သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြဿနာပြေလည်ရေး အာစီယံကြိုးပမ်းမှု EU ကြိုဆို


မြန်မာ့အရေး အာဆီယံအရေးပေါ်စည်းဝေးပွဲ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပနစဉ်။ (April 24, 2021)
မြန်မာ့အရေး အာဆီယံအရေးပေါ်စည်းဝေးပွဲ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပနစဉ်။ (April 24, 2021)

[ Zawgyi / Unicode ]

အာဆီယံအဖွဲ့ကြီးရဲ့ စနေနေ့ အထူးအစည်းဝေးကနေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အချက် ၅ ချက်ပါ အများ သဘောတူညီချက် ရခဲ့တာဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွါးနေတဲ့ ပြဿနာကို ဖြေရှင်းတဲ့ အာဆီယံရဲ့ ကြိးပမ်းမှုအတွက် အားတက်စရာ ခြေလှမ်းတရပ်ဖြစ်ကြောင်း အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ အာဆီယံတောင်းဆိုမှုအတိုင်း အီးယူကလည်း တောင်းဆိုကြောင်းနဲ့ ငြိမ်းချမ်းတဲ့အဖြေရဖို့ CRPH နဲ့ NUG အပါအဝင် အဖွဲ့အစည်းအားလုံးနဲ့ အပြုသဘောဆောင် ဆွေးနွေးမှုတွေ စတင်ရေး၊ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ရေး အပြင် လူသာချင်းစာနာမှု အကူညီတွေ ပေးရေး အာဆီယံရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံကြောင်း ပြောပါတယ်။ အီးယူအနေနဲ့ မြန်မာနိုင်ငံမှာ အဖမ်းခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ကို ချက်ချင်း ပြန်လွှတ်ပေးဖို့လည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့က အချက် ၅ ချက်ပါ သဘောတူညီမှုရခဲ့တာနဲ့ပတ်သက်ပြီး ကြိုဆိုကြောင်း တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ သက်ဆိုင်ရာ အဖွဲ့အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြန်စတင်နိုင်ရေးဟာ သိပ်ကို အရေးကြီးနေပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖ့ို ထပ်မံတောင်းဆိုခဲ့ သလို အာဆီယံနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့သူတို့ရဲ့ ကြိုးပမ်းမှုတွေကို အထောက်အကူပေးဖို့ ဂျာမဏီက အသင့် ရပ်တည်နေတယ်လို့လည်း ပြောပါတယ်။

[ Unicode ]






XS
SM
MD
LG