သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပ ျမန္မာျပည္သူေတြ အေပၚ အၾကမ္းဖက္မႈ အိႏၵိယ ရႈတ္ခ်


မွတ္တမ္းဓါတ္ပံု- မတ္လ ၃ ရက္ေန႔တုနး္က ရဲနဲ႔ စစ္သားမ်ားက ဆႏၵျပ သူမ်ားကို ၿဖိဳခြဲ

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီး ျပည္သူျပည္သားေတြအေပၚ အၾကမ္းဖက္ေနတဲ့လုပ္ရပ္ေတြကို အိႏၵိယႏိုင္ငံက ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

"ျမန္မာႏုိင္္ငံမွာ ဘယ္လို အၾကမ္းဖက္လုပ္ရပ္မ်ဳိးကိုမဆို အိႏၵိယႏုိင္ငံက ျပစ္တင္႐ႈတ္ခ်ပါတယ္။ ျမန္မာႏုိင္ငံမွာ တရားဥပေဒစိုးမိုးမႈရွိဖို႔ ၊ ဒီမိုကေရစီစနစ္ျပန္လည္တည္ေဆာက္ဖို႔ ၊ ႏုိင္ငံသားအက်ဥ္းသားအားလုံးျပန္လႊတ္ေပးဖို႔လည္း တုိက္တြန္းပါတယ္။ ျမန္မာ့လက္ရွိအေျခအေနကို ေျဖရွင္းတဲ့ေနရာမွာ အာဆီယံအဖြဲ႔အပါအ၀င္ ႀကိဳးပမ္းမႈ အားလုံးကို ေထာက္ခံပါတယ္" လို႔ အိႏိၵယႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Arindam Bagchi ေသာၾကာေန႔သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ဟန္ခ်က္ညီၿပီး အျပဳသေဘာေဆာင္တဲ့ အခန္းက႑ကေန ပါဝင္ဖို႔ ႀကိဳးပမ္္းတဲ့အေနနဲ႔ ႏုိင္ငံတကာက ၾကားဝင္ေဆာင္ရြက္ေနသူေတြ၊ ကုလသမဂၢလံုျခံဳေရးေကာင္စီတို႔နဲ႔ အိႏၵိယႏုိင္ငံက ဆက္သြယ္ေဆာင္ြရြက္ သြားပါမယ္လို႔လည္း ေျပာပါတယ္။

COVID-19 ေရာဂါကာကြယ္ေဆးေတြကို ကမၻာမွ ာအမ်ားဆုံးထုတ္လုပ္ေနတဲ့ အိႏၵိယႏုိင္ငံအေနနဲ႔ ကာကြယ္ေဆးတင္ပို႔မႈေတြကိုေတာ့ ကန္႔သတ္မွာ မဟုတ္ဘူးလို႔လည္း ေျပာခြင့္ရသူက ေျပာဆိုသြားတာပါ။ အိႏၵိယႏုိင္ငံက ကိုဗစ္ကာကြယ္ေဆးအလုံးေရ ၆၄ သန္းကို ျမန္မာအပါအ၀င္ ကမၻာ့ႏုိင္ငံေပါင္း ၈၀ ေက်ာ္ကိုတင္ပို႔ေပးေနတာလည္းျဖစ္ပါတယ္။

အဲဒီထဲမွာ လူသားခ်င္းစာနာမႈအကူအညီအျဖစ္ေပးအပ္ခဲ့တဲ့ ေဆးအလုံးေရ ၁၀ သန္းလည္းပါ၀င္ပါတယ္။ ျမန္မာႏုိင္ငံကလည္း အိႏၵိယႏုိင္ငံက လွဴဒါန္းတဲ့ ကိုဗစ္ကာကြယ္ေဆးတခ်ိဳ႔ကိုလက္ခံရရွိခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဆန္ဒပြ မြန်မာပြည်သူတွေ အပေါ် အကြမ်းဖက်မှု အိန္ဒိယရှုတ်ချ
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ပြည်သူပြည်သားတွေအပေါ် အကြမ်းဖက်နေတဲ့လုပ်ရပ်တွေကို အိန္ဒိယနိုင်ငံက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

"မြန်မာနိုင်ငံမှာ ဘယ်လို အကြမ်းဖက်လုပ်ရပ်မျိုးကိုမဆို အိန္ဒိယနိုင်ငံက ပြစ်တင်ရှုတ်ချပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိဖို့ ၊ ဒီမိုကရေစီစနစ်ပြန်လည်တည်ဆောက်ဖို့ ၊ နိုင်ငံသားအကျဉ်းသားအားလုံးပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။ မြန်မာ့လက်ရှိအခြေအနေကို ဖြေရှင်းတဲ့နေရာမှာ အာဆီယံအဖွဲ့အပါအဝင် ကြိုးပမ်းမှု အားလုံးကို ထောက်ခံပါတယ်" လို့ အိန္ဒိယနိုင်ငံခြားရေးဌာန ပြောခွင့်ရ Arindam Bagchi သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ဟန်ချက်ညီပြီး အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍနေ ပါဝင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ နိုင်ငံတကာက ကြားဝင်ဆောင်ရွက်နေသူတွေ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့နဲ့ အိန္ဒိယနိုင်ငံက ဆက်သွယ်ဆောင်ွရွက် သွားပါမယ်လို့လည်း ပြောပါတယ်။

COVID-19 ရောဂါကာကွယ်ဆေးတွေကို ကမ္ဘာမှာအများဆုံးထုတ်လုပ်နေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ကာကွယ်ဆေးတင်ပို့မှုတွေကိုတော့ ကန့်သတ်မှာ မဟုတ်ဘူးလို့လည်း ပြောခွင့်ရသူက ပြောဆိုသွားတာပါ။ အိန္ဒိယနိုင်ငံက ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၆၄ သန်းကို မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်ကိုတင်ပို့ပေးနေတာလည်းဖြစ်ပါတယ်။

အဲဒီထဲမှာ လူသားချင်းစာနာမှုအကူအညီအဖြစ်ပေးအပ်ခဲ့တဲ့ ဆေးအလုံးရေ ၁၀ သန်းလည်းပါဝင်ပါတယ်။ မြန်မာနိုင်ငံကလည်း အိန္ဒိယနိုင်ငံက လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေးတချို့ကိုလက်ခံရရှိခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG