သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖက္ဆစ္ေတာ္လွန္ေရးေန႔ဆႏၵျပမႈမ်ား ပစ္ခတ္ခံရ ၉၀ ထက္မနည္းေသဆုံး


မတ္လ ၂၇ ရက္ကို ဖက္ဆစ္ေတာ္လွန္ေရးေန႔အျဖစ္ ဆႏၵျပျမင္ကြင္း။

Zawgyi/unicode

ျမန္မာႏုိင္ငံမွာ ဒီကေန႔ မတ္လ ၂၇ ရက္ေန႔မွာ တပ္မေတာ္ေန႔အခမ္းအနား က်င္းပတဲ့ေန႔မွာဘဲ ႏုိင္ငံတ၀ွမ္း စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္ဆႏၵျပၾကသူေတြကုိ အၾကမ္းဖက္ၿဖိဳခြင္းမႈေတြ ျပဳလုပ္ခဲ့တဲ့အတြက္ ဒီေန႔တရက္ထဲမွာတင္ ညေနေစာင္းအထိ လူ ၉၀ ထက္မနည္း ေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္။

အခုခ်ိန္ထိ ေနာက္ဆုံးရရွိတဲ့ စာရင္းေတြအရ ရန္ကုန္တုိင္း၊ ဒလၿမိဳ႕နယ္တခုထဲမွာ မေန႔ညက ေသဆုံးတာအပါအ၀င္ ေသဆုံးသူ ၁၂ ဦးရွိပါတယ္။ မႏၱေလး တၿမိဳ႕မွာ ဒီကေန႔ လူ ၁၀ ဦးထက္မနည္း ေသဆုံးခဲ့သလုိ၊ ျပင္ဦးလြင္မွာ ေသဆုံး သူ ၅ ဦးထက္မနည္း၊ မိတၳီလာမွာ ၄ ဦးထက္မနည္း၊ ပခုကၠဴမွာ ၃ ဦး၊ ရန္ကုန္ အင္းစိန္မွာ ၃ ဦးထက္နည္းနဲ႔ ရန္ကုန္တုိင္းအတြင္းက တျခားၿမိဳ႕ေတြမွာလည္း ေသဆုံးသူေတြ ရွိခဲ့ပါတယ္။ ဒါ့အျပင္ မုိးကုတ္မွာ ၂ ဦးထက္မနည္း၊ ပုသိမ္မွာ ၂ ဦးထက္မနည္း၊ ေက်ာက္ပန္းေတာင္းမွာ ၂ ႏုိင္ငံတ၀န္းက ၿမိဳ႕နယ္ေပါင္း အနည္းဆုံး ၂၃ ၿမိဳ႕နယ္မွာ ေသဆုံးသူေတြ ရွိေနပါတယ္။

ဆုံးသူေတြထဲ အသက္မျပည့္ေသးတဲ့ ၁၃ ႏွစ္၊ ၁၄ ႏွစ္အရြယ္ လူငယ္ေတြပါ ပါပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ သူ႔သားေလး ေသသြားလုိ႔ ပူေဆြး ေသာကေရာက္ေနတဲ့ ဖခင္ျဖစ္သူတဦးရဲ႕ အသံျဖစ္ပါတယ္။ ဒီကေန႔ အၾကမ္းဖက္ ပစ္ခတ္မႈေတြထဲ အသက္ ၁ ႏွစ္အရြယ္ ကေလးငယ္ေလးတဦးလည္း မ်က္လုံးကုိ ရာဘာက်ည္ဆန္ ထိမွန္သြားတယ္လုိ႔ သိရပါတယ္။

ဒီကေန႔ ေသဆုံးသူ အေရအတြက္ဟာ စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္ဆႏၵျပသူေတြကုိ လက္နက္ကုိင္တပ္ဖြဲ႔ေတြက အၾကမ္းဖက္ ၿဖိဳခြင္းခဲ့တဲ့အထဲ အေသအေပ်ာက္အမ်ားဆုံးေန႔လည္း ျဖစ္ပါတယ္။

ဆႏၵျပသူ လူငယ္ေတြအေနနဲ႔ ေနာက္ေစ့နဲ႔ ေနာက္ေက်ာကုိ ပစ္ခတ္ခံရၿပီး အသက္ဆုံးရႈံးရႏုိင္တယ္ဆုိတဲ့ သတိေပး ေၾကညာခ်က္ေတြ ျမန္မာ့ရုပ္ျမင္သံၾကားက ေသာၾကာေန႔မွာ ထုတ္လႊင့္ ေျပာဆုိအၿပီး ေနာက္ေန႔မွာ အခုလုိ ပစ္ခတ္ ၿဖိဳခြင္းမႈေတြ အရွိန္ျမင့္ ျဖစ္ေပၚလာတာပါ။

တိုက္႐ိုက္ လင့္ခ္


Unicode

မြန်မာနိုင်ငံမှာ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ တပ်မတော်နေ့အခမ်းအနား ကျင်းပတဲ့နေ့မှာဘဲ နိုင်ငံတဝှမ်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒီနေ့တရက်ထဲမှာတင် ညနေစောင်းအထိ လူ ၉၀ ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အခုချိန်ထိ နောက်ဆုံးရရှိတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်း၊ ဒလမြို့နယ်တခုထဲမှာ မနေ့ညက သေဆုံးတာအပါအဝင် သေဆုံးသူ ၁၂ ဦးရှိပါတယ်။ မန္တလေး တမြို့မှာ ဒီကနေ့ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သလို၊ ပြင်ဦးလွင်မှာ သေဆုံး သူ ၅ ဦးထက်မနည်း၊ မိတ္ထီလာမှာ ၄ ဦးထက်မနည်း၊ ပခုက္ကူမှာ ၃ ဦး၊ ရန်ကုန် အင်းစိန်မှာ ၃ ဦးထက်နည်းနဲ့ ရန်ကုန်တိုင်းအတွင်းက တခြားမြို့တွေမှာလည်း သေဆုံးသူတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် မိုးကုတ်မှာ ၂ ဦးထက်မနည်း၊ ပုသိမ်မှာ ၂ ဦးထက်မနည်း၊ ကျောက်ပန်းတောင်းမှာ ၂ နိုင်ငံတဝန်းက မြို့နယ်ပေါင်း အနည်းဆုံး ၂၃ မြို့နယ်မှာ သေဆုံးသူတွေ ရှိနေပါတယ်။

ဆုံးသူတွေထဲ အသက်မပြည့်သေးတဲ့ ၁၃ နှစ်၊ ၁၄ နှစ်အရွယ် လူငယ်တွေပါ ပါပါတယ်။

ဆယ်ကျော်သက်အရွယ် သူ့သားလေး သေသွားလို့ ပူဆွေး သောကရောက်နေတဲ့ ဖခင်ဖြစ်သူတဦးရဲ့ အသံဖြစ်ပါတယ်။ ဒီကနေ့ အကြမ်းဖက် ပစ်ခတ်မှုတွေထဲ အသက် ၁ နှစ်အရွယ် ကလေးငယ်လေးတဦးလည်း မျက်လုံးကို ရာဘာကျည်ဆန် ထိမှန်သွားတယ်လို့ သိရပါတယ်။

ဒီကနေ့ သေဆုံးသူ အရေအတွက်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အထဲ အသေအပျောက်အများဆုံးနေ့လည်း ဖြစ်ပါတယ်။

ဆန္ဒပြသူ လူငယ်တွေအနေနဲ့ နောက်စေ့နဲ့ နောက်ကျောကို ပစ်ခတ်ခံရပြီး အသက်ဆုံးရှုံးရနိုင်တယ်ဆိုတဲ့ သတိပေး ကြေညာချက်တွေ မြန်မာ့ရုပ်မြင်သံကြားက သောကြာနေ့မှာ ထုတ်လွှင့် ပြောဆိုအပြီး နောက်နေ့မှာ အခုလို ပစ်ခတ် ဖြိုခွင်းမှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာတာပါ။

#MyanmarMilitaryCoup #MyanamrProtest #RevolutionDay #ArmedForceDay #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG