သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်က EU- မြန်မာ စည်းဝေးပွဲ EU ကိုယ်စားလှယ်တွေ မတက်


EU Myanmar
EU Myanmar

ZAWGYI/UNICODE

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥရောပသမဂ္ဂ EU ကပေးအပ်နေတဲ့အကူအညီဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဝန်ကြီးများအဆင့်အစည်းအဝေးကို နေပြည်တော်မှာ စနေနေ့ကကျင်းပခဲ့ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားစီးပါွးဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးဆောင်ပြီး ဧပြီလ ၃ ရက်နေ့မှာကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးကိုတော့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ EU သံတမန်တွေဖြစ်ကြတဲ့ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံက ကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့ကြဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း မြန်မာ့နိုင်ငံရေးအခြေအနေတွေကြောင့် EU ကပေးအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီတွေကို ဥရောပကောင်စီရဲ့မတ်လ ၂၂ ရက်နေ့ကချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်အရ ပြန်ပြီးသုံးသပ် နေတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဥရောပသမဂ္ဂ အီးယူက မြန်မာအစိုးရကို ပေးအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအားလုံးကို ဆိုင်းငံ့ထားတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းသတ်ဖြတ်မှုမှာ တာဝန်ရှိတဲ့မြန်မာစစ်ဗိုလ်ချုပ်တွေကိုရော စစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့ စီးပါွးရေးလုပ်ငန်းတွေကိုပါ EU ကဒ ဏ်ခတ်အေးယူမှုတွေ လတ်တလော ချမှတ်ထားတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

UNICODE






XS
SM
MD
LG