{{Zawgyi/Unicode}}
ကရင္ျပည္နယ္ေညာင္ေလးပင္ခရိုင္နဲ့ ဖာပြန္ခရိုင္အတြင္းမွာ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲတပ္ေတြနဲ့ ကရင္အမ်ိဳးသားအစည္းအရံုးကတပ္ေတြ တုိက္ပဲြေတြဆက္ျဖစ္ေနပါတယ္။ မေန့တုန္းကေတာ့ ျမန္မာစစ္တပ္ဘက္ကေလယာဥ္နဲ့ဗံုးႀကဲတိုက္ခိုက္မူေတြေႀကာင့္ ေက်ာက္ႀကီးျမိဳနယ္ထဲမွာအရပ္သား ၆ဦးေသဆံုးျပီးထိခိုက္ဒဏ္ရာရခဲ့တဲ့ သတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာက ေျပာျပေပးမွာပါ။
ကရင္ျပည္နယ္ ေညာင္ေလးပင္ခရိုင္၊ ေက်ာက္ႀကီးျမိဳ့နယ္ထဲမွာေတာ့ ေကအန္ယူတပ္မဟာ ၃ က တပ္ဖဲြ၀င္ေတြနဲ့ ျမန္မာစစ္တပ္တို့ တိုက္ပဲြေတြ ဆက္ျဖစ္ေနပါတယ္။ မေန့တုန္းကေတာ့ အဲဒီေဒသဘက္ကိုေလယာဥ္နဲ့ဗံုးႀကဲတုိက္ခိုက္မူေတြေႀကာင့္ေက်းရြာသား ၆ဦး ေသဆံုးျပီး ထိခိုက္ဒဏ္ရာရသူေတြလည္း ရွိေနတယ္လို့ ကရင္လူအခြင့္ေရးအဖဲြ ကေျပာေ၇းဆိုခြင့္ရွိသူ ေစာနႏၵဆူးက အခုလိုေျပာျပပါတယ္။
"က်ေနာ္တို့ေညာင္ေလးပင္ခရိုင္ ေက်ာက္ႀကီးျမိဳနယ္ထဲမွာျဖစ္ေနတုန္းပဲေပါ့ ။ ရြာသား ၆ေယာက္ ေသသြားတယ္လို့ သိရတယ္။ အဲဒီမွာ ေလေႀကာင္းနဲ့တိုက္ခိုက္တာ အရပ္သား ၆ေယာက္ေသသြားတယ္"
ကရင္ျပည္နယ္၊ ဖာပြန္ခရိုင္ထဲမွာေတာ့ ျမိဳ့ထဲမွ ာမေန့ညက ျမန္မာစစ္တပ္က လက္နက္ႀကီးေတြနဲ့ပါပစ္လို့ ျမိဳ့ခံေတြ ေနအိမ္ေတြကေန ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ ဒီကေန့မနက္ပိုင္းမွာေတာ့ ေကအန္ယူတပ္စခန္းေတြရွိရာကို စစ္တပ္ဘက္က တပ္အင္အားေတြ အလံုးအရင္းနဲ့ တက္လာတာကိုေတြ ့ျမင္ရေႀကာင္ းဖာပြန္ျမိဳခံတဦးက ေျပာျပပါတယ္။
"အခုလည္း ကမေမာင္း-ဖာပြန္တက္တဲ့လမ္းအျခမ္းမွာ တပ္မ ၄၄ တက္လာတယ္။ သူတို့တက္လာခ်ိန္ ေကအန္ယူက အဲဒီလမ္းေတြကို သစ္ပင္ေတြလွွဲျပီး တက္လာလို့မရေအာင္ လုပ္ထားတယ္။ အဲဒီဘက္မွာ တပ္မေတြအမ်ားႀကီးတက္လာတယ္"
"ဖာပြန္ခရိုင္ထဲကိုမတ္လ ၂၇ ရက္ေန့နဲ့ ၂၈ရက္ေန့ေတြမွာ ေလယာဥ္ေတြနဲ႔ ပစ္ခတ္တာေႀကာင့္ ေက်းရြာသား တေသာင္းထက္မနည္းဟာ ျပည္တြင္းအုိးအိမ္မဲ့ဒုကၡသည္ေတြအျဖစ္ ေတာေတာင္ေတြထဲ လိုက္လံပုန္းေအာင္းေနထုိင္ရသလို ဒီေန့မွာလည္း ေလေႀကာင္းကေန တိုက္ခိုက္မူေတြရွိေႀကာင္း ရြာသားေတြက သတင္းေပးလာတယ္လို့ ကရင္လူအခြင့္ေရးအဖဲြ ကေျပာေ၇းဆိုခြင့္ရွိသူ ေစာနႏၵဆူးကေျပာျပပါတယ္"
"ရြာသားေတြကတင္ျပတယ္၊ သူတို့ေနရာမွာ ေလယာဥ္ နဲ့ သူတို့ေနရာကို ၁၀နာရီ ၅၇ေလာက္မွာလာပစ္တယ္လို့ေျပာတယ္။ အဲဒါေႀကာင့္ ရြာသားေတြ၊ ကေလးငယ္ေတြ၊ အသက္ႀကီးသူေတြ၊ ေရာဂါေ၀ဒနာသည္ေတြ ေတာထဲမွ ာထြက္ေျပးေနရတယ္။ ၂၇ ရက္ေန့ကတည္းက သူတို့လာပစ္ျပီးကတည္းက ရြာသားေတြက အစားအစာလည္းျပတ္ေတာက္ေနတယ္။ ထမင္းမစားရတာလည္း ၂ရက္ ၃ရက္ေလာက္ရွိေနျပီေပါ့"
ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာသိမ္းထားတဲ့ ကာလအတြင္းမွာပဲ ကရင္ျပည္နယ္၊ ဖာပြန္ခရိုင္အတြင္း ေက်းရြာေတြကို လက္နက္ႀကီးမ်ားနဲ့ ပစ္ခတ္မူေတြ ရိွေနျပီး မတ္လ ၂၇ ရက္ေန့ကေတာ့ ေကအန္ယူဘက္ကလည္း ျမန္မာစစ္တပ္ရဲ႕ သီးမူထာ တပ္စခန္းကို တိုက္ခိုက္ သိမ္းပုိက္ခဲ့ပါတယ္။
ဒါ့အျပင္ ေကအန္ယူထိမ္းခ်ဳပ္ေဒသတြင္း ျမန္မာစစ္တပ္ဘက္က တပ္အင္အားမတိုးခ်ဲႏိုင္ေအာင္ ရိကၡာလမ္းေႀကာင္းေတြကိုပါ ပိတ္ဆုိ့မူေတြ လုပ္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ဖာပြန္ခရိုင္အတြင္းက ကရင္ေက်းရြာေတြကို ညဘက္ေတြမွာ၂ရက္ဆက္တိုက္ ေလယာဥ္နဲ့ ဗံုးႀကဲတိုက္ခိုက္မူေတြျဖစ္ခဲ့တာမွာ ကရင္ရြာသား ၃ဦးေသဆံုးျပီး အရပ္သား ၇ဦးဟာ ျပင္းထန္တဲ့ဒဏ္ရာေတြ ရခဲ့တာေႀကာင့္ ထုိင္းဘက္က ေဆးရံုေတြကိုပုိ့ျပီး ကုသမူ့ခံယူေနရပါတယ္။
ျမန္မာအစိုးရနဲ့ ေကအန္ယူတို ့ဟာ၂၀၁၂ ခုႏွစ္မွာ အပစ္ခတ္ရပ္စဲေရး လက္မွတ္ေရးထုိးခဲ့တာ ျဖစ္ၿပီး၊ ၂၀၁၅ ခုႏွစ္မွာ ေတာ့ တႏိုင္ငံလံုးပစ္ခတ္တိုက္ခတ္မူ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို KNU က လက္မွတ္ေရးထုိးခဲ့ ပါတယ္။ ဒါေပမဲ့ ေကာအန္ယူတပ္မဟာ ၅နယ္ေျမမွာေတာ့ ျမန္မာစစ္တပ္နဲ့ ေကအန္ယူတို့ဟာ NCA ထိုးခဲ့ျပီးေနာက္ပုိင္းမွာ ထိေတြ ပစ္ခတ္မူေတြ မႀကာခနဆိုသလို ျဖစ္ပြားခဲ့ပါတယ္ရွင္။
............................................
{{Unicode}}
ကရင်ပြည်နယ်ညောင်လေးပင်ခရိုင်နဲ့ ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီရဲတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံးကတပ်တွေ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ မနေ့တုန်းကတော့ မြန်မာစစ်တပ်ဘက်ကလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့် ကျောက်ကြီးမြိုနယ်ထဲမှာအရပ်သား ၆ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရခဲ့တဲ့ သတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက ပြောပြပေးမှာပါ။
ကရင်ပြည်နယ် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲမှာတော့ ကေအန်ယူတပ်မဟာ ၃ က တပ်ဖွဲဝင်တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ မနေ့တုန်းကတော့ အဲဒီဒေသဘက်ကိုလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မူတွေကြောင့်ကျေးရွာသား ၆ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ကရင်လူအခွင့်ရေးအဖွဲ ကပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပြပါတယ်။
"ကျနော်တို့ညောင်လေးပင်ခရိုင် ကျောက်ကြီးမြိုနယ်ထဲမှာဖြစ်နေတုန်းပဲပေါ့ ။ ရွာသား ၆ယောက် သေသွားတယ်လို့ သိရတယ်။ အဲဒီမှာ လေကြောင်းနဲ့တိုက်ခိုက်တာ အရပ်သား ၆ယောက်သေသွားတယ်"
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာတော့ မြို့ထဲမှ ာမနေ့ညက မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ပါပစ်လို့ မြို့ခံတွေ နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကေအန်ယူတပ်စခန်းတွေရှိရာကို စစ်တပ်ဘက်က တပ်အင်အားတွေ အလုံးအရင်းနဲ့ တက်လာတာကိုတွေ့မြင်ရကြောင် းဖာပွန်မြိုခံတဦးက ပြောပြပါတယ်။
"အခုလည်း ကမမောင်း-ဖာပွန်တက်တဲ့လမ်းအခြမ်းမှာ တပ်မ ၄၄ တက်လာတယ်။ သူတို့တက်လာချိန် ကေအန်ယူက အဲဒီလမ်းတွေကို သစ်ပင်တွေလှဲပြီး တက်လာလို့မရအောင် လုပ်ထားတယ်။ အဲဒီဘက်မှာ တပ်မတွေအများကြီးတက်လာတယ်"
"ဖာပွန်ခရိုင်ထဲကိုမတ်လ ၂၇ ရက်နေ့နဲ့ ၂၈ရက်နေ့တွေမှာ လေယာဉ်တွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာသား တသောင်းထက်မနည်းဟာ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်တွေအဖြစ် တောတောင်တွေထဲ လိုက်လံပုန်းအောင်းနေထိုင်ရသလို ဒီနေ့မှာလည်း လေကြောင်းကနေ တိုက်ခိုက်မူတွေရှိကြောင်း ရွာသားတွေက သတင်းပေးလာတယ်လို့ ကရင်လူအခွင့်ရေးအဖွဲ ကပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကပြောပြပါတယ်"
"ရွာသားတွေကတင်ပြတယ်၊ သူတို့နေရာမှာ လေယာဉ် နဲ့ သူတို့နေရာကို ၁၀နာရီ ၅၇လောက်မှာလာပစ်တယ်လို့ပြောတယ်။ အဲဒါကြောင့် ရွာသားတွေ၊ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ ရောဂါဝေဒနာသည်တွေ တောထဲမှ ာထွက်ပြေးနေရတယ်။ ၂၇ ရက်နေ့ကတည်းက သူတို့လာပစ်ပြီးကတည်းက ရွာသားတွေက အစားအစာလည်းပြတ်တောက်နေတယ်။ ထမင်းမစားရတာလည်း ၂ရက် ၃ရက်လောက်ရှိနေပြီပေါ့"
မြန်မာစစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာပဲ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ကျေးရွာတွေကို လက်နက်ကြီးများနဲ့ ပစ်ခတ်မူတွေ ရှိနေပြီး မတ်လ ၂၇ ရက်နေ့ကတော့ ကေအန်ယူဘက်ကလည်း မြန်မာစစ်တပ်ရဲ့ သီးမူထာ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
ဒါ့အပြင် ကေအန်ယူထိမ်းချုပ်ဒေသတွင်း မြန်မာစစ်တပ်ဘက်က တပ်အင်အားမတိုးချဲနိုင်အောင် ရိက္ခာလမ်းကြောင်းတွေကိုပါ ပိတ်ဆို့မူတွေ လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖာပွန်ခရိုင်အတွင်းက ကရင်ကျေးရွာတွေကို ညဘက်တွေမှာ၂ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေဖြစ်ခဲ့တာမှာ ကရင်ရွာသား ၃ဦးသေဆုံးပြီး အရပ်သား ၇ဦးဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့တာကြောင့် ထိုင်းဘက်က ဆေးရုံတွေကိုပို့ပြီး ကုသမူ့ခံယူနေရပါတယ်။
မြန်မာအစိုးရနဲ့ ကေအန်ယူတို့ဟာ၂၀၁၂ ခုနှစ်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်မှာ တော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ် NCA ကို KNU က လက်မှတ်ရေးထိုးခဲ့ ပါတယ်။ ဒါပေမဲ့ ကောအန်ယူတပ်မဟာ ၅နယ်မြေမှာတော့ မြန်မာစစ်တပ်နဲ့ ကေအန်ယူတို့ဟာ NCA ထိုးခဲ့ပြီးနောက်ပိုင်းမှာ ထိတွေ ပစ်ခတ်မူတွေ မကြာခနဆိုသလို ဖြစ်ပွားခဲ့ပါတယ်ရှင်။