သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္သူေတြနဲ႔ တ႐ုတ္ႏိုင္ငံၾကား အထင္လဲြမွားေအာင္ စစ္ေကာင္စီက ရည္ရြယ္ခ်က္ရွိရွိလုပ္ေဆာင္ေန (CRPH ႏိုင္ငံတကာဆက္ဆံေရးကိ္ုယ္စားလွယ္)


လိႈင္သာယာစက္မႈဇုန္ရွိ စက္ရံုတခု မီးေလာင္ကြ်မ္းတဲ့ ျမင္ကြင္း။ (မတ္ ၁၄၊ ၂၀၂၁)

(Zawgyi/Unicode)

ျမန္မာျပည္သူေတြနဲ႔ တ႐ုတ္ႏိုင္ငံၾကားမွာ အထင္လဲြမွားေအာင္ စစ္ေကာင္စီက ရည္ရြယ္ခ်က္ရွိရွိလုပ္ေဆာင္ေနေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ရဲ႕ႏိုင္ငံတကာဆက္ဆံေရးကိ္ုယ္စားလွယ္ ကိုထင္လင္းေအာင္ က ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ အေမရိကန္အစိုးရထိပ္တန္းတာ၀န္ရွိသူေတြရဲ႕ အာရွခရီးစဥ္ အတြင္းမွာ စစ္အုပ္ခ်ဳပ္ေရးေအာက္ေရာက္ေနတဲ့ ျမန္မာႏိုင္ငံအေျခအေနဟာ ေဒသတြင္းလုံျခံဳေရးကို ႐ိုတ္ခတ္ႏိုင္တဲ့အေနအထားကို အေလးေပးေဆြးေႏြးဖို႔ရွိေနတယ္လို႔ သူက သုံးသပ္ပါတယ္။ ကိုရန္ႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုရန္ႏိုင္။ ။ ကိုထင္လင္းေအာင္ေရ ၿပီးခဲ့တဲ့ ရက္ပိုင္းက ျမန္မာႏိုင္ငံထဲမွာရွိတဲ့ တရုတ္ႏိုင္ငံက ရင္းႏွီးျမွဳပ္ႏွံမႈေတြ လုပ္ထားတဲ့ စက္ရံုအလုပ္ရံုေတြ မီးရိႈ႕ဖ်က္ဆီးခံရတာနဲ႔ ပတ္သက္ၿပီးေတာ့ တရုတ္ႏိုင္ငံဘက္က စိုးရိမ္တယ္၊ ဒါမ်ိဳးေတြ ထပ္မျဖစ္ေအာင္ ကာကြယ္ေပးဖို႔ဆိုၿပီးေတာ့ ေျပာထားတာရွိပါတယ္။ ဒီအေပၚမွာ CRPH ရဲ႕ အျမင္ကို သိခ်င္ပါတယ္။

ကိုထင္လင္းေအာင္။ ။ အဲဒါကေတာ့ ကာကြယ္တာကေတာ့ မွန္တာေပါ့ဗ်ာ၊ ကာကြယ္ရမွာေပါ့ ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာႏိုင္ငံအတြင္းမွာရွိေနတဲ့ Business ေတြပဲေလ။ ဒါေပမယ့္ တဖက္ကေန ျပန္ၾကည့္ရင္ ဒါေတြက ဘယ္သူ မီးရိႈ႕တာလဲဆိုတာက အခု အေထာက္အထားေတြနဲ႔ ထြက္လာၿပီေလဗ်ာ။ ဘယ္လိုလဲဆိုေတာ့ ဒီစစ္ေကာင္စီကေနၿပီးေတာ့ သူတို႔က ဒါေတြကို ေသေသခ်ာခ်ာ စနစ္တက် လုပ္ၿပီးေတာ့မွ တရုတ္နဲ႔ ျမန္မာလူထုနဲ႔ ၾကားထဲမွာ သူတို႔က ခေလာက္ဆန္ထားတယ္ဆိုတာ ဒါအရမ္းသိသာတယ္ေလ ။ ဆိုေတာ့ ဒီလိုမ်ိဳးျဖစ္ေနတယ္ဆိုတာက စစ္ေကာင္စီ ရွိေနတဲ့အတြက္ေၾကာင့္မို႔လို႔ကို စစ္ေကာင္စီရဲ႕ အၾကံအစည္ေတြနဲ႔ နားလည္မႈလြဲေအာင္လုပ္ထားတယ္ဆိုတာ ဒါအရမ္းသိသာေနတယ္ဗ်ာ။

ကိုရန္ႏိုင္။ ။ တဘက္မွာလည္း အဲဒါနဲ႔ တဆက္တည္းပဲ တရုတ္အစုိးရဘက္ကေနၿပီး ၊ ျမန္မာႏုိင္ငံထဲမွာ ေနာက္ထပ္ေသြးထြက္သံယိုမႈေတြမျဖစ္ေအာင္ ကာကြယ္ဖို႔ ၊ ေနာက္ၿပီးေတာ့ ထိန္းထိန္းသိမ္းသိမ္းလုပ္ေဆာင္ၾကဖို႔လည္း ေျပာထားပါတယ္။ ဒီအေပၚမွာေရာ CRPH အေနနဲ႔ ဘာမ်ားမွတ္ခ်က္ေပးလိုပါသလဲ။

ကိုထင္လင္းေအာင္။ ။ ဒါကေတာ့ က်ေနာ္တို႔က တရုတ္က ဒီလိုေျပာလာတာကို က်ေနာ္တို႔က ႀကိဳဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီကိစၥေတြကလည္း ခုနက ေျပာသလိုပဲ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ လူငယ္ေတြ၊ လူႀကီးေတြ ဘယ္သူမဆိုကို သူတို႔က ေသြးထြက္သံယိုျဖစ္ေအာင္ကုိ ႏွိပ္စက္ညွဥ္းပမ္း သတ္ျဖတ္ၿပီးေတာ့ကို ထိန္းသိမ္းေနတာက ဒါက ႏိုင္ငံတကာ ဥပေဒနဲ႔လည္း မညီဘူး ၊ ေနာက္ဘယ္ႏိုင္ငံရဲ႕ ဥပေဒနဲ႔မွလည္း မညီဘူး ၊ ျမန္မာႏိုင္ငံ ဥပေဒနဲ႔မွလည္း မညီဘူး။ ဒါက Crime ပဲ ဒါက ရာဇ၀တ္မႈပဲ ။ အဲဒီေတာ့ ဒီဟာေတြကို ထိန္းသိမ္းဖို႔ဆိုတာက က်ေနာ္တို႔ ဘာလက္နက္မွ မရွိတဲ့ လူေတြက ဘာေသြးထြက္သံယိုျဖစ္ေအာင္လုပ္ေနတာမဟုတ္ဘူး ။ စစ္ေကာင္စီကသာ ဒါကို လုပ္ေနတာ ျဖစ္တဲ့အတြက္ေၾကာင့္ စစ္ေကာင္စီက ဒါကိုထိန္းသိမ္းရမယ္ဆိုတာကို က်ေနာ္တို႔က က်ယ္က်ယ္ေလာင္ေလာင္ေျပာဖို႔ လိုလာၿပီခင္ဗ် ။ အခုဆိုရင္ တရုတ္အစိုးရက ဒါကို ေျပာလာၿပီဆိုေတာ့ က်ေနာ္တို႔ ႀကိဳဆိုရမွာျဖစ္တယ္။ သူတို႔က ဒါကို အေလးအနက္ထားၿပီးေတာ့ လုပ္ရမွာျဖစ္တယ္။ တရုတ္အစိုးရမွ မဟုတ္ဘူး ဒါက ႏိုင္ငံတကာကေျပာေနတာ။ ဆိုေတာ့ ဒါစစ္ေကာင္စီက ဒါကို တကယ့္ကို အေလးအနက္ထားၿပီးေတာ့ လူထု ညွဥ္းပမ္းႏွပ္စက္သတ္ျဖတ္ေနတာေတြကို ခ်က္ခ်င္းရပ္ဖို႔ လိုၿပီဗ်။

ကိုရန္ႏိုင္။ ။ ေနာက္တခု က်ေနာ္ေမးခ်င္တာကေတာ့ အခုဆုိရင္ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး ေရာ၊ ကာကြယ္ေရး၀န္ႀကီးေတြဟာ အာရွခရီးစဥ္သြားေနၾကတယ္။ ဒီခရီးစဥ္အတြင္း ေဒသတြင္းက အေရးႀကီးတဲ့ကိစၥရပ္ေတြကို ေဆြးေႏြးသြားမွာေပါ့ေနာ္။ ဒီထဲမွာ တခ်ိဳ႕က သံုးသပ္ေနတာက လက္ရွိျမန္မာ့အေရးကိစၥကိုလည္း ေဆြးေႏြးၾကဖို႔ရွိတယ္လို႔လည္း သုံးသပ္ေနၾကတယ္။ ဆုိေတာ့ သူတုိ႔ရဲ႕ အာရွခရီးစဥ္ကေရာ ျမန္မာႏုိင္ငံအတြက္ ဘယ္ေလာက္အထိ အေရးပါႏုိင္မလဲ။

ကိုထင္လင္းေအာင္။ ။ လက္ရွိအေျခအေန အရဆိုရင္ ျမန္မာႏိုင္ငံက ထိပ္တန္းေဆြးေႏြးပြဲ ထဲမွာ သူတို႔ရဲ႕ စကား၀ိုင္းထဲမွာ ထိပ္တန္းကေန ပါလာဖို႔ ရွိတယ္ခင္ဗ်။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔က ေဒသတြင္း တည္ၿငိမ္မႈကို လိုခ်င္လို႔ ဒီ အင္ဒို ပစိဖိတ္ေဒသ Quad meeting ကို အဓိကထားၿပီးေတာ့ လုပ္လာတာ။ ေျပာရင္ ဒါက Geopolitic အရ ခ်ိန္ခြင္လွ်ာထိန္းဖို႔ ေဒသတြင္း တည္ၿငိမ္ဖို႔ဆိုၿပီး လုပ္လာတဲ့ အခါမွာ က်ေနာ္တုိ႔ ျမန္မာႏိုင္ငံက ဒီလိုအခ်ိန္မွာ ဒီလိုထျဖစ္ေနတယ္ဆိုေတာ့ ဒါက ေဒသတြင္းကို ရိုက္ခတ္မႈေတြ အမ်ားႀကီးျဖစ္ႏိုင္တယ္ေလ။ ဘယ္လိုမ်ိဳး ရိုက္ခတ္မႈျဖစ္ႏိုင္သလဲဆိုေတာ့ ေနာက္ဆံုးအဆင့္ ျပည္တြင္းစစ္ ျဖစ္ေကာင္းျဖစ္လာမယ္ ၊ အခုဆိုရင္ လူေတြက မခံမရပ္ႏိုင္ျဖစ္လာၿပီ။ အကယ္၍မ်ား လူေတြက ဒါကို resist လုပ္လာမယ္ဆိုရင္ မတည္မၿငိမ္မႈေတြ ပိုၿပီးေတာ့ ျပင္းထန္လာၿပီးေတာ့ ေဒသတြင္းႏိုင္ငံေတြကိုပါ ပိုၿပီးေတာ့ ထိခိုက္လာဖိုရွိတယ္ဗ် ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တုိ႔ အရင္တုန္းကလည္း ျဖစ္ခဲ့ဖူးတာပဲေလ ရာဇ၀င္မွာလည္း ရွိခဲ့တာပဲ။ ဘယ္လိုလဲဆိုေတာ့ ဒီႏိုင္ငံအတြင္းမွာ ေနလို႔မရေတာ့ဘူး ၊ ဒီေလာက္ ၾကမ္းတမ္း ရက္စက္လာၿပီဆိုရင္ တျခားေဘး ပတ္၀န္းက်င္မွာရွိေနတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြကို ၀င္ေရာက္ၿပီးေတာ့ ခိုလံုရတာေတြ အမ်ားႀကီးရွိခဲ့ဖူးတယ္။ သိန္းနဲ႔ သန္းနဲ႔ ခ်ီၿပီးေတာ့ ျပည္သူေတြ ေျပးလႊားပုန္းေရွာင္ရတာေတြ ခိုလံုရတာေတြ အမ်ားႀကီးရွိတယ္။ Refugee ေတြ အမ်ားႀကီးရွိလာႏိုင္တယ္။ ဒါဆိုရင္ ေဒသတြင္း မတည္ၿငိမ္မႈကို ျဖစ္ေပၚလာမယ္ ဆိုေတာ့ ဒီကိစၥက သူတို႔ Quad Summit ကေနၿပီးေတာ့ အရမ္းကို စိုးရိမ္တႀကီး ေစာင့္ၾကည့္မယ္ဆိုတာက ေျမႀကီးလက္ခတ္မလြဲဘူးခင္ဗ်။

ကိုရန္ႏိုင္။ ။ ေနာက္ဆံုးတခုပါ ဒီခရီးစဥ္အဆုံးမွာေတာ့ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဟာ တ႐ုတ္အစိုးရ ထိပ္တန္းတာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးဖုိ႔ရွိေနတယ္။ အဲဒီေဆြးေႏြးပဲြ အတြင္းမွာေရာ ျမန္မာႏုိင္ငံနဲ႔ပတ္သက္ၿပီး တရုတ္ႏုိင္ငံရဲ႕ ရပ္တည္ခ်က္ကို အေမရိကန္ဘက္က ဘယ္ေလာက္အထိ ဖိအားေပးႏုိင္မယ္လုိ႔ ျမင္လဲ။

ကိုထင္လင္းေအာင္။ ။ အေမရိကန္ကေတာ့ ဦးေဆာင္ၿပီးေတာ့ ဒီ Quad ကို လုပ္တယ္ ၿပီးရင္ တရုတ္အစိုးရနဲ႔လည္း ေတြ႔မယ္ဆိုေတာ့ ေကာင္းတဲ့ အလားအလာေပါ့ဗ်ာ။ တဖက္က ၾကည့္ရင္ အေမရိကားက ေတာင္မွပဲ ဖိအားေပးစရာမလိုပဲနဲ႔ တရုတ္အစိုးရကေနၿပီးေတာ့ သူကိုယ္တိုင္က စိုးရိမ္မကင္းျဖစ္လာတာေတြ ရွိလာၿပီေလဗ်ာ အခုဆိုရင္ တရုတ္ကုမၸဏီေတြ မီးရိႈ႕ခံရတယ္၊ တရုတ္စက္ရံုေတြ မီးရိႈ႕ခံရတယ္ဆိုတာက သူ႔အေနနဲ႔ စိုးရိမ္မကင္းျဖစ္လာမယ္ဆိုရင္လည္း ျဖစ္ေလာက္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူကလည္း ျမန္မာႏိုင္ငံမွာလာၿပီးေတာ့ စီးပြားေရးလုပ္ေနတဲ့ တရုတ္လူမ်ိဳးေတြကို ကာကြယ္ေစခ်င္တယ္။ ေနာက္ၿပီးေတာ့ သူတို႔လည္း တည္ၿငိမ္တဲ့အစိုးရကို လိုခ်င္မွာပဲဗ်။ အဲဒီေတာ့ အေမရိကန္ရဲ႕ ဦးေဆာင္မႈေနာက္မွာေတာင္ သူ လိုက္စရာမလိုဘူး သူ႔တိုက္တြန္းမႈကိုေတာင္မွ ေစာင့္မေနပဲနဲ႔ တရုတ္အစိုးရက အခုေတာင္မွ ထုတ္ေျပာလာၿပီပဲ ရွင္းရွင္းေလး ဟုတ္တယ္မလား အခုေတာင္မွ ဒါကို ဒီလို ေသြးထြက္သံယိုမႈေတြ ျဖစ္ေနတာကို ရပ္တန္းက ရပ္ပါလို႔ သူက ေျပာလာၿပီဆိုေတာ့ ဒါက သူတို႔ ၂ ဦးပူးေပါင္းၿပီးေတာ့ လုပ္မယ္ဆိုရင္ သေဘာတူညီမႈေတြနဲ႔ ျမန္မာျပည္ရဲ႕ ဒီမိုကေရစီ ေဖာ္ေဆာင္မႈမွာ သူတို႔က ဒီလိုမ်ိဳး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္ေအာင္လို႔ သူတို႔အေနနဲ႔ တိုက္တြန္းမယ္ဆိုရင္ ဒါက တကယ့္ကို ျမန္မာျပည္က ခဏေလး အတြင္းမွာ ေျပာင္းလဲသြားမယ္လို႔ က်ေနာ္ယူဆတယ္ခင္ဗ် အဲဒီေတာ့ သူတုိ႔ ၂ ေယာက္နဲ႔ က႑က အရမ္းအေရးပါတယ္။

ကိုရန္ႏိုင္က ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ရဲ႕ႏိုင္ငံတကာဆက္ဆံေရးကိ္ုယ္စားလွယ္ ကိုထင္လင္းေအာင္ ကို ဆက္သြယ္ေမးျမန္းခဲ့တာပါ။

.............

မြန်မာပြည်သူတွေနဲ့ တရုတ်နိုင်ငံကြား အထင်လွဲမှားအောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေ (CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်)

(Unicode)

မြန်မာပြည်သူတွေနဲ့ တရုတ်နိုင်ငံကြားမှာ အထင်လွဲမှားအောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ကိုထင်လင်းအောင် က ပြောပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်အစိုးရထိပ်တန်းတာဝန်ရှိသူတွေရဲ့ အာရှခရီးစဉ် အတွင်းမှာ စစ်အုပ်ချုပ်ရေးအောက်ရောက်နေတဲ့ မြန်မာနိုင်ငံအခြေအနေဟာ ဒေသတွင်းလုံခြုံရေးကို ရိုတ်ခတ်နိုင်တဲ့အနေအထားကို အလေးပေးဆွေးနွေးဖို့ရှိနေတယ်လို့ သူက သုံးသပ်ပါတယ်။ ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုရန်နိုင်။ ။ ကိုထင်လင်းအောင်ရေ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့ စက်ရုံအလုပ်ရုံတွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံဘက်က စိုးရိမ်တယ်၊ ဒါမျိုးတွေ ထပ်မဖြစ်အောင် ကာကွယ်ပေးဖို့ဆိုပြီးတော့ ပြောထားတာရှိပါတယ်။ ဒီအပေါ်မှာ CRPH ရဲ့ အမြင်ကို သိချင်ပါတယ်။

ကိုထင်လင်းအောင်။ ။ အဲဒါကတော့ ကာကွယ်တာကတော့ မှန်တာပေါ့ဗျာ၊ ကာကွယ်ရမှာပေါ့ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ Business တွေပဲလေ။ ဒါပေမယ့် တဖက်ကနေ ပြန်ကြည့်ရင် ဒါတွေက ဘယ်သူ မီးရှို့တာလဲဆိုတာက အခု အထောက်အထားတွေနဲ့ ထွက်လာပြီလေဗျာ။ ဘယ်လိုလဲဆိုတော့ ဒီစစ်ကောင်စီကနေပြီးတော့ သူတို့က ဒါတွေကို သေသေချာချာ စနစ်တကျ လုပ်ပြီးတော့မှ တရုတ်နဲ့ မြန်မာလူထုနဲ့ ကြားထဲမှာ သူတို့က ခလောက်ဆန်ထားတယ်ဆိုတာ ဒါအရမ်းသိသာတယ်လေ ။ ဆိုတော့ ဒီလိုမျိုးဖြစ်နေတယ်ဆိုတာက စစ်ကောင်စီ ရှိနေတဲ့အတွက်ကြောင့်မို့လို့ကို စစ်ကောင်စီရဲ့ အကြံအစည်တွေနဲ့ နားလည်မှုလွဲအောင်လုပ်ထားတယ်ဆိုတာ ဒါအရမ်းသိသာနေတယ်ဗျာ။

ကိုရန်နိုင်။ ။ တဘက်မှာလည်း အဲဒါနဲ့ တဆက်တည်းပဲ တရုတ်အစိုးရဘက်ကနေပြီး ၊ မြန်မာနိုင်ငံထဲမှာ နောက်ထပ်သွေးထွက်သံယိုမှုတွေမဖြစ်အောင် ကာကွယ်ဖို့ ၊ နောက်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့လည်း ပြောထားပါတယ်။ ဒီအပေါ်မှာရော CRPH အနေနဲ့ ဘာများမှတ်ချက်ပေးလိုပါသလဲ။

ကိုထင်လင်းအောင်။ ။ ဒါကတော့ ကျနော်တို့က တရုတ်က ဒီလိုပြောလာတာကို ကျနော်တို့က ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေကလည်း ခုနက ပြောသလိုပဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေ၊ လူကြီးတွေ ဘယ်သူမဆိုကို သူတို့က သွေးထွက်သံယိုဖြစ်အောင်ကို နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ပြီးတော့ကို ထိန်းသိမ်းနေတာက ဒါက နိုင်ငံတကာ ဥပဒေနဲ့လည်း မညီဘူး ၊ နောက်ဘယ်နိုင်ငံရဲ့ ဥပဒေနဲ့မှလည်း မညီဘူး ၊ မြန်မာနိုင်ငံ ဥပဒေနဲ့မှလည်း မညီဘူး။ ဒါက Crime ပဲ ဒါက ရာဇဝတ်မှုပဲ ။ အဲဒီတော့ ဒီဟာတွေကို ထိန်းသိမ်းဖို့ဆိုတာက ကျနော်တို့ ဘာလက်နက်မှ မရှိတဲ့ လူတွေက ဘာသွေးထွက်သံယိုဖြစ်အောင်လုပ်နေတာမဟုတ်ဘူး ။ စစ်ကောင်စီကသာ ဒါကို လုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် စစ်ကောင်စီက ဒါကိုထိန်းသိမ်းရမယ်ဆိုတာကို ကျနော်တို့က ကျယ်ကျယ်လောင်လောင်ပြောဖို့ လိုလာပြီခင်ဗျ ။ အခုဆိုရင် တရုတ်အစိုးရက ဒါကို ပြောလာပြီဆိုတော့ ကျနော်တို့ ကြိုဆိုရမှာဖြစ်တယ်။ သူတို့က ဒါကို အလေးအနက်ထားပြီးတော့ လုပ်ရမှာဖြစ်တယ်။ တရုတ်အစိုးရမှ မဟုတ်ဘူး ဒါက နိုင်ငံတကာကပြောနေတာ။ ဆိုတော့ ဒါစစ်ကောင်စီက ဒါကို တကယ့်ကို အလေးအနက်ထားပြီးတော့ လူထု ညှဉ်းပမ်းနှပ်စက်သတ်ဖြတ်နေတာတွေကို ချက်ချင်းရပ်ဖို့ လိုပြီဗျ။

ကိုရန်နိုင်။ ။ နောက်တခု ကျနော်မေးချင်တာကတော့ အခုဆိုရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရော၊ ကာကွယ်ရေးဝန်ကြီးတွေဟာ အာရှခရီးစဉ်သွားနေကြတယ်။ ဒီခရီးစဉ်အတွင်း ဒေသတွင်းက အရေးကြီးတဲ့ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာပေါ့နော်။ ဒီထဲမှာ တချို့က သုံးသပ်နေတာက လက်ရှိမြန်မာ့အရေးကိစ္စကိုလည်း ဆွေးနွေးကြဖို့ရှိတယ်လို့လည်း သုံးသပ်နေကြတယ်။ ဆိုတော့ သူတို့ရဲ့ အာရှခရီးစဉ်ကရော မြန်မာနိုင်ငံအတွက် ဘယ်လောက်အထိ အရေးပါနိုင်မလဲ။

ကိုထင်လင်းအောင်။ ။ လက်ရှိအခြေအနေ အရဆိုရင် မြန်မာနိုင်ငံက ထိပ်တန်းဆွေးနွေးပွဲ ထဲမှာ သူတို့ရဲ့ စကားဝိုင်းထဲမှာ ထိပ်တန်းကနေ ပါလာဖို့ ရှိတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒေသတွင်း တည်ငြိမ်မှုကို လိုချင်လို့ ဒီ အင်ဒို ပစိဖိတ်ဒေသ Quad meeting ကို အဓိကထားပြီးတော့ လုပ်လာတာ။ ပြောရင် ဒါက Geopolitic အရ ချိန်ခွင်လျှာထိန်းဖို့ ဒေသတွင်း တည်ငြိမ်ဖို့ဆိုပြီး လုပ်လာတဲ့ အခါမှာ ကျနော်တို့ မြန်မာနိုင်ငံက ဒီလိုအချိန်မှာ ဒီလိုထဖြစ်နေတယ်ဆိုတော့ ဒါက ဒေသတွင်းကို ရိုက်ခတ်မှုတွေ အများကြီးဖြစ်နိုင်တယ်လေ။ ဘယ်လိုမျိုး ရိုက်ခတ်မှုဖြစ်နိုင်သလဲဆိုတော့ နောက်ဆုံးအဆင့် ပြည်တွင်းစစ် ဖြစ်ကောင်းဖြစ်လာမယ် ၊ အခုဆိုရင် လူတွေက မခံမရပ်နိုင်ဖြစ်လာပြီ။ အကယ်၍များ လူတွေက ဒါကို resist လုပ်လာမယ်ဆိုရင် မတည်မငြိမ်မှုတွေ ပိုပြီးတော့ ပြင်းထန်လာပြီးတော့ ဒေသတွင်းနိုင်ငံတွေကိုပါ ပိုပြီးတော့ ထိခိုက်လာဖိုရှိတယ်ဗျ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတာပဲလေ ရာဇဝင်မှာလည်း ရှိခဲ့တာပဲ။ ဘယ်လိုလဲဆိုတော့ ဒီနိုင်ငံအတွင်းမှာ နေလို့မရတော့ဘူး ၊ ဒီလောက် ကြမ်းတမ်း ရက်စက်လာပြီဆိုရင် တခြားဘေး ပတ်ဝန်းကျင်မှာရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဝင်ရောက်ပြီးတော့ ခိုလုံရတာတွေ အများကြီးရှိခဲ့ဖူးတယ်။ သိန်းနဲ့ သန်းနဲ့ ချီပြီးတော့ ပြည်သူတွေ ပြေးလွှားပုန်းရှောင်ရတာတွေ ခိုလုံရတာတွေ အများကြီးရှိတယ်။ Refugee တွေ အများကြီးရှိလာနိုင်တယ်။ ဒါဆိုရင် ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်ပေါ်လာမယ် ဆိုတော့ ဒီကိစ္စက သူတို့ Quad Summit ကနေပြီးတော့ အရမ်းကို စိုးရိမ်တကြီး စောင့်ကြည့်မယ်ဆိုတာက မြေကြီးလက်ခတ်မလွဲဘူးခင်ဗျ။

ကိုရန်နိုင်။ ။ နောက်ဆုံးတခုပါ ဒီခရီးစဉ်အဆုံးမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်အစိုးရ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်။ အဲဒီဆွေးနွေးပွဲ အတွင်းမှာရော မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို အမေရိကန်ဘက်က ဘယ်လောက်အထိ ဖိအားပေးနိုင်မယ်လို့ မြင်လဲ။

ကိုထင်လင်းအောင်။ ။ အမေရိကန်ကတော့ ဦးဆောင်ပြီးတော့ ဒီ Quad ကို လုပ်တယ် ပြီးရင် တရုတ်အစိုးရနဲ့လည်း တွေ့မယ်ဆိုတော့ ကောင်းတဲ့ အလားအလာပေါ့ဗျာ။ တဖက်က ကြည့်ရင် အမေရိကားက တောင်မှပဲ ဖိအားပေးစရာမလိုပဲနဲ့ တရုတ်အစိုးရကနေပြီးတော့ သူကိုယ်တိုင်က စိုးရိမ်မကင်းဖြစ်လာတာတွေ ရှိလာပြီလေဗျာ အခုဆိုရင် တရုတ်ကုမ္ပဏီတွေ မီးရှို့ခံရတယ်၊ တရုတ်စက်ရုံတွေ မီးရှို့ခံရတယ်ဆိုတာက သူ့အနေနဲ့ စိုးရိမ်မကင်းဖြစ်လာမယ်ဆိုရင်လည်း ဖြစ်လောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကလည်း မြန်မာနိုင်ငံမှာလာပြီးတော့ စီးပွားရေးလုပ်နေတဲ့ တရုတ်လူမျိုးတွေကို ကာကွယ်စေချင်တယ်။ နောက်ပြီးတော့ သူတို့လည်း တည်ငြိမ်တဲ့အစိုးရကို လိုချင်မှာပဲဗျ။ အဲဒီတော့ အမေရိကန်ရဲ့ ဦးဆောင်မှုနောက်မှာတောင် သူ လိုက်စရာမလိုဘူး သူ့တိုက်တွန်းမှုကိုတောင်မှ စောင့်မနေပဲနဲ့ တရုတ်အစိုးရက အခုတောင်မှ ထုတ်ပြောလာပြီပဲ ရှင်းရှင်းလေး ဟုတ်တယ်မလား အခုတောင်မှ ဒါကို ဒီလို သွေးထွက်သံယိုမှုတွေ ဖြစ်နေတာကို ရပ်တန်းက ရပ်ပါလို့ သူက ပြောလာပြီဆိုတော့ ဒါက သူတို့ ၂ ဦးပူးပေါင်းပြီးတော့ လုပ်မယ်ဆိုရင် သဘောတူညီမှုတွေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုမှာ သူတို့က ဒီလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်လို့ သူတို့အနေနဲ့ တိုက်တွန်းမယ်ဆိုရင် ဒါက တကယ့်ကို မြန်မာပြည်က ခဏလေး အတွင်းမှာ ပြောင်းလဲသွားမယ်လို့ ကျနော်ယူဆတယ်ခင်ဗျ အဲဒီတော့ သူတို့ ၂ ယောက်နဲ့ ကဏ္ဍက အရမ်းအရေးပါတယ်။

ကိုရန်နိုင်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ကိုထင်လင်းအောင် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG