သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔ ကုလ အထူးကိုယ္စားလွယ္ Christine Schraner Burgener သီးသန္႔ေတြ႔ဆံုမႈ ေျပာခြင့္ရ Farhan Haq အတည္ျပဳ 


တနလၤာေန႔က နယူးေရာက္ ကုလသမဂၢဌာနခ်ဳပ္မွာ ျပဳလုပ္တဲ့ ကုလသမဂၢအေထြေထြညီလာခံ ေဆြးေႏြးပဲြအတြင္း အစီရင္ခံတင္ျပေနတဲ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner-Burgener (ဓာတ္ပံု- United Nations)

(Zawgyi/Unicode)
အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕မွာ ဧၿပီလ ၂၄ ရက္ေန႔က က်င္းပတဲ့ ျမန္မာ့အေရး အာဆီယံ အထူးအစည္းအေဝးကို တက္ေရာက္ခဲ့တဲ့ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္နဲ႔ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener တို႔ သီးသန႔္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတယ္လို႔ အတြင္းေရးမႈးခ်ဳပ္႐ုံး ဒုတိယေျပာခြင့္ရ Farhan Haq က အတည္ျပဳပါတယ္။

အာဆီယံႏိုင္ငံေတြရဲ႕ အစည္းေဝးကိုတက္ေရာက္လာသူ ဝန္ႀကီးအေတာ္မ်ားမ်ားအပါအဝင္ သူဂ်ကာတာမွာ ေတြ႕ဆုံခဲ့သူ အမ်ားအျပားရွိပါတယ္။ ျမန္မာ စစ္တပ္အႀကီးအကဲမင္းေအာင္လႈိင္ နဲ႔ လည္း ေတြ႕ဆုံခဲ့ပါတယ္။ စစ္တပ္အပါအဝင္ ျမန္မာႏိုင္ငံက သက္ဆိုင္တဲ့ အဖြဲ႕အစည္းအားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြ ဆက္လုပ္ဖို႔ သူရည္႐ြယ္ထားပါတယ္လို႔ ေျပာသြားတာပါ။

ဒါေပမယ့္ ေဆြးေႏြးခဲ့တဲ့ အေၾကာင္းအရာအေသးစိတ္ကိုေတာ့ ေျပာခြင့္ရက ထုတ္မေျပာပါဘူး။

အခု အတြင္းေရးမႈးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ အင္ဒိုနီးရွားကို သြားေရာက္မႈကေန ျမန္မာ့အေရးအတြက္ အဓိကက်တဲ့ အာဆီယံရဲ႕ အခန္းက႑အတြက္ ကုလသမဂၢက ဆက္လက္ပံ့ပိုးေပးေနတယ္ ဆိုတာကို ျပသခဲ့ေၾကာင္းလည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံက အၾကမ္းဖက္ေနမႈေတြ ခ်က္ခ်င္းရပ္ပစ္ဖို႔ ေတာင္းဆိုခ်က္ပါဝင္တဲ့ အစည္းေဝးအၿပီး ထုတ္ျပန္တဲ့ အာဆီယံရဲ႕ အခ်က္ ၅ ခ်က္ပါ သေဘာတူညီမႈဟာ သိပ္ကို အေရးပါတယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ အေျခခံရပိုင္ခြင့္နဲ႔ လူ႔အခြင့္ေရးကို ေလးစားလိုက္နာတဲ့ အေနနဲ႔ စစ္တပ္က ဖမ္းဆီးထားသူအားလုံးကို အျမန္ျပန္လႊတ္ေပးဖို႔လည္း ထပ္မံ ေတာင္းဆိုလိုက္ပါတယ္။

ႏိုင္ငံတြင္း အေျခေနေတြ ပိုဆိုးမလာေအာင္ သက္ဆိုင္ရာ အဖြဲ႕အစည္းအသီးသီးက ေဆြးေႏြးအေျဖရွာၾကဖို႔လည္း အတြင္းေရးမႈးခ်ဳပ္ Antonio Guterres ကေရာ အထူးကိုယ္စားလွယ္ မစၥ Burgener ကပါ ဆက္ၿပီး တိုက္တြန္းေနပါေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

............................................


ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ ကုလ အထူးကိုယ်စားလှယ် Christine Schraner Burgener သီးသန့်တွေ့ဆုံမှု ပြောခွင့်ရ Farhan Haq အတည်ပြု

(Unicode)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဧပြီလ ၂၄ ရက်နေ့က ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener တို့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အတွင်းရေးမှုးချုပ်ရုံး ဒုတိယပြောခွင့်ရ Farhan Haq က အတည်ပြုပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ အစည်းဝေးကိုတက်ရောက်လာသူ ဝန်ကြီးအတော်များများအပါအဝင် သူဂျကာတာမှာ တွေ့ဆုံခဲ့သူ အများအပြားရှိပါတယ်။ မြန်မာ စစ်တပ်အကြီးအကဲမင်းအောင်လှိုင် နဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ စစ်တပ်အပါအဝင် မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ သူရည်ရွယ်ထားပါတယ်လို့ ပြောသွားတာပါ။

ဒါပေမယ့် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ပြောခွင့်ရက ထုတ်မပြောပါဘူး။

အခု အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် အင်ဒိုနီးရှားကို သွားရောက်မှုကနေ မြန်မာ့အရေးအတွက် အဓိကကျတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍအတွက် ကုလသမဂ္ဂက ဆက်လက်ပံ့ပိုးပေးနေတယ် ဆိုတာကို ပြသခဲ့ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံက အကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်ပစ်ဖို့ တောင်းဆိုချက်ပါဝင်တဲ့ အစည်းဝေးအပြီး ထုတ်ပြန်တဲ့ အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီမှုဟာ သိပ်ကို အရေးပါတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အခြေခံရပိုင်ခွင့်နဲ့ လူ့အခွင့်ရေးကို လေးစားလိုက်နာတဲ့ အနေနဲ့ စစ်တပ်က ဖမ်းဆီးထားသူအားလုံးကို အမြန်ပြန်လွှတ်ပေးဖို့လည်း ထပ်မံ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတွင်း အခြေနေတွေ ပိုဆိုးမလာအောင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ဆွေးနွေးအဖြေရှာကြဖို့လည်း အတွင်းရေးမှုးချုပ် Antonio Guterres ကရော အထူးကိုယ်စားလှယ် မစ္စ Burgener ကပါ ဆက်ပြီး တိုက်တွန်းနေပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG