သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အျငင္းပါြးေရျပင္က တရုတ္ေရယာဥ္စု ျပန္ထြက္သြားဖို႔ ဖိလစ္ပိုင္ စစ္တပ္အႀကီးအကဲ ေတာင္းဆို


[ Zawgyi / Unicode ]


ေတာင္တရုတ္ပင္လယ္ျပင္ထဲက သႏၱာေက်ာက္တန္းေတြမွာ တပ္စြဲဖို႔ႀကဳိးစားေနတဲ့ တ႐ုတ္စစ္မႈထမ္းေတြ တင္ေဆာင္လာတယ္လို႔ ဖိလစ္ပိုင္က ယူဆထားတဲ့ တရုတ္ေရယာဥ္ (၂၀၀)ေက်ာ္ရဲ႕လႈပ္ရွားမႈဟာ ရန္စတဲ့လုပ္ရပ္ ျဖစ္တာေၾကာင့္ အဲဒီေနရာကေန ျပန္ထြက္သြားဖို႔ ဖိလစ္ပိုင္ ကာကြယ္ေရးဝန္ႀကီးက တနဂၤေႏြေန႔မွာ ေတာင္းဆိုလိုိက္ပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ ဖိလစ္ပိုင္ဆိုင္ရာ တရုတ္သံရုံးကေတာ့ တစုံတရာ တုန္႔ျပန္ေျပာဆုိျခင္း မရွိေသးပါဘူး။

ဒီ တရုတ္ စက္ေလွအုပ္စုဟာ ႏိုင္ငံတကာေရပိုင္နက္ စည္းကမ္းကို ခ်ဳိးေဖါက္ၿပီး ဖိလစ္ပိုင္အခ်ဳပ္အျခာ ေရပိုင္နက္ထဲ က်ဳးေက်ာ္ဝင္ေရာက္လာတဲ့ လုပ္ရပ္ျဖစ္တာမို႔ ဒါကုိ အျမန္ရပ္တန္႔ဖို႔ ဖိလစ္ပိုင္ကာကြယ္ေရးဝန္ႀကီး Lorenzana က ေတာင္းဆိုေနတာပါ။ ဖိလစ္ပိုင္အေနနဲ႔ မိမိတုိ႔ႏိုင္ငံပိုင္နက္ကို ကာကြယ္ သြားမယ္လို႔လည္း သူက ထပ္ေလာင္းေျပာပါတယ္။

အျငင္းပြားဖြယ္ ေတာင္တရုတ္ပင္လယ္ထဲက Whitsun ေက်ာက္တန္းကၽြန္းစုေတြမွာ တရုတ္ေရယာဥ္ (၂၂၀)ခန္႔ တစီးနဲ႔တစီး ေဘးခ်င္းယွဥ္ ဆိုက္ကပ္ထားတဲ့ ပုံေတြကုိ တရုတ္အစိုးရက မတ္လ(၇)ရက္ေန႔က သတင္းထုတ္ျပန္ခဲ့တာပါ။ အဲဒီေနရာဟာ ႏိုင္ငံတကာေရေၾကာင္းမွာ ဗ်ဴဟာက်တဲ့ ေနရာလည္း ျဖစ္ပါတယ္။

အဲဒီေနရာဟာ ဖိလစ္ပိုင္ႏိုင္ငံ အေနာက္ဖက္ Bataraza ၿမဳိ႕ကေန ၃၂၄ ကီလိုမီတာ အကြာမွာရွိၿပီး ဖိလစ္ပိုင္ရဲ႕ စီးပြားေရးဇုံနဲ႔လည္း နီးတာေၾကာင့္ ဒီေဒသရဲ႕ သယံဇာတ ေတြကို ကာကြယ္ထိန္းသိမ္းခြင့္ သူတို႔မွာရွိတယ္လို႔ ဖိလစ္ပိုင္ဘက္က ေျပာပါတယ္။

တရုတ္ သေဘၤာအုပ္စုရွိေနတာက ငါးအလြန္အကၽြံ ဖမ္းတာမ်ဳိး ၊ ပင္လယ္ျပင္ သဘာဝဝန္းက်င္ကို ပ်က္စီးေစတာမ်ဳိးေတြ ျဖစ္လာႏိုင္တာေၾကာင့္ စိုးရိမ္ဖြယ္ အေျခအေနျဖစ္တယ္လို႔လည္း ဖိလစ္ပိုင္အစိုးရရဲ႕ ေစာင့္ၾကည့္ ေလ့လာေရးအဖြဲ႔ကထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပပါတယ္။ ပင္လယ္ျပင္အတြင္း ဖိလစ္ပိုင္ငါးဖမ္းသမားေတြအတြက္ အကာကြယ္ေပးေရး ဦးစားေပးၿပီး အစြမ္းကုန္လုပ္သြားမယ္လို႔ ဖိလစ္ပိုင္ တပ္မေတာ္အႀကီးအကဲ ဒုဗိုလ္ခ်ဳပ္ႀကီး Cirilito Sobejana က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

အငြင်းပါွးရေပြင်က တရုတ်ရေယာဉ်စု ပြန်ထွက်သွားဖို့ ဖိလစ်ပိုင် စစ်တပ်အကြီးအကဲ တောင်းဆို

တောင်တရုတ်ပင်လယ်ပြင်ထဲက သန္တာကျောက်တန်းတွေမှာ တပ်စွဲဖို့ကြိုးစားနေတဲ့ တရုတ်စစ်မှုထမ်းတွေ တင်ဆောင်လာတယ်လို့ ဖိလစ်ပိုင်က ယူဆထားတဲ့ တရုတ်ရေယာဉ် (၂၀၀)ကျော်ရဲ့လှုပ်ရှားမှုဟာ ရန်စတဲ့လုပ်ရပ် ဖြစ်တာကြောင့် အဲဒီနေရာကနေ ပြန်ထွက်သွားဖို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံရုံးကတော့ တစုံတရာ တုန့်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

ဒီ တရုတ် စက်လှေအုပ်စုဟာ နိုင်ငံတကာရေပိုင်နက် စည်းကမ်းကို ချိုးဖေါက်ပြီး ဖိလစ်ပိုင်အချုပ်အခြာ ရေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်လာတဲ့ လုပ်ရပ်ဖြစ်တာမို့ ဒါကို အမြန်ရပ်တန့်ဖို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Lorenzana က တောင်းဆိုနေတာပါ။ ဖိလစ်ပိုင်အနေနဲ့ မိမိတို့နိုင်ငံပိုင်နက်ကို ကာကွယ် သွားမယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။

အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ထဲက Whitsun ကျောက်တန်းကျွန်းစုတွေမှာ တရုတ်ရေယာဉ် (၂၂၀)ခန့် တစီးနဲ့တစီး ဘေးချင်းယှဉ် ဆိုက်ကပ်ထားတဲ့ ပုံတွေကို တရုတ်အစိုးရက မတ်လ(၇)ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။ အဲဒီနေရာဟာ နိုင်ငံတကာရေကြောင်းမှာ ဗျူဟာကျတဲ့ နေရာလည်း ဖြစ်ပါတယ်။

အဲဒီနေရာဟာ ဖိလစ်ပိုင်နိုင်ငံ အနောက်ဖက် Bataraza မြို့ကနေ ၃၂၄ ကီလိုမီတာ အကွာမှာရှိပြီး ဖိလစ်ပိုင်ရဲ့ စီးပွားရေးဇုံနဲ့လည်း နီးတာကြောင့် ဒီဒေသရဲ့ သယံဇာတ တွေကို ကာကွယ်ထိန်းသိမ်းခွင့် သူတို့မှာရှိတယ်လို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။

တရုတ် သင်္ဘောအုပ်စုရှိနေတာက ငါးအလွန်အကျွံ ဖမ်းတာမျိုး ၊ ပင်လယ်ပြင် သဘာဝဝန်းကျင်ကို ပျက်စီးစေတာမျိုးတွေ ဖြစ်လာနိုင်တာကြောင့် စိုးရိမ်ဖွယ် အခြေအနေဖြစ်တယ်လို့လည်း ဖိလစ်ပိုင်အစိုးရရဲ့ စောင့်ကြည့် လေ့လာရေးအဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ ပင်လယ်ပြင်အတွင်း ဖိလစ်ပိုင်ငါးဖမ်းသမားတွေအတွက် အကာကွယ်ပေးရေး ဦးစားပေးပြီး အစွမ်းကုန်လုပ်သွားမယ်လို့ ဖိလစ်ပိုင် တပ်မတော်အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး Cirilito Sobejana က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG