သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရဲတပ္ဖဲြ႔ဝင္တခ်ိဳ႕သတ္ခံရတဲ့ နီးစပ္ရာေဒသခံမ်ား တိမ္းေရွာင္


သပိတ္စစ္ေၾကာင္းတခုက လက္ ၃ ေခ်ာင္းေထာင္ အာဏာရွင္ဆန္႔က်င္ဆႏၵျပ ျမင္ကြင္း။ (မတ္ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံအ၀ွမ္း စစ္တပ္က အာဏာသိမ္းတာကို ကန္႔ကြက္ဆန္႔က်င္တဲ့ ဆႏၵျပလႈပ္ရွားမႈေတြကို အာဏာပိုင္ေတြဘက္က ပစ္ခတ္ၿဖိဳခြင္းတာေတြေၾကာင့္ ေဒသခံျပည္သူေတြေသဆံုးတာေတြ ရွိခဲ့သလို၊ အျပန္အလွန္တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖဲြ႕၀င္တခ်ိဳ႕ေသဆံုးတာေတြလည္း ရွိခဲ့ပါတယ္။ ရဲတပ္ဖဲြ႕၀င္ေတြ ေသဆံုးမႈျဖစ္တဲ့ေနရာေတြက နီးစပ္ရာေဒသခံေတြကို လိုက္လံဖမ္းဆီးမႈေတြ ရွိေနတာေၾကာင့္လည္း ေဒသခံေတြ တိမ္းေရွာင္ထြက္ေျပးရတာေတြရွိေနပါတယ္။ ရန္ကုန္ကရတဲ့ သတင္းကို ကိုေဇာ္၀င္းလိႈင္ ေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဒီပဲရင္းၿမိဳ႕နယ္အတြင္းက တည္ေတာ ေက်းရြာအနီးမွာ ၿပီးခဲ့တဲ့ မတ္လ ၁၈ ရက္ေန႔က ဆႏၵျပျပည္သူေတြနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြ ထိပ္တိုက္ေတြ႔ၿပီး ရဲတပ္ဖြဲ႔ဝင္ ႏွစ္ဦး ေသဆံုးသြားတယ္လို႔ ဒီပဲရင္းေဒသခံတစ္ဦးက ေျပာပါတယ္။

“အဲဒီမွာ ေသနတ္က နွစ္လက္နဲ႔ ရဲတပ္သား ႏွစ္ေယာက္ရယ္၊ စခန္းမွဴးရယ္၊ ရာထူးကေတာ့ က်ေနာ္လည္း မသိဘူး၊ ရဲဝတ္စံုေတြနဲ႔ ပထမတစ္ခါ အဲဒီမွာ လူအုပ္ၾကားထဲကို ေက်ာ္ဝင္တာေပါ့။ လူအုပ္ၾကားထဲေရာက္လာေတာ့ ေသနတ္ေတြ ထုတ္ျပတာေပ့ါဗ်ာ။ ရဲမွန္းသိေတာ့ ဒီကလူေတြက ေၾကြးေၾကာ္တာေပါ့။ အဲဒီမွာ ရဲကားက ရပ္ၿပီးေတာ့ ေသနတ္ေတြနဲ႔ခ်ိန္တာေပါ့။ အဲဒီမွာ ေနာက္က လူအုပ္ၾကားက လစ္တဲ့ သူက ဝင္လုပ္သြားလိုက္တာ။ ဆံုးသြားတာကေတာ့ သူတို႔ရဲေတြ နွစ္ေယာက္ ဆံုးသြားတယ္လို႔ ၾကားတယ္ဗ်ာ။ က်ေနာ္လည္း အတိအက် ျမင္လိုက္တာမဟုတ္ဘူး။ ၾကားတဲ့ သတင္းကေတာ့ နွစ္ေယာက္ဆံုးသြားတယ္လို႔ ၾကားတယ္ဗ်ာ။”

ရဲတပ္ဖြြဲ႕ဝင္ ႏွစ္ဦး ေသဆံုးသြားတဲ့အေၾကာင္း ႏုိင္ငံပုိင္သတင္းစာေတြမွာ ေနာက္တေန႔မွာ ေဖာ္ျပခဲ့ပါတယ္။

ေနာက္ပိုင္းမွာ အာဏာပိုင္ေတြဘက္က ေက်းရြာေတြမွာ ဝင္ေရာက္ ရွာဖြယ္တာေတြ ေသနတ္ပစ္ဝင္လာတာေတြ ရွိတာေၾကာင့္ တည္ေတာေက်းရြာနဲ႔ နီးစပ္ေက်းရြာေတြကေဒသခံေတြ ဒီကေန႔အထိ ထြက္ေျပးေနၾကရတယ္လို႔ ဒီပဲရင္းေဒသခံတစ္ဦးက ေျပာပါတယ္။

“တစ္ရြာလံုးပဲ ေျပးႏိုင္တဲ့ သူေတြ အကုန္ေျပးရတယ္ဗ်ာ။ ရြာထဲမွာ အဘိုးႀကီးေတြ အဘြားႀကီးေတြနဲ႔ ကေလးေတြေလာက္ပဲ က်န္ခဲ့တာ။ ကေလးေတြေတာင္ ေခၚသြားၾကာတယ္။ ထြက္ေျပးေနရတာေတာ့ တည္ေတာရြာပါတယ္၊ သေျပကုန္းရြာပါတယ္၊ အုတ္ဆည္ရြာပါတယ္၊ သရက္ကန္အေရွ႕ရြာ၊ သရက္ကန္အေနာက္ရြာပါတယ္၊ က်ဴေတာပါတယ္၊ မစိုးရိမ္ပါတယ္၊ ေခ်ာင္းမီးတိုပါတယ္။ အခုၾကားရတာက ေညာင္းပထိုးရြာလည္းပါတယ္။ အဲဒီရြာကေတာ့ ေနာက္ရက္မွ ေျပးရတာေပါ့ေလ။”

ဒါ့အျပင္ ပဲခူးၿမိဳ႕နယ္အတြင္းမွာလည္း ၿပီးခဲ့တဲ့ မတ္လ ၁၈ ရက္ေန႔က အာဏာပိုင္ေတြနဲ႔ ဆႏၵျပျပည္သူေတြ ထိပ္တိုက္ေတြ႔ၿပီး ရဲတစ္ဦး ေသဆံုးေသဆံုးခဲ့ၿပီး ႏွစ္ဦး ဒဏ္ရာရရွိခဲ့ တယ္လို႔ ပဲခူးေဒသခံတစ္ဦးကေျပာပါတယ္။

“သူတို႔ ဆႏၵျပျပည္သူေတြကို လိုက္ၿဖိဳခြင္းရင္းနဲ႔ လမ္းႀကိဳ လမ္းၾကားေတြမွာ ေရွ႕ဆံုးက မ်က္ရည္ယိုဗံုး လာပစ္တဲ့ တစ္ေယာက္ေပါ့။ ျပည္သူေတြၾကားထဲက ေျပးရင္းလႊားရင္းနဲ႔ ဘယ္သူက ဂ်င္ကလိနဲ႔ ပစ္လိုက္လဲ မသိဘူး။ နွစ္ေယာက္က ဒဏ္ရာရသြားတယ္။ ေလးဂြေတြ၊ ဂဲလံုးေတြနဲ႔ ပစ္ၾကေတာ့ နွစ္ေယာက္ ဒဏ္ရာရတယ္။ တစ္ေယာက္ေတာ့ ေသသြားတယ္။ ဂ်င္ကလိစာ ထိသြားတာေပါ့။”

ရွမ္းျပည္နယ္ေတာင္ပိုင္၊း ဖယ္ခံုၿမိဳ႕နယ္ဘက္မွာလည္း တပ္မေတာ္သားေလးဦး အသတ္ခံရၿပီး ေနာက္ပိုင္း ဖယ္ခံုၿမိဳ႕နယ္ အနီးတ၀ုိက္က ေက်းရြာေတြက ေဒသခံေတြ ရြားလံုးကြ်တ္ထြက္ေျပးေနရတယ္လို႔ ရြာသားေတြနဲ႔ နီးစပ္သူတစ္ဦးကေျပာပါတယ္။

“အဲဒီဘက္မွာ ေဒသခံေတြက ထြက္ေျပးေနရတုန္းပဲ ေနာက္ၿပီးေတာ့ စစ္သားေတြက ရွိသမွ် အိမ္ေတြကို လိုက္ၿပီးေတာ့ ရိုက္ခြဲတယ္။ ေနာက္ၿပီးေတာ့ ကုန္စံုဆိုင္ေတြမွာ ရွိတဲ့ ဘီယာေတြကို လုိုက္ၿပီးေတာ့ အရက္ေတြ အကုန္လံုးကို လိုက္ၿပီးေတာ့ ယူေသာက္တာေပါ့ေနာ္။ တစ္ခ်ိဳ႕ အိမ္ေတြကိုလည္း မီးရွို႕ခဲ့တာ ရွိတယ္။ အဲဒီမွာ ရွိတဲ့ ရြာသူ ရြာသားေတြေတာ့ မရွိေတာ့ဘူး။”

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းပိုင္းေနာက္ပိုင္း အာဏာရွင္ဆန္႔က်င္ လႈပ္ရွားမႉ ေတြအတြင္း ရဲတပ္ဖြဲ႔ဝင္ေတြ၊ တပ္မေတာ္သားနဲ႔ သူတုိ႔မိသား၀င္တခ်ဳိ႕ ေသဆုံးခဲ့တာရွိေၾကာင္း ေနျပည္ေတာ္မွာ မတ္လ ၂၃ ရက္ေန႔ကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ျပန္ၾကားေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“အၾကမ္းဖက္ တိုက္ခိုက္မႈေတြေၾကာင့္ ရဲတပ္ဖြဲ႔ဝင္ ငါးဦး က်ဆံုးၿပီး ၁၆၃ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။ တပ္မေတာ္သား ေလးဦး က်ဆံုးၿပီး မိသားစုဝင္ တစ္ဦး က်ဆံုးခဲ့ပါတယ္။”

ရဲတပ္ဖြဲ႔ဝင္ေတြ ေသဆံုးဒဏ္ရာရတာနဲ႔ ပတ္သတ္ၿပီး ျပန္ၾကားေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုထားတာနဲ႔ ပတ္သတ္ၿပီး ဗြီအိုေအကေတာ့ သီးျခားအတည္ျပဳခ်က္မရရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရဲတပ်ဖွဲ့ဝင်တချို့သတ်ခံရတဲ့ နီးစပ်ရာဒေသခံများ တိမ်းရှောင်

မြန်မာနိုင်ငံအဝှမ်း စစ်တပ်က အာဏာသိမ်းတာကို ကန့်ကွက်ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် ဒေသခံပြည်သူတွေသေဆုံးတာတွေ ရှိခဲ့သလို၊ အပြန်အလှန်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တချို့သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးမှုဖြစ်တဲ့နေရာတွေက နီးစပ်ရာဒေသခံတွေကို လိုက်လံဖမ်းဆီးမှုတွေ ရှိနေတာကြောင့်လည်း ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာတွေရှိနေပါတယ်။ ရန်ကုန်ကရတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင် ပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲရင်းမြို့နယ်အတွင်းက တည်တော ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က ဆန္ဒပြပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားတယ်လို့ ဒီပဲရင်းဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီမှာ သေနတ်က နှစ်လက်နဲ့ ရဲတပ်သား နှစ်ယောက်ရယ်၊ စခန်းမှူးရယ်၊ ရာထူးကတော့ ကျနော်လည်း မသိဘူး၊ ရဲဝတ်စုံတွေနဲ့ ပထမတစ်ခါ အဲဒီမှာ လူအုပ်ကြားထဲကို ကျော်ဝင်တာပေါ့။ လူအုပ်ကြားထဲရောက်လာတော့ သေနတ်တွေ ထုတ်ပြတာပေ့ါဗျာ။ ရဲမှန်းသိတော့ ဒီကလူတွေက ကြွေးကြော်တာပေါ့။ အဲဒီမှာ ရဲကားက ရပ်ပြီးတော့ သေနတ်တွေနဲ့ချိန်တာပေါ့။ အဲဒီမှာ နောက်က လူအုပ်ကြားက လစ်တဲ့ သူက ဝင်လုပ်သွားလိုက်တာ။ ဆုံးသွားတာကတော့ သူတို့ရဲတွေ နှစ်ယောက် ဆုံးသွားတယ်လို့ ကြားတယ်ဗျာ။ ကျနော်လည်း အတိအကျ မြင်လိုက်တာမဟုတ်ဘူး။ ကြားတဲ့ သတင်းကတော့ နှစ်ယောက်ဆုံးသွားတယ်လို့ ကြားတယ်ဗျာ။”

ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားတဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ နောက်တနေ့မှာ ဖော်ပြခဲ့ပါတယ်။

နောက်ပိုင်းမှာ အာဏာပိုင်တွေဘက်က ကျေးရွာတွေမှာ ဝင်ရောက် ရှာဖွယ်တာတွေ သေနတ်ပစ်ဝင်လာတာတွေ ရှိတာကြောင့် တည်တောကျေးရွာနဲ့ နီးစပ်ကျေးရွာတွေကဒေသခံတွေ ဒီကနေ့အထိ ထွက်ပြေးနေကြရတယ်လို့ ဒီပဲရင်းဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ရွာလုံးပဲ ပြေးနိုင်တဲ့ သူတွေ အကုန်ပြေးရတယ်ဗျာ။ ရွာထဲမှာ အဘိုးကြီးတွေ အဘွားကြီးတွေနဲ့ ကလေးတွေလောက်ပဲ ကျန်ခဲ့တာ။ ကလေးတွေတောင် ခေါ်သွားကြာတယ်။ ထွက်ပြေးနေရတာတော့ တည်တောရွာပါတယ်၊ သပြေကုန်းရွာပါတယ်၊ အုတ်ဆည်ရွာပါတယ်၊ သရက်ကန်အရှေ့ရွာ၊ သရက်ကန်အနောက်ရွာပါတယ်၊ ကျူတောပါတယ်၊ မစိုးရိမ်ပါတယ်၊ ချောင်းမီးတိုပါတယ်။ အခုကြားရတာက ညောင်းပထိုးရွာလည်းပါတယ်။ အဲဒီရွာကတော့ နောက်ရက်မှ ပြေးရတာပေါ့လေ။”

ဒါ့အပြင် ပဲခူးမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က အာဏာပိုင်တွေနဲ့ ဆန္ဒပြပြည်သူတွေ ထိပ်တိုက်တွေ့ပြီး ရဲတစ်ဦး သေဆုံးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ ပဲခူးဒေသခံတစ်ဦးကပြောပါတယ်။

“သူတို့ ဆန္ဒပြပြည်သူတွေကို လိုက်ဖြိုခွင်းရင်းနဲ့ လမ်းကြို လမ်းကြားတွေမှာ ရှေ့ဆုံးက မျက်ရည်ယိုဗုံး လာပစ်တဲ့ တစ်ယောက်ပေါ့။ ပြည်သူတွေကြားထဲက ပြေးရင်းလွှားရင်းနဲ့ ဘယ်သူက ဂျင်ကလိနဲ့ ပစ်လိုက်လဲ မသိဘူး။ နှစ်ယောက်က ဒဏ်ရာရသွားတယ်။ လေးဂွတွေ၊ ဂဲလုံးတွေနဲ့ ပစ်ကြတော့ နှစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်တော့ သေသွားတယ်။ ဂျင်ကလိစာ ထိသွားတာပေါ့။”

ရှမ်းပြည်နယ်တောင်ပိုင်၊း ဖယ်ခုံမြို့နယ်ဘက်မှာလည်း တပ်မတော်သားလေးဦး အသတ်ခံရပြီး နောက်ပိုင်း ဖယ်ခုံမြို့နယ် အနီးတဝိုက်က ကျေးရွာတွေက ဒေသခံတွေ ရွားလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ရွာသားတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

“အဲဒီဘက်မှာ ဒေသခံတွေက ထွက်ပြေးနေရတုန်းပဲ နောက်ပြီးတော့ စစ်သားတွေက ရှိသမျှ အိမ်တွေကို လိုက်ပြီးတော့ ရိုက်ခွဲတယ်။ နောက်ပြီးတော့ ကုန်စုံဆိုင်တွေမှာ ရှိတဲ့ ဘီယာတွေကို လိုက်ပြီးတော့ အရက်တွေ အကုန်လုံးကို လိုက်ပြီးတော့ ယူသောက်တာပေါ့နော်။ တစ်ချို့ အိမ်တွေကိုလည်း မီးရှို့ခဲ့တာ ရှိတယ်။ အဲဒီမှာ ရှိတဲ့ ရွာသူ ရွာသားတွေတော့ မရှိတော့ဘူး။”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပိုင်းနောက်ပိုင်း အာဏာရှင်ဆန့်ကျင် လှုပ်ရှားမှူ တွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားနဲ့ သူတို့မိသားဝင်တချို့ သေဆုံးခဲ့တာရှိကြောင်း နေပြည်တော်မှာ မတ်လ ၂၃ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ငါးဦး ကျဆုံးပြီး ၁၆၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ တပ်မတော်သား လေးဦး ကျဆုံးပြီး မိသားစုဝင် တစ်ဦး ကျဆုံးခဲ့ပါတယ်။”

ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သတ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားတာနဲ့ ပတ်သတ်ပြီး ဗွီအိုအေကတော့ သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG