သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဆႏၵျပသူေတြ ထိပ္တိုက္မေတြ႔ေအာင္ေရွာင္ၿပီး ဆႏၵဆက္ျပဆဲ


ေတာင္ဥကၠလာပဆႏၵျပ (၂ဝ၂၁၊ ေအၿပီလ၊၀၁)

{{Zawgyi/Unicode}}

ရန္ကုန္ၿမိဳ႕က ေႏြဦးေတာ္လွန္ေရး ဆႏၵျပသပိတ္ေတြ အခ်ိန္ကာလ ၂ လေက်ာ္လာခ်ိန္အထိ အားေကာင္းေနဆဲပါ။ ဆႏၵျပသူေတြကို လက္နက္ကိုင္ေတြဘက္က အၾကမ္းဖက္ဖိႏွိပ္တာေတြေၾကာင့္ ျပည္သူေတြဘက္က ထိပ္တိုက္မေတြ႕ေတာ့သလို လက္နက္ကိုင္ေတြဘက္ကလည္း ကင္းပုန္းေစာင့္ ေျခာက္လွန႔္တာေတြ ရွိေနပါတယ္။ ဒါေပမဲ့လည္း အာဏာရွင္စနစ္ က်ဆုံးေရးအတြက္ ရတဲ့နည္းနဲ႔ ဆန႔္က်င္ေနၾကတဲ့ ရန္ကုန္ကလာတဲ့ သပိတ္အေျခအေနေတြကို မဆုမြန္က ေျပာျပပါမယ္။

ေဖေဖာ္ဝါရီလ ၁ရက္ေန႔ကစၿပီး စစ္ေကာင္စီက အာဏာသိမ္းခဲ့တာ အခ်ိန္ကာလ ၂ လျပည့္ၿပီး ေက်ာ္လြန္လာခ်ိန္အထိ စစ္အာဏာသိမ္းတာကို ဆန႔္က်င္ကန႔္ကြက္ေနၾကဆဲပါ။ ရန္ကုန္ၿမိဳ႕က ဆႏၵျပသပိတ္ေတြကို လက္နက္သုံး အၾကမ္းဖက္ပစ္ခတ္ ၿဖိဳခြဲတာေတြေၾကာင့္ ထိခိုက္ဒဏ္ရာရသူေတြနဲ႔ ေသဆုံးသူေတြရွိခဲ့ၿပီးတဲ့ေနာက္ ဆႏၵျပသူေတြဟာ ခံတပ္အခိုင္အမာနဲ႔ ဆက္ၿပီး အံတုခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း အဲဒီခံတပ္ေတြကို လက္နက္ႀကီးသုံးၿဖိဳခြဲတာနဲ႔ မီးရႈိ႕ဖ်က္ဆီးတဲ့ ျဖစ္စဥ္ေတြလည္း ရွိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ျပည္သူေတြဘက္က စစ္တပ္နဲ႔ ရဲေတြကို ထိပ္တိုက္မေတြ႕ေတာ့ဘဲ ရတဲ့နည္းနဲ႔ ပုံစံမ်ိဳးစုံဆႏၵ ဆက္ျပခဲ့ၾကပါတယ္။

ဒီကေန႔မွာေတာ့ သာေကတၿမိဳ႕နယ္တြင္းက ဆႏၵျပသပိတ္ေတြ မစတင္ခင္မွာ လက္နက္ကိုင္အင္အားျပတာေတြ ရွိခဲ့လို႔ ျပည္သူေတြက ေရွာင္တိမ္းခဲ့ၾကပါတယ္။ လမ္းေတြထဲဝင္လာၿပီး ကာရံထားတဲ့ အတားအဆီးေတြကို ေ႐ႊ႕ေပးဖို႔ အႏုနည္းသုံးေျပာတာေတြ ရွိလာတယ္လို႔ ရပ္ကြက္ေနျပည္သူတဦးက VOA ကိုေျပာပါတယ္။

"ရပ္ကြက္ထဲကို ဝင္လာတယ္။ ျပည္သူေတြကို မေၾကာက္ပါနဲ႔ေပါ့ေနာ္။ ညီေလးတို႔ မင္းတို႔မေၾကာက္နဲ႔၊ မင္းတို႔ကို ငါတို႔က မပစ္ဘူးေပါ့။ အဲလိုမ်ိဳးေတြ ေျပာလာတယ္။ ျပည္သူေတြကိုလည္း သူတို႔သြားတဲ့လမ္းမွာ ေတြ႕ရင္ မေၾကာက္ပါနဲ႔၊ မေျပးပါနဲ႔ေပါ့ေနာ္၊ သူတို႔ဘာမွ မလုပ္ပါဘူးေပါ့။ ဒီတံခါးေတြကို မီးေရးထင္းေရးအတြက္ မီးသတ္ကားေတြ ဝင္တာ ထြက္တာ အခက္အခဲရွိတယ္ေပါ့။ အဲေတာ့ ဒီတံခါးေတြကို မပိတ္ထားပါနဲ႔၊ ျဖဳတ္ထားပါေပါ့၊ မင္းတို႔ကို မပစ္ပါဘူး၊ အဲလိုမ်ိဳးေပါ့ ... နည္းနည္း ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းေပါ့ေနာ့္၊ သူတို႔ဘက္က ဆက္ဆံတယ္။ ဒါေပမဲ့ ျပည္သူေတြကေတာ့ ဒီအတိုင္းပဲေလ၊ သူတို႔အေပၚမွာ မေျပာင္းလဲဘူး။"

လူမဲ့သပိတ္၊ အ႐ုဏ္ဦးသပိတ္ အပါအဝင္ ရန္ကုန္ၿမိဳ႕က ေနရာတခ်ိဳ႕မွာလည္း ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ စာအုပ္ကို မီးရႈိ႕ဖ်က္စီးတဲ့ သပိတ္ကို ျပဳလုပ္ခဲ့ၾကပါတယ္။ ၿမိဳ႕ထဲလမ္းေတြေပၚစစ္ကားေတြ လွည့္လည္ၾကသလို ရပ္ကြက္ေတြထဲ စစ္သားနဲ႔ ရဲေတြ လက္နက္ကိုင္ခ်ီတက္တာေတြေၾကာင့္ ျပည္သူေတြ အိမ္ျပင္မထြက္ရဲဘဲ ရွိေနတယ္လို႔ ဗဟန္းၿမိဳ႕ေနျပည္သူတဦးက VOA ကိုေျပာပါတယ္။

"မနက္က အေစာႀကီးတုန္းကေတာ့ ဗဟန္းဘက္မွာ စစ္ကားေတြ အစီး ၂၀ ေလာက္ ေစာင့္တယ္။ မေန႔က ျဖစ္သြားတဲ့ Case ေၾကာင့္လို႔ ေျပာတယ္။ မေန႔က ကိုရီးယားဘဏ္ အႀကိဳ အပို႔ကားကို ဦးခ်စ္ေမာင္အိမ္ယာေရွ႕မွာ ေသနတ္နဲ႔ ပစ္ခံလိုက္ရတယ္။ BBM တက္ေနတဲ့ ေကာင္မေလးတေယာက္ ထိသြားတယ္လို႔ ေျပာတယ္ေလ။ အဲဒီ Case ေၾကာင့္ အစ္မတို႔ ဒီလမ္းထိပ္ေတာက္ေလွ်ာက္မွာ စစ္ကား အစီး ၂၀ နဲ႔ စစ္သား ၇၀ ေလာက္ မနက္ပိုင္းတပိုင္း ေလွ်ာက္တယ္။ မနက္ပိုင္းရဲ႕အရွိန္နဲ႔ ညေနပိုင္းေတာ့ ၿငိမ္ေနတယ္။"

မေန႔က ည ၂နာရီဝန္းက်င္မွာ မရမ္းကုန္းၿမိဳ႕နယ္၊ ကမာၻေအးနားက Gandamar Wholesale နဲ႔ ပန္းဆိုးတန္းက Ruby Mart မီးေလာင္မႈျဖစ္ခဲ့ၿပီး အဓိကအေၾကာင္းအရင္းကိုေတာ့ မသိရေသးပါဘူး။ ျဖစ္စဥ္ျဖစ္ပြားခ်ိန္ဟာ စစ္ေကာင္စီက ညမထြက္ရအမိန႔္ ထုတ္ထားလို႔ ျပည္သူလူထု အိမ္ျပင္ထြက္မရတဲ့ အခ်ိန္မွာ ျဖစ္ခဲ့တာပါ။

စစ္တပ္နဲ႔ ရဲက ဆႏၵျပသူေတြအေပၚအၾကမ္းဖက္ပစ္ခတ္လို႔ အာဏာသိမ္းၿပီး ၂ လတာ ကာလအတြင္းမွာ ေသဆုံးသူ ၅၃၆ ဦးရွိသြားၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPPB ရဲ႕ မတ္လ ၃၁ ရက္အထိ စာရင္းမွာ ေဖာ္ျပထားပါတယ္။ ဒီအေရအတြက္ဟာ AAPPB က ေကာက္ယူရရွိထားတဲ့ ေသဆုံးသူအေရအတြက္ျဖစ္ၿပီး စစ္ေကာင္စီရဲ႕ အၾကမ္းဖက္မႈေၾကာင့္ ေသဆုံးခဲ့ရသူေတြဟာ ဒီထက္မကရွိႏိုင္တယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ႀကိဳးမဲ့ Broadband အင္တာနက္ဆက္သြယ္မႈေတြကို ဒီေန႔ညကစၿပီး ေတာ့ အကန္႔အသတ္မ႐ွိပိတ္ထားဖုိ႔ အာဏာပိုင္ေတြရဲ႕ ညႊန္ၾကားခ်က္ရ႐ွိထားတယ္လို႔ ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္းမွာ လုပ္ေနသူေတြက အတည္ျပဳပါတယ္။ လက္ကိုင္ဖုန္းေပၚကေန အင္တာနက္သံုးႏုိင္တဲ့ WiFi နဲ႔ Mobile data အင္တာနက္ဆက္သြယ္မႈေတြကိုလည္း စစ္အာဏာသိမ္းၿပီးထဲက ပိတ္ပင္ထားပါတယ္။"

...........................

ေတာင္ဥကၠလာပဆႏၵျပ (၂ဝ၂၁၊ ေအၿပီလ၊၀၁)
please wait

No media source currently available

0:00 0:03:36 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရန်ကုန်မြို့က နွေဦးတော်လှန်ရေး ဆန္ဒပြသပိတ်တွေ အချိန်ကာလ ၂ လကျော်လာချိန်အထိ အားကောင်းနေဆဲပါ။ ဆန္ဒပြသူတွေကို လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ဖိနှိပ်တာတွေကြောင့် ပြည်သူတွေဘက်က ထိပ်တိုက်မတွေ့တော့သလို လက်နက်ကိုင်တွေဘက်ကလည်း ကင်းပုန်းစောင့် ခြောက်လှန့်တာတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း အာဏာရှင်စနစ် ကျဆုံးရေးအတွက် ရတဲ့နည်းနဲ့ ဆန့်ကျင်နေကြတဲ့ ရန်ကုန်ကလာတဲ့ သပိတ်အခြေအနေတွေကို မဆုမွန်က ပြောပြပါမယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး စစ်ကောင်စီက အာဏာသိမ်းခဲ့တာ အချိန်ကာလ ၂ လပြည့်ပြီး ကျော်လွန်လာချိန်အထိ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်နေကြဆဲပါ။ ရန်ကုန်မြို့က ဆန္ဒပြသပိတ်တွေကို လက်နက်သုံး အကြမ်းဖက်ပစ်ခတ် ဖြိုခွဲတာတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရှိခဲ့ပြီးတဲ့နောက် ဆန္ဒပြသူတွေဟာ ခံတပ်အခိုင်အမာနဲ့ ဆက်ပြီး အံတုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အဲဒီခံတပ်တွေကို လက်နက်ကြီးသုံးဖြိုခွဲတာနဲ့ မီးရှို့ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြည်သူတွေဘက်က စစ်တပ်နဲ့ ရဲတွေကို ထိပ်တိုက်မတွေ့တော့ဘဲ ရတဲ့နည်းနဲ့ ပုံစံမျိုးစုံဆန္ဒ ဆက်ပြခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ သာကေတမြို့နယ်တွင်းက ဆန္ဒပြသပိတ်တွေ မစတင်ခင်မှာ လက်နက်ကိုင်အင်အားပြတာတွေ ရှိခဲ့လို့ ပြည်သူတွေက ရှောင်တိမ်းခဲ့ကြပါတယ်။ လမ်းတွေထဲဝင်လာပြီး ကာရံထားတဲ့ အတားအဆီးတွေကို ရွှေ့ပေးဖို့ အနုနည်းသုံးပြောတာတွေ ရှိလာတယ်လို့ ရပ်ကွက်နေပြည်သူတဦးက VOA ကိုပြောပါတယ်။

"ရပ်ကွက်ထဲကို ဝင်လာတယ်။ ပြည်သူတွေကို မကြောက်ပါနဲ့ပေါ့နော်။ ညီလေးတို့ မင်းတို့မကြောက်နဲ့၊ မင်းတို့ကို ငါတို့က မပစ်ဘူးပေါ့။ အဲလိုမျိုးတွေ ပြောလာတယ်။ ပြည်သူတွေကိုလည်း သူတို့သွားတဲ့လမ်းမှာ တွေ့ရင် မကြောက်ပါနဲ့၊ မပြေးပါနဲ့ပေါ့နော်၊ သူတို့ဘာမှ မလုပ်ပါဘူးပေါ့။ ဒီတံခါးတွေကို မီးရေးထင်းရေးအတွက် မီးသတ်ကားတွေ ဝင်တာ ထွက်တာ အခက်အခဲရှိတယ်ပေါ့။ အဲတော့ ဒီတံခါးတွေကို မပိတ်ထားပါနဲ့၊ ဖြုတ်ထားပါပေါ့၊ မင်းတို့ကို မပစ်ပါဘူး၊ အဲလိုမျိုးပေါ့ ... နည်းနည်း ပျော့ပျော့ပျောင်းပျောင်းပေါ့နော့်၊ သူတို့ဘက်က ဆက်ဆံတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ ဒီအတိုင်းပဲလေ၊ သူတို့အပေါ်မှာ မပြောင်းလဲဘူး။"


လူမဲ့သပိတ်၊ အရုဏ်ဦးသပိတ် အပါအဝင် ရန်ကုန်မြို့က နေရာတချို့မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ကို မီးရှို့ဖျက်စီးတဲ့ သပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ မြို့ထဲလမ်းတွေပေါ် စစ်ကားတွေ လှည့်လည်ကြသလို ရပ်ကွက်တွေထဲ စစ်သားနဲ့ ရဲတွေ လက်နက်ကိုင်ချီတက်တာတွေကြောင့် ပြည်သူတွေ အိမ်ပြင်မထွက်ရဲဘဲ ရှိနေတယ်လို့ ဗဟန်းမြို့နေပြည်သူတဦးက VOA ကိုပြောပါတယ်။

"မနက်က အစောကြီးတုန်းကတော့ ဗဟန်းဘက်မှာ စစ်ကားတွေ အစီး ၂၀ လောက် စောင့်တယ်။ မနေ့က ဖြစ်သွားတဲ့ Case ကြောင့်လို့ ပြောတယ်။ မနေ့က ကိုရီးယားဘဏ် အကြို အပို့ကားကို ဦးချစ်မောင်အိမ်ယာရှေ့မှာ သေနတ်နဲ့ ပစ်ခံလိုက်ရတယ်။ BBM တက်နေတဲ့ ကောင်မလေးတယောက် ထိသွားတယ်လို့ ပြောတယ်လေ။ အဲဒီ Case ကြောင့် အစ်မတို့ ဒီလမ်းထိပ်တောက်လျှောက်မှာ စစ်ကား အစီး ၂၀ နဲ့ စစ်သား ၇၀ လောက် မနက်ပိုင်းတပိုင်း လျှောက်တယ်။ မနက်ပိုင်းရဲ့အရှိန်နဲ့ ညနေပိုင်းတော့ ငြိမ်နေတယ်။"

မနေ့က ည ၂နာရီဝန်းကျင်မှာ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးနားက Gandamar Wholesale နဲ့ ပန်းဆိုးတန်းက Ruby Mart မီးလောင်မှုဖြစ်ခဲ့ပြီး အဓိကအကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ ဖြစ်စဉ်ဖြစ်ပွားချိန်ဟာ စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ထားလို့ ပြည်သူလူထု အိမ်ပြင်ထွက်မရတဲ့ အချိန်မှာ ဖြစ်ခဲ့တာပါ။
စစ်တပ်နဲ့ ရဲက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ပစ်ခတ်လို့ အာဏာသိမ်းပြီး ၂ လတာ ကာလအတွင်းမှာ သေဆုံးသူ ၅၃၆ ဦးရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ မတ်လ ၃၁ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ AAPPB က ကောက်ယူရရှိထားတဲ့ သေဆုံးသူအရေအတွက်ဖြစ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသူတွေဟာ ဒီထက်မကရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ကြိုးမဲ့ Broadband အင်တာနက်ဆက်သွယ်မှုတွေကို ဒီနေ့ညကစပြီး တော့ အကန့်အသတ်မရှိပိတ်ထားဖို့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်ရရှိထားတယ်လို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှာ လုပ်နေသူတွေက အတည်ပြုပါတယ်။ လက်ကိုင်ဖုန်းပေါ်ကနေ အင်တာနက်သုံးနိုင်တဲ့ WiFi နဲ့ Mobile data အင်တာနက်ဆက်သွယ်မှုတွေကိုလည်း စစ်အာဏာသိမ်းပြီးထဲက ပိတ်ပင်ထားပါတယ်။"

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG