သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၱေလးမီး အိမ္ေထာင္စု ၁၅၀ ေက်ာ္ မီးေဘးသင့္


မႏၱေလးမီးေလာင္တဲ့ေနရာ ေအၿပီလ ၁ ၊ ၂ဝ၂၁

{{Zawgyi/Unicode}}

မႏၱေလးၿမိ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ နံ႔သာရပ္ တံခြန္တိုင္ရပ္ကြက္မွာ ဒီကေန႔ ဧၿပီလ ၁ ရက္ မနက္အေစာပိုင္းက မီးေလာင္ကြ်မ္းမႈ ျဖစ္ပြားခဲ့ၿပီး ေနအိမ္ ၉၀ နီးပါး မီးေလာင္ ဆံုးရႈံးခဲ့ပါတယ္။ မီးေဘးသင့္ခဲ့တဲ့ အိမ္ေထာင္စု ၁၅၀ ေက်ာ္ ဘုန္းႀကီးေက်ာင္းဝန္းတခုမွာ ခိုလႈံေနၾကရၿပီး ၿမိဳ႕ခံေတြက အစားအေသာက္ အကူအညီေတြေပးေနၾကတဲ့အေၾကာင္း မႏၱေလးက လာတဲ့သတင္းကို မေအးသႏၲာေက်ာ္က ဆက္ၿပီးေျပာျပပါမယ္။

မႏၱေလးၿမိဳ႕က လူေနရပ္ကြက္တခုျဖစ္တဲ့ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ထဲက နံသာရပ္မွာ ဒီေန႔ အေစာပိုင္းက မီးေလာင္ကၽြမ္းခဲ့တဲအတြက္ အိမ္ေျခ ၉၀ နီးပါး မီးေလာင္ ဆံုး႐ႈံးၿပီး အိမ္ေထာင္စု ၁၅၂ စု မီးေဘးသင့္ခဲ့ၾကပါတယ္။ မီးေလာင္ကြ်မ္းမႈအေၾကာင္းအရင္းနဲ႔ပတ္သက္လို႔ မႏၱေလးတိုင္း မီးသတ္ အရာရွိ တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“အိမ္က ၈၀ ေလာက္ေလာင္သြားတာေပါ့ေနာ္။ သူတို႔ရဲ႕ အိမ္အေပၚထပ္ကေန မိန္းခံုကေန အပူလြန္ကဲၿပီး မီးေလာင္တာလို႔ သိရတာေပါ့။ ဆံုးရွုံးမႈတန္ဖိုးက ႏွစ္ရာ ႏွစ္ဆယ့္ႏွစ္ သိန္းငါးေသာင္းခန္႔ေပါ့။”

မီးသတ္တပ္ဖြဲ႕က မီးေလာင္ကြ်မ္းမႈကို အဆင့္ ၃ သတ္မွတ္ခဲ့ၿပီး ေလာင္ကြ်မ္းခ်ိန္ ၁ နာရီေက်ာ္ၾကာ ၿငိမ္းသတ္ခဲ့ရပါတယ္။ လက္ရွိ မီးေဘးသင့္သူေတြကို ၿမိဳ႕ခံ ကူညီကယ္ဆယ္ေရးအဖဲြ႔ေတြက ကူညီေပးေနၾကပါတယ္။ ကယ္ဆယ္ေရး လုပ္ေပးေနသူတဦးက အခုလိုေျပာပါတယ္။

“ကြ်န္ေတာ္တုိ႔မီးေဘးသင္ျပည္သူေတြကို ျမဘယက္သာမေဏေက်ာ္ေက်ာင္း၀င္းရဲ႕ ကြက္လပ္မွာ မီးေဘး ကယ္ဆယ္ေရး စခန္းဖြင့္ထားတယ္။ သူတို႔အတြက္လည္း ေနရာထိုင္ခင္းေတြ စီစဥ္ေပးေနပါတယ္။”

မီးေဘးသင့္ ဒုကၡေရာက္ေနသူေတြအတြက္ ေနရာထိုင္ခင္းနဲ႔ အစားအေသာက္ေတြကို ၿမိဳ႕ခံေတြ ကူညီေပးေနၾကတာပါ။ သူတုိ႔အတြက္ ျခင္ေထာင္နဲ႔ ေစာင္ေတြ အဓိက လိုအပ္ေနတယ္လို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ကလည္း မႏၱေလး ၿမိဳ႕ ၁၁၆ ၅၆ လမ္းနဲ႔ ၅၇ လမ္းၾကားမွာ မီးေလာင္ခ့ဲလို႔ ေနအိမ္ အလံုး ၆၀ နီးပါး မီးေလာင္ ဆံုးရံႈးခဲ့ပါေသးတယ္။ တပတ္အတြင္း ေနအိမ္အမ်ားအျပား မီးေလာင္ကြ်မ္းတာနဲ႔ ပတ္သက္လို႔ မႏၱေလး မီးသတ္ အရာရွိတဦးက အခုလို မွတ္ခ်က္ျပဳပါတယ္။

“ညသန္းေခါင္ေပါ့ လူေတြအိပ္တဲ့အခ်ိန္ ေနာက္တခါ ည ၈ နာရီကေန မနက္ ၄ နာရီအထိ အျပင္မထြက္ရတဲ့ အခ်ိန္မွာျဖစ္တာရယ္။ တခ်ိဳ႕က အင္တာနက္လိုင္းေတြမမိတာရယ္။ တယ္လီဖုန္း အေရးေပၚ မီးၿငိမ္းသတ္ေရး မီးသတ္ဖုန္းနံပါတ္ေတြ မမွတ္ထားတဲ့အတြက္ မ်ားေတာ့မွ ပတ္၀န္းက်င္ကသိၿပီး လွမ္းအေၾကာင္းၾကားမွ မီးသြား ၿငိမ္းရတာတဲ့အတြက္ မီးေလာင္မႈေတြမ်ားေနတာပါ။ ေနာက္တခ်က္က က်ဴးေက်ာ္ေတြ ျဖစ္တဲ့အတြက္ အိမ္ေတြစိပ္ၿပီးေတာ့ မ်ားတာေပါ့။ ေနာက္တခါ အိမ္ေသးေသးေလးေတြနဲ႔ စိပ္စိပ္ေလးေတြဆိုေတာ့ ျဖစ္တာ တခ်ိဳ႕ဟာေတြက မီးသတ္ကား အ၀င္အထြက္လုပ္လို႔ရတဲ့ လမ္းေတြမဟုတ္ဘူး။ တဖက္ပိတ္လမ္းေတြ ျဖစ္တဲ့ အတြက္ အဲ့ဒါေတြေၾကာင္ မီးေလာင္တာေတြ မ်ားသြားတာပါ။ ”

မႏၱေလး ၿမိဳ႕မွာ သီတင္း ၁ ပါတ္အတြင္း မီး ၂ ခါေလာင္တဲ့အတြက္ ေနအိမ္ ၁၅၀ နီးပါး မီးေလာင္ကြ်မ္းခဲ့ၿပီး အိမ္ေထာင္စု ၂၀၀ ေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ေနၾကပါတယ္။

...................................

မႏၱေလးမီးေလာင္တဲ့ေနရာ ေအၿပီလ ၁ ၊ ၂ဝ၂၁
please wait

No media source currently available

0:00 0:02:40 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မန္တလေးမြိ့ ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ် တံခွန်တိုင်ရပ်ကွက်မှာ ဒီကနေ့ ဧပြီလ ၁ ရက် မနက်အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၉၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။ မီးဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု ၁၅၀ ကျော် ဘုန်းကြီးကျောင်းဝန်းတခုမှာ ခိုလှုံနေကြရပြီး မြို့ခံတွေက အစားအသောက် အကူအညီတွေပေးနေကြတဲ့အကြောင်း မန္တလေးက လာတဲ့သတင်းကို မအေးသန္တာကျော်က ဆက်ပြီးပြောပြပါမယ်။

မန္တလေးမြို့က လူနေရပ်ကွက်တခုဖြစ်တဲ့ ပြည်ကြီးတံခွန်မြို့နယ်ထဲက နံသာရပ်မှာ ဒီနေ့ အစောပိုင်းက မီးလောင်ကျွမ်းခဲ့တဲအတွက် အိမ်ခြေ ၉၀ နီးပါး မီးလောင် ဆုံးရှုံးပြီး အိမ်ထောင်စု ၁၅၂ စု မီးဘေးသင့်ခဲ့ကြပါတယ်။ မီးလောင်ကျွမ်းမှုအကြောင်းအရင်းနဲ့ပတ်သက်လို့ မန္တလေးတိုင်း မီးသတ် အရာရှိ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“အိမ်က ၈၀ လောက်လောင်သွားတာပေါ့နော်။ သူတို့ရဲ့ အိမ်အပေါ်ထပ်ကနေ မိန်းခုံကနေ အပူလွန်ကဲပြီး မီးလောင်တာလို့ သိရတာပေါ့။ ဆုံးရှုံးမှုတန်ဖိုးက နှစ်ရာ နှစ်ဆယ့်နှစ် သိန်းငါးသောင်းခန့်ပေါ့။”

မီးသတ်တပ်ဖွဲ့က မီးလောင်ကျွမ်းမှုကို အဆင့် ၃ သတ်မှတ်ခဲ့ပြီး လောင်ကျွမ်းချိန် ၁ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရပါတယ်။ လက်ရှိ မီးဘေးသင့်သူတွေကို မြို့ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကူညီပေးနေကြပါတယ်။ ကယ်ဆယ်ရေး လုပ်ပေးနေသူတဦးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့မီးဘေးသင်ပြည်သူတွေကို မြဘယက်သာမဏေကျော်ကျောင်းဝင်းရဲ့ ကွက်လပ်မှာ မီးဘေး ကယ်ဆယ်ရေး စခန်းဖွင့်ထားတယ်။ သူတို့အတွက်လည်း နေရာထိုင်ခင်းတွေ စီစဉ်ပေးနေပါတယ်။”

မီးဘေးသင့် ဒုက္ခရောက်နေသူတွေအတွက် နေရာထိုင်ခင်းနဲ့ အစားအသောက်တွေကို မြို့ခံတွေ ကူညီပေးနေကြတာပါ။ သူတို့အတွက် ခြင်ထောင်နဲ့ စောင်တွေ အဓိက လိုအပ်နေတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်ကလည်း မန္တလေး မြို့ ၁၁၆ ၅၆ လမ်းနဲ့ ၅၇ လမ်းကြားမှာ မီးလောင်ခဲ့လို့ နေအိမ် အလုံး ၆၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့ပါသေးတယ်။ တပတ်အတွင်း နေအိမ်အများအပြား မီးလောင်ကျွမ်းတာနဲ့ ပတ်သက်လို့ မန္တလေး မီးသတ် အရာရှိတဦးက အခုလို မှတ်ချက်ပြုပါတယ်။

“ညသန်းခေါင်ပေါ့ လူတွေအိပ်တဲ့အချိန် နောက်တခါ ည ၈ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရတဲ့ အချိန်မှာဖြစ်တာရယ်။ တချို့က အင်တာနက်လိုင်းတွေမမိတာရယ်။ တယ်လီဖုန်း အရေးပေါ် မီးငြိမ်းသတ်ရေး မီးသတ်ဖုန်းနံပါတ်တွေ မမှတ်ထားတဲ့အတွက် များတော့မှ ပတ်ဝန်းကျင်ကသိပြီး လှမ်းအကြောင်းကြားမှ မီးသွား ငြိမ်းရတာတဲ့အတွက် မီးလောင်မှုတွေများနေတာပါ။ နောက်တချက်က ကျူးကျော်တွေ ဖြစ်တဲ့အတွက် အိမ်တွေစိပ်ပြီးတော့ များတာပေါ့။ နောက်တခါ အိမ်သေးသေးလေးတွေနဲ့ စိပ်စိပ်လေးတွေဆိုတော့ ဖြစ်တာ တချို့ဟာတွေက မီးသတ်ကား အဝင်အထွက်လုပ်လို့ရတဲ့ လမ်းတွေမဟုတ်ဘူး။ တဖက်ပိတ်လမ်းတွေ ဖြစ်တဲ့ အတွက် အဲ့ဒါတွေကြောင် မီးလောင်တာတွေ များသွားတာပါ။ ”

မန္တလေး မြို့မှာ သီတင်း ၁ ပါတ်အတွင်း မီး ၂ ခါလောင်တဲ့အတွက် နေအိမ် ၁၅၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု ၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG