[Zawgyi/Unicode]
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရံုးခ်ိန္းကို ဧၿပီလ ၁ ရက္ေန႔ ထပ္မံေရႊ႕ဆိုင္းလိုက္တယ္လို႔ သိရပါတယ္။ ပံုမွန္ရံုးထုတ္စစ္ေဆးဖို႔ တရားသူႀကီးက သတ္မွတ္ထားတဲ့ မတ္လ ၂၄ ရက္ေန႔ ဒီေန႔မွာ သူ႕ကို ဘာေၾကာင့္ တရားရံုးမထုတ္ႏိုင္သလဲဆိုတာ သဲသဲကဲြကဲြ မရွိပါဘူး။ ၿပီးခဲ့တဲ့ တေခါက္ ရံုးခ်ိန္းတုန္းကေတာ့ အြန္လိုင္းကေန ၾကားနာစစ္ေဆးဖို႔ အင္တာနက္မရတာေၾကာင့္ ေရႊ႕ဆိုင္းရတယ္လို႔ အေၾကာင္းျပခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈကို အဓိက လိုက္မယ့္ ေရွ႕ေန႔ ဦးခင္ေမာင္ေဇာ္အေနနဲ႔ အခုအခ်ိန္အထိ ေရွ႕ေနပါဝါလဲႊတာ လက္ခံမရေသးေပမဲ့ သူ႕လက္ေထာက္ ေရွ႕ေနႏွစ္ဦး ပါဝါလဲႊစာေတာ့ လက္ခံရထားပါတယ္။ လတ္တေလာအားျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ကို ျပစ္မႈဆိုင္ရာ ပုဒ္မ ေလးခုနဲ႔ တရားရံုးတင္ထားၿပီး ေနာက္ထပ္ျပစ္မႈဆိုင္ရာစဲြခ်က္ေတြ ထပ္တိုးလာႏိုင္မယ့္ အလားအလာရွိေနတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနျဖစ္သူ ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကို ေျပာထားပါတယ္။
တရားမ၀င္တဲ့ လမ္းေလွ်ာက္စကားေျပာစက္ေတြ အသံုးျပဳမႈ၊ COVID-19 ကပ္ေရာဂါဆိုင္ရာ ကန္႔သတ္တားျမစ္ခ်က္ကို ခ်ိဳးေဖာက္မႈေတြနဲ႔ စဲြခ်က္တင္ထားတာပါ။ ဒါေပမဲ့လည္း စီးပြားေရးလုပ္ငန္းရွင္တဦးျဖစ္တဲ့ ဦးေမာင္ဝိတ္ရဲ႕ ထြက္ဆိုခ်က္၊ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းတို႔ရဲ႕ ထြက္ဆိုခ်က္ေတြအေပၚတည္ၿပီး အဂတိလိ္ုက္စားမႈပုဒ္မႈေတြ ထပ္တိုးလာႏိုင္ေျခရွိေနပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကို အေမရိကန္ေဒၚလာေငြေၾကးနဲ႕ ေရႊသားေတြ ေပးခဲ့တယ္ဆိုၿပီး ဦးၿဖိဳးမင္းသိန္းထြက္ဆိုတာ၊ ေဒၚလာေငြသားေတြ ကိုယ္တိုင္ေပးခဲ့တယ္လို႔ ဦးေမာင္ဝိတ္ကထြက္ဆိုတာေတြကို စစ္ေကာင္စီသတင္းစာရွင္းလင္းပဲြမွာ ထုတ္ျပန္ခဲ့ပါတယ္။ ဒါ့အျပင္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းရဲ႕ အိမ္ျခံငွားရမ္းမႈ၊ ေငြအ၀င္အထြက္ေတြကိုလည္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီက စစ္ေဆးေနတာေတြရွိပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ျပစ္မႈပုဒ္မေတြ တပ္ၿပီး စစ္တပ္က တရားစဲြေနတဲ့အေပၚ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ စိတ္အေႏွာင့္အယွက္ျဖစ္ရသလို၊ မတရားဖမ္းဆီးခံရတဲ့ ႏိုင္ငံေရးေခါင္းေဆာင္အားလံုးျပန္လႊတ္ဖို႔ေတာင္းဆိုတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္ထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အမႈေတြဟာ စစ္ေကာင္စီအေနနဲ႔ အာဏာယူႏိုင္ဖို႔အတြက္ ဟန္ျပအမႈဆင္ေနတာျဖစ္တယ္လို႔လည္း ျမန္မာလူ႔အခြင့္အေရးဆိုင္ရာ ကုလအထူးကိုယ္စားလွယ္ Tom Andrews ကလည္း တုံ႔ျပန္ထားပါတယ္။
[Unicode Version]
ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန် ဧပြီ ၁ ရက်နေ့ ရွှေ့ဆိုင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးချိန်းကို ဧပြီလ ၁ ရက်နေ့ ထပ်မံရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ပုံမှန်ရုံးထုတ်စစ်ဆေးဖို့ တရားသူကြီးက သတ်မှတ်ထားတဲ့ မတ်လ ၂၄ ရက်နေ့ ဒီနေ့မှာ သူ့ကို ဘာကြောင့် တရားရုံးမထုတ်နိုင်သလဲဆိုတာ သဲသဲကွဲကွဲ မရှိပါဘူး။ ပြီးခဲ့တဲ့ တခေါက် ရုံးချိန်းတုန်းကတော့ အွန်လိုင်းကနေ ကြားနာစစ်ဆေးဖို့ အင်တာနက်မရတာကြောင့် ရွှေ့ဆိုင်းရတယ်လို့ အကြောင်းပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အဓိက လိုက်မယ့် ရှေ့နေ့ ဦးခင်မောင်ဇော်အနေနဲ့ အခုအချိန်အထိ ရှေ့နေပါဝါလွဲှတာ လက်ခံမရသေးပေမဲ့ သူ့လက်ထောက် ရှေ့နေနှစ်ဦး ပါဝါလွဲှစာတော့ လက်ခံရထားပါတယ်။ လတ်တလောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ လေးခုနဲ့ တရားရုံးတင်ထားပြီး နောက်ထပ်ပြစ်မှုဆိုင်ရာစွဲချက်တွေ ထပ်တိုးလာနိုင်မယ့် အလားအလာရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောထားပါတယ်။
တရားမဝင်တဲ့ လမ်းလျှောက်စကားပြောစက်တွေ အသုံးပြုမှု၊ COVID-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်တားမြစ်ချက်ကို ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ထားတာပါ။ ဒါပေမဲ့လည်း စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမောင်ဝိတ်ရဲ့ ထွက်ဆိုချက်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ရဲ့ ထွက်ဆိုချက်တွေအပေါ်တည်ပြီး အဂတိလိုက်စားမှုပုဒ်မှုတွေ ထပ်တိုးလာနိုင်ခြေရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာငွေကြေးနဲ့ ရွှေသားတွေ ပေးခဲ့တယ်ဆိုပြီး ဦးဖြိုးမင်းသိန်းထွက်ဆိုတာ၊ ဒေါ်လာငွေသားတွေ ကိုယ်တိုင်ပေးခဲ့တယ်လို့ ဦးမောင်ဝိတ်ကထွက်ဆိုတာတွေကို စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အိမ်ခြံငှားရမ်းမှု၊ ငွေအဝင်အထွက်တွေကိုလည်း စစ်အုပ်ချုပ်ရေးကောင်စီက စစ်ဆေးနေတာတွေရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ပြစ်မှုပုဒ်မတွေ တပ်ပြီး စစ်တပ်က တရားစွဲနေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရသလို၊ မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးခေါင်းဆောင်အားလုံးပြန်လွှတ်ဖို့တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုတွေဟာ စစ်ကောင်စီအနေနဲ့ အာဏာယူနိုင်ဖို့အတွက် ဟန်ပြအမှုဆင်နေတာဖြစ်တယ်လို့လည်း မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews ကလည်း တုံ့ပြန်ထားပါတယ်။