(Zawgyi / Unicode)
ျမန္မာလူထုရဲ႕ အက်ဳိးစီးပြားက အၿမဲတမ္း ထိပ္တန္းဦးစားေပး ျဖစ္ရမယ္လုိ႔ အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒိုက ေျပာပါတယ္။
ဒီကေန႔ ဂ်ကာတာၿမိဳ႕ေတာ္မွာ က်င္းပတဲ့ ျမန္မာ့အေရး အာဆီယံေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးအၿပီး အင္ဒိုနီးရွားသမၼတရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ အဲဒီလို ေျပာထားတာပါ။
ျမန္မာစစ္ေခါင္းေဆာင္ေတြအေနနဲ႔ စစ္တပ္က အၾကမ္းဖက္တာ အဆံုးသတ္ဖို႔နဲ႔ တခ်ိန္တည္းမွာပဲ ျမန္မာႏုိင္ငံက သက္ဆိုင္သူအားလံုး အၾကမ္းဖက္လုပ္ရပ္ ေရွာင္ရွားၾကဖို႔ သိပ္အေရးႀကီးၿပီး အားလံုးပါဝင္တဲ့ ေဆြးေႏြးေျပာဆိုမႈ ခ်က္ခ်င္း စတင္ရမွာျဖစ္ၿပီးေတာ့ ႏုိင္ငံေရးအက်ဥ္းသားေတြကို ခ်က္ခ်င္း လႊတ္ေပးသင့္တယ္လုိ႔ သမၼတ ဝီဒိုဒိုရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။
ျမန္မာႏုိင္ငံက သက္ဆိုင္သူအားလံုးနဲ႔ ေဆြးေႏြးေျပာဆိုေရး တြန္းအားေပးဖို႔ အာဆီယံ အထူးသံတမန္အဖြဲ႔တခုကုိ ဖြဲ႔စည္းသင့္တယ္လုိ႔လည္း သမၼတ ဝီဒိုဒိုိက အဆိုျပဳထားပါတယ္။
ဒါ့အျပင္ အာဆီယံအတြင္းေရးမွဴးခ်ဳပ္နဲ႔ အာဆီယံ လူသားစာနာမႈ အကူအညီေပးေရးဌာနတို႔ရဲ႕ ညႇိႏႈိင္းေဆာင္ရြက္မႈနဲ႔ လူသားစာနာမႈ အကူအညီေတြ ေပးႏုိင္ေရး လမ္းဖြင့္ေပးဖို႔ သမၼတ ဝီဒိုဒိုက ေတာင္းဆိုထားသလို ျမန္မာ့ႏုိင္ငံေရး အက်ပ္အတည္းကို ခ်က္ခ်င္းေျဖရွင္းေရး ၾကပ္မတ္လုပ္ေဆာင္သြားဖို႔ အင္ဒိုနီးရွားႏုိင္ငံအေနနဲ႔ အခုိင္အမာ သႏၷိ႒ာန္ခ်ထားတယ္လုိ႔လည္း ေျပာပါတယ္။
"အစည္းအေဝးမွာ က်ေနာ္တို႔ တင္ျပေျပာဆိုခဲ့တာဟာ တျခား အာဆီယံေခါင္းေဆာင္ေတြ ေျပာတာနဲ႔ တူညီတဲ့အေပၚ က်ေနာ္တို႔ ဝမ္းေျမာက္ပါတယ္၊ အားလံုးသေဘာတူညီတဲ့ အခ်က္ငါးခ်က္ကို အာဆီယံ အတြင္းေရးမွဴးခ်ဳပ္က အျမန္ဆံုး ထုတ္ျပန္ပါလိမ့္မယ္" လို႔လည္း သမၼတ ဝီဒိုဒိုရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
------------------------
(Unicode)
မြန်မာ့အရေး မြန်မာလူထုအကျိုးစီးပွား ဦးစားပေးဖြစ်ရမည် - အင်ဒိုသမ္မတ
မြန်မာလူထုရဲ့ အကျိုးစီးပွားက အမြဲတမ်း ထိပ်တန်းဦးစားပေး ဖြစ်ရမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။
ဒီကနေ့ ဂျကာတာမြို့တော်မှာ ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးအပြီး အင်ဒိုနီးရှားသမ္မတရဲ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလို ပြောထားတာပါ။
မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ စစ်တပ်က အကြမ်းဖက်တာ အဆုံးသတ်ဖို့နဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံး အကြမ်းဖက်လုပ်ရပ် ရှောင်ရှားကြဖို့ သိပ်အရေးကြီးပြီး အားလုံးပါဝင်တဲ့ ဆွေးနွေးပြောဆိုမှု ချက်ချင်း စတင်ရမှာဖြစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးသင့်တယ်လို့ သမ္မတ ဝီဒိုဒိုရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးပြောဆိုရေး တွန်းအားပေးဖို့ အာဆီယံ အထူးသံတမန်အဖွဲ့တခုကို ဖွဲ့စည်းသင့်တယ်လို့လည်း သမ္မတ ဝီဒိုဒိုက အဆိုပြုထားပါတယ်။
ဒါ့အပြင် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ အာဆီယံ လူသားစာနာမှု အကူအညီပေးရေးဌာနတို့ရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ လူသားစာနာမှု အကူအညီတွေ ပေးနိုင်ရေး လမ်းဖွင့်ပေးဖို့ သမ္မတ ဝီဒိုဒိုက တောင်းဆိုထားသလို မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ချက်ချင်းဖြေရှင်းရေး ကြပ်မတ်လုပ်ဆောင်သွားဖို့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အခိုင်အမာ သန္နိဋ္ဌာန်ချထားတယ်လို့လည်း ပြောပါတယ်။
"အစည်းအဝေးမှာ ကျနော်တို့ တင်ပြပြောဆိုခဲ့တာဟာ တခြား အာဆီယံခေါင်းဆောင်တွေ ပြောတာနဲ့ တူညီတဲ့အပေါ် ကျနော်တို့ ဝမ်းမြောက်ပါတယ်၊ အားလုံးသဘောတူညီတဲ့ အချက်ငါးချက်ကို အာဆီယံ အတွင်းရေးမှူးချုပ်က အမြန်ဆုံး ထုတ်ပြန်ပါလိမ့်မယ်" လို့လည်း သမ္မတ ဝီဒိုဒိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။