သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ သက္ဆိုင္သူအားလံုးနဲ႔ ဆက္သြယ္ေျပာဆိုေန" - ရန္ကုန္ တ႐ုတ္သံ႐ံုး


ရန္ကုန္ၿမိဳ႕ရွိ တရုတ္သံရုံးေရွ႕တြင္ စစ္အာဏာသိမ္းကန္႔ကြက္ဆႏၵျပခဲ့ၾကစဥ္ ။ on February 21, 2021. (Photo by Sai Aung Main / AFP)

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံက သက္ဆိုင္သူအားလံုးနဲ႔ တ႐ုတ္ႏိုင္ငံက ဆက္သြယ္ေျပာဆိုမႈရွိပါတယ္လို႔ ရန္ကုန္ၿမိဳ႕ တ႐ုတ္သံရံုးက ဒီကေန႔ေျပာပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) နဲ႔ တ႐ုတ္သံတမန္တဦးတို႔ ၿပီးခဲ့တဲ့သီတင္းပတ္က ဆက္သြယ္ေျပာဆိုခဲ့တယ္ဆိုတဲ့ ဧရာဝတီ သတင္းဌာနရဲ႕ သတင္းနဲ႔ပတ္သက္ၿပီး ႐ိုက္တာသတင္းဌာနရဲ႕ေမးျမန္းခ်က္ကို သံရံုးက အီးေမးလ္နဲ႔ အေၾကာင္းျပန္ခဲ့တာပါ။

"ရည္ရြယ္ခ်က္ကေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ေဆြးေႏြးေျပာဆိုမႈကို အားေပးတဲ့ အခန္းက႑ကေန ပါဝင္ဖို႔၊ ျမန္မာႏိုင္ငံမွာအေျခအေန ၿငိမ္သက္သြားဖို႔နဲ႔ တည္ၿငိမ္မႈကို ထိန္းသိမ္းေရး အားေပးဖို႔၊ သေဘာထားကြဲျပားမႈေတြကို ေဆြးေႏြးေျပာဆိုညွိႏိႈင္းတိုင္ပင္တာကေနတဆင့္ ေျဖရွင္းဖို႔နဲ႔ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး လုပ္ငန္းစဥ္ကို ဆက္ၿပီး တြန္းအားေပးသြားဖို႔ျဖစ္တယ္လို႔ တ႐ုတ္သံရံုးရဲ႕ အီးေမးလ္မွာ ေဖာ္ျပပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းတာကို အေနာက္ႏုိင္ငံေတြက ျပစ္တင္႐ႈတ္ခ်ထားေပမယ့္ တ႐ုတ္ႏုိင္ငံကေတာ့ အဲဒီလို ျပစ္တင္႐ႈတ္ခ်တာမရွိဘဲ ျမန္မာႏုိင္ငံ တည္ၿငိမ္ဖုိ႔ ေမွ်ာ္လင့္တယ္လုိ႔ပဲ ေျပာထားပါတယ္။

တ႐ုတ္ႏုိင္ငံဟာ အာဏာသိမ္းစစ္ေကာင္စီကို ေထာက္ခံအားေပးေနတယ္လို႔ အာဏာသိမ္းတာကို ဆန္႔က်င္ ဆႏၵျပေနသူေတြက ယူဆထားၿပီးေတာ့ အခုဆိုရင္ တ႐ုတ္ထုတ္ကုန္ေတြကို သပိတ္ေမွာက္ဖို႔ ေတာင္းဆို လံႈ႔ေဆာ္တာေတြ ရွိလာခ်ိန္မွာပဲ တ႐ုတ္ႏုိ္င္ငံဘက္က အခုလို ေျပာဆိုခ်က္ထြက္လာတာပါ။

.................................................

{{Unicode}}

"မြန်မာ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ပြောဆိုနေ" - ရန်ကုန် တရုတ်သံရုံး
မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တရုတ်နိုင်ငံက ဆက်သွယ်ပြောဆိုမှုရှိပါတယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တရုတ်သံတမန်တဦးတို့ ပြီးခဲ့တဲ့သီတင်းပတ်က ဆက်သွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ ဧရာဝတီ သတင်းဌာနရဲ့ သတင်းနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့မေးမြန်းချက်ကို သံရုံးက အီးမေးလ်နဲ့ အကြောင်းပြန်ခဲ့တာပါ။

"ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးနဲ့ဆွေးနွေးပြောဆိုမှုကို အားပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့၊ မြန်မာနိုင်ငံမှာအခြေအနေ ငြိမ်သက်သွားဖို့နဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရေး အားပေးဖို့၊ သဘောထားကွဲပြားမှုတွေကို ဆွေးနွေးပြောဆိုညှိနှိုင်းတိုင်ပင်တာကနေတဆင့် ဖြေရှင်းဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ဆက်ပြီး တွန်းအားပေးသွားဖို့ဖြစ်တယ်လို့ တရုတ်သံရုံးရဲ့ အီးမေးလ်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချထားပေမယ့် တရုတ်နိုင်ငံကတော့ အဲဒီလို ပြစ်တင်ရှုတ်ချတာမရှိဘဲ မြန်မာနိုင်ငံ တည်ငြိမ်ဖို့ မျှော်လင့်တယ်လို့ပဲ ပြောထားပါတယ်။

တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံအားပေးနေတယ်လို့ အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြနေသူတွေက ယူဆထားပြီးတော့ အခုဆိုရင် တရုတ်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ တောင်းဆို လှုံ့ဆော်တာတွေ ရှိလာချိန်မှာပဲ တရုတ်နိုင်ငံဘက်က အခုလို ပြောဆိုချက်ထွက်လာတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG