သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားက POSCO စတီးကုမ္ပဏီ ဦးပိုင်နဲ့ ဖက်စပ်လုပ်ငန်းတွေကို ပြန်သုံးသပ်နေ


 တောင်ကိုရီးယားက စတီးလ်ထုတ်လုပ်ရေးကုမ္ပဏီ လုပ်ငန်းခွင်
တောင်ကိုရီးယားက စတီးလ်ထုတ်လုပ်ရေးကုမ္ပဏီ လုပ်ငန်းခွင်

ZAWGYI/UNICODE

မြန်မာစစ်တပ်ပိုင်ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားက စတီးလ်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ POSCO က မြန်မာနိုင်ငံကလုပ်ငန်းတွေ ရုပ်သိမ်းဖို့ သုံးသပ်နေပြီလို့ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်၂ ခုက ပြောပါတယ်။ မြန်မာ့စီးပွါးရေးဦးပိုင်လီမိတက် MEHL မှာထည့်ဝင်ထားတဲ့ POSCO ရဲ့ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကိုရောင်းပစ်မလား၊ ဒါမှမဟုတ် MEHL အခက်အခဲဖြစ်သွားအောင် ကျန်တဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ဝယ်မလားဆိုတာ စဉ်းစားနေတယ်လို့လည်းဆိုပါတယ်။

ရှယ်ယာ ၃၀ ရာခိုင်နှုန်းရဲ့တန်ဖိုးက ဘယ်လောက်ရှိမလဲဆိုတာတော့ ချက်ချင်းမသိနိုင်သေးပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းမှာလုပ်ကိုင်နေကြတဲ့ နိုင်ငံတကာစီးပွါးရေးလုပ်ငန်းတွေအပေါ် ရှယ်ယာဝင်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဝေဖန်ပြစ်တင်မှုတွေထွက်လာနေချိန်မှာ POSCO ကုမ္ပဏီရဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

ဦးပိုင်နဲ့တွဲလုပ်နေတဲ့ လုပ်ငန်းတွေရပ်ပစ်ပြီး မြန်မာနိုင်ငံကထွက်ခွါသွားကြတဲ့ စီးပွါးရေးလုပ်ငန်းတွေထဲမှာ သြစးတေးလျက Woodside Petroleum ရေနံထုတ်လုပ်ရေးကုမ္ပဏီနဲ့ ဂျပန် Kirin Holdings အချိုရည်လုပ်ငန်းတွေလည်းပါပါတယ်။ မြန်မာစစ်တပ်ပိုင် MEHL ကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ထားပြီးပါပြီ။

Posco ကုမ္ပဏီကတော့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးပေါ်ပေါက်ခဲ့တဲ့အချိန်ကစပြီး ဦးပိုင်ကုမ္ပဏီကို အကျိုးအမြတ်တွေ ခွဲဝေပေးတာမျိုးမရှိဘူးလို့ ဆက်တိုက်ပြောဆိုလာတာပါ။ အရေးယူဒဏ်ခတ်မှုတွေက သူ့အပေါ်သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ ပြောဆိုထားတဲ့ Posco ကုမ္ပဏီက စစ်အာဏာသိမ်းမှုနဲ့ MEHL တိုက်ရိုက်ပတ်သက်နေမယ်ဆိုရင်တော့ သူ့ဖက်ကေ ဆာင်ရွက်မှုတွေလုပ်မယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

UNICODE





XS
SM
MD
LG