သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား ႏိုင္ငံေတာ္လံုၿခံဳေရး အႀကံေပးမ်ား ျမန္မာ့အေရး ေဆြးေႏြး


ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ ကန္႔ကြက္ေနၾကတဲ့ မႏၱေလးၿမိဳ႕က ခ်ီတက္ ဆႏၵျပပြဲျမင္ကြင္း။ (ဧၿပီ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီ ခ်က္ခ်င္းျပန္တည္ေဆာက္ေရး လက္တြဲလုပ္ေဆာင္သြားၾကဖို႔ အေမရိကန္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား ႏုိင္ငံေတာ္လံုၿခံဳေရး အႀကံေပးပုဂၢိဳလ္ေတြရဲ႕ ေဆြးေႏြးပြဲမွာ ထည့္သြင္း ေဆြးေႏြးခဲ့ၾကပါတယ္။

ေျမာက္ကိုရီးယားအေရး အဓိကထား ေဆြးေႏြးခဲ့ၾကတဲ့ ေသာၾကာေန႔ ေဆြးေႏြးပြဲအတြင္း COVID-19 ကပ္ေရာဂါအေရးနဲ႔ ဥတုရာသီ ေျပာင္းလဲမႈအေရးတို႔အျပင္ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီးေတာ့ပါ ထည့္သြင္း ေဆြးေႏြးခဲ့ၾကတဲ့အေၾကာင္း ေဆြးေႏြးပြဲအၿပီး ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

အေမရိကန္၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား ႏုိင္ငံေတာ္လံုၿခံဳေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ေတြျဖစ္ၾကတဲ့ Jake Sullivan၊ Shigeru Kitamura နဲ႔ Suh Hoon တို႔ဟာ အေမရိကန္ျပည္ေထာင္စု၊ ေမရီလန္းျပည္နယ္၊ Annapolis ၿမိဳ႕က ေရတပ္အကယ္ဒမီမွာ ေသာၾကာေန႔က ေတြ႔ဆံုေဆြးေႏြးခဲ့ၾကတာပါ။

ဒီေဆြးေႏြးပြဲဟာ ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ သမၼတ Joe Biden အစိုးရအဖြဲ႔ တက္လာၿပီးကတည္းကဆိုရင္ မဟာမိတ္သံုးႏုိင္ငံအၾကား အဆင့္ျမင့္ တာဝန္ရွိသူေတြရဲ႕ ပထမဆံုးေဆြးေႏြးပြဲ ျဖစ္ပါတယ္။

သမၼတ Biden အစိုးရအဖြဲ႔ထဲက ဝန္ႀကီးအဆင့္ ပထမဆံုး ျပည္ပခရီးစဥ္အျဖစ္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ကာကြယ္ေရးဝန္ႀကီး Lloyd Austin တို႔ ၿပီးခဲ့တဲ့ မတ္လလယ္ပုိင္းက ဂ်ပန္နဲ႔ ေတာင္ကိုရီးယားႏုိင္ငံေတြဆီ သြားေရာက္ခဲ့ၿပီးတဲ့ေနာက္ အခု လံုၿခံဳေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ေတြ ေဆြးေႏြးၾကတာပါ။

အဲဒီခရီးစဥ္ေတြအတြင္းမွာလည္း ဝန္ႀကီး Blinken က ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းတာကို ကန္႔ကြက္သလို ဆႏၵျပသူေတြကို အၾကမ္းဖက္ ႏွိမ္နင္းတာ ရပ္ဆိုင္းဖို႔၊ ဖမ္းဆီးထားသူေတြ အားလံုးကုိ ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔နဲ႔ ဒီမိုကေရစီနည္းက် ေရြးေကာက္တင္ေျမႇာက္ခံထားရတဲ့ အရပ္သားအစိုးရလက္ထဲ အာဏာျပန္လႊဲေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အိႏိၵယႏုိင္ငံကလည္း ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး လူထုအေပၚ အၾကမ္းဖက္ၿဖိဳခြဲတဲ့ လုပ္ရပ္ေတြကို ျပစ္တင္႐ႈတ္ခ်ၿပီးေတာ့ တရားဥပေဒစိုးမိုးမႈရွိဖို႔၊ ဒီမိုကေရစီ ျပန္တည္ေဆာက္ဖုိ႔နဲ႔ ႏုိင္ငံေရးအက်ဥ္းသားေတြ အားလံုးကုိ ျပန္လႊတ္ေပးဖို႔ အိႏိၵယ ႏုိင္ငံျခားေရးဌာန ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာခြင့္ရက တိုက္တြန္းခဲ့ပါတယ္။

တ႐ုတ္ႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Hua Chunying ကလည္း ျမန္မာႏုိင္ငံတြင္း အၾကမ္းဖက္မႈေတြအေပၚ တ႐ုတ္ႏုိင္ငံအေနနဲ႔ အလြန္စိုးရိမ္ေၾကာင္း၊ အၾကမ္းဖက္မႈနဲ႔ ေသြးထြက္သံယို ထိပ္တိုက္ေတြ႔တာမ်ဳိးဟာ ဘယ္သူ႔အတြက္မွ အက်ဳိးမရွိဘဲ နစ္နာရသူေတြဟာ ျမန္မာႏုိင္ငံတြင္းက လူေတြပဲ ျဖစ္တယ္လုိ႔ ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေး အကြံပေးများ မြန်မာ့အရေး ဆွေးနွေး

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ချက်ချင်းပြန်တည်ဆောက်ရေး လက်တွဲလုပ်ဆောင်သွားကြဖို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်တွေရဲ့ ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

မြောက်ကိုရီးယားအရေး အဓိကထား ဆွေးနွေးခဲ့ကြတဲ့ သောကြာနေ့ ဆွေးနွေးပွဲအတွင်း COVID-19 ကပ်ရောဂါအရေးနဲ့ ဥတုရာသီ ပြောင်းလဲမှုအရေးတို့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ပါ ထည့်သွင်း ဆွေးနွေးခဲ့ကြတဲ့အကြောင်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ Jake Sullivan၊ Shigeru Kitamura နဲ့ Suh Hoon တို့ဟာ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ Annapolis မြို့က ရေတပ်အကယ်ဒမီမှာ သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲဟာ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ Joe Biden အစိုးရအဖွဲ့ တက်လာပြီးကတည်းကဆိုရင် မဟာမိတ်သုံးနိုင်ငံအကြား အဆင့်မြင့် တာဝန်ရှိသူတွေရဲ့ ပထမဆုံးဆွေးနွေးပွဲ ဖြစ်ပါတယ်။

သမ္မတ Biden အစိုးရအဖွဲ့ထဲက ဝန်ကြီးအဆင့် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းက ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေဆီ သွားရောက်ခဲ့ပြီးတဲ့နောက် အခု လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေ ဆွေးနွေးကြတာပါ။

အဲဒီခရီးစဉ်တွေအတွင်းမှာလည်း ဝန်ကြီး Blinken က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ကန့်ကွက်သလို ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတာ ရပ်ဆိုင်းဖို့၊ ဖမ်းဆီးထားသူတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အရပ်သားအစိုးရလက်ထဲ အာဏာပြန်လွှဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး လူထုအပေါ် အကြမ်းဖက်ဖြိုခွဲတဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချပြီးတော့ တရားဥပဒေစိုးမိုးမှုရှိဖို့၊ ဒီမိုကရေစီ ပြန်တည်ဆောက်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အိန္ဒိယ နိုင်ငံခြားရေးဌာန သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရက တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Hua Chunying ကလည်း မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေအပေါ် တရုတ်နိုင်ငံအနေနဲ့ အလွန်စိုးရိမ်ကြောင်း၊ အကြမ်းဖက်မှုနဲ့ သွေးထွက်သံယို ထိပ်တိုက်တွေ့တာမျိုးဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ နစ်နာရသူတွေဟာ မြန်မာနိုင်ငံတွင်းက လူတွေပဲ ဖြစ်တယ်လို့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG