သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံေခါင္းေဆာင္မ်ား ဆံုးျဖတ္ခ်က္ အားတက္ရတယ္လို႔ NUG ဝန္ႀကီး ေဒါက္တာဆာဆာ ထုတ္ျပန္


ေဒါက္တာဆာဆာ။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အၾကမ္းဖက္ ႏွိမ္နင္းေနတာ ရပ္တန္႔ဖို႔နဲ႔ ႏုိင္ငံေရးအက်ဥ္းသားေတြကို ျပန္လႊတ္ေပးဖို႔ အာဆီယံေခါင္းေဆာင္ေတြ အားလံုး သေဘာတူညီခဲ့ၾကတယ္ဆိုတဲ့ သတင္းအေပၚ အားတက္ရတယ္လို႔ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) ရဲ႕ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဌာန ျပည္ေထာင္စုဝန္ႀကီးနဲ႔ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာဆာဆာက ဒီကေန႔ ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

ဒါဟာ အမ်ဳိးသားညီၫြတ္ေရးအစိုးရက ေတာင္းဆိုေနတာ ျဖစ္တယ္လုိ႔ ေဒါက္တာဆာဆာက ေျပာပါတယ္။

အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ႕ေတာ္မွာလုပ္တဲ့ အာဆီယံေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးကေန လုပ္ပိုင္ခြင့္ေပးလိုက္တဲ့အတိုင္း အာဆီယံ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ဆက္သြယ္လုပ္ေဆာင္မႈကို စိတ္အားထက္သန္စြာ ေစာင့္ေမွ်ာ္ေနပါတယ္လုိ႔ ေဒါက္တာဆာဆာရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒိုိက အခုိင္အမာ ေတာင္းဆိုခဲ့တာကိုလည္း ေဒါက္တာဆာဆာက ေက်းဇူးတင္စကား ေျပာထားပါတယ္။

အာဆီယံအဖြဲ႔အေနနဲ႔ ဆံုးျဖတ္ခ်က္ေတြကို အေကာင္အထည္ေဖာ္ေရး အခုိင္အမာ လုပ္ေဆာင္မႈနဲ႔ ျမန္မာလူထုနဲ႔ ေဒသတြင္းအတြက္ ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီနဲ႔ လြတ္လပ္မႈကို ျပန္လည္ထူေထာင္ေရး ေမွ်ာ္လင့္ေနပါတယ္လုိ႔ ေဒါက္တာဆာဆာရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ချက် အားတက်ရတယ်လို့ NUG ဝန်ကြီး ဒေါက်တာဆာဆာ ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက် နှိမ်နင်းနေတာ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေ အားလုံး သဘောတူညီခဲ့ကြတယ်ဆိုတဲ့ သတင်းအပေါ် အားတက်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဆာဆာက ဒီကနေ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုနေတာ ဖြစ်တယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာလုပ်တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကနေ လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အတိုင်း အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ဆက်သွယ်လုပ်ဆောင်မှုကို စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်လို့ ဒေါက်တာဆာဆာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အခိုင်အမာ တောင်းဆိုခဲ့တာကိုလည်း ဒေါက်တာဆာဆာက ကျေးဇူးတင်စကား ပြောထားပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရေး အခိုင်အမာ လုပ်ဆောင်မှုနဲ့ မြန်မာလူထုနဲ့ ဒေသတွင်းအတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ပြန်လည်ထူထောင်ရေး မျှော်လင့်နေပါတယ်လို့ ဒေါက်တာဆာဆာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG