သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်နှိမ်နင်းလို့ သေဆုံးရသူတွေ များပြားလာမှု ကုလ သတိပေး


ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုအချိန်အထိ ဆန္ဒပြပြည်သူ ၅၆၈ ယောက် သေဆုံးရပြီ ဖြစ်ကြောင်းနဲ့ သေဆုံးသူ အရေအတွက်ဟာ အတော်လေးကို များနေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

"ကုလသမဂ္ဂ လူ့အခွင့်ရေးရုံးက ရခဲ့တဲ့ စိတ်ချရတဲ့သတင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလကနေ ဒီကနေ့အထိဆို အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ အမျိုးသားတွေ သေဆုံးရမှုဟာ အနည်းဆုံး ၅၆၈ ယောက်ရှိသွားပါပြီ။ ဒါဟာ သေဆုံးသူ အရေအတွက် သိသိသာသာကို များနေတာလို့ ကုလရုံးက သတိပေးလိုက်ကြောင်း " ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပြောသွားတာပါ။

အခု သီတင်းပတ်ကုန်မှာပဲ နောက်ထပ်သေဆုံးရသူက ၁၈ ယောက်ရှိခဲ့ တာဖြစ်ပြီး နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပွါးနေတာ အတွက် မြန်မာနိုင်ငံတွင်းက ကုလသမဂ္ဂအဖွဲ့အစည်း တွေက သတိပေးနေကြောင်းလည်း ပြောပါတယ်။

မြန်မာ့အရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener မြန်မာပြည်တွင်း သွားရောက်နိုင်ရေးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ သွားနိုင်ဖို့ အခုထိ ကြိုးစားနေဆဲ ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ဇြိုခွင်းမှုတွေ ချက်ချင်းရပ်ပစ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကရော အမေရိကန်နဲ့ အီးယူဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာကပါ တောင်းဆိုနေပေမယ့် စစ်တပ်အာဏာပိုင်ရဲ့ ကြမ်းဖက်မှုတွေ ဆက်ရှိနေတာကြောင့် သေဆုံးသူဦးရေ တိုးလာနေသလို အဖမ်းဆီးခံရသူတွေကလည်း အခုဆို ၂၆၀၀ ကျော်ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်


...............

(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG