သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ တာ၀န္ရွိသူေတြအေပၚ ဒဏ္ခတ္မႈ EU ေနာက္အပတ္အတည္ျပဳမည္


ျပင္သစ္ ႏုိင္ငံျခားေရး ၀န္ႀကီး Jean-Yves Le Drian

(Zawgyi/Unicode)

ျမန္မာ့ စစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိသူေတြရဲ႕ စီးပြားေရး အက်ိဳးစီးပြားေတြကို ပစ္မွတ္ထား ဒဏ္ခတ္မႈကို ဥေရာပ သမဂၢ EU က ေနာက္သီတင္းပတ္ အတြင္း အတည္ျပဳမယ့္ အေၾကာင္း ျပင္သစ္ ႏုိင္ငံျခားေရး ၀န္ႀကီးက အဂၤါေန႔မွာ ေျပာပါတယ္။

EU ရံုးစုိက္ရာ ဘယ္လ္ဂ်ီယံ ႏုိင္ငံ ဘရပ္ဆဲလ္ ၿမိဳ႕ေတာ္မွာ ဒီအေရး ေဆြးေႏြးၿပီးဆံုးခဲ႔ၿပီး လာမယ့္ တနလာၤေန႔မွာ အတည္ျပဳမယ္လို႔ ျပင္သစ္ ႏုိင္ငံျခားေရး ၀န္ႀကီး Jean-Yves Le Drian က အထက္လႊတ္ေတာ္ ၾကားနာပြဲမွာ ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

" ျမန္မာ လက္နက္ကိုင္တပ္ေတြကို ဘ႑ာေရး ပံ႔ပိုးေနတဲ႔ ဒါမွမဟုတ္လည္း ဘ႑ာေငြ ရေစတဲ႔ ကုမၸဏီေတြကို ပစ္မွတ္ထား အေရးယူ ေဆာင္ရြက္မယ့္ အေၾကာင္း Reuters က ရရွိထားတဲ႔ သံတမန္ေရးနဲ႔ ဌာနဆိုင္ရာ မွတ္တမ္းေတြမွာ ေဖာ္ျပပါတယ္။ ဥေရာပ သမဂၢ EU က ၂၀၁၈ ခုႏွစ္ ကတည္းက ျမန္မာ စစ္တပ္ အႀကီးတန္း အရာရွိ တခ်ိဳ႕ကို ဒဏ္ခတ္ ပိတ္ဆို႔ထားၿပီး လက္နက္တင္ပို႔မႈကိုလည္း တားျမစ္ထားတာပါ။ အခု ဒဏ္ခတ္ပိတ္ဆို႔မႈကေတာ့ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္း EU ရဲ႕ အေရးပါတဲ႔ အေရးယူ ေဆာင္ရြက္မႈ ျဖစ္လာမယ့္ အေနအထားပါ။ စစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိသူေတြကို တိုက္ရိုက္ ျပစ္ဒဏ္ခတ္ အေရးယူမွာ ျဖစ္သလို ဘ႑ာေငြေၾကး ေထာက္ပံ႔မႈအားလံုးကိုလည္းရပ္ဆုိင္းမွာ ျဖစ္ပါတယ္။ လူပုဂၢိဳလ္ တဦးခ်င္းကို ဒဏ္ခတ္မွာ ျဖစ္သလို သူတို႔ပိုင္ အက်ိဳးစီးပြားေတြကိုလည္း ဒဏ္ခတ္မွာ ျဖစ္ေၾကာင္း" ျပင္သစ္ ႏုိင္ငံျခားေရး ၀န္ႀကီး Le Drian က ေျပာဆိုခဲ႔ပါတယ္။ ျမန္မာ့ စစ္အာဏာသိမ္းမႈ အေပၚ ၿဗိတိန္ကေတာ့ အေရးယူ ဒဏ္ခတ္ထားၿပီး ျဖစ္ပါတယ္။

“ၿပီးခဲ႔တဲ႔လ စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာ စစ္ဗိုလ္ခ်ဳပ္ေတြကို ၿဗိတိန္က ျပစ္ဒဏ္ခတ္ခဲ႔ၿပီး ျဖစ္ၿပီး ဥေရာပႏုိင္ငံေတြထဲမွာ ပထမဆံုး ျဖစ္ေၾကာင္း”ၿဗိတိန္ ၀န္ႀကီးခ်ဳပ္ Boris Johnson က အဂၤါေန႔မွာ လႊတ္ေတာ္ကို ေျပာဆိုခဲ႔တာပါ။

ဥေရာပ သမဂၢ EU က ျမန္မာ အစိုးရ ျပဳျပင္ေျပာင္းလဲေရး တိုက္ရိုက္ ေငြေၾကး ေထာက္ပံ႔မႈကို ရပ္ဆိုင္းထားၿပီး ျဖစ္ပါတယ္။ အခု ျပစ္ဒဏ္ခတ္မႈမွာေတာ့ လူထုကို အထိမနာေစဘဲ စစ္အာဏာသိမ္းသူေတြကို ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မယ္လို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

စစ်အာဏာသိမ်းမှု တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်မှု EU နောက်အပတ်အတည်ပြုမည်

(Unicode)

မြန်မာ့ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှုကို ဥရောပ သမဂ္ဂ EU က နောက်သီတင်းပတ် အတွင်း အတည်ပြုမယ့် အကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့မှာ ပြောပါတယ်။

EU ရုံးစိုက်ရာ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ ဒီအရေး ဆွေးနွေးပြီးဆုံးခဲ့ပြီး လာမယ့် တနလာၤနေ့မှာ အတည်ပြုမယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Yves Le Drian က အထက်လွှတ်တော် ကြားနာပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

" မြန်မာ လက်နက်ကိုင်တပ်တွေကို ဘဏ္ဍာရေး ပံ့ပိုးနေတဲ့ ဒါမှမဟုတ်လည်း ဘဏ္ဍာငွေ ရစေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူ ဆောင်ရွက်မယ့် အကြောင်း Reuters က ရရှိထားတဲ့ သံတမန်ရေးနဲ့ ဌာနဆိုင်ရာ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ ဥရောပ သမဂ္ဂ EU က ၂၀၁၈ ခုနှစ် ကတည်းက မြန်မာ စစ်တပ် အကြီးတန်း အရာရှိ တချို့ကို ဒဏ်ခတ် ပိတ်ဆို့ထားပြီး လက်နက်တင်ပို့မှုကိုလည်း တားမြစ်ထားတာပါ။ အခု ဒဏ်ခတ်ပိတ်ဆို့မှုကတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း EU ရဲ့ အရေးပါတဲ့ အရေးယူ ဆောင်ရွက်မှု ဖြစ်လာမယ့် အနေအထားပါ။ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို တိုက်ရိုက် ပြစ်ဒဏ်ခတ် အရေးယူမှာ ဖြစ်သလို ဘဏ္ဍာငွေကြေး ထောက်ပံ့မှုအားလုံးကိုလည်းရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် တဦးချင်းကို ဒဏ်ခတ်မှာ ဖြစ်သလို သူတို့ပိုင် အကျိုးစီးပွားတွေကိုလည်း ဒဏ်ခတ်မှာ ဖြစ်ကြောင်း" ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Le Drian က ပြောဆိုခဲ့ပါတယ်။ မြန်မာ့ စစ်အာဏာသိမ်းမှု အပေါ် ဗြိတိန်ကတော့ အရေးယူ ဒဏ်ခတ်ထားပြီး ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့လ စစ်အာဏာသိမ်းပြီးနောက် မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဗြိတိန်က ပြစ်ဒဏ်ခတ်ခဲ့ပြီး ဖြစ်ပြီး ဥရောပနိုင်ငံတွေထဲမှာ ပထမဆုံး ဖြစ်ကြောင်း”ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က အင်္ဂါနေ့မှာ လွှတ်တော်ကို ပြောဆိုခဲ့တာပါ။

ဥရောပ သမဂ္ဂ EU က မြန်မာ အစိုးရ ပြုပြင်ပြောင်းလဲရေး တိုက်ရိုက် ငွေကြေး ထောက်ပံ့မှုကို ရပ်ဆိုင်းထားပြီး ဖြစ်ပါတယ်။ အခု ပြစ်ဒဏ်ခတ်မှုမှာတော့ လူထုကို အထိမနာစေဘဲ စစ်အာဏာသိမ်းသူတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG