲ ရင်းနှီးမြှုပ်နှံတာမှာလည်း မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတာက တရုတ်က အများဆုံးပဲ။ အမေရိကန်ရဲ့ ပို့ကုန်သွင်းကုန်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် နည်းတဲ့ သဘောတော့ ရှိနေပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် အခု အမေရိကန်ဘက်က မြန်မာနဲ့ သဘောတူညီမှုတွေကို ယာယီ ရပ်ဆိုင်းလိုက်တာကရော ထိရောက်မှု ရှိပါမလားရှင့်။

ဦးစိန်ဌေး။ ။ အဲဒါက စောစောက ကျနော်တင်ပြခဲ့သလိုပေါ့လေ ကုန်သွယ်တဲ့ ပမာဏတို့ ရင်းနှီးမြှုပ်နှံမှုတို့နဲ့ ကြည့်ရင်တော့ တော်တော်နည်းပါတယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုက နည်းတယ် ။ ဒါပေမယ့် ဘာတွေလဲဆိုတော့ နောက်ထပ် အကျိုးဆက်တွေ ရှိတယ်။ ဆိုတော့ အမေရိကန်နိုင်ငံနဲ့ Indirect ဆက်သွယ်တာတွေရှိတယ်။ အရင်တုန်းက အတွေ့အကြုံအရ ပြောမယ်ဆိုရင် ဥပမာ အထည်လိပ် ပို့တဲ့ ကိစ္စပေါ့နော်။ မြန်မာနိုင်ငံမှာ အများဆုံး အထည်လိပ်က နိုင်ငံခြားဝင်ငွေ ရစေတယ်။ ရတဲ့အခါမှာ အဲဒီ အထည်လိပ် လုပ်ငန်းမှာ ဘာတွေက ကြီးစိုးသလဲဆိုရင် စီးပွားရေး ဦးပိုင်လိမိတက်တို့လို ခရိုနီတွေ လုပ်တဲ့ လုပ်ငန်းတွေရှိတယ်။ အဲဒီလုပ်ငန်းတွေက ပို့တဲ့ ပို့ကုန်တွေဟာ အထည်လိပ် ပို့ကုန်တွေပေါ့ ။ အဲဒီလိုပို့တာတွေက အမေရိကန်ကို ပို့တာမျိုးရှိမယ် ၊ ဥရောပနိုင်ငံတွေကို ပို့တာရှိမယ်။ အဲဒီတော့ အဲဒါမျိုးကို Indirect သွားတဲ့အပိုင်းမှာ ဒီက အမေရိကန်ကို ပို့လို့ မရတာရှိသလို သူတို့ Brand name တွေနဲ့ သွားတဲ့အခါမှာ လိုက်ပိတ်လို့ရတယ် ဒါတချက် ။ နောက်တခုက Indirect ဆိုတာက တဖက်က လှည့်သွင်းလာတဲ့ ကုန်တွေရှိတယ်ဗျာ မြန်မာပစ္စည်းကို အဲဒီအထိ ပိတ်လာတာတွေရှိတဲ့ အခါကျတော့ ဒီအကျိုးဆက်တွေက Indirect ဖြစ်ပါလိမ့်မယ်။ အခုအထိ ဒီမှာ သူတို့ ပိတ်ဆို့လိုက်တာက ဘာလဲဆိုရင် ကုန်သွယ်မှုရယ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် မူဘောင် ၂၀၁၃ က သူတို့ သဘောတူထားတာကို သူက ပိတ်လိုက်တာ ရပ်ဆိုင်းလိုက်တာပေါ့။ ရပ်ဆိုင်းတဲ့အပြင် ပိုထူးခြားတာက မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ GSP ဆိုတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး ၂၀၁၆ မှာ ပြန်ရထားတယ်။ အရင်တုန်းက ပိတ်ထားတာ။ အဲဒီ ရထားတာကို ပြန်ပြီးတော့မှ ကွန်ဂရက်ကနေပြီးတော့ အရေးယူ ဆောင်ရွက်နိုင်အောင်အထိ ရည်ရွယ်တဲ့ ပိတ်ဆို့မှု ရှိတော့ ဒီပိတ်ဆို့မှုသည် နောက်ထပ် အကျိုးဆက် အများကြီး လာပါလိမ့်မယ်။ အထူးသဖြင့် ကျနော်တို့ တင်ပြချင်တာက မှန်တယ် သူတို့ပြောသလိုပဲ အခုလက်ရှိ စစ်ခေါင်းဆောင်တွေ ပြောတာက နိုင်ငံတကာပိတ်ဆို့မှုကို ဂရုစိုက်စရာမလိုဘူး တရားဝင် မီဒီယာမှာ ပြောတယ် ။ “ကျနော်တို့က ကျနော်တု့ိကို မပိတ်ဆို့တဲ့လူတွေရှိတယ်” မှန်ပါတယ်။ ဒါက သူတို့ အနေနဲ့ ကြည့်မယ်ဆိုရင် သူတို့ Survival ဖြစ်မှုအတွက်တခုတည်း သူတို့က ဂရုမစိုက်ဘူး။ ခုန စောစောပိုင်းက ကျနော်တင်ပြခဲ့သလို ဒီလို ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှု ပိတ်ဆို့တာက လက်ရှိ စစ်အုပ်စုရဲ့ စစ်ယန္တရားကြီး လည်ပတ်မှုကို ဟန့်တားတဲ့ အဖြစ်အနေအထားအထိ ရောက်သွားနိုင်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ကြည့်မယ်ဆိုရင်တော့ သိပ်ပြင်းထန်တဲ့ အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့်တော့ စီးပွားရေး ထိခိုက်မှု နည်းတယ်လို့ သူတို့ယူဆနိုင်ပေမယ့် တိုင်းပြည်တပြည်ရဲ့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ စီးပွားရေး သိက္ခာ တွေအားလုံးကတော့ ပျက်စီးတဲ့အနေအထား ရောက်သွားနိုင်တဲ့ အနေအထားရှိလို့ ဒါက အလွန်အတန် ပြင်းထန်တယ်လို့ ကျနော်တို့ အနေနဲ့ သုံးသပ်လို့ ရပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG