သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ဗုဒၶဟူးေန႔ ရံုးထုတ္မည္


မွတ္တမ္းဓါတ္ပံု ၂၀၁၉ ဇြန္လက ျပဳလုပ္တဲ့ အာဆီယံထိပ္သီးေဆြးေႏြးပြဲအတြင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေတြ႔ရစဥ္

(Zawgyi/Unicode)

အာဏာသိမ္း စစ္တပ္က ဖမ္းထားတဲ႔ ႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ဒီကေန႔ မတ္လ ၂၄ ရက္ေန႔ ဗုဒၶဟူးေန႔မွာ တရားရံုး ၾကားနာဖို႔ ရက္ခ်ိန္းရွိပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ျပစ္မႈဆိုင္ရာ ပုဒ္မ ၄ ခုနဲ႔ စြဲဆိုထားၿပီး ေနာက္ထပ္ ျပစ္မႈဆိုင္ရာ စြဲခ်က္ေတြ ထပ္ၿပီး တင္ဖို႔ အလားအလာ ရွိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဗီြအိုေအကို ေျပာပါတယ္။

ခြင့္ျပဳခ်က္ မရွိဘဲ Walkie-Talkies ေတြ အသံုးျပဳမႈ၊ COVID 19 ကန္႔သတ္တားျမစ္ခ်က္ ခ်ိဳးေဖာက္မႈ၊ ဆက္သြယ္ေရး ဥပေဒ ခ်ိဳးေဖာက္မႈ၊ လူထု ဆူပူအံုၾကြေအာင္ လံႈ႔ေဆာ္မႈ စြဲခ်က္ေတြ တင္ထားၿပီး ဒီစြဲခ်က္ တခုစီက ေထာင္ဒဏ္ ၃ ႏွစ္ထိ ခ်ခံရႏုိင္တဲ႔ စြဲခ်က္ေတြ ျဖစ္တယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ခြင့္ မရေသးတဲ႔ သူမရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ဗြီဒီယို ကြန္ဖရင့္စ္နဲ႔ ဗုဒၶဟူးေန႔မွာ တရားရံုး ထုတ္ဖို႔ တရက္ အလို အဂၤါေန႔မွာေတာ့ အာဏာသိမ္း စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီက ေနျပည္ေတာ္မွာ သတင္းစာ ရွင္းလင္းပြဲ လုပ္ခဲ႔ၿပီး ရန္ကုန္တိုင္း ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းရဲ႕ ေျပာဆိုခ်က္ဆိုတဲ႔ ဗီြဒီယိုကို ဖြင့္ျပခဲ႔ပါတယ္။

“အ၀တ္အထည္ အစားအေသာက္ထည့္တဲ့ အိတ္ေတြထဲမွာ ထည့္ထားတဲ့ အေမရိကန္ေဒၚလာ ၁ ထုတ္လ်င္ အရြက္ ၁၀၀ ပါတဲ့ ရာတန္ အထုတ္ ၂၀ ေဒၚလာ ၂ သိန္းနဲ႔ အကယ္ဒမီေရႊ ၁၀ က်ပ္သားအတံုး၊ အပိုင္း ၂၅ ပိုင္း စုစုေပါင္း ၂ ပိသာခြဲကို က်ေနာ္ တဦးတည္း ယူေဆာင္၍ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္ထဲကို ၀င္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္ေရးကိုယ္တာအတြက္ပဲ သံုးသံုး၊ ပါတီ ေအာင္ႏိုင္ေရးအတြက္ပဲ သံုးသံုး ၊ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ပဲ သံုးသံုး လိုတဲ့ေနရာမွာ သံုးပါလို႔ေျပာၿပီး က်ေနာ္ကိုယ္တိုင္ ေဒၚေအာင္ဆန္းစုၾကည္ လက္ထဲကို ထည့္ေပးခဲ့တာ ျဖစ္ပါတယ္။”

ဦးၿဖိဳးမင္းသိန္းရဲ႕ အခု ဗီြဒီယိုဖိုင္ကို ဖြင့္ျပမယ္လို႔ မတ္လ ၁၁ ရက္ သတင္းစာ ရွင္းလင္းပြဲမွာ အာဏာသိမ္း စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး အဖြဲ႔ ေျပာခြင့္ရ ဦးေဇာ္မင္းထြန္းက ႀကိဳၿပီး ေျပာခဲ႔တာပါ။

ဒီမတိုင္ခင္ကလည္း လုပ္ငန္းရွင္ တဦး ျဖစ္တဲ႔ ဦးေမာင္၀ိတ္က ေဒၚေအာင္ဆန္းစုၾကည္ကို ကိုယ္တိုင္ ေငြေၾကး ေပးခဲ႔တယ္လို႔ ေျပာဆိုထားတဲ႔ ဗီြဒီယိုဖိုင္ကိုလည္း စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး အဖြဲ႔က ထုတ္ခဲ႔ပါတယ္။ ဒီေျဖာင့္ခ်က္ေပး ေျပာဆိုခ်က္ေတြကို အာဏာသိမ္း အဖြဲ႔က ဘယ္လုိ ပံုစံ ရယူခဲ႔သလဲ ဆိုတာ မသိရသလို ဦးၿဖဳိးမင္းသိန္းရဲ႕ ေျပာဆိုခ်က္ ဆိုတဲ႔ ဗီြဒီယိုဖိုင္ရဲ႕ အရည္အေသြးကို ေထာက္ျပၿပီး အတုအေယာင္ ျဖစ္တယ္ဆိုတဲ႔ ေျပာဆိုခ်က္ေတြလည္း ရွိေနပါတယ္။

ဒါ႔အျပင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဘီလ်ံနာ သူေဌး George Soros ေတြ႔ဆံုခဲ႔တဲ႔ ဓာတ္ပံုနဲ႔ ႏိုင္ငံပိုင္ သတင္းစာေတြမွာ ေဖာ္ျပၿပီး George Soros ရဲ႕ Open Society Foundations ရဲ႕ ျမန္မာ အဖြဲ႔က ၀န္ထမ္း တဦးကို စစ္ေဆးခ်က္ အရ တရားမ၀င္ ေငြေၾကး လႊဲေျပာင္းမႈေတြ ရွိတယ္လို႔ ေဖာ္ျပထားတာပါ။ ဖမ္းထားတဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့ ေရွ႕ေနနဲ႔ ေတြ႔ခြင့္ မေပးေသးသလို မတ္လ ၁ ရက္ေန႔က ဗြီဒီယို ကြန္းဖရင့္နဲ႔ တရားရံုး ၾကားနာမႈမွာလည္း တရားသူႀကီးနဲ႔သာ ေတြ႔ဆံုခြင့္ စကားေျပာခြင့္ ေပးခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့ ရုံးထုတ်မည်

(Unicode)

အာဏာသိမ်း စစ်တပ်က ဖမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရားရုံး ကြားနာဖို့ ရက်ချိန်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၄ ခုနဲ့ စွဲဆိုထားပြီး နောက်ထပ် ပြစ်မှုဆိုင်ရာ စွဲချက်တွေ ထပ်ပြီး တင်ဖို့ အလားအလာ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

ခွင့်ပြုချက် မရှိဘဲ Walkie-Talkies တွေ အသုံးပြုမှု၊ COVID 19 ကန့်သတ်တားမြစ်ချက် ချိုးဖောက်မှု၊ ဆက်သွယ်ရေး ဥပဒေ ချိုးဖောက်မှု၊ လူထု ဆူပူအုံကြွအောင် လှုံ့ဆော်မှု စွဲချက်တွေ တင်ထားပြီး ဒီစွဲချက် တခုစီက ထောင်ဒဏ် ၃ နှစ်ထိ ချခံရနိုင်တဲ့ စွဲချက်တွေ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရသေးတဲ့ သူမရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဗွီဒီယို ကွန်ဖရင့်စ်နဲ့ ဗုဒ္ဓဟူးနေ့မှာ တရားရုံး ထုတ်ဖို့ တရက် အလို အင်္ဂါနေ့မှာတော့ အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီက နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်ဆိုတဲ့ ဗွီဒီယိုကို ဖွင့်ပြခဲ့ပါတယ်။

“အဝတ်အထည် အစားအသောက်ထည့်တဲ့ အိတ်တွေထဲမှာ ထည့်ထားတဲ့ အမေရိကန်ဒေါ်လာ ၁ ထုတ်လျင် အရွက် ၁၀၀ ပါတဲ့ ရာတန် အထုတ် ၂၀ ဒေါ်လာ ၂ သိန်းနဲ့ အကယ်ဒမီရွှေ ၁၀ ကျပ်သားအတုံး၊ အပိုင်း ၂၅ ပိုင်း စုစုပေါင်း ၂ ပိသာခွဲကို ကျနော် တဦးတည်း ယူဆောင်၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲကို ဝင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေးကိုယ်တာအတွက်ပဲ သုံးသုံး၊ ပါတီ အောင်နိုင်ရေးအတွက်ပဲ သုံးသုံး ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်ပဲ သုံးသုံး လိုတဲ့နေရာမှာ သုံးပါလို့ပြောပြီး ကျနော်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် လက်ထဲကို ထည့်ပေးခဲ့တာ ဖြစ်ပါတယ်။”

ဦးဖြိုးမင်းသိန်းရဲ့ အခု ဗွီဒီယိုဖိုင်ကို ဖွင့်ပြမယ်လို့ မတ်လ ၁၁ ရက် သတင်းစာ ရှင်းလင်းပွဲမှာ အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး အဖွဲ့ ပြောခွင့်ရ ဦးဇော်မင်းထွန်းက ကြိုပြီး ပြောခဲ့တာပါ။

ဒီမတိုင်ခင်ကလည်း လုပ်ငန်းရှင် တဦး ဖြစ်တဲ့ ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ငွေကြေး ပေးခဲ့တယ်လို့ ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်ကိုလည်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး အဖွဲ့က ထုတ်ခဲ့ပါတယ်။ ဒီဖြောင့်ချက်ပေး ပြောဆိုချက်တွေကို အာဏာသိမ်း အဖွဲ့က ဘယ်လို ပုံစံ ရယူခဲ့သလဲ ဆိုတာ မသိရသလို ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက် ဆိုတဲ့ ဗွီဒီယိုဖိုင်ရဲ့ အရည်အသွေးကို ထောက်ပြပြီး အတုအယောင် ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘီလျံနာ သူဌေး George Soros တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပြီး George Soros ရဲ့ Open Society Foundations ရဲ့ မြန်မာ အဖွဲ့က ဝန်ထမ်း တဦးကို စစ်ဆေးချက် အရ တရားမဝင် ငွေကြေး လွှဲပြောင်းမှုတွေ ရှိတယ်လို့ ဖော်ပြထားတာပါ။ ဖမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရှေ့နေနဲ့ တွေ့ခွင့် မပေးသေးသလို မတ်လ ၁ ရက်နေ့က ဗွီဒီယို ကွန်းဖရင့်နဲ့ တရားရုံး ကြားနာမှုမှာလည်း တရားသူကြီးနဲ့သာ တွေ့ဆုံခွင့် စကားပြောခွင့် ပေးခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG