သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

“ေဒၚေအာင္ဆန္းစုၾကည္က်န္းမာေရးေကာင္းမြန္” ေဒၚစုေရွ႕ေန


ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္

{{Zawgyi/Unicode}}

စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းက ထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ က်န္းမာေရးေကာင္းပုံရတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ဳိးေဆာင္ေရွ႕ေနအဖြဲ႔ဝင္ ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။

"ဗီြဒီယိုထဲမွာေတြ႔ရသေလာက္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးေကာင္းပံုရပါတယ္။ ေရွ႕ေနနဲ႔ အမႈသည္အျဖစ္ အက်ဳိးေဆာင္ေရွ႕ေနနဲ႔ သီးျခားေတြ႔ရဖို႔ သူကေတာင္းဆိုခဲ့ပါတယ္" လို႔ ဦးခင္ေမာင္ေဇာ္က AFP သတင္းဌာနကို ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနတစ္ဦးျဖစ္သူ ေဒၚမင္းမင္းစိုးဟာ ေနျပည္ေတာ္က ရဲစခန္းတစ္ခုမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ဗြီဒီယိုဆက္သြယ္ေရးကေနတဆင့္ ဒီကေန႔ ေတြ႕ဆုံခြင့္ရခဲ့တာျဖစ္ၿပီး အမႈကိစၥနဲ႔ပတ္သက္ၿပီးေတာ့ပဲ ေျပာဆိုခဲ့ၾကပါတယ္။

ဒါေပမယ့္လည္း ေဒၚေအာင္ဆန္းစုၾကည္က ေရွ႕ေနနဲ႔ လူကိုယ္တိုင္ပဲ ေတြ႕ဆုံေျပာဆိုခ်င္ၿပီး ရဲေတြေရွ႕မွာ ဗြီဒီယိုဆက္သြယ္ေရးနဲ႔ေျပာဖို႔ သေဘာမတူခဲ့ဘူးလို႔ ေဒၚမင္းမင္းစိုးကလည္း ႐ိုက္တာသတင္းဌာနနဲ႔ တယ္လီဖုန္းဆက္သြယ္ခ်ိန္အတြင္း ေျပာခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ "အသားအေရ ေကာင္းတာေတြ႕ရတယ္" လို႔ ေရွ႕ေနေဒၚမင္းမင္းစိုးကေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကိုေပးထားတဲ့ တရား႐ံုးခ်ိန္းက ဧၿပီလ ၁ ရက္ေန႔ျဖစ္ၿပီး အဲဒီမတိုင္ခင္တရက္မွာ ေရွ႕ေနက ေတြ႔ခြင့္ရတာပါ။ ေဒၚေအာင္ဆန္းစုၾကည္ စၿပီး အဖမ္းခံရခ်ိန္ကတည္းကဆိုရင္ ေဒၚမင္းမင္းစိုးဟာ ပထမဆံုးေတြ႔ခြင့္ရတဲ့ ျပင္ပလူျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စစ္ေကာင္စီက သြင္းကုန္ထုတ္ကုန္ဥပေဒ၊ ဆက္သြယ္ေရးဥပေဒ၊ သဘာဝေဘးအႏၲရာယ္ တားဆီးကာကြယ္ေရးဆိုင္ရာဥပေဒေတြနဲ႔ တရားစြဲဆိုထားတဲ့အျပင္ ေဒၚလာေတြ၊ ေရႊေတြယူတယ္ဆုိၿပီး အဂတိလုိက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က စံုစမ္းစစ္ေဆးေနတယ္လုိ႔လည္း ေျပာထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ေဒၚလာေငြအမ်ားအျပားနဲ႔ ေရႊေတြေပးခဲ့ရတယ္ဆိုၿပီး ေျပာထားတဲ့ စီးပြားေရးလုပ္ငန္းရွင္ ဦးေမာင္ဝိတ္နဲ႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းတို႔ရဲ႕ ဗီြဒီယိုေတြကိုလည္း စစ္ေကာင္စီက ျပသခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ဳိးေဆာင္ေရွ႕ေနအဖြဲ႔ထဲက ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ကေတာ့ စြပ္စြဲခ်က္ေတြနဲ႔ပတ္သက္ၿပီး ဥပေဒနဲ႔အညီ ေဆာင္ရြက္သြားမယ္လို႔ ေျပာထားပါတယ္။

...............................................

ေဒၚေအာင္ဆန္းစုၾကည္
please wait

No media source currently available

0:00 0:01:43 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းပုံရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေအဖွဲ့ဝင် ရှေ့နေကြီး ဦးခင်မောင်ဇော်ကပြောပါတယ်။

"ဗွီဒီယိုထဲမှာတွေ့ရသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပုံရပါတယ်။ ရှေ့နေနဲ့ အမှုသည်အဖြစ် အကျိုးဆောင်ရှေ့နေနဲ့ သီးခြားတွေ့ရဖို့ သူကတောင်းဆိုခဲ့ပါတယ်" လို့ ဦးခင်မောင်ဇော်က AFP သတင်းဌာနကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်မင်းမင်းစိုးဟာ နေပြည်တော်က ရဲစခန်းတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗွီဒီယိုဆက်သွယ်ရေးကနေတဆင့် ဒီကနေ့ တွေ့ဆုံခွင့်ရခဲ့တာဖြစ်ပြီး အမှုကိစ္စနဲ့ပတ်သက်ပြီးတော့ပဲ ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေနဲ့ လူကိုယ်တိုင်ပဲ တွေ့ဆုံပြောဆိုချင်ပြီး ရဲတွေရှေ့မှာ ဗွီဒီယိုဆက်သွယ်ရေးနဲ့ပြောဖို့ သဘောမတူခဲ့ဘူးလို့ ဒေါ်မင်းမင်းစိုးကလည်း ရိုက်တာသတင်းဌာနနဲ့ တယ်လီဖုန်းဆက်သွယ်ချိန်အတွင်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ "အသားအရေ ကောင်းတာတွေ့ရတယ်" လို့ ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုပေးထားတဲ့ တရားရုံးချိန်းက ဧပြီလ ၁ ရက်နေ့ဖြစ်ပြီး အဲဒီမတိုင်ခင်တရက်မှာ ရှေ့နေက တွေ့ခွင့်ရတာပါ။ ဒေါ်အောင်ဆန်းစုကြည် စပြီး အဖမ်းခံရချိန်ကတည်းကဆိုရင် ဒေါ်မင်းမင်းစိုးဟာ ပထမဆုံးတွေ့ခွင့်ရတဲ့ ပြင်ပလူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက သွင်းကုန်ထုတ်ကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုထားတဲ့အပြင် ဒေါ်လာတွေ၊ ရွှေတွေယူတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာငွေအများအပြားနဲ့ ရွှေတွေပေးခဲ့ရတယ်ဆိုပြီး ပြောထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ရဲ့ ဗွီဒီယိုတွေကိုလည်း စစ်ကောင်စီက ပြသခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေအဖွဲ့ထဲက ရှေ့နေကြီး ဦးခင်မောင်ဇော်ကတော့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG