သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၀၈ အေျခခံဥပေဒစာအုပ္ေတြ မီး႐ိႈ႕ ဆႏၵျပ


ရန္ကုန္ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ၂ဝဝ၈ အေျခခံဥပေဒစာအုပ္မီးရႈိ႔ဆႏၵျပ (Photo by STR / AFP)

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံအႏွံ႔ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ကန္႔ကြက္မႈေတြမွာ ဒီေန႔မွာေတာ့ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒစာအုပ္ေတြကို မီး႐ႈိ႕ ဆႏၵျပၾကပါတယ္။ အဲလုိ ဆႏၵထုတ္ေဖာ္တဲ့ထဲက တစ္ခ်ိဳ႕ၿမိဳ႕နယ္ ေတြမွာဆိုရင္ တပ္ေတြ ပစ္ခတ္ခဲ့တာေၾကာင့္ မႏၱေလးနဲ႔ မွုံရြာၿမိဳ႕နယ္ေတြမွာ ေသဆံုးသူေတြ၊ ထိခိုက္ဒဏ္ရာရသူေတြ႐ွိခဲ့ပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစံုကို မစုျမတ္မြန္ ကဆက္ၿပီးေျပာျပပါမယ္။

ျပည္ေထာင္စုလြတ္ေတာ္ကိုယ္စားကိုယ္စားျပဳေကာ္မတီ CRPH က၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ဖ်က္သိမ္းေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ ဒီေန႔ ႏိုင္ငံအႏွံ႔ ဆႏၵျပပြဲေတြမွာ ဖဲြ႔စည္းပံု အေျခခံဥပေဒစာအုပ္ေတြကို မီး႐ႈိ႕ခဲ့ၾကပါတယ္။

မႏၱေလး ၿမိဳ႕က ဆႏၵျပပဲြေတြအတြင္း စိန္ပန္းလမ္းမႀကီးမွာ အာဏာရွင္ဆန္႔က်င္သူေတြကို စစ္တပ္နဲ႔ ရဲက ပစ္ခတ္ခဲ့ တာေၾကာင့္ နွစ္ဦး ေသဆံုးၿပီး ေလးဦးထက္ မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ မႏၱေလးသပိတ္ ဆႏၵျပရာမွာ ပါဝင္သူတစ္ဦးကေျပာပါတယ္။

“က်ေနာ္တို႔ ကနဦး သတင္းရရွိတာကေတာ့ နွစ္ဦးက်ဆံုးတယ္။ဒဏ္ရာရရွိသူ ေလးဦးရွိတယ္။ အဲဒီနွစ္ဦးက်ဆံုးတဲ့ထဲကေန ေခါင္းပြင့္တဲ့တဦးပါတယ္။ ဒါေပမယ့္ အဲဒီအေလာင္း ကိုေတာ့ စစ္ေကာင္စီဖက္က ယူသြားတယ္။ သိမ္းသြားတယ္။ ေကာက္သြားတာေပါ့ဗ်ာ။”

ဒီေန႔ဆႏၵျပပြဲေတြမွာ ၂၀၀၈ဖြဲ႔စည္းပံု အေျခခံဥပေဒစာအုပ္ကုိ မီးရႈိ႕ၾကတာဟာ ဖြဲ႔စည္းပံုအေျခခံဥပေဒ ဖ်က္သိမ္းတာကို ႀကိဳဆိုေၾကာင္းျပသတာျဖစ္တယ္လို႔ မႏၱေလးသပိတ္ဦးေဆာင္သူ ကိုေတဇာဆန္းက ေျပာပါတယ္။

“ မတ္လ ၃၁ရက္ေန႔မွာပဲ CRPHက ထုတ္ျပန္ခ်က္တစ္ေစာင္ ထုတ္ျပန္လိုက္ပါတယ္။ အဲတာကဘာလဲဆိုေတာ့ ၂၀၀၈ ေျခဥကို အၿပီးသတ္လံုးဝဖ်က္သိမ္းတယ္ဆိုတဲ့အေၾကာင္း ေၾကာျငာ တယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ဒီေန႔ ဧၿပီလ တစ္ရက္ေန႔မွာပဲ က်ေနာ္တို႔ မႏၱေလးၿမိဳ႕ အပါအဝင္ တစ္ႏို္င္ငံလံုး ဆႏၵျပျပည္သူေတြက ဒီ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒ စာအုပ္ႀကီးကို က်ေနာ္တို႔ ျပည္သူေတြကလည္း လံုးဝမလိုလားတာျဖစ္တဲ့အေၾကာင္း မီးရွုိ႕ၿပီးေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ ေနၾကျခင္းျဖစ္ပါတယ္ခင္မ်ာ။”

ဆႏၵျပပြဲ အ႐ွိန္က် မသြားတဲ့ မံု႐ြာၿမိဳ႕မွာလည္း ဖြဲ႔စည္းပံုအေျခခံဥပေဒစာအုပ္ေတြကို မီး႐ႈိ႕ဆႏၵျပၾကပါတယ္။ အဲဒီမွာလည္း တပ္က ပစ္ခတ္ၿဖိဳခြင္းခဲ့တာေၾကာင့္ တစ္ဦးေသဆံုးၿပီး ငါးဦးထက္မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔ မံုရြာပင္မသပိတ္ဦးေဆာင္းေကာ္ မတီဝင္ တစ္ဦးက ေျပာပါတယ္။

“ ဒီေန႔ကေတာ့ က်ေနာ္တို႔ မေန႔က CRPHကိုယ္တိုင္က ၂၀၀၈ ဖြဲ႔စည္းပံုကို အၿပီးသတ္ ဖ်က္သိမ္း ေၾကာင္း ေၾကျငာလိုက္တာကို က်ေနာ္တို႔ ထပ္ၿပီးေတာ့ မီးရွုိ႕တာေတြ လုပ္တာပါခင္မ်ာ။ ပစ္ခတ္မူေတြကေတာ့ မနက္ခင္းအေစာႀကီးကတည္းက ျဖစ္တယ္ေပါ့ေနာ္။ မနက္ ၈ နာရီခြဲေလာက္ကတည္းက သပိတ္စစ္ေၾကာင္း မထြက္ခင္ကတည္းက သူတို႔ကထန္းေတာရပ္ကြက္ထဲကို ဝင္ၿပီးေတာ့ ပစ္ခတ္မူေတြလုပ္တယ္။ အဲမွာရပ္ကြက္သူ ရပ္ကြက္သားေတြကို ပစ္ခတ္တာေတြလုပ္တယ္။အဲလိုလုပ္တဲ့အခါ တစ္ရီေက်ာ္ေလာက္မွာ ေတာ့ ရပ္ကြက္ေနျပည္သူတစ္ဦး က်ဆံုးသြားပါတယ္။ ေခါင္းကို ထိတဲ့ဒဏ္ရာနဲ႔ေပါ့။ စႏိုက္ပါနဲ႔ ပစ္တာလို႔ က်ေနာ္တို႔ သိထားရပါတယ္ခင္မ်ာ။ ထိခိုက္ဒဏ္ရာရတဲ့သူေတြလည္း ေတာ္ေတာ္မ်ားမ်ားရွိပါတယ္ခင္မ်ာ။ ဒီေန႔တစ္ရက္တည္းတင္ က်ေနာ္တို႔ ကိန္းဂဏန္းအတိအက်ေတာ့ မရေသးေပမယ့္ ၅ဦးအထက္မွာ ရွိတယ္ေပါ့ေနာ္။ ”

ဆႏၵျပပြဲေတြကို ေပ်ာက္ၾကားပံုစံလုပ္ေနတဲ့ ရန္ကုန္ၿမိဳ႕မွာလည္း ၂၀၀၈ဖြဲ႔စည္းပံု အေျခခံဥပေဒစာအုပ္ေတြသာမက ႏိုင္ငံအေတာ္အလံကိုပါ မီး႐ႈိ႕ဆႏၵျပတာေတြ ႐ွိတဲ့အေၾကာင္း လူမ်ိဳးေပါင္းစံုအေထြေထြသပိတ္(GSCN) ဦး ေဆာင္ေကာ္မတီဝင္ တစ္ဦးကေျပာပါတယ္။

“ က်ေနာ္တို႔ ႏုိင္ငံေတာ္အလံကိုပါ မီးရွုိ႕မယ္ဘာေၾကာင့္လည္းဆိုေတာ့ ဒီႏုိင္ငံေတာ္ အလံသည္ က်ေနာ္တို႔ တိုင္းျပည္မွာရွိတဲ့ လူမ်ိဳးတိုင္းအားလံုးလိုလားတဲ့ အလံမဟုတ္ဘူး။ က်ေနာ္တို႔ ဧၿပီလ ၁ရက္ေန႔ကေနစၿပီး ႏိုင္ငံသစ္မွာ က်ေနာ္တို႔ အားလံုးလိုလားတဲ့ ႏိုင္ငံေရးအခင္းအက်င္းသစ္ကို သြားဖို႔လိုလားတဲ့အတြက္ ၂၀၀၈ ဖြဲ႔စည္းပံု စစ္အာဏာရွင္ ကေနစခဲ့တဲ့ ႏိုင္ငံေတာ္အလံသည္ က်ေနာ္တို႔ နဲ႔ လံုးဝ မသက္ဆိုင္ေၾကာင္ကို ေဖာ္ျပခ်င္တဲ့ အတြက္ ဒီကမ္ပိန္းကို ျပဳလုပ္ရျခင္းျဖစ္ပါတယ္။ ”

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္အာဏာသိ္မ္းၿပီးေနာက္ပိုင္း စစ္အာဏာ႐ွင္စနစ္ ဆန္႔က်င္တဲ့ ဆႏၵျပမႈေတြကို ျပည္သူေတြက ပံုစံမ်ဳိးစံုနဲ႔ လုပ္ေနၾကတာျဖစ္ပါတယ္။ ဒီဆႏၵျပမႈေတြအေပၚ တပ္ကလည္း ပစ္မွတ္ ႏွိမ္ႏွင္းမႈေတြကို တုိးျမွင့္ လုပ္ေနတဲ့အတြက္ ေသဆံုးသူ ၅၃၀ ထက္ မနည္း႐ွိေနပါၿပီ။

..................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}
မြန်မာနိုင်ငံအနှံ့ စစ်အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်မှုတွေမှာ ဒီနေ့မှာတော့ မြို့တော်တော်များများမှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်တွေကို မီးရှို့ ဆန္ဒပြကြပါတယ်။ အဲလို ဆန္ဒထုတ်ဖော်တဲ့ထဲက တစ်ချို့မြို့နယ် တွေမှာဆိုရင် တပ်တွေ ပစ်ခတ်ခဲ့တာကြောင့် မန္တလေးနဲ့ မှုံရွာမြို့နယ်တွေမှာ သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မစုမြတ်မွန် ကဆက်ပြီးပြောပြပါမယ်။


ပြည်ထောင်စုလွတ်တော်ကိုယ်စားကိုယ်စားပြုကော်မတီ CRPH က၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးနောက် ဒီနေ့ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်တွေကို မီးရှို့ခဲ့ကြပါတယ်။

မန္တလေး မြို့က ဆန္ဒပြပွဲတွေအတွင်း စိန်ပန်းလမ်းမကြီးမှာ အာဏာရှင်ဆန့်ကျင်သူတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ခဲ့ တာကြောင့် နှစ်ဦး သေဆုံးပြီး လေးဦးထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးသပိတ် ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။

“ကျနော်တို့ ကနဦး သတင်းရရှိတာကတော့ နှစ်ဦးကျဆုံးတယ်။ဒဏ်ရာရရှိသူ လေးဦးရှိတယ်။ အဲဒီနှစ်ဦးကျဆုံးတဲ့ထဲကနေ ခေါင်းပွင့်တဲ့တဦးပါတယ်။ ဒါပေမယ့် အဲဒီအလောင်း ကိုတော့ စစ်ကောင်စီဖက်က ယူသွားတယ်။ သိမ်းသွားတယ်။ ကောက်သွားတာပေါ့ဗျာ။”

ဒီနေ့ဆန္ဒပြပွဲတွေမှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို မီးရှို့ကြတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းတာကို ကြိုဆိုကြောင်းပြသတာဖြစ်တယ်လို့ မန္တလေးသပိတ်ဦးဆောင်သူ ကိုတေဇာဆန်းက ပြောပါတယ်။

“ မတ်လ ၃၁ရက်နေ့မှာပဲ CRPHက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲတာကဘာလဲဆိုတော့ ၂၀၀၈ ခြေဥကို အပြီးသတ်လုံးဝဖျက်သိမ်းတယ်ဆိုတဲ့အကြောင်း ကြောငြာ တယ်။ ဒါကြောင့် ကျနော်တို့ ဒီနေ့ ဧပြီလ တစ်ရက်နေ့မှာပဲ ကျနော်တို့ မန္တလေးမြို့ အပါအဝင် တစ်နိုင်ငံလုံး ဆန္ဒပြပြည်သူတွေက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ကြီးကို ကျနော်တို့ ပြည်သူတွေကလည်း လုံးဝမလိုလားတာဖြစ်တဲ့အကြောင်း မီးရှို့ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် နေကြခြင်းဖြစ်ပါတယ်ခင်မျာ။”

ဆန္ဒပြပွဲ အရှိန်ကျ မသွားတဲ့ မုံရွာမြို့မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်တွေကို မီးရှို့ဆန္ဒပြကြပါတယ်။ အဲဒီမှာလည်း တပ်က ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာပင်မသပိတ်ဦးဆောင်းကော် မတီဝင် တစ်ဦးက ပြောပါတယ်။

“ ဒီနေ့ကတော့ ကျနော်တို့ မနေ့က CRPHကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးသတ် ဖျက်သိမ်း ကြောင်း ကြေငြာလိုက်တာကို ကျနော်တို့ ထပ်ပြီးတော့ မီးရှို့တာတွေ လုပ်တာပါခင်မျာ။ ပစ်ခတ်မူတွေကတော့ မနက်ခင်းအစောကြီးကတည်းက ဖြစ်တယ်ပေါ့နော်။ မနက် ၈ နာရီခွဲလောက်ကတည်းက သပိတ်စစ်ကြောင်း မထွက်ခင်ကတည်းက သူတို့ကထန်းတောရပ်ကွက်ထဲကို ဝင်ပြီးတော့ ပစ်ခတ်မူတွေလုပ်တယ်။ အဲမှာရပ်ကွက်သူ ရပ်ကွက်သားတွေကို ပစ်ခတ်တာတွေလုပ်တယ်။အဲလိုလုပ်တဲ့အခါ တစ်ရီကျော်လောက်မှာ တော့ ရပ်ကွက်နေပြည်သူတစ်ဦး ကျဆုံးသွားပါတယ်။ ခေါင်းကို ထိတဲ့ဒဏ်ရာနဲ့ပေါ့။ စနိုက်ပါနဲ့ ပစ်တာလို့ ကျနော်တို့ သိထားရပါတယ်ခင်မျာ။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း တော်တော်များများရှိပါတယ်ခင်မျာ။ ဒီနေ့တစ်ရက်တည်းတင် ကျနော်တို့ ကိန်းဂဏန်းအတိအကျတော့ မရသေးပေမယ့် ၅ဦးအထက်မှာ ရှိတယ်ပေါ့နော်။ ”

ဆန္ဒပြပွဲတွေကို ပျောက်ကြားပုံစံလုပ်နေတဲ့ ရန်ကုန်မြို့မှာလည်း ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်တွေသာမက နိုင်ငံအတော်အလံကိုပါ မီးရှို့ဆန္ဒပြတာတွေ ရှိတဲ့အကြောင်း လူမျိုးပေါင်းစုံအထွေထွေသပိတ်(GSCN) ဦး ဆောင်ကော်မတီဝင် တစ်ဦးကပြောပါတယ်။

“ ကျနော်တို့ နိုင်ငံတော်အလံကိုပါ မီးရှို့မယ်ဘာကြောင့်လည်းဆိုတော့ ဒီနိုင်ငံတော် အလံသည် ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ လူမျိုးတိုင်းအားလုံးလိုလားတဲ့ အလံမဟုတ်ဘူး။ ကျနော်တို့ ဧပြီလ ၁ရက်နေ့ကနေစပြီး နိုင်ငံသစ်မှာ ကျနော်တို့ အားလုံးလိုလားတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ကို သွားဖို့လိုလားတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ စစ်အာဏာရှင် ကနေစခဲ့တဲ့ နိုင်ငံတော်အလံသည် ကျနော်တို့ နဲ့ လုံးဝ မသက်ဆိုင်ကြောင်ကို ဖော်ပြချင်တဲ့ အတွက် ဒီကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ”

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ပြည်သူတွေက ပုံစံမျိုးစုံနဲ့ လုပ်နေကြတာဖြစ်ပါတယ်။ ဒီဆန္ဒပြမှုတွေအပေါ် တပ်ကလည်း ပစ်မှတ် နှိမ်နှင်းမှုတွေကို တိုးမြှင့် လုပ်နေတဲ့အတွက် သေဆုံးသူ ၅၃၀ ထက် မနည်းရှိနေပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG