သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ အစည္းအေ၀းအေပၚ အကဲခတ္ေတြရဲ႕ သုံးသပ္ခ်က္


ျမန္မာ့အေရး အာဆီယံေဆြးေႏြးပဲြ

{ Zawgyi / Unicode }

ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းျပီးတဲ့ေနာက္ ျဖစ္လာတဲ့ အၾကမ္းဖက္မႈေတြအပါအ၀င္ နိုင္ငံမတည္ျငိမ္မႈကို ေျဖရွင္းနိုင္ေရးအတြက္ အေရွ ့ေတာင္အာရွနိုင္ငံမ်ားအသင္း (အာဆီယံ) ေခါင္းေဆာင္ေတြ စေနေန ့မွာ ေတြ ့ဆံုေဆြးေႏြးျပီးေတာ့ သေဘာတူညီခ်က္ ငါးရပ္ကို ထုတ္ျပန္ခဲ့ပါတယ္။ အာဆီယံေခါင္းေဆာင္ေတြရဲ့ ဘံုသေဘာတူညီခ်က္ (၅) ရပ္က ျမန္မာ့နိုင္ငံေရး အၾကပ္အတည္းေျဖရွင္းတဲ့ေနရာမွာ ဘယ္ေလာက္ထိေရာက္နိုင္သလဲဆိုတာကို က်မတို ့ဗြီအိုေအ ျမန္မာပိုင္းအစီအစဥ္ရဲ့ အယ္ဒီတာ ဦးေက်ာ္ဇံသာ ကို မသိဂၤီထိုက္က ေမးျမန္းတင္ဆက္ထားပါတယ္။

မသိဂၤီထိုက္။ ။ အန္ကယ္ဦးေက်ာ္ဇံသာ မဂၤလာပါရွင္ ့။ အေရွ ့ေတာင္အဖြဲ ့၀င္နိုင္ငံမ်ားအသင္း (အာဆီယံ) အဖြဲ ့၀င္နိုင္ငံေတြရဲ့ ထိပ္သီးေတြ စေန ေန ့ ျမန္မာ့အေရးေဆြးေႏြးပြဲဟာ ဘယ္ေလာက္ထူးျခားပါသလဲ ။

ဦးေက်ာ္ဇံသာ။ ။ ပထမဦးဆံုးထူးျခားမႈက အာဆီယံအဖြဲ ့အတြက္ ထူးျခားမႈျဖစ္ပါတယ္။ အဖြဲ ့၀င္နိုင္ငံေတြရဲ့ ျပည္တြင္းေရးကို ၀င္မစြတ္ဖက္ဘူးဆိုတဲ့ မူေပၚမွာ အေျခခံျပီးဖြဲ ့စည္းထားခဲ့တဲ့ အာဆီယံအဖြဲ ့အေနနဲ ့ အဖြဲ ့၀င္နိုင္ငံတခုျဖစ္တဲ့ ျမန္မာနိုင္ငံရဲ့ ျပည္တြင္းေရးကိစၥကို သီးသန္ ့ကြက္ျပီးေဆြးေႏြးဖို ့အထူးအစည္းအေ၀းတရပ္ေခၚျပီးေဆြးေႏြးၾကတဲ့ ကိစၥဆိုတာ အေတာ္ေလးထူးျခားတဲ့ကိစၥျဖစ္ပါတယ္။ အထူးသျဖင့္ ဘရူနိုင္း လိုနိုင္ငံမ်ိဴးက အာဆီယံ အလွည့္က် ဥကၠဌျဖစ္ေနတဲ့ အခ်ိန္မွာ နိုင္ငံတခုရဲ့ ျပည္တြင္းေရးမွာ အာဏာပိုင္ေတြရဲ့ မတရားလုပ္ကိုင္မႈနဲ ့ပက္သက္တယ္ဆိုပါေတာ့။ ဒီကိစၥမ်ိဴးကို ေဆြးေႏြးဖို ့ဆိုတာ ဘရူနိုင္းကိုယ္တိုင္ကလည္း သက္ဦးဆံပိုင္နိင္ငံျဖစ္ေနေလေတာ့ သူတို ့က ကမကထလုပ္ျပီး က်င္းပဖို ့ဆိုတာ အေတာ္ခဲယင္းတဲ့ ကိစၥပါ။ ဒါေၾကာင့္လည္း အင္ဒိုနီးရွားနိုင္ငံက တက္တက္ၾကြၾကြနဲ ့လြန္းပ်ံ ခရီးသြားျပီးေတာ့ ျဖစ္ေအာင္လုပ္ခဲ့တယ္လို ့ထင္ပါတယ္။ ဒါ ပထမ ထူးျခားခ်က္တရပ္ျဖစ္ပါတယ္။

ေနာက္ျပီးေတာ့ ေစာေစာက မသိဂၤီေျပာသလိုပဲ ဘံုသေဘာတူညီခ်က္ (၅) ရပ္က သိပ္အေရးၾကီးပါတယ္။ အာဆီယံရဲ့ ဆံုးျဖတ္ခ်က္က ဘံုသေဘာတူညီခ်က္မရရင္ ဘယ္လိုမွ ဆံုးျဖတ္ခ်က္ မခ်နိုင္ပါဘူး။ ဆိုေတာ့ ျမန္မာနိုင္ငံနဲ ့ပက္သက္ျပီးေတာ့ ဘံုသေဘာတူညီခ်က္ (၅) ရပ္ခ်မွတ္နိုင္ခဲ့တယ္ ဆိုတာလည္းပဲ ထူးျခားမႈတခုျဖစ္ပါတယ္။ ဒီလိုထူးျခားလာရတာဟာလည္းပဲ အာဆီယံဟာ ျမန္မာနိုင္ငံကိစၥနဲ ့ပတ္သက္ျပီးေတာ့ အဓိက ဖိအားေပးခံေနရတဲ့ အဖြဲ ့အစည္းျဖစ္ပါတယ္။ အာဆီယံဟာ ေဒသတြင္းအဖြဲ ့အစည္းျဖစ္တယ္။ ခင္ဗ်ားတို ့က ဒီမိုကေရစီ၊ တရားဥပေဒစိုးမိုးေရး၊ ျငိမ္းခ်မ္းေရး ေဒသတြင္းမွာ ေဖာ္ေဆာင္မယ္လို ့ေျပာထားတာ ဘာမွမလုပ္ပါလား။ လုပ္ဖို ့တာ၀န္ရွိတယ္ဆိုျပီးေတာ့ ကုလသမဂၢအပါအ၀င္ နိုင္ငံတကာက တိုက္တြန္းဖိအားေပးၾကတယ္။ တရုတ္ကလည္းပဲ အာဆီယံကိုပဲ ေရွ ့တန္းတင္ျပီးေတာ့ တြန္းတင္ေပးခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုအခ်ိန္မွာ က်င္းပနုိင္ခဲ့တာ အာဆီယံအတြက္ ထူးျခားတဲ့ ကိစၥတရပ္လို ့ဆိုရမွာပါ မသိဂၤီ။

မသိဂၤီထိုက္။ ။ ဟုတ္ကဲ့ရွင့္ ။ အဲဒီေတာ့ အာဆီယံနိုင္ငံေခါင္းေဆာင္ေတြရဲ့ ဘံုသေဘာတူညီခ်က္ (၅) နဲ ့ျမန္မာ့အက်ပ္အတည္းကို ဘယ္ေလာက္ေျဖရွင္းေပးနိုင္မလဲရွင့္။ ဘယ္ေလာက္ ထိေရာက္နိုင္ပါသလဲရွင့္။

ဦးေက်ာ္ဇံသာ။ ။ သူတို ့ရဲ့ သေဘာတူညီခ်က္ကို ၾကည့္မယ္ဆိုရင္ေတာ့ ျမန္မာနိုင္ငံမွာ ျဖစ္ပ်က္ခဲ့တဲ့ အဓိကကိစၥဟာ စစ္အာဏာသိမ္းမႈေၾကာင့္ေပၚလာတာပါ။ ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရကို ျဖဳတ္ခ်ျပီးေတာ့ အာဏာသိမ္းတယ္ေပါ့ေလ။ သူတို ့က ဘယ္လိုပဲ လွည့္စားျပီးသံုးနွဳန္းေပမယ့္ ။ ဒီကိစၥကို သူတို ့က လံုး၀ ေ၀ဖန္ထိပါးျခင္း မရွိပါဘူး။ ဒါ့အျပင္ လမ္းေပၚထြက္ျပီး ဆႏၵျပတဲ့ လူငယ္ေတြ၊ ကေလးေလးေတြအပါအ၀င္ အမ်ားအျပားေသဆံုးခဲ့ရတယ္။ ဒီကိစၥနဲ ့ပက္သက္ျပီး သူတို ့က တစြန္းတစ ၀မ္းနည္းေၾကာင့္၊ ရႈတ္ခ်ေၾကာင္းလည္း သူတို ့က ဘာမွ ေဖာ္ျပထားျခင္းမရွိပါဘူး။ အဲဒီေတာ့ သူတို ့ရဲ့ ဘုံသေဘာတူညီခ်က္ဆိုတာဟာ ဖိအားေပးေတာင္းဆိုတာထက္ သာမန္ သူတို ့ရဲ့သေဘာထားကို ေဖာ္ျပတဲ့ သေဘာေလာက္သာျဖစ္ေနတာကို ေတြ ့ရပါတယ္။ သူတို ့ရဲ့ သေဘာတူညီခ်က္ထဲမွာ အဓိကအားနည္းေနတာကေတာ့ ပထမဦးဆံုးအေနနဲ ့ နွစ္ဘက္စလံုးက သတ္ျဖတ္မႈေတြ၊ အၾကမ္းဖက္မႈေတြကို ရပ္ရမယ္လို ့ေျပာထားတယ္ေပါ့ေလ။ ဆိုေတာ့ သူတို ့က တဘက္သပ္မေျပာဘူး ။ အၾကမ္းဖက္ျဖိဳခြင္းရာမွာ လံုျခံဳေရးေတြဘက္က အင္အားအလြန္က်ြံသံုးစြဲမႈကို လံုး၀ သူတို ့မေျပာခဲ့ပါဘူး။ အဲဒီတခုလည္း စဥ္းစားစရာျဖစ္ပါတယ္။ ေဆြးေႏြးဖို ့ဆိုတာ သူတို ့ေျပာထားတယ္ ။ အခ်က္ (၃) မွာထင္တယ္။ ေဆြးေႏြးညွိနွုိင္းဖို ့ဆိုေတာ့ ဘယ္သူနဲ ့ေဆြးေႏြးညွိနွိဳင္းမွာလဲ။ နိုင္ငံေရးေခါင္းေဆာင္ေတြ၊ ထိန္းသိမ္းခံထားရတဲ့ ေခါင္းေဆာင္ေတြ လႊတ္ေပးပါလို ့မေျပာဘူး။ ဆိုေတာ့ လူတေယာက္ကို ၾကိဳးနဲ ့တုတ္ထားျပီးေတာ့ မင္းနဲ ့ငါ ေဆြးေႏြးမယ္ဆိုေတာ့ ဘယ္ျဖစ္မလဲ။ အဲဒီဟာေတြဟာ အဓိက အားနည္းခ်က္ေတြျဖစ္ေနေတာ့ အဓိက ဒီအခ်က္ေတြကို ၾကည့္ရင္ပဲ သိပ္ထိေရာက္နိုင္ပါ့မလားဆိုတာေတာ့ သံသယရွိစရာေကာင္းပါတယ္ မသိဂၤီ။

မသိဂၤီထိုက္။ ။ ဟုတ္ကဲ့ပါရွင့္ ။ အဲဒီေတာ့ ဘံုသေဘာတူညီခ်က္ေတြကေရာ ျပည့္စံုပါသလားရွင့္။ ပါသင့္ပါထိုက္တဲ့ အခ်က္ေတြေရာ အားလံုးပါပါရဲ့လားရွင့္။

ဦးေက်ာ္ဇံသာ။ ။ အဓိကက်ေနာ္ေျပာခဲ့တာနဲ ့ ဆက္ႏြယ္ျပီးေတာ့ ေျပာရမယ့္ ကိစၥျဖစ္ပါတယ္။ အဓိကအားျဖင့္ အာဏာသိမ္းထားတာရယ္၊ အခုေသဆံုးခဲ့ရတဲ့ကိစၥေတြနဲ ့ပက္သက္ျပီးေတာ့ တစြန္းတစ ျပစ္တင္ေ၀ဖန္တာမဟုတ္ရင္ေတာင္မွ ၀မ္းနည္းတယ္လို ့ေတာ့ ေဖာ္ျပသင့္တယ္လို ့ထင္ပါတယ္။ ဒုတိယတခ်က္ကေတာ့ ထိန္းသိမ္းခံေနရတဲ့ နိုင္ငံေရးသမားေတြကို လႊတ္ေပးဖို ့၊ အထူးသျဖင့္ အဓိက ေဆြးေႏြးဖို ့ယခင္အစိုးရေခါင္းေဆာင္ေတြျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္တို ့၊ သမၼတ ဦး၀င္းျမင့္တို ့ကို လႊတ္ေပးဖို ့ဆိုတာ လံုး၀မပါေတာ့ သူတို ့ရဲ့ တတိယအခ်က္မွာ ေဆြးေႏြးဖို ့ဆိုတာ ဘယ္သူနဲ ့ေဆြးေႏြးရမွာလဲဆိုတာ အဓိက အားနည္းခ်က္ျဖစ္ေနပါတယ္။

အာဆီယံကိုယ္စားလွယ္လႊတ္ပါလို ့ေျပာတဲ့ကိစၥမွာကေတာ့ အာဆီယံကိုယ္စားလွယ္ကို သူတို ့ကလက္ခံနိုင္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အာဆီယံကိုယ္စားလွယ္ဟာ ကုလသမဂၢကိုယ္စားလွယ္ထက္ အမ်ားၾကီးသက္သာတယ္။ ကုလသမဂၢကိုယ္စားလွယ္တို ့၊ အေနာက္နိုင္ငံက ကိုယ္စားလွယ္တို ့၊ အေမရိကန္က ကိုယ္စားလွယ္တို ့လာရင္ေတာ့ အရပ္သားစကားနဲ ့ေျပာရင္ ပိသာေလး ေဘးပစ္ ေျပာမွာပဲ။ သူတို ့က ဘယ္လိုျဖစ္သင့္တယ္ဆိုျပီး ျပင္းျပင္းထန္ထန္ ေျပာမွာပဲ။ အာဆီယံဟာ ဘယ္ေတာ့ မွ မေျပာပါဘူး။ အဓိကအားျဖင့္ ရခုိင္ျပည္နယ္မွာ ျဖစ္ပ်က္ခဲ့တဲ့ ကိစၥနဲ ့ပက္သက္ျပီးေတာ့ပဲ စဥ္းစားၾကည့္ပါ။ ဒုကၡသည္ေတြထြက္ေျပးရတဲ့ ကိစၥ။ ဒီဘက္နိုင္ငံေတြက ကိုယ္စားလွယ္ေတြက အမ်ားၾကီး ျပင္းျပင္းထန္ထန္ေျပာတယ္။ အာဆီယံကိုယ္စားလွယ္ကိုလက္ခံလိုက္တဲ့အခါမွာ အာဆီယံကိုယ္စားလွယ္ရဲ့ ေျပာၾကားခ်က္က သိပ္ျပီးေတာ့ ျပင္းျပင္းထန္ထန္မရွိတဲ့အခါ ျမန္မာအတြက္ ခံသာတယ္။ အခု အာဆီယံကိုယ္စားလွယ္ကို လက္ခံမယ္ဆိုတာကလည္း ဗိုလ္ခ်ဳပ္မႈးၾကီး မင္းေအာင္လႈိင္တို ့ဘက္က တြက္နိုင္ပါတယ္။ ဒါဟာ အခံသာဆံုးကိုယ္စားလွယ္သာ ျဖစ္မယ္ဆိုျပီး လက္ခံလိုက္တာေကာင္းတယ္ဆိုတဲ့ သေဘာသာျဖစ္ပါတယ္။ တကယ္တမ္း ဘယ္ေလာက္ အားကိုးရသလဲဆိုေတာ့ စစ္အာဏာရွင္ကို ဆန္ ့က်င္ေနၾကတဲ့ ျပည္သူလူထုရဲ့ သေဘာတူညီမႈ၊ ၾကည္ျဖဴမႈကို ရပါ့မလားဆိုတာက အေရးၾကီးပါတယ္။ အဲဒါကို မရနိုင္ဘူးဆိုရင္ေတာ့ သိပ္အားကိုးေလာက္တဲ့ သေဘာတူညီမႈေတြလို ့ဆိုနိုင္ဖို ့ခက္ခဲပါလိမ့္မယ္။

မသိဂၤီထိုက္။ ။ ဟုတ္ကဲ့ အန္ကယ္။ ေနာက္ျပီးေတာ့ တရုတ္ဘက္ကလည္း ျမန္မာ့ကိစၥကို အာဆီယံနည္းလမ္းနဲ ့ ေျဖရွင္းဖို ့ဆိုျပီးေတာ့ တြန္းတြန္းတိုက္တိုက္ေျပာေနတာရွိပါတယ္။ ေနာက္တခုက ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ဘက္ကလည္း ဒီဟာကို အေတာ္ေလး ေမ်ွာ္လင့္တဲ့ သေဘာမ်ဴိး ေျပာထားတာရွိပါတယ္။ ဆိုေတာ့ အာဆီယံေခါင္းေဆာင္ေတြရဲ့ ဘံုသေဘာတူညီခ်က္၊ အာဆီယံရဲ့ ဘုံသေဘာတူညီခ်က္ေတြကို တရုတ္နဲ ့နိုင္ငံတကာဘက္က လက္ခံနိုင္ေခ်ေရာ ရွိနိုင္ပါသလားရွင့္။

ဦးေက်ာ္ဇံသာ။ ။ ပထမဦးဆံုး တရုတ္ကို ေျပာမယ္ဆိုရင္ေတာ့ တရုတ္က လက္ခံလာနိုင္တဲ့ သေဘာရွိပါတယ္။ အာဆီယံဟာ ေစာေစာကေျပာသလို အာဏာသိမ္းတာေတြ ဘာေတြ၊ သတ္ျဖတ္မႈေတြဘာေတြနဲ ့ပက္သက္ျပီး ဆံုးျဖတ္ထားတာေတြမရွိေတာ့ တရုတ္ကလည္း သူတို ့ေျပာခ်င္တဲ့ လိုင္းနဲ ့တလိုင္းထဲ ျဖစ္ေနတဲ့ သေဘာကို ေတြ ့ရပါတယ္။ တရုတ္တင္မကပါဘူး။ ေဒသတြင္းအင္အားၾကီးနိုင္ငံေတြျဖစ္ၾကတဲ့ ဂ်ပန္တို ့ အိႏိၵယတို ့လည္း ဒီသေဘာထားမ်ိဴးခပ္ဆင္ဆင္ပဲ သြားၾကလိမ့္မယ္လို ့ထင္ပါတယ္။ သိပ္ျပင္းျပင္းထန္ထန္မေျပာပဲနဲ ့အေပ်ာ့ဆြဲနဲ ့ သူတို ့လုပ္လို ့ရေကာင္းရမလား။ အထူးသျဖင့္ တရုတ္ဆိုရင္ ျမန္မာနိုင္ငံအတြင္းမွာ စီးပြားေရး အက်ိဴးစီးပြားေတြလည္း အမ်ားၾကီးရွိေနတယ္။ ဒါကို သူတို ့ ဘယ္လို မွ အထိအခိုက္ မခံခ်င္ပါဘူး။ ဆိုေတာ့ ျမန္မာနိုင္ငံမွာ တဘက္ကိုပုတ္ခတ္ျပီးေတာ့ တဘက္ကို အသာေပးတဲ့ လုပ္ရပ္မ်ိဴးသူတို ့လုပ္မွာမဟုတ္ပါဘူး။ ဒါအျပင္ တရုတ္ဟာ ျမန္မာနိုင္ငံရဲ့ တိုင္းရင္းသားလက္နက္ကိုင္အင္အားစုေတြအေပၚမွာ အမ်ားၾကီး ၾသဇာလႊမ္းမိုးထားတာျဖစ္ပါတယ္။ တရုတ္အေနနဲ ့အဲဒီအင္အားစုေတြကို အဖိအေဖာ့လုပ္ျပီးေတာ့ ျမန္မာနိုင္ငံအစိုးရအေပၚမွာ ကစားနိုင္တာလည္း ရွိနိုင္ပါတယ္။ တရုတ္ကေတာ့ အာဆီယံက ဒီလမ္းေၾကာင္းကို ခင္းေပးလိုက္တာဟာ သူ ့အတြက္ေတာ္ေတာ္ေကာင္းတယ္။ အာဆီယံနဲ ့ေရွ ့မတိုးနိုင္ရင္ သူေနာက္တဆင့္တက္ဖို ့ ၀င္လာေကာင္း၀င္လာနိုင္တယ္ေပါ့ေလ။ ဒါသူ ့အတြက္ ပိုျပီးေတာ့ လမ္းပြင့္သြားေစတဲ့ ကိစၥလည္းျဖစ္မယ္လို ့ထင္ပါတယ္။ က်န္တဲ့ အေနာက္နိုင္ငံ ဒီမိုကေရစီနိုင္ငံေတြဘက္ကၾကည့္ရင္ေတာ့ သူတို ့ရဲ့ ေမ်ွာ္မွန္းခ်က္ဟာ ဒီေလာက္တင္မကပါဘူး။ ဒီဟာထက္ပိုျပီး ျဖစ္ေစခ်င္ပါလိမ့္မယ္။ သို ့ေသာ္လည္းပဲ သူတို ့ေျပာထားတဲ့အတုိင္း အာဆီယံကေဖာ္ေဖာ္ေရြေရြလုပ္ေပးမယ္ဆိုရင္ေတာ့ အာဆီယံဟာ သူတို ့ေျပာစကားကို နားေထာင္သားပဲ၊ အာဆီယံဟာ သူတို ့ေျပာစကားကို လိုက္နာသားပဲလို ့ ယူဆေကာင္း ယူဆနိုင္စရာရွိပါတယ္။ ဒါေပမယ့္လည္း ဒီဘက္က ဖိအားေပးမႈေတြကေတာ့ အာဆီယံရဲ့ ကူညီဖို ့ဆိုျပီးေတာ့ စကားေျပာေနယံုေလာက္နဲ ့ေတာ့ ျပန္ျပီးေတာ့ ေလ်ာ့ပါးသြားလိမ့္မယ္လို ့ေမ်ွာ္လင့္နိုင္စရာမရွိပါဘူးခင္ဗ်။

မသိဂၤီထိုက္။ ။ ဟုတ္ကဲ့ပါရွင့္။ အခု အာဆီယံေဆြးေႏြးပြဲကထြက္လာတဲ့ ဘုံသေဘာတူညီမႈ (၅) ရပ္၊ အာဆီယံရဲ့ ျမန္မာ့အေရး ေဆြးေႏြးပြဲမွဆိုလို ့ရွိရင္လည္း အာဏာသိမ္းစစ္တပ္ေကာင္စီအၾကီးအကဲ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လႈိင္ကိုယ္တိုင္ တက္တာေပါ့ေနာ္။ ဒီေဆြးေႏြးပြဲဟာ အာဏာသိမ္းစစ္ေကာင္စီအတြက္ အက်ိဳးအျမတ္ပိုရွိေစသလား။ ဒါမွမဟုတ္ (NUG) National Unity Government ဆိုျပီးေတာ့ ဒီဘက္က အက်ိဳးအျမတ္ပိုရွိေစသလား။ ဘယ္သူေတြ အျမတ္ထြက္သြားပါသလဲ အန္ကယ္။ ဒီဟာက ျမန္မာျပည္သူေတြလည္း အေတာ္ေလးစိတ္၀င္စားၾကမယ္ထင္ပါတယ္။

ဦးေက်ာ္ဇံသာ။ ။ ေလာင္းကစား၀ိုင္းတခုလို ခ်က္ခ်င္းအရွဳံးအနိုင္ကို သိရနိုင္ဖို ့လြယ္တဲ့ကိစၥမ်ိဴးမဟုတ္ဖူးလို ့ေတာ့ထင္ပါတယ္။ သို ့ေသာ္လည္း ေလာေလာဆယ္မွာၾကည့္ရတာေတာ့ ဗိုလ္ခ်ဳပ္မႈးၾကီးမင္းေအာင္လႈိင္အတြက္ အသက္ရွုေပါက္၊ ထြက္ေပါက္ရသြားတယ္လို ့ေျပာလို ့ရပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သူဟာ နိုင္ငံတြင္းမွာပဲေနျပီး ျပင္ပက ၀ိုင္းေျပာေနၾကတာကို နားမေထာင္ဘူး။ ေထာ္ေလာ္ကန္ ့လန္ ့လုပ္ေနတယ္၊ တင္းခံေနတယ္လို ့ပဲ ယူဆနိုင္တဲ့ အေျခအေနက သူ လြတ္ေျမာက္သြားပါတယ္။ အာဆီယံက အထူးအေရးေပၚအစည္းအေ၀းလုပ္မယ္ဆိုတဲ့ ကိစၥကို သူကိုယ္တိုင္၊ သူ ့ရဲ့ အစတုန္းကနိုင္ငံျခားေရး၀န္ၾကီးေတြ ဘာေတြ လႊတ္ၾကတယ္ေပါ့ေလ။ တခ်ိဳ ့နိုင္ငံေတြျဖစ္တဲ့ ဖိလစ္ပိုင္တို ့ထိုင္းတို ့လာအိုတို ့ဆိုရင္ လႊတ္ၾကတယ္ေပါ့ေလ။ သူက သူကိုယ္တိုင္သြားျပီးေတာ့တက္တယ္၊ ရင္ဆိုင္တယ္ ဆိုေတာ့ ဒါဟာနိင္ငံတကာရဲ့ ဖိအားကို သူဟာ လိုက္ေလ်ာလက္ခံလိုစိတ္ရွိတဲ့သေဘာကို ျပသရာေရာက္တယ္ဆိုျပီးေတာ့ သူ ့အတြက္ အမ်ားၾကီးထြက္ေပါက္ရသြားပါတယ္။ ေနာက္ျပီးေတာ့ အာဆီယံဘက္ကလႊတ္မယ့္ကိုယ္စားလွယ္ကိုလည္းပဲ သူက လက္ခံနိုင္တယ္လို ့စကၤာပူ ၀န္ၾကီးခ်ဳပ္က ေျပာတာကို ေတြ ့ရပါတယ္။ ဆိုေတာ့ အဲဒီဟာလည္းပဲ သူ ့အတြက္ ထြက္ေပါက္ပါပဲ။ ေစာေစာက ေျပာသလို အာဆီယံကိုယ္စားလွယ္လာျပီးေဆြးေႏြးတာဟာ သူ ့အတြက္ သိပ္ျပီးေတာ့ ျပင္းျပင္းထန္ထန္ ဖိအားနဲ ့ရင္ဆိုင္ရစရာမရွိပါဘူး။ အာဆီယံဟာ သူတို ့နဲ ့သေဘာထဲျဖစ္ေအာင္ ေျပာယူလို ့ရမယ္လို ့သူ့ ့အတြက္ ေမ်ွာ္မွန္းနိုင္ပါတယ္။ ေနာက္ျပီး သူ ့အတြက္ အခ်ိန္ဆြဲလို ့ရသြားတာေပါ့ မသိဂၤီ။ အစတုန္းက သူတို ့တနွစ္အတြင္းမွာလုပ္ေပးမယ္ဆိုျပီးေျပာတယ္။ ဒါေပမယ့္ အခုပဲ သံုးလရွိလာခဲ့ျပီျဖစ္ေတာ့ အာဆီယံကိုယ္စားလွယ္လႊတ္ဖို ့က ဘယ္ေလာက္ၾကာၾကာမွ စီစဥ္နိုင္မွာလည္း။ ဘယ္ေတာ့ လႊတ္ျဖစ္မွာလည္း၊ အဲဒါ ေတြ ့မွာ ၊ ညွိႏွဳိင္းမွာနဲ ့၊ ဒီလိုနဲ ့ကို ကုန္သြားမွာျဖစ္ပါတယ္။ ဆိုေတာ့ သူတို ့က ပိုျပီးေတာ့ အခ်ိန္ဆြဲျပီး ကစားနိုင္တဲ့ အေျခအေနလည္း ရသြားမွာျဖစ္ပါတယ္။

အမ်ိဳးသား ညီညြတ္ေရးအစိုးရေပါ့ေနာ္ National Unity Government ေပ့ါ။ အဲဒီဘက္ကေတာ့ သူ တို ့ဘယ္ေလာက္ထိ ေမ်ွာ္မွန္းခ်က္ထားသလဲေပါ့။ သူတို ့ရဲ့ကိုယ္စားလွယ္ျဖစ္တဲ့ ေဒါက္တာဆာဆာကေတာင္ အခုအာဆီယံရဲ့ သေဘာတူညီမႈ မူငါးခ်က္ကို ၾကိဳဆိုတယ္လို ့အၾကမ္းဖ်င္းအားျဖင့္ က်ေနာ္သိရပါတယ္။ ဘယ္ေလာက္ထိ ခိုင္ခိုင္မာမာ အေလးအနက္ထားၾကိဳဆိုသလဲဆိုတာေတာ့ က်ေနာ္တို ့မသိနိုင္ပါဘူး။ ၾကိဳဆိုတယ္ဆိုတဲ့သေဘာကေတာ့ ေကာင္းပါတယ္။ သို ့ေသာ္လည္းပဲ သူတို ့လိုခ်င္တဲ့ အတိုင္းအတာရပါ့မလား။ အာဆီယံေတာင္းဆိုခ်က္ထဲမွာကေတာ့ အရပ္ဘက္နဲ ့ေဆြးေႏြးဖို ့ပါတယ္။ သူတို ့ဟာ အာဆီယံကို အမႈးထားျပီးေတာ့ စစ္ေကာင္စီနဲ ့ေဆြးေႏြးခြင့္ ရမလား။ ရလာမယ္ဆိုရင္ေတာ့ မဆိုးဘူးလို ့ေျပာနိုင္ပါတယ္။ ဘာပဲေျပာေျပာ သူတို ့နဲ ့ တန္းတူထားျပီးေဆြးေႏြးခြင့္ရမယ္။ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္မပါပဲနဲ ့သူတို ့ကုိယ္စားျပဳလို ့ရမလားဆိုတာလည္း ေမးစရာျဖစ္ပါတယ္။ အဓိက သူတို ့ဘက္က ရေအာင္ေတာင္းဆိုဖို ့ကေတာ့ အနည္းဆံုး ေခါင္းေဆာင္ေတြကို လႊတ္ျပီးမွသာလ်ွင္ ေဆြးေႏြးဖို ့ေတာင္းဆိုမယ္ဆုိရင္ သူတို ့ဘက္ကလည္းပဲ အက်ိဴးအျမတ္အနည္းငယ္ရရွိလိမ့္မယ္လို ့ယူဆရပါတယ္။ အထူးသျဖင့္အေရးၾကီးတာက ျပည္သူအတြက္ ဘယ္ေလာက္အက်ိဴးရွိသလဲ။ အခုဆိုရင္ ျပည္သူအတြက္ အက်ိဴးအေတာ္ ယုတ္ခဲ့ပါျပီ။ သမိုင္းမွာ ဆိုရိုးစကားရွိပါတယ္။ သမိုင္းမွာ တခ်က္မွားခဲ့လွ်င္ ေနာက္လာေနာက္သားတို ့တသက္လိုက္လို ့မမီေတာ့ဘူးဆိုတာ။ ဒါသိပ္မွန္ကန္ပါတယ္။ ျမန္မာနိုင္ငံမွာ ၁၉၅၈၊ ၆၂ ဗိုလ္ခ်ဳပ္ေန၀င္းအာဏာသိမ္းလိုက္တဲ့ တခ်က္အမွားဟာ နွစ္ေပါင္းေျခာက္ဆယ္ေက်ာ္လာခဲ့ပါျပီ။ ရာစုတ၀က္လြန္ခဲ့ပါျပီ။ အဖတ္ဆယ္လို ့မရနိုင္ေသးပါဘူး။ ဒီအမွားကို အခုလည္းပဲ ထပ္ခါထပ္ခါမွားေနျခင္းအားျဖင့္ ေနာက္မ်ိဴးဆက္ေတြလည္းပဲ အမ်ားၾကီး၊ အခုစစ္ေခါင္းေဆာင္ေတြရဲ့ သားသမီး၊ ေျမးျမစ္မ်ိဳးဆက္ေတြလည္းပဲ ဒီဒဏ္က လြတ္ခ်င္မွ လြတ္မွာပါ။ ဒီလိုပဲ ဆက္ျပီးသြားမွာျဖစ္ပါတယ္။ ဆိုေတာ့ ျပည္သူေတြ လြတ္ေျမာက္မွသာလွ်င္ ျပည္သူေတြ အျမတ္ထြက္မယ္လို ့ေျပာရမယ္ဆိုရင္ေတာ့ ဒီဟာက အရွဳံးအနိုင္ကို ၾကိဳတင္တြက္ဆလို ့မရေသးဘူး။ အေတာ့္ကို အခ်ိန္ယူတြက္ဆဦးမယ့္ကိစၥျဖစ္တယ္လို ့ ေျပာရမယ္ထင္ပါတယ္ မသိဂၤီ။

မသိဂၤီထိုက္။ ။ ဟုတ္ကဲ့ပါရွင့္။ အန္ကယ္ဦးေက်ာ္ဇံသာ အထူးပဲ ေက်းဇူးတင္ပါတယ္ရွင္။

ဦးေက်ာ္ဇံသာ။ ။ ရပါတယ္ မသိဂၤီ။ ေက်းဇူးပါ။

တိုက္႐ိုက္ လင့္ခ္


= = = = = = = = = =

ျမန္မာ့ စစ္အာဏာသိမ္းမႈေၾကာင့္ ျဖစ္လာရတဲ႔ အၾကမ္းဖက္မႈေတြ ခ်က္ခ်က္ ရပ္တန္႔ၿပီး ေတြ႔ဆံု ေဆြးေႏြးေရး အပါအ၀င္ ဘံုသေဘာတူညီခ်က္ ၅ ရပ္ ရရွိခဲ႔တာဟာ အာဆီယံ အဖြဲ႔ႀကီးရဲ႕ အတိုင္းအတာ အရ အခု စည္းေ၀း ေဆာင္ရြက္မႈက ထူးျခားတယ္လို႔ ရႈျမင္ေပမယ့္လည္း အာဆီယံရဲ႕ တိုက္တြန္း ေဆာင္ရြက္ခ်က္က ျမန္မာ့ ပဋိပကၡ ေျဖရွင္းေရးမွာ ထိေရာက္မႈ ရွိပါ့မလားဆိုတဲ႔ အေပၚမွာေတာ့ သံသယ ရွိေနသူေတြလည္း ရွိပါတယ္။ ထင္ရွားတဲ႔ အခြင့္အေရး လႈပ္ရွားသူ ဦးေအာင္မ်ိဳးမင္းကို မသိဂၤ ီထိုက္ ဆက္သြယ္ ေမးျမန္းထားပါတယ္။

ဦးေအာင္မ်ိဳးမင္း။ ။ အာဆီယံ ထုတ္ျပန္ခ်က္မွာ ေတာင္းဆိုတယ္ ဆုိတာပဲပါတယ္။ ေတာင္းဆိုမယ္ ဆိုလုိ႔ ရွိရင္ ဘယ္လို အခ်ိန္မွာ ဘယ္ေလာက္ ေနာက္ဆံုးထားၿပီး ေတာင္းဆိုမလဲ ဆိုတဲ႔ သတ္မွတ္ခ်က္ မပါဘူး။ ေနာက္တခါ မျဖစ္မေန ေတာင္းဆိုမယ္ ဆိုတဲ႔ ေလသံမ်ိဳး၊ စကားလံုးရဲ႕ အေလးအနက္ ပံုစံမ်ိဳးလည္း မပါဘူး။ မပါတဲ႔ အတြက္ေၾကာင့္ မို႔လို႔ ဒီ ေတာင္းဆိုခ်က္က လုပ္ပါတယ္။ ငါတို႔ဘက္က အာဆီယံ ဘက္က တတ္ႏိုင္သေလာက္ လုပ္ေနပါတယ္။ ဆက္လက္ ၿပီးေတာ့လည္း လုပ္္ေနပါတယ္ဆိုတာမ်ဳိး အခ်ိန္ဆဲြတဲ့ နည္းဗ်ဴဟာမ်ဳိးကို ေရာက္သြားမွာ အရမ္းစိုးရိမ္ပါတယ္။ ဒါမ်ဳိးအခ်ိန္ဆဲြခဲ့ရင္ အရင္က လမ္းျပေျမပုံလုိမ်ဳိးပဲ ႏွစ္ေပါင္းအမ်ားႀကီး ၾကာသြားႏိုင္တယ္ အဆင့္ေတြ အမ်ားႀကီး ၾကာသြားမယ္။ တခ်ိန္ထဲမွာပဲ ႏိုင္ငံတကာရဲ႕ အေရးယူ ေဆာင္ရြက္မႈေတြက - အာဆီယံ လုပ္ေနတာပဲ ၊ မင္းတို႔ ဝင္စရာ မလိုဘူးဆိုတဲ့ အေျခအေနမ်ဳိး ေရာက္သြားႏိုင္တဲ့အတြက္ အခ်ိန္ၾကာေလ ျပည္သူနာေလပါပဲ။ အခ်ိန္ဆဲြတာမ်ဳိး မျဖစ္ဖို႔ အေလးနက္ တိုက္တြန္းပါတယ္။ ဒီကိစၥရဲ႕ လွည့္ကြက္ထဲမွာလည္း သတိထားဖို႔လိုအပ္ပါတယ္။

သိဂၤ ီထုိက္။ ။ အာဆီယံ ထုတ္ျပန္ခ်က္ထဲမွာ ပထမက အၾကမ္းဖက္တာေတြရပ္ဖို႔ သူတို႔ တိုက္တြန္းထား ပါတယ္။ ဆိုေတာ့ ဒါက ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို စစ္တပ္က အၾကမ္းဖက္ၿဖဳိခဲြ ေနတာေတြ အဆုံးသတ္သြားမယ့္ လမ္းစလား။ ဘယ္လိုျမင္ပါသလဲ။

ဦးေအာင္မ်ိဳးမင္း။ ။ သူတို႔ရဲ႕ ဒီလုိ ေျပာၾကားခ်က္က လက္ရွိ အေျခအေနနဲ႔ မထင္ဟပ္ဘူးလို႔ က်ေနာ္ထင္တယ္။ လက္ရွိ အေျခအေနကို နားမလည္ပဲ ေျပာထားတဲ့ပုံစံတခုက အေျဖကို ဘယ္ေတာ့မွ ပုံေဖၚႏိုင္မွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆို ခုခ်ိန္မွာ ျပည္သူနဲ႔ စစ္တပ္ၾကားမွာ ဘယ္သူက အၾကမ္းဖက္တာလဲ ဆိုတာ သေဘာေပါက္ဖုိ႔ လိုပါတယ္။ ျပည္သူေတြက အသက္ကိုရင္းၿပီး ဒီအၾကမ္းဖက္မႈကို ခံေနရတဲ့သူေတြ ျဖစ္ပါတယ္။ လက္ရွိ ႀကဳံေတြ႔ေနရတဲ့ သတ္ျဖတ္မႈ ၊ လုယက္မႈ၊ ေထာင္ထဲ ႏွိပ္စက္မႈေတြ ျဖစ္ေနတာဟာ စစ္တပ္က အၾကမ္းဖက္တာပါ။ ျပည္သူေတြ အၾကမ္းဖက္တာ မဟုတ္တဲ့အတြက္ ႏွစ္ဖက္လုံး အၾကမ္းဖက္ေနတာေတြ ရပ္တန္႔ဖို႔ဆိုၿပီး ေျပာၾကားေနျခင္းက လဲြမွားတဲ့ ေကာက္ခ်က္ ျဖစ္ပါတယ္။ လဲြေနတဲ့အေပၚ အေျခခံၿပီး ေျပာဆိုေနတာက မွန္ကယ္တဲ့ လမ္းေၾကာင္းကို ဘယ္လိုမွ သြားႏိုင္မွာ မဟုတ္ဘူးလို႔ တင္ျပခ်င္ပါတယ္။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ အခုလက္ရွိျဖစ္ေနတာက ျပည္သူေတြဖက္ကလည္း သူတို႔ စိုးရိမ္ခ်က္နဲ႔ သူတို႔ တုိက္ခုိက္ေနတာရွိပါတယ္။ လက္လုပ္ တူမီးလိုဟာမ်ဳိးနဲ႔ေပါ့ေနာ္၊ ေနာက္တခါ အတားအဆီးေတြေပါ့။ ဒါကလည္း စစ္တပ္ဖက္က ဝင္လာၿပီး သူတို႔ကိုဖမ္းမွာ ရိုက္ႏွက္မွာ စိုးရိမ္ခ်က္ေၾကာင့္ ျဖစ္လာတာလို႔လည္း ေျပာလို႔ရႏိုင္ပါတယ္။ ဆိုေတာ့ ဒီလုိ အၾကမ္းဖက္မႈေတြ မရွိေတာ့ပဲနဲ႔ ၿငိမ္းခ်မ္းတဲ့ ဆႏၵျပပဲြမ်ဳိးမ်ား ျဖစ္လာႏိုင္မလားရွင့္။ အခု ေၾကညာခ်က္ကို စစ္တပ္ဖက္က ဘယ္ေလာက္ နားေထာင္မယ္လို႔ ဦးေအာင္မ်ဳိးမင္း ထင္ပါသလဲ။

ဦးေအာင္မ်ိဳးမင္း။ ။ ဒီလိုမ်ဳိး ထုတ္ျပန္ခ်က္မ်ဳိးကို အစည္းအေဝး လာတက္တဲ့ စစ္အုပ္စုေခါင္းေဆာင္ကေန ဘာမွ ေသေသခ်ာခ်ာ ျပန္ေျပာသြားတာ မရွိဘူး။ လုိက္နာပါမယ္ မလိုက္နာႏိုင္ဘူး ေျပာမသြားပါဘူး။ အဲဒီအခ်က္က ဘယ္လိုမ်ဳိးနည္းနဲ႔ ရပ္တန္႔မလဲဆိုတဲ့ ေမးခြန္းကို အမ်ားႀကီး ျဖစ္ေစပါတယ္။ တကယ္လို႔သာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေျဖရွင္းခ်င္တဲ့ စိတ္ဓါတ္မ်ဳိးရွိရင္ အခုလိုမ်ဳိး အာဏာသိမ္းတာလည္း ရွိလာမွာ မဟုတ္ဘူး။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေျဖရွင္းမယ္ဆိုတဲ့ ဆႏၵရွိရင္ အေစာႀကီးထဲက ဒါကို လုပ္ေဆာင္ပါ့မယ္ဆိုၿပီးေတာ့ ကတိေတြေပးၿပီး ျဖစ္ႏိုင္မယ့္လမ္းေၾကာင္းကို သြားမယ့္သေဘာရွိပါတယ္။ ဒါေပမဲ့ ခုက ေရရာေသခ်ာတဲ့ အေျဖလည္း မေပးဘူး။ ေနာက္တခုက အဲဒီလိုမ်ဳိး လုပ္ေဆာင္မယ့္ဟာကို အခ်ိန္ကာလတခု သတ္မွတ္ၿပီးေတာ့ ဒီဘက္က ေတာင္းဆိုမႈလည္း မရိွတဲ့အတြက္ ၊ ဟို ရပ္တန္႔ဖို႔ အတြက္ ေျပာသာေျပာေနတယ္ တကယ္တမ္းလုပ္လာဖုိ႔က မေရရာ မေသခ်ာဘူးဆိုတာ ရွင္းေနပါတယ္ခင္ဗ်။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ရွင့္ အဲဒီေတာ့ ဒီ NUG ေဒါက္တာဆာဆာတို႔ကေတာ့ အာဆီယံထုတ္ျပန္ခ်က္ကို ႀကဳိဆိုတယ္ဆိုတဲ့သေဘာမ်ဳိး ေၾကညာခ်က္ ထုတ္ထားတာ ေတြ႔ပါတယ္။ ေျပလည္လာမယ့္ လမ္းစမ်ဳိးမ်ား ျဖစ္လာပါသလား။ အာဆီယံရဲ႕ ေဆြးေႏြးပဲြရလဒ္ကေန အျပဳသေဘာ ဘာမ်ားေတြ႔ပါသလဲရွင့္။

ဦးေအာင္မ်ိဳးမင္း။ ။ အျပဳသေဘာကေတာ့ ဒီ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ သူတို႔အေနနဲ႔ ဒီေလာက္ထိ ထြက္ေပၚလာတယ္ဆိုတာက အာဆီယံရဲ႕ စံခ်ိန္အရဆိုရင္ မဆိုးဘူးလို႔ ေျပာလို႔ရတယ္။ ဒါေပမဲ့ ဘာေတြ႔ရလဲဆိုေတာ့ အရင္တုန္းက ဘရူႏိုင္းရဲ႕ ေၾကညာခ်က္ မတိုင္ခင္မွာ ထုတ္ျပန္ခဲ့တဲ့ စကၤာပူ၊ မေလးရွား၊ အင္ဒိုနီးရွား သူတို႔ထုတ္ျပန္ခ်က္ေတြက စကားလုံးသုံးႏႈန္းမႈအရပါ ပိုၿပီးေတာ့ ထိေရာက္တယ္၊ ေလးနက္တယ္ေပါ့ ။ ဒါေပမဲ့ ေနာက္ပိုင္းမွာ စကားလုံး ေလ်ာ့သြားတယ္ အဲဒီအခ်က္တခုက သူတို႔အာဆီယံ အတြင္းမွာ ရပ္တည္ခ်က္မတူတဲ့ႏိုင္ငံေတြ ရွိေနတယ္ဆိုတာကို ျပတယ္။ ဒီလိုကိစၥမွာ အာဆီယံအဖြဲ႔ကို ကုိယ္စားျပဳၿပီး ထုတ္တဲ့ဟာက ေၾကညာခ်က္သပ္သပ္ ထုတ္တဲ့သေဘာမ်ဳိးပဲလို႔ ခံယူတယ္ဆိုရင္ေတာ့ ဒါက ေအာင္ျမင္တယ္လို႔ ေျပာလုိ႔ရႏိုင္တယ္။ ဒါေပမဲ့ ေၾကညာခ်က္ပဲ ထုတ္ၿပီးေတာ့ ေနာက္ဆက္တဲြ အေရးယူေဆာင္ရြက္မႈေတြ လိုက္မလာဘူးဆိုရင္ေတာ့ ဒါက အာဆီယံစကၠဴက်ားကေန ထုတ္လိုက္တဲ့ ေနာက္ထပ္ စကၠဴျဖဴ-ထုတ္ျပန္ေၾကညာခ်က္မ်ဳိးသာ ျဖစ္မယ္ ၊ အဲဒါကိုေတာ့ က်ေနာ္ စိုးရိမ္မိပါတယ္။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ သူတို႔ ထုတ္ျပန္ခ်က္ထဲမွာ နံပါတ္ ၃ အခ်က္က သူတို႔ကေနၿပီး ၾကားဝင္ ေစ့စပ္ေဆြးေႏြးေရး လမ္းေၾကာင္းျဖစ္လာဖို႔ လုပ္မယ္ဆိုတဲ့ဟာ ေပၚမွာေရာ ဒါဘယ္ေလာက္မ်ား ေမွ်ာ္လင့္ခ်က္ရွိမယ္ ထင္ပါသလဲရွင့္။ ေဆြးေႏြး အေျဖရွာေရး ဆုိတာကေရာ ျဖစ္လာႏိုင္ပါသလား။

ဦးေအာင္မ်ိဳးမင္း။ ။ သူတို႔က ဘယ္ေလာက္ထိ ေစ့စပ္ေဆြးေႏြးမႈ လုပ္ႏိုင္မလဲ ၊ ေနာက္တခါ ေစ့စပ္ေဆြးေႏြးမႈမွာ ပါဝင္လာမယ့္ သူေတြဘက္ကေရာ ဘယ္ေလာက္ထိ ေလးစားလုိက္နာမလဲ ဆိုတဲ့ အခ်က္အေပၚမွာေတာ့ အမ်ားႀကီး မူတည္ပါတယ္။ ထုတ္ျပန္ခ်က္ တခုထဲနဲ႔ေတာ့ ျဖစ္လာႏိုင္လား မျဖစ္ႏိုင္ဘူးလားဆိုတာ ေျပာရခက္ပါတယ္။ ေစ့စပ္ေဆြးေႏြးမႈ လုပ္မယ္ဆုိရင္ တပ္မေတာ္ စစ္တပ္နဲ႔ပဲ ေတြ႔ၿပီးေတာ့ ေစ့စပ္လုိ႔ မရဘူးဗ်၊ အခုခ်ိန္မွာ ဖမ္းဆီးခံေနရတဲ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြ ျပည္သူေတြ ရွိတယ္။ သူတို႔ကို မလႊတ္မခ်င္း ေစ့စပ္ေဆြးေႏြးေရး ျဖစ္လာမွာ မဟုတ္ဘူး။ ေစ့စပ္ေဆြးေႏြးတယ္ဆိုတာ ယုံၾကည္မႈေပၚ မူတည္လို႔ပါ။ ယုံၾကည္ခ်က္မရွိပဲ လာၾက စကားေျပာၾကမယ္ဆိုရင္ ဒါက ေရရွည္တည္တံ့မွာ မဟုတ္ဘူး။ ေစ့စပ္ေဆြးေႏြးေရးဆိုတာက အာဆီယံရဲ႕လမ္းေၾကာင္းပဲ ျဖစ္တယ္။ ျပည္သူေတြကို ကုိယ္စားျပဳတဲ့ ပါဝင္သင့္သူေတြ မပါဘူးဆိုရင္ ေစ့စပ္ေဆြးေႏြးေရးက ေတာင္းဆိုးခ်က္တခုပဲျဖစ္ၿပီး စကားလုံးပဲ ျဖစ္ေနပါလိမ့္မယ္။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ အခု အာဆီယံ ေၾကညာခ်က္မွာဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္အပါအဝင္ ဖမ္းခံထားရတဲ့ ႏိုင္ငံေရး ေခါင္းေဆာင္ေတြ လႊတ္ေပးဖို႔ဆိုတဲ့အခ်က္မ်ဳိး မပါပါဘူး။ ကုလ လုံၿခဳံေရးေကာင္စီကေတာင္ ဖမ္းထားသူေတြ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားတာမ်ဳိး ရွိပါတယ္။ ဦးေအာင္မ်ဳိးမင္း ေျပာသလို ဖမ္းထားသူေတြ မလႊတ္မခ်င္း ယုံၾကည္ခ်က္ မတည္ေဆာက္မခ်င္း ေစ့စပ္ေဆြးေႏြးေရးက ျဖစ္လာမယ့္ပုံ မရွိဘူးဆိုေတာ့ ဒီ အာဆီယံေၾကညာခ်က္ထဲမွာ ဒီလုိလူေတြ လႊတ္ေပးေရး ေျပာတာ မေတြ႔ရပါဘူးရွင့္ ။ ဒီေပၚမွာ ဦးေအာင္မ်ဳိးမင္း ဘာမ်ားေျပာလိုပါသလဲ။

ဦးေအာင္မ်ိဳးမင္း။ ။ အဲဒီအခ်က္က အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုမိလို႔ ဖမ္းခံရသူပဲျဖစ္ျဖစ္ ႏိုင္ငံေရးယုံၾကည္ခ်က္ေၾကာင့္ ဖမ္းခံရတာပဲ ျဖစ္ျဖစ္၊ ဒါက လူ႔အခြင့္အေရးကိစၥျဖစ္တယ္။ သူတို႔ကို လႊတ္ေပးမွသာ လြတ္လြတ္လပ္လပ္နဲ႔ ေဆြးေႏြးတဲ့ကိစၥေတြ ၊ ေတြ႔ဆုံမယ့္ကိစၥေတြမွာ ပါဝင္ႏုိင္မွာ ျဖစ္တယ္။ ဒီလို အဖမ္းဆီးခံေနရသူေတြ အျမန္ဆုံးလြတ္လပ္စြာ ေနႏိုင္ဖို႔အတြက္ ေတာင္းဆုိမႈ မရွိျခင္းက အာဆီယံေျပာၾကားခ်က္ေတြထဲမွာ အဓိက အားအနည္းဆုံး၊ အဓိက လိုအပ္ခ်က္တခု ေပ်ာက္ေနတယ္လို႔ပဲ ေထာက္ျပခ်င္ပါတယ္။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ အဲဒီေတာ့ ဒီအာဆီယံ ေဆြးေႏြးပဲြေန႔မွာလည္း ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲေတြက ဆက္ၿပီးၿဖဳိခြင္းေနတာပါ။ အာဆီယံေဆြးေႏြးပဲြကိုလည္း စစ္တပ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ သြားတက္ခဲ့ၿပီ၊ အာဆီယံ ေၾကညာခ်က္လည္း ထြက္လာၿပီဆိုေတာ့ ေရွ႕ေလွ်ာက္ လူထုလႈပ္ရွားမႈေတြအေပၚမွာ ဘာမ်ား အေျပာင္းအလဲ သက္ေရာက္မႈ ရွိႏိုင္ပါသလဲရွင့္။

ဦးေအာင္မ်ိဳးမင္း။ ။ လူထုရဲ႕ စိတ္ဓါတ္က ေလ်ာ့သြားမွာ မဟုတ္ဘူး ေသခ်ာတယ္။ အေစာႀကီးကတည္းက အာဆီယံကို လူထုက မေမွ်ာ္လင့္ပါဘူး။ ဘာေၾကာင့္လဲဆို အာဆီယံသမိုင္း သူတုိ႔ရဲ႕မူဝါဒနဲ႔ သူတို႔ရဲ႕ခံယူခ်က္ကို ျမန္မာျပည္သူ လူထုက သိထားတဲ့အတြက္ သိပ္ၿပီး ေမွ်ာ္လင့္ခ်က္ မရွိဘူး။ တဖက္မွာ စစ္အုပ္စု ေခါင္းေဆာင္ကေတာ့ - ငါ အာဆီယံနဲ႔ ညႇိၿပီးသြားၿပီ ၊ ငါ အာဆီယံကိုပိုင္တယ္ ဒါေၾကာင့္မို႔ ငါက အေပၚမွာ ကတိေပးထားသလို ပုံစံမ်ဳိး၊ အခ်ိန္ဆဲြတဲ့ ပုံစံမ်ဳိးနဲ႔ လုပ္လို႔ရေနၿပီ။ ဒါေၾကာင့္မို႔ မင္းတို႔ကို ဂရုမစိုက္ဘူးဆိုၿပိး စိန္ေခၚတာမ်ဳိး ၊ အၾကမ္းဖက္မႈကို ဒီထက္လုပ္လာႏိုင္မယ့္ သေဘာမ်ဳိး ရွိပါတယ္။ ဒါက အေၾကာက္တရားနဲ႔ ထပ္ၿပီး ဖိႏွိပ္မယ့္သေဘာေပါ့။ ဒါေပမဲ့ ျပည္သူလူထုကေတာ့ အေၾကာက္တရား ကင္းလာတဲ့ အေနအထားျဖစ္တယ္။ အာဆီယံကလည္း သူတို႔အတြက္ အားကိုးစရာ မရွိဘူးဆိုတဲ့အတြက္ေၾကာင့္ ၊ ကိုယ့္အားကိုယ္ကိုးၿပီး ျပည္တြင္းအားနဲ႔ပဲ ဆက္လက္လုပ္သြားမယ့္ သေဘာမ်ဳိး အဲလုိမ်ဳိးပဲ ျဖစ္လာလိမ့္မယ္လို႔ က်ေနာ္ ခန္႔မွန္းမိပါတယ္။

သိဂၤ ီထုိက္။ ။ ဟုတ္ကဲ့ပါရွင့္ ဦးေအာင္မ်ိဳးမင္း အထူးပဲ ေက်းဇူးတင္ပါတယ္။

ဦးေအာင္မ်ိဳးမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

စစ္အာဏာသိမ္း ျမန္မာႏုိ္င္ငံမွာ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္း ရပ္ဆိုင္းၿပီး ေတြ႔ဆံု ေဆြးေႏြးၾကေရး၊ ျမန္မာလူထု အက်ိဳးစီးပြားအတြက္ ၿငိမ္းခ်မ္းတဲ႔ ေျဖရွင္းခ်က္ တရပ္ ထြက္ေပၚလာေရး အတြက္ သက္ဆိုင္သူ အားလံုး ခိုင္ခိုင္မာမာ ေဆြးေႏြးၾကေရး၊ အာဆီယံ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ပံ႔ပိုးမႈနဲ႔အတူ အာဆီယံ ဥကၠဌရဲ႕ အထူးကိုယ္စားလွယ္ တဦးက ေဆြးေႏြးပြဲ လုပ္ငန္းစဥ္မွာ ၾကား၀င္ ေဆာင္ရြက္ေပးေရး၊ အထူးကိုယ္စားလွယ္နဲ႔ ကိုယ္စားလွယ္ အဖြဲ႔ ျမန္မာႏုိင္ငံတြင္းကို သြားေရာက္ၿပီး သက္ဆိုင္သူ အားလံုးနဲ႔ ေတြ႔ဆံုေရးနဲ႔ ေနာက္တခ်က္ကေတာ့ အာဆီယံဘက္က လူသားခ်င္း စာနာေထာက္ကူမႈ ဆုိင္ရာ အကူအညီေတြ ေပးေရး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

အာဆီယံ အစည်းအဝေးအပေါ် အကဲခတ်တွေရဲ့ သုံးသပ်ချက်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေအပါအဝင် နိုင်ငံမတည်ငြိမ်မှုကို ဖြေရှင်းနိုင်ရေးအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေ စနေနေ့မှာ တွေ့ဆုံဆွေးနွေးပြီးတော့ သဘောတူညီချက် ငါးရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် (၅) ရပ်က မြန်မာ့နိုင်ငံရေး အကြပ်အတည်းဖြေရှင်းတဲ့နေရာမှာ ဘယ်လောက်ထိရောက်နိုင်သလဲဆိုတာကို ကျမတို့ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ အယ်ဒီတာ ဦးကျော်ဇံသာ ကို မသိင်္ဂီထိုက်က မေးမြန်းတင်ဆက်ထားပါတယ်။

မသိင်္ဂီထိုက်။ ။ အန်ကယ်ဦးကျော်ဇံသာ မင်္ဂလာပါရှင့်။ အရှေ့တောင်အဖွဲ့ဝင်နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထိပ်သီးတွေ စနေ နေ့ မြန်မာ့အရေးဆွေးနွေးပွဲဟာ ဘယ်လောက်ထူးခြားပါသလဲ ။

ဦးကျော်ဇံသာ။ ။ ပထမဦးဆုံးထူးခြားမှုက အာဆီယံအဖွဲ့အတွက် ထူးခြားမှုဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွတ်ဖက်ဘူးဆိုတဲ့ မူပေါ်မှာ အခြေခံပြီးဖွဲ့စည်းထားခဲ့တဲ့ အာဆီယံအဖွဲ့အနေနဲ့ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို သီးသန့်ကွက်ပြီးဆွေးနွေးဖို့အထူးအစည်းအဝေးတရပ်ခေါ်ပြီးဆွေးနွေးကြတဲ့ ကိစ္စဆိုတာ အတော်လေးထူးခြားတဲ့ကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် ဘရူနိုင်း လိုနိုင်ငံမျိူးက အာဆီယံ အလှည့်ကျ ဥက္ကဌဖြစ်နေတဲ့ အချိန်မှာ နိုင်ငံတခုရဲ့ ပြည်တွင်းရေးမှာ အာဏာပိုင်တွေရဲ့ မတရားလုပ်ကိုင်မှုနဲ့ပက်သက်တယ်ဆိုပါတော့။ ဒီကိစ္စမျိူးကို ဆွေးနွေးဖို့ဆိုတာ ဘရူနိုင်းကိုယ်တိုင်ကလည်း သက်ဦးဆံပိုင်နိင်ငံဖြစ်နေလေတော့ သူတို့က ကမကထလုပ်ပြီး ကျင်းပဖို့ဆိုတာ အတော်ခဲယင်းတဲ့ ကိစ္စပါ။ ဒါကြောင့်လည်း အင်ဒိုနီးရှားနိုင်ငံက တက်တက်ကြွကြွနဲ့လွန်းပျံ ခရီးသွားပြီးတော့ ဖြစ်အောင်လုပ်ခဲ့တယ်လို့ထင်ပါတယ်။ ဒါ ပထမ ထူးခြားချက်တရပ်ဖြစ်ပါတယ်။

နောက်ပြီးတော့ စောစောက မသိင်္ဂီပြောသလိုပဲ ဘုံသဘောတူညီချက် (၅) ရပ်က သိပ်အရေးကြီးပါတယ်။ အာဆီယံရဲ့ ဆုံးဖြတ်ချက်က ဘုံသဘောတူညီချက်မရရင် ဘယ်လိုမှ ဆုံးဖြတ်ချက် မချနိုင်ပါဘူး။ ဆိုတော့ မြန်မာနိုင်ငံနဲ့ပက်သက်ပြီးတော့ ဘုံသဘောတူညီချက် (၅) ရပ်ချမှတ်နိုင်ခဲ့တယ် ဆိုတာလည်းပဲ ထူးခြားမှုတခုဖြစ်ပါတယ်။ ဒီလိုထူးခြားလာရတာဟာလည်းပဲ အာဆီယံဟာ မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီးတော့ အဓိက ဖိအားပေးခံနေရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အာဆီယံဟာ ဒေသတွင်းအဖွဲ့အစည်းဖြစ်တယ်။ ခင်ဗျားတို့က ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး ဒေသတွင်းမှာ ဖော်ဆောင်မယ်လို့ပြောထားတာ ဘာမှမလုပ်ပါလား။ လုပ်ဖို့တာဝန်ရှိတယ်ဆိုပြီးတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တိုက်တွန်းဖိအားပေးကြတယ်။ တရုတ်ကလည်းပဲ အာဆီယံကိုပဲ ရှေ့တန်းတင်ပြီးတော့ တွန်းတင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ကျင်းပနိုင်ခဲ့တာ အာဆီယံအတွက် ထူးခြားတဲ့ ကိစ္စတရပ်လို့ဆိုရမှာပါ မသိင်္ဂီ။

မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ရှင့် ။ အဲဒီတော့ အာဆီယံနိုင်ငံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် (၅) နဲ့မြန်မာ့အကျပ်အတည်းကို ဘယ်လောက်ဖြေရှင်းပေးနိုင်မလဲရှင့်။ ဘယ်လောက် ထိရောက်နိုင်ပါသလဲရှင့်။

ဦးကျော်ဇံသာ။ ။ သူတို့ရဲ့ သဘောတူညီချက်ကို ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိကကိစ္စဟာ စစ်အာဏာသိမ်းမှုကြောင့်ပေါ်လာတာပါ။ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီးတော့ အာဏာသိမ်းတယ်ပေါ့လေ။ သူတို့က ဘယ်လိုပဲ လှည့်စားပြီးသုံးနှုန်းပေမယ့် ။ ဒီကိစ္စကို သူတို့က လုံး၀ ဝေဖန်ထိပါးခြင်း မရှိပါဘူး။ ဒါ့အပြင် လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ လူငယ်တွေ၊ ကလေးလေးတွေအပါအဝင် အများအပြားသေဆုံးခဲ့ရတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး သူတို့က တစွန်းတစ ဝမ်းနည်းကြောင့်၊ ရှုတ်ချကြောင်းလည်း သူတို့က ဘာမှ ဖော်ပြထားခြင်းမရှိပါဘူး။ အဲဒီတော့ သူတို့ရဲ့ ဘုံသဘောတူညီချက်ဆိုတာဟာ ဖိအားပေးတောင်းဆိုတာထက် သာမန် သူတို့ရဲ့သဘောထားကို ဖော်ပြတဲ့ သဘောလောက်သာဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့ရဲ့ သဘောတူညီချက်ထဲမှာ အဓိကအားနည်းနေတာကတော့ ပထမဦးဆုံးအနေနဲ့ နှစ်ဘက်စလုံးက သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို ရပ်ရမယ်လို့ပြောထားတယ်ပေါ့လေ။ ဆိုတော့ သူတို့က တဘက်သပ်မပြောဘူး ။ အကြမ်းဖက်ဖြိုခွင်းရာမှာ လုံခြုံရေးတွေဘက်က အင်အားအလွန်ကျွံသုံးစွဲမှုကို လုံး၀ သူတို့မပြောခဲ့ပါဘူး။ အဲဒီတခုလည်း စဉ်းစားစရာဖြစ်ပါတယ်။ ဆွေးနွေးဖို့ဆိုတာ သူတို့ပြောထားတယ် ။ အချက် (၃) မှာထင်တယ်။ ဆွေးနွေးညှိနှိုင်းဖို့ဆိုတော့ ဘယ်သူနဲ့ဆွေးနွေးညှိနှိုင်းမှာလဲ။ နိုင်ငံရေးခေါင်းဆောင်တွေ၊ ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေ လွှတ်ပေးပါလို့မပြောဘူး။ ဆိုတော့ လူတယောက်ကို ကြိုးနဲ့တုတ်ထားပြီးတော့ မင်းနဲ့ငါ ဆွေးနွေးမယ်ဆိုတော့ ဘယ်ဖြစ်မလဲ။ အဲဒီဟာတွေဟာ အဓိက အားနည်းချက်တွေဖြစ်နေတော့ အဓိက ဒီအချက်တွေကို ကြည့်ရင်ပဲ သိပ်ထိရောက်နိုင်ပါ့မလားဆိုတာတော့ သံသယရှိစရာကောင်းပါတယ် မသိင်္ဂီ။

မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ပါရှင့် ။ အဲဒီတော့ ဘုံသဘောတူညီချက်တွေကရော ပြည့်စုံပါသလားရှင့်။ ပါသင့်ပါထိုက်တဲ့ အချက်တွေရော အားလုံးပါပါရဲ့လားရှင့်။

ဦးကျော်ဇံသာ။ ။ အဓိကကျနော်ပြောခဲ့တာနဲ့ ဆက်နွယ်ပြီးတော့ ပြောရမယ့် ကိစ္စဖြစ်ပါတယ်။ အဓိကအားဖြင့် အာဏာသိမ်းထားတာရယ်၊ အခုသေဆုံးခဲ့ရတဲ့ကိစ္စတွေနဲ့ပက်သက်ပြီးတော့ တစွန်းတစ ပြစ်တင်ဝေဖန်တာမဟုတ်ရင်တောင်မှ ဝမ်းနည်းတယ်လို့တော့ ဖော်ပြသင့်တယ်လို့ထင်ပါတယ်။ ဒုတိယတချက်ကတော့ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့၊ အထူးသဖြင့် အဓိက ဆွေးနွေးဖို့ယခင်အစိုးရခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့ဆိုတာ လုံးဝမပါတော့ သူတို့ရဲ့ တတိယအချက်မှာ ဆွေးနွေးဖို့ဆိုတာ ဘယ်သူနဲ့ဆွေးနွေးရမှာလဲဆိုတာ အဓိက အားနည်းချက်ဖြစ်နေပါတယ်။

အာဆီယံကိုယ်စားလှယ်လွှတ်ပါလို့ပြောတဲ့ကိစ္စမှာကတော့ အာဆီယံကိုယ်စားလှယ်ကို သူတို့ကလက်ခံနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဆီယံကိုယ်စားလှယ်ဟာ ကုလသမဂ္ဂကိုယ်စားလှယ်ထက် အများကြီးသက်သာတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်တို့၊ အနောက်နိုင်ငံက ကိုယ်စားလှယ်တို့၊ အမေရိကန်က ကိုယ်စားလှယ်တို့လာရင်တော့ အရပ်သားစကားနဲ့ပြောရင် ပိသာလေး ဘေးပစ် ပြောမှာပဲ။ သူတို့က ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ပြောမှာပဲ။ အာဆီယံဟာ ဘယ်တော့ မှ မပြောပါဘူး။ အဓိကအားဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ပက်သက်ပြီးတော့ပဲ စဉ်းစားကြည့်ပါ။ ဒုက္ခသည်တွေထွက်ပြေးရတဲ့ ကိစ္စ။ ဒီဘက်နိုင်ငံတွေက ကိုယ်စားလှယ်တွေက အများကြီး ပြင်းပြင်းထန်ထန်ပြောတယ်။ အာဆီယံကိုယ်စားလှယ်ကိုလက်ခံလိုက်တဲ့အခါမှာ အာဆီယံကိုယ်စားလှယ်ရဲ့ ပြောကြားချက်က သိပ်ပြီးတော့ ပြင်းပြင်းထန်ထန်မရှိတဲ့အခါ မြန်မာအတွက် ခံသာတယ်။ အခု အာဆီယံကိုယ်စားလှယ်ကို လက်ခံမယ်ဆိုတာကလည်း ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ဘက်က တွက်နိုင်ပါတယ်။ ဒါဟာ အခံသာဆုံးကိုယ်စားလှယ်သာ ဖြစ်မယ်ဆိုပြီး လက်ခံလိုက်တာကောင်းတယ်ဆိုတဲ့ သဘောသာဖြစ်ပါတယ်။ တကယ်တမ်း ဘယ်လောက် အားကိုးရသလဲဆိုတော့ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ ပြည်သူလူထုရဲ့ သဘောတူညီမှု၊ ကြည်ဖြူမှုကို ရပါ့မလားဆိုတာက အရေးကြီးပါတယ်။ အဲဒါကို မရနိုင်ဘူးဆိုရင်တော့ သိပ်အားကိုးလောက်တဲ့ သဘောတူညီမှုတွေလို့ဆိုနိုင်ဖို့ခက်ခဲပါလိမ့်မယ်။

မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ အန်ကယ်။ နောက်ပြီးတော့ တရုတ်ဘက်ကလည်း မြန်မာ့ကိစ္စကို အာဆီယံနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုပြီးတော့ တွန်းတွန်းတိုက်တိုက်ပြောနေတာရှိပါတယ်။ နောက်တခုက ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဘက်ကလည်း ဒီဟာကို အတော်လေး မျှော်လင့်တဲ့ သဘောမျိူး ပြောထားတာရှိပါတယ်။ ဆိုတော့ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်၊ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို တရုတ်နဲ့နိုင်ငံတကာဘက်က လက်ခံနိုင်ချေရော ရှိနိုင်ပါသလားရှင့်။

ဦးကျော်ဇံသာ။ ။ ပထမဦးဆုံး တရုတ်ကို ပြောမယ်ဆိုရင်တော့ တရုတ်က လက်ခံလာနိုင်တဲ့ သဘောရှိပါတယ်။ အာဆီယံဟာ စောစောကပြောသလို အာဏာသိမ်းတာတွေ ဘာတွေ၊ သတ်ဖြတ်မှုတွေဘာတွေနဲ့ပက်သက်ပြီး ဆုံးဖြတ်ထားတာတွေမရှိတော့ တရုတ်ကလည်း သူတို့ပြောချင်တဲ့ လိုင်းနဲ့တလိုင်းထဲ ဖြစ်နေတဲ့ သဘောကို တွေ့ရပါတယ်။ တရုတ်တင်မကပါဘူး။ ဒေသတွင်းအင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ ဂျပန်တို့ အိန္ဒိယတို့လည်း ဒီသဘောထားမျိူးခပ်ဆင်ဆင်ပဲ သွားကြလိမ့်မယ်လို့ထင်ပါတယ်။ သိပ်ပြင်းပြင်းထန်ထန်မပြောပဲနဲ့အပျော့ဆွဲနဲ့ သူတို့လုပ်လို့ရကောင်းရမလား။ အထူးသဖြင့် တရုတ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေး အကျိူးစီးပွားတွေလည်း အများကြီးရှိနေတယ်။ ဒါကို သူတို့ ဘယ်လို မှ အထိအခိုက် မခံချင်ပါဘူး။ ဆိုတော့ မြန်မာနိုင်ငံမှာ တဘက်ကိုပုတ်ခတ်ပြီးတော့ တဘက်ကို အသာပေးတဲ့ လုပ်ရပ်မျိူးသူတို့လုပ်မှာမဟုတ်ပါဘူး။ ဒါအပြင် တရုတ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအပေါ်မှာ အများကြီး သြဇာလွှမ်းမိုးထားတာဖြစ်ပါတယ်။ တရုတ်အနေနဲ့အဲဒီအင်အားစုတွေကို အဖိအဖော့လုပ်ပြီးတော့ မြန်မာနိုင်ငံအစိုးရအပေါ်မှာ ကစားနိုင်တာလည်း ရှိနိုင်ပါတယ်။ တရုတ်ကတော့ အာဆီယံက ဒီလမ်းကြောင်းကို ခင်းပေးလိုက်တာဟာ သူ့အတွက်တော်တော်ကောင်းတယ်။ အာဆီယံနဲ့ရှေ့မတိုးနိုင်ရင် သူနောက်တဆင့်တက်ဖို့ ဝင်လာကောင်းဝင်လာနိုင်တယ်ပေါ့လေ။ ဒါသူ့အတွက် ပိုပြီးတော့ လမ်းပွင့်သွားစေတဲ့ ကိစ္စလည်းဖြစ်မယ်လို့ထင်ပါတယ်။ ကျန်တဲ့ အနောက်နိုင်ငံ ဒီမိုကရေစီနိုင်ငံတွေဘက်ကကြည့်ရင်တော့ သူတို့ရဲ့ မျှော်မှန်းချက်ဟာ ဒီလောက်တင်မကပါဘူး။ ဒီဟာထက်ပိုပြီး ဖြစ်စေချင်ပါလိမ့်မယ်။ သို့သော်လည်းပဲ သူတို့ပြောထားတဲ့အတိုင်း အာဆီယံကဖော်ဖော်ရွေရွေလုပ်ပေးမယ်ဆိုရင်တော့ အာဆီယံဟာ သူတို့ပြောစကားကို နားထောင်သားပဲ၊ အာဆီယံဟာ သူတို့ပြောစကားကို လိုက်နာသားပဲလို့ ယူဆကောင်း ယူဆနိုင်စရာရှိပါတယ်။ ဒါပေမယ့်လည်း ဒီဘက်က ဖိအားပေးမှုတွေကတော့ အာဆီယံရဲ့ ကူညီဖို့ဆိုပြီးတော့ စကားပြောနေယုံလောက်နဲ့တော့ ပြန်ပြီးတော့ လျော့ပါးသွားလိမ့်မယ်လို့မျှော်လင့်နိုင်စရာမရှိပါဘူးခင်ဗျ။

မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ပါရှင့်။ အခု အာဆီယံဆွေးနွေးပွဲကထွက်လာတဲ့ ဘုံသဘောတူညီမှု (၅) ရပ်၊ အာဆီယံရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှဆိုလို့ရှိရင်လည်း အာဏာသိမ်းစစ်တပ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်တာပေါ့နော်။ ဒီဆွေးနွေးပွဲဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အကျိုးအမြတ်ပိုရှိစေသလား။ ဒါမှမဟုတ် (NUG) National Unity Government ဆိုပြီးတော့ ဒီဘက်က အကျိုးအမြတ်ပိုရှိစေသလား။ ဘယ်သူတွေ အမြတ်ထွက်သွားပါသလဲ အန်ကယ်။ ဒီဟာက မြန်မာပြည်သူတွေလည်း အတော်လေးစိတ်ဝင်စားကြမယ်ထင်ပါတယ်။

ဦးကျော်ဇံသာ။ ။ လောင်းကစားဝိုင်းတခုလို ချက်ချင်းအရှုံးအနိုင်ကို သိရနိုင်ဖို့လွယ်တဲ့ကိစ္စမျိူးမဟုတ်ဖူးလို့တော့ထင်ပါတယ်။ သို့သော်လည်း လောလောဆယ်မှာကြည့်ရတာတော့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အတွက် အသက်ရှုပေါက်၊ ထွက်ပေါက်ရသွားတယ်လို့ပြောလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူဟာ နိုင်ငံတွင်းမှာပဲနေပြီး ပြင်ပက ဝိုင်းပြောနေကြတာကို နားမထောင်ဘူး။ ထော်လော်ကန့်လန့်လုပ်နေတယ်၊ တင်းခံနေတယ်လို့ပဲ ယူဆနိုင်တဲ့ အခြေအနေက သူ လွတ်မြောက်သွားပါတယ်။ အာဆီယံက အထူးအရေးပေါ်အစည်းအဝေးလုပ်မယ်ဆိုတဲ့ ကိစ္စကို သူကိုယ်တိုင်၊ သူ့ရဲ့ အစတုန်းကနိုင်ငံခြားရေးဝန်ကြီးတွေ ဘာတွေ လွှတ်ကြတယ်ပေါ့လေ။ တချို့နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်တို့ထိုင်းတို့လာအိုတို့ဆိုရင် လွှတ်ကြတယ်ပေါ့လေ။ သူက သူကိုယ်တိုင်သွားပြီးတော့တက်တယ်၊ ရင်ဆိုင်တယ် ဆိုတော့ ဒါဟာနိင်ငံတကာရဲ့ ဖိအားကို သူဟာ လိုက်လျောလက်ခံလိုစိတ်ရှိတဲ့သဘောကို ပြသရာရောက်တယ်ဆိုပြီးတော့ သူ့အတွက် အများကြီးထွက်ပေါက်ရသွားပါတယ်။ နောက်ပြီးတော့ အာဆီယံဘက်ကလွှတ်မယ့်ကိုယ်စားလှယ်ကိုလည်းပဲ သူက လက်ခံနိုင်တယ်လို့စင်္ကာပူ ဝန်ကြီးချုပ်က ပြောတာကို တွေ ့ရပါတယ်။ ဆိုတော့ အဲဒီဟာလည်းပဲ သူ့အတွက် ထွက်ပေါက်ပါပဲ။ စောစောက ပြောသလို အာဆီယံကိုယ်စားလှယ်လာပြီးဆွေးနွေးတာဟာ သူ့အတွက် သိပ်ပြီးတော့ ပြင်းပြင်းထန်ထန် ဖိအားနဲ့ရင်ဆိုင်ရစရာမရှိပါဘူး။ အာဆီယံဟာ သူတို့နဲ့သဘောထဲဖြစ်အောင် ပြောယူလို့ရမယ်လို့သူ့အတွက် မျှော်မှန်းနိုင်ပါတယ်။ နောက်ပြီး သူ့အတွက် အချိန်ဆွဲလို့ရသွားတာပေါ့ မသိင်္ဂီ။ အစတုန်းက သူတို့တနှစ်အတွင်းမှာလုပ်ပေးမယ်ဆိုပြီးပြောတယ်။ ဒါပေမယ့် အခုပဲ သုံးလရှိလာခဲ့ပြီဖြစ်တော့ အာဆီယံကိုယ်စားလှယ်လွှတ်ဖို့က ဘယ်လောက်ကြာကြာမှ စီစဉ်နိုင်မှာလည်း။ ဘယ်တော့ လွှတ်ဖြစ်မှာလည်း၊ အဲဒါ တွေ့မှာ ၊ ညှိနှိုင်းမှာနဲ့၊ ဒီလိုနဲ့ကို ကုန်သွားမှာဖြစ်ပါတယ်။ ဆိုတော့ သူတို့က ပိုပြီးတော့ အချိန်ဆွဲပြီး ကစားနိုင်တဲ့ အခြေအနေလည်း ရသွားမှာဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရပေါ့နော် National Unity Government ပေ့ါ။ အဲဒီဘက်ကတော့ သူ တို့ဘယ်လောက်ထိ မျှော်မှန်းချက်ထားသလဲပေါ့။ သူတို့ရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာဆာဆာကတောင် အခုအာဆီယံရဲ့ သဘောတူညီမှု မူငါးချက်ကို ကြိုဆိုတယ်လို့အကြမ်းဖျင်းအားဖြင့် ကျနော်သိရပါတယ်။ ဘယ်လောက်ထိ ခိုင်ခိုင်မာမာ အလေးအနက်ထားကြိုဆိုသလဲဆိုတာတော့ ကျနော်တို့မသိနိုင်ပါဘူး။ ကြိုဆိုတယ်ဆိုတဲ့သဘောကတော့ ကောင်းပါတယ်။ သို့သော်လည်းပဲ သူတို့လိုချင်တဲ့ အတိုင်းအတာရပါ့မလား။ အာဆီယံတောင်းဆိုချက်ထဲမှာကတော့ အရပ်ဘက်နဲ့ဆွေးနွေးဖို့ပါတယ်။ သူတို့ဟာ အာဆီယံကို အမှုးထားပြီးတော့ စစ်ကောင်စီနဲ့ဆွေးနွေးခွင့် ရမလား။ ရလာမယ်ဆိုရင်တော့ မဆိုးဘူးလို့ပြောနိုင်ပါတယ်။ ဘာပဲပြောပြော သူတို့နဲ့ တန်းတူထားပြီးဆွေးနွေးခွင့်ရမယ်။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်မပါပဲနဲ့သူတို့ကိုယ်စားပြုလို့ရမလားဆိုတာလည်း မေးစရာဖြစ်ပါတယ်။ အဓိက သူတို့ဘက်က ရအောင်တောင်းဆိုဖို့ကတော့ အနည်းဆုံး ခေါင်းဆောင်တွေကို လွှတ်ပြီးမှသာလျှင် ဆွေးနွေးဖို့တောင်းဆိုမယ်ဆိုရင် သူတို့ဘက်ကလည်းပဲ အကျိူးအမြတ်အနည်းငယ်ရရှိလိမ့်မယ်လို့ယူဆရပါတယ်။ အထူးသဖြင့်အရေးကြီးတာက ပြည်သူအတွက် ဘယ်လောက်အကျိူးရှိသလဲ။ အခုဆိုရင် ပြည်သူအတွက် အကျိူးအတော် ယုတ်ခဲ့ပါပြီ။ သမိုင်းမှာ ဆိုရိုးစကားရှိပါတယ်။ သမိုင်းမှာ တချက်မှားခဲ့လျှင် နောက်လာနောက်သားတို့တသက်လိုက်လို့မမီတော့ဘူးဆိုတာ။ ဒါသိပ်မှန်ကန်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၅၈၊ ၆၂ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းလိုက်တဲ့ တချက်အမှားဟာ နှစ်ပေါင်းခြောက်ဆယ်ကျော်လာခဲ့ပါပြီ။ ရာစုတဝက်လွန်ခဲ့ပါပြီ။ အဖတ်ဆယ်လို့မရနိုင်သေးပါဘူး။ ဒီအမှားကို အခုလည်းပဲ ထပ်ခါထပ်ခါမှားနေခြင်းအားဖြင့် နောက်မျိူးဆက်တွေလည်းပဲ အများကြီး၊ အခုစစ်ခေါင်းဆောင်တွေရဲ့ သားသမီး၊ မြေးမြစ်မျိုးဆက်တွေလည်းပဲ ဒီဒဏ်က လွတ်ချင်မှ လွတ်မှာပါ။ ဒီလိုပဲ ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ဆိုတော့ ပြည်သူတွေ လွတ်မြောက်မှသာလျှင် ပြည်သူတွေ အမြတ်ထွက်မယ်လို့ပြောရမယ်ဆိုရင်တော့ ဒီဟာက အရှုံးအနိုင်ကို ကြိုတင်တွက်ဆလို့မရသေးဘူး။ အတော့်ကို အချိန်ယူတွက်ဆဦးမယ့်ကိစ္စဖြစ်တယ်လို့ ပြောရမယ်ထင်ပါတယ် မသိင်္ဂီ။

မသိင်္ဂီထိုက်။ ။ ဟုတ်ကဲ့ပါရှင့်။ အန်ကယ်ဦးကျော်ဇံသာ အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။
ဦးကျော်ဇံသာ။ ။ ရပါတယ် မသိင်္ဂီ။ ကျေးဇူးပါ။

= = = = = = = = = =

မြန်မာ့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာရတဲ့ အကြမ်းဖက်မှုတွေ ချက်ချက် ရပ်တန့်ပြီး တွေ့ဆုံ ဆွေးနွေးရေး အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ် ရရှိခဲ့တာဟာ အာဆီယံ အဖွဲ့ကြီးရဲ့ အတိုင်းအတာ အရ အခု စည်းဝေး ဆောင်ရွက်မှုက ထူးခြားတယ်လို့ ရှုမြင်ပေမယ့်လည်း အာဆီယံရဲ့ တိုက်တွန်း ဆောင်ရွက်ချက်က မြန်မာ့ ပဋိပက္ခ ဖြေရှင်းရေးမှာ ထိရောက်မှု ရှိပါ့မလားဆိုတဲ့ အပေါ်မှာတော့ သံသယ ရှိနေသူတွေလည်း ရှိပါတယ်။ ထင်ရှားတဲ့ အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်းကို မသိင်္ဂ ီထိုက် ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးအောင်မျိုးမင်း။ ။ အာဆီယံ ထုတ်ပြန်ချက်မှာ တောင်းဆိုတယ် ဆိုတာပဲပါတယ်။ တောင်းဆိုမယ် ဆိုလို့ ရှိရင် ဘယ်လို အချိန်မှာ ဘယ်လောက် နောက်ဆုံးထားပြီး တောင်းဆိုမလဲ ဆိုတဲ့ သတ်မှတ်ချက် မပါဘူး။ နောက်တခါ မဖြစ်မနေ တောင်းဆိုမယ် ဆိုတဲ့ လေသံမျိုး၊ စကားလုံးရဲ့ အလေးအနက် ပုံစံမျိုးလည်း မပါဘူး။ မပါတဲ့ အတွက်ကြောင့် မို့လို့ ဒီ တောင်းဆိုချက်က လုပ်ပါတယ်။ ငါတို့ဘက်က အာဆီယံ ဘက်က တတ်နိုင်သလောက် လုပ်နေပါတယ်။ ဆက်လက် ပြီးတော့လည်း လုပ်နေပါတယ်ဆိုတာမျိုး အချိန်ဆွဲတဲ့ နည်းဗျူဟာမျိုးကို ရောက်သွားမှာ အရမ်းစိုးရိမ်ပါတယ်။ ဒါမျိုးအချိန်ဆွဲခဲ့ရင် အရင်က လမ်းပြမြေပုံလိုမျိုးပဲ နှစ်ပေါင်းအများကြီး ကြာသွားနိုင်တယ် အဆင့်တွေ အများကြီး ကြာသွားမယ်။ တချိန်ထဲမှာပဲ နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှုတွေက - အာဆီယံ လုပ်နေတာပဲ ၊ မင်းတို့ ဝင်စရာ မလိုဘူးဆိုတဲ့ အခြေအနေမျိုး ရောက်သွားနိုင်တဲ့အတွက် အချိန်ကြာလေ ပြည်သူနာလေပါပဲ။ အချိန်ဆွဲတာမျိုး မဖြစ်ဖို့ အလေးနက် တိုက်တွန်းပါတယ်။ ဒီကိစ္စရဲ့ လှည့်ကွက်ထဲမှာလည်း သတိထားဖို့လိုအပ်ပါတယ်။

သိင်္ဂ ီထိုက်။ ။ အာဆီယံ ထုတ်ပြန်ချက်ထဲမှာ ပထမက အကြမ်းဖက်တာတွေရပ်ဖို့ သူတို့ တိုက်တွန်းထား ပါတယ်။ ဆိုတော့ ဒါက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲ နေတာတွေ အဆုံးသတ်သွားမယ့် လမ်းစလား။ ဘယ်လိုမြင်ပါသလဲ။

ဦးအောင်မျိုးမင်း။ ။ သူတို့ရဲ့ ဒီလို ပြောကြားချက်က လက်ရှိ အခြေအနေနဲ့ မထင်ဟပ်ဘူးလို့ ကျနော်ထင်တယ်။ လက်ရှိ အခြေအနေကို နားမလည်ပဲ ပြောထားတဲ့ပုံစံတခုက အဖြေကို ဘယ်တော့မှ ပုံဖေါ်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆို ခုချိန်မှာ ပြည်သူနဲ့ စစ်တပ်ကြားမှာ ဘယ်သူက အကြမ်းဖက်တာလဲ ဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။ ပြည်သူတွေက အသက်ကိုရင်းပြီး ဒီအကြမ်းဖက်မှုကို ခံနေရတဲ့သူတွေ ဖြစ်ပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ သတ်ဖြတ်မှု ၊ လုယက်မှု၊ ထောင်ထဲ နှိပ်စက်မှုတွေ ဖြစ်နေတာဟာ စစ်တပ်က အကြမ်းဖက်တာပါ။ ပြည်သူတွေ အကြမ်းဖက်တာ မဟုတ်တဲ့အတွက် နှစ်ဖက်လုံး အကြမ်းဖက်နေတာတွေ ရပ်တန့်ဖို့ဆိုပြီး ပြောကြားနေခြင်းက လွဲမှားတဲ့ ကောက်ချက် ဖြစ်ပါတယ်။ လွဲနေတဲ့အပေါ် အခြေခံပြီး ပြောဆိုနေတာက မှန်ကယ်တဲ့ လမ်းကြောင်းကို ဘယ်လိုမှ သွားနိုင်မှာ မဟုတ်ဘူးလို့ တင်ပြချင်ပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ အခုလက်ရှိဖြစ်နေတာက ပြည်သူတွေဖက်ကလည်း သူတို့ စိုးရိမ်ချက်နဲ့ သူတို့ တိုက်ခိုက်နေတာရှိပါတယ်။ လက်လုပ် တူမီးလိုဟာမျိုးနဲ့ပေါ့နော်၊ နောက်တခါ အတားအဆီးတွေပေါ့။ ဒါကလည်း စစ်တပ်ဖက်က ဝင်လာပြီး သူတို့ကိုဖမ်းမှာ ရိုက်နှက်မှာ စိုးရိမ်ချက်ကြောင့် ဖြစ်လာတာလို့လည်း ပြောလို့ရနိုင်ပါတယ်။ ဆိုတော့ ဒီလို အကြမ်းဖက်မှုတွေ မရှိတော့ပဲနဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲမျိုးများ ဖြစ်လာနိုင်မလားရှင့်။ အခု ကြေညာချက်ကို စစ်တပ်ဖက်က ဘယ်လောက် နားထောင်မယ်လို့ ဦးအောင်မျိုးမင်း ထင်ပါသလဲ။

ဦးအောင်မျိုးမင်း။ ။ ဒီလိုမျိုး ထုတ်ပြန်ချက်မျိုးကို အစည်းအဝေး လာတက်တဲ့ စစ်အုပ်စုခေါင်းဆောင်ကနေ ဘာမှ သေသေချာချာ ပြန်ပြောသွားတာ မရှိဘူး။ လိုက်နာပါမယ် မလိုက်နာနိုင်ဘူး ပြောမသွားပါဘူး။ အဲဒီအချက်က ဘယ်လိုမျိုးနည်းနဲ့ ရပ်တန့်မလဲဆိုတဲ့ မေးခွန်းကို အများကြီး ဖြစ်စေပါတယ်။ တကယ်လို့သာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းချင်တဲ့ စိတ်ဓါတ်မျိုးရှိရင် အခုလိုမျိုး အာဏာသိမ်းတာလည်း ရှိလာမှာ မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ဆန္ဒရှိရင် အစောကြီးထဲက ဒါကို လုပ်ဆောင်ပါ့မယ်ဆိုပြီးတော့ ကတိတွေပေးပြီး ဖြစ်နိုင်မယ့်လမ်းကြောင်းကို သွားမယ့်သဘောရှိပါတယ်။ ဒါပေမဲ့ ခုက ရေရာသေချာတဲ့ အဖြေလည်း မပေးဘူး။ နောက်တခုက အဲဒီလိုမျိုး လုပ်ဆောင်မယ့်ဟာကို အချိန်ကာလတခု သတ်မှတ်ပြီးတော့ ဒီဘက်က တောင်းဆိုမှုလည်း မရှိတဲ့အတွက် ၊ ဟို ရပ်တန့်ဖို့ အတွက် ပြောသာပြောနေတယ် တကယ်တမ်းလုပ်လာဖို့က မရေရာ မသေချာဘူးဆိုတာ ရှင်းနေပါတယ်ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ရှင့် အဲဒီတော့ ဒီ NUG ဒေါက်တာဆာဆာတို့ကတော့ အာဆီယံထုတ်ပြန်ချက်ကို ကြိုဆိုတယ်ဆိုတဲ့သဘောမျိုး ကြေညာချက် ထုတ်ထားတာ တွေ့ပါတယ်။ ပြေလည်လာမယ့် လမ်းစမျိုးများ ဖြစ်လာပါသလား။ အာဆီယံရဲ့ ဆွေးနွေးပွဲရလဒ်ကနေ အပြုသဘော ဘာများတွေ့ပါသလဲရှင့်။

ဦးအောင်မျိုးမင်း။ ။ အပြုသဘောကတော့ ဒီ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဒီလောက်ထိ ထွက်ပေါ်လာတယ်ဆိုတာက အာဆီယံရဲ့ စံချိန်အရဆိုရင် မဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဘာတွေ့ရလဲဆိုတော့ အရင်တုန်းက ဘရူနိုင်းရဲ့ ကြေညာချက် မတိုင်ခင်မှာ ထုတ်ပြန်ခဲ့တဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား သူတို့ထုတ်ပြန်ချက်တွေက စကားလုံးသုံးနှုန်းမှုအရပါ ပိုပြီးတော့ ထိရောက်တယ်၊ လေးနက်တယ်ပေါ့ ။ ဒါပေမဲ့ နောက်ပိုင်းမှာ စကားလုံး လျော့သွားတယ် အဲဒီအချက်တခုက သူတို့အာဆီယံ အတွင်းမှာ ရပ်တည်ချက်မတူတဲ့နိုင်ငံတွေ ရှိနေတယ်ဆိုတာကို ပြတယ်။ ဒီလိုကိစ္စမှာ အာဆီယံအဖွဲ့ကို ကိုယ်စားပြုပြီး ထုတ်တဲ့ဟာက ကြေညာချက်သပ်သပ် ထုတ်တဲ့သဘောမျိုးပဲလို့ ခံယူတယ်ဆိုရင်တော့ ဒါက အောင်မြင်တယ်လို့ ပြောလို့ရနိုင်တယ်။ ဒါပေမဲ့ ကြေညာချက်ပဲ ထုတ်ပြီးတော့ နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုတွေ လိုက်မလာဘူးဆိုရင်တော့ ဒါက အာဆီယံစက္ကူကျားကနေ ထုတ်လိုက်တဲ့ နောက်ထပ် စက္ကူဖြူ-ထုတ်ပြန်ကြေညာချက်မျိုးသာ ဖြစ်မယ် ၊ အဲဒါကိုတော့ ကျနော် စိုးရိမ်မိပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ သူတို့ ထုတ်ပြန်ချက်ထဲမှာ နံပါတ် ၃ အချက်က သူတို့ကနေပြီး ကြားဝင် စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းဖြစ်လာဖို့ လုပ်မယ်ဆိုတဲ့ဟာ ပေါ်မှာရော ဒါဘယ်လောက်များ မျှော်လင့်ချက်ရှိမယ် ထင်ပါသလဲရှင့်။ ဆွေးနွေး အဖြေရှာရေး ဆိုတာကရော ဖြစ်လာနိုင်ပါသလား။

ဦးအောင်မျိုးမင်း။ ။ သူတို့က ဘယ်လောက်ထိ စေ့စပ်ဆွေးနွေးမှု လုပ်နိုင်မလဲ ၊ နောက်တခါ စေ့စပ်ဆွေးနွေးမှုမှာ ပါဝင်လာမယ့် သူတွေဘက်ကရော ဘယ်လောက်ထိ လေးစားလိုက်နာမလဲ ဆိုတဲ့ အချက်အပေါ်မှာတော့ အများကြီး မူတည်ပါတယ်။ ထုတ်ပြန်ချက် တခုထဲနဲ့တော့ ဖြစ်လာနိုင်လား မဖြစ်နိုင်ဘူးလားဆိုတာ ပြောရခက်ပါတယ်။ စေ့စပ်ဆွေးနွေးမှု လုပ်မယ်ဆိုရင် တပ်မတော် စစ်တပ်နဲ့ပဲ တွေ့ပြီးတော့ စေ့စပ်လို့ မရဘူးဗျ၊ အခုချိန်မှာ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပြည်သူတွေ ရှိတယ်။ သူတို့ကို မလွှတ်မချင်း စေ့စပ်ဆွေးနွေးရေး ဖြစ်လာမှာ မဟုတ်ဘူး။ စေ့စပ်ဆွေးနွေးတယ်ဆိုတာ ယုံကြည်မှုပေါ် မူတည်လို့ပါ။ ယုံကြည်ချက်မရှိပဲ လာကြ စကားပြောကြမယ်ဆိုရင် ဒါက ရေရှည်တည်တံ့မှာ မဟုတ်ဘူး။ စေ့စပ်ဆွေးနွေးရေးဆိုတာက အာဆီယံရဲ့လမ်းကြောင်းပဲ ဖြစ်တယ်။ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပါဝင်သင့်သူတွေ မပါဘူးဆိုရင် စေ့စပ်ဆွေးနွေးရေးက တောင်းဆိုးချက်တခုပဲဖြစ်ပြီး စကားလုံးပဲ ဖြစ်နေပါလိမ့်မယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ အခု အာဆီယံ ကြေညာချက်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းခံထားရတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ လွှတ်ပေးဖို့ဆိုတဲ့အချက်မျိုး မပါပါဘူး။ ကုလ လုံခြုံရေးကောင်စီကတောင် ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာမျိုး ရှိပါတယ်။ ဦးအောင်မျိုးမင်း ပြောသလို ဖမ်းထားသူတွေ မလွှတ်မချင်း ယုံကြည်ချက် မတည်ဆောက်မချင်း စေ့စပ်ဆွေးနွေးရေးက ဖြစ်လာမယ့်ပုံ မရှိဘူးဆိုတော့ ဒီ အာဆီယံကြေညာချက်ထဲမှာ ဒီလိုလူတွေ လွှတ်ပေးရေး ပြောတာ မတွေ့ရပါဘူးရှင့် ။ ဒီပေါ်မှာ ဦးအောင်မျိုးမင်း ဘာများပြောလိုပါသလဲ။

ဦးအောင်မျိုးမင်း။ ။ အဲဒီအချက်က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုမိလို့ ဖမ်းခံရသူပဲဖြစ်ဖြစ် နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းခံရတာပဲ ဖြစ်ဖြစ်၊ ဒါက လူ့အခွင့်အရေးကိစ္စဖြစ်တယ်။ သူတို့ကို လွှတ်ပေးမှသာ လွတ်လွတ်လပ်လပ်နဲ့ ဆွေးနွေးတဲ့ကိစ္စတွေ ၊ တွေ့ဆုံမယ့်ကိစ္စတွေမှာ ပါဝင်နိုင်မှာ ဖြစ်တယ်။ ဒီလို အဖမ်းဆီးခံနေရသူတွေ အမြန်ဆုံးလွတ်လပ်စွာ နေနိုင်ဖို့အတွက် တောင်းဆိုမှု မရှိခြင်းက အာဆီယံပြောကြားချက်တွေထဲမှာ အဓိက အားအနည်းဆုံး၊ အဓိက လိုအပ်ချက်တခု ပျောက်နေတယ်လို့ပဲ ထောက်ပြချင်ပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ အဲဒီတော့ ဒီအာဆီယံ ဆွေးနွေးပွဲနေ့မှာလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတွေက ဆက်ပြီးဖြိုခွင်းနေတာပါ။ အာဆီယံဆွေးနွေးပွဲကိုလည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားတက်ခဲ့ပြီ၊ အာဆီယံ ကြေညာချက်လည်း ထွက်လာပြီဆိုတော့ ရှေ့လျှောက် လူထုလှုပ်ရှားမှုတွေအပေါ်မှာ ဘာများ အပြောင်းအလဲ သက်ရောက်မှု ရှိနိုင်ပါသလဲရှင့်။

ဦးအောင်မျိုးမင်း။ ။ လူထုရဲ့ စိတ်ဓါတ်က လျော့သွားမှာ မဟုတ်ဘူး သေချာတယ်။ အစောကြီးကတည်းက အာဆီယံကို လူထုက မမျှော်လင့်ပါဘူး။ ဘာကြောင့်လဲဆို အာဆီယံသမိုင်း သူတို့ရဲ့မူဝါဒနဲ့ သူတို့ရဲ့ခံယူချက်ကို မြန်မာပြည်သူ လူထုက သိထားတဲ့အတွက် သိပ်ပြီး မျှော်လင့်ချက် မရှိဘူး။ တဖက်မှာ စစ်အုပ်စု ခေါင်းဆောင်ကတော့ - ငါ အာဆီယံနဲ့ ညှိပြီးသွားပြီ ၊ ငါ အာဆီယံကိုပိုင်တယ် ဒါကြောင့်မို့ ငါက အပေါ်မှာ ကတိပေးထားသလို ပုံစံမျိုး၊ အချိန်ဆွဲတဲ့ ပုံစံမျိုးနဲ့ လုပ်လို့ရနေပြီ။ ဒါကြောင့်မို့ မင်းတို့ကို ဂရုမစိုက်ဘူးဆိုပြိး စိန်ခေါ်တာမျိုး ၊ အကြမ်းဖက်မှုကို ဒီထက်လုပ်လာနိုင်မယ့် သဘောမျိုး ရှိပါတယ်။ ဒါက အကြောက်တရားနဲ့ ထပ်ပြီး ဖိနှိပ်မယ့်သဘောပေါ့။ ဒါပေမဲ့ ပြည်သူလူထုကတော့ အကြောက်တရား ကင်းလာတဲ့ အနေအထားဖြစ်တယ်။ အာဆီယံကလည်း သူတို့အတွက် အားကိုးစရာ မရှိဘူးဆိုတဲ့အတွက်ကြောင့် ၊ ကိုယ့်အားကိုယ်ကိုးပြီး ပြည်တွင်းအားနဲ့ပဲ ဆက်လက်လုပ်သွားမယ့် သဘောမျိုး အဲလိုမျိုးပဲ ဖြစ်လာလိမ့်မယ်လို့ ကျနော် ခန့်မှန်းမိပါတယ်။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ပါရှင့် ဦးအောင်မျိုးမင်း အထူးပဲ ကျေးဇူးတင်ပါတယ်။

ဦးအောင်မျိုးမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

စစ်အာဏာသိမ်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းပြီး တွေ့ဆုံ ဆွေးနွေးကြရေး၊ မြန်မာလူထု အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းချက် တရပ် ထွက်ပေါ်လာရေး အတွက် သက်ဆိုင်သူ အားလုံး ခိုင်ခိုင်မာမာ ဆွေးနွေးကြရေး၊ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ ပံ့ပိုးမှုနဲ့အတူ အာဆီယံ ဥက္ကဌရဲ့ အထူးကိုယ်စားလှယ် တဦးက ဆွေးနွေးပွဲ လုပ်ငန်းစဉ်မှာ ကြားဝင် ဆောင်ရွက်ပေးရေး၊ အထူးကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံတွင်းကို သွားရောက်ပြီး သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံရေးနဲ့ နောက်တချက်ကတော့ အာဆီယံဘက်က လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အကူအညီတွေ ပေးရေး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG