သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ မိုဘိုင္းအင္တာနက္လိုင္းအားလံုး ယာယီ ပိတ္လိုက္ၿပီ


မွတ္တမ္းဓါတ္ပံု - ၂၀၁၈ ၾသဂုတ္ ၃၁ ရက္ေန႔က မိုဘိုင္းဖုန္း ေဒတာနဲ႔ အင္တာနက္သံုးေနသူမ်ား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ မိုဘိုင္းဖုန္း ေဒတာနဲ႔ အင္တာနက္လိုင္းေတြကို ဧၿပီလ(၂)ရက္ေန႔ကစလို႔ ယာယီ ပိတ္ထားဖို႔ အာဏာသိမ္းေကာင္စီက ၫႊန္ၾကား လိုက္ပါတယ္။ ေသာၾကာေန႔ မနက္(၁)နာရီကစၿပီး မိုဘိုင္းဖုန္း အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားဖို႔ ၫႊန္ၾကားလိုက္တာပါ။

ျမန္မာႏိုင္ငံက မိုးဘိုင္းဖုန္း ကုမၸဏီႀကီးတခုျဖစ္တဲ့ Ooredoo ကေတာ့ သူ႔ဝန္ေဆာင္မႈကို သုံးစဲြေနသူေတြထံ ဧၿပီ(၁)ရက္ေန႔က စာေရးသား အေၾကာင္းၾကားရာမွာ သယ္ယူပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန (ေနျပည္ေတာ္)က Ooredoo ဆီ ၫႊန္ၾကားခ်က္တေစာင္ ေပးပို႔ခဲ့ေၾကာင္း ၊ အဲဒီစာထဲမွာ ဧၿပီ(၂)ရက္ေန႔ မနက္ေစာ (၁)နာရီကေန မနက္(၉)နာရီအထိ အင္တာနက္လိုင္း အားလုံးကို ျဖတ္ေတာက္ထားဖို႔နဲ႔ အထူးသျဖင့္ မိုဘိုင္းအင္တာနက္ေတြကို ေနာက္ထပ္ ၫႊန္ၾကားခ်က္ မေပးမခ်င္း ယာယီ ျဖတ္ေတာက္ထားဖို႔ ၫႊန္ၾကားထားေၾကာင္း ေဖၚျပပါတယ္။

အခုလို အင္တာနက္ ျဖတ္ေတာက္မယ့္အထဲမွာ ေကဘယ္ၾကဳိးနဲ႔ အိမ္ေတြကို ဆက္သြယ္ထားတဲ့ အင္တာနက္လိုင္းတခ်ဳိ႕ကေတာ့ သုံးစဲြခြင့္ ဆက္ရွိေနဦးမွာ ျဖစ္တယ္လို႔ ရန္ကုန္ျမဳိ႕ခံ အင္တာနက္ သုံးစဲြသူတဦးက ေျပာပါတယ္။

"ဖုန္း အင္တာနက္ Wifi ေတြ သုံးမရေတာ့ဘူး ။ အိမ္ေတြမွာ သြယ္ထားတဲ့ ဖိုင္ဘာ လိုင္းေတြပဲ သုံးလို႔ ရေတာ့မယ္။ ခုလို လုပ္တာက သတင္းစီးဆင္းမႈ ျဖတ္ေတာက္ဖို႔ပဲလို႔ ထင္တယ္။ အဲလို ျဖတ္ေတာက္ၿပီး ဆိတ္ကြယ္ရာမွာ သူတို႔လုပ္ခ်င္ရာ လုပ္လို႔ရေအာင္ ျဖတ္တယ္လို႔ ထင္ပါတယ္။"

ျမန္မာႏိ္ုင္ငံမွာ သတ္မွတ္ျပဌာန္းထားတဲ့ ဆက္သြယ္ေရး ဥပေဒေတြအတိုင္း လိုက္နာေဆာင္ရြက္ရတဲ့အတြက္ သံုးစြဲသူေတြအတြက္ အဆင္ မေျပျဖစ္သြားရတာကို စိတ္မေကာင္း ျဖစ္ရေၾကာင္း Ooredoo မိုဘိုင္းဖုန္းဝန္ေဆာင္မႈ ကုမၸဏီက ေရးတဲ့စာမွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မြန်မာနိုင်ငံမှာ မိုဘိုင်းအင်တာနက်လိုင်းအားလုံး ယာယီ ပိတ်လိုက်ပြီ
(Unicode)

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဒေတာနဲ့ အင်တာနက်လိုင်းတွေကို ဧပြီလ(၂)ရက်နေ့ကစလို့ ယာယီ ပိတ်ထားဖို့ အာဏာသိမ်းကောင်စီက ညွှန်ကြား လိုက်ပါတယ်။ သောကြာနေ့ မနက်(၁)နာရီကစပြီး မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားဖို့ ညွှန်ကြားလိုက်တာပါ။

မြန်မာနိုင်ငံက မိုးဘိုင်းဖုန်း ကုမ္ပဏီကြီးတခုဖြစ်တဲ့ Ooredoo ကတော့ သူ့ဝန်ဆောင်မှုကို သုံးစွဲနေသူတွေထံ ဧပြီ(၁)ရက်နေ့က စာရေးသား အကြောင်းကြားရာမှာ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန (နေပြည်တော်)က Ooredoo ဆီ ညွှန်ကြားချက်တစောင် ပေးပို့ခဲ့ကြောင်း ၊ အဲဒီစာထဲမှာ ဧပြီ(၂)ရက်နေ့ မနက်စော (၁)နာရီကနေ မနက်(၉)နာရီအထိ အင်တာနက်လိုင်း အားလုံးကို ဖြတ်တောက်ထားဖို့နဲ့ အထူးသဖြင့် မိုဘိုင်းအင်တာနက်တွေကို နောက်ထပ် ညွှန်ကြားချက် မပေးမချင်း ယာယီ ဖြတ်တောက်ထားဖို့ ညွှန်ကြားထားကြောင်း ဖေါ်ပြပါတယ်။

အခုလို အင်တာနက် ဖြတ်တောက်မယ့်အထဲမှာ ကေဘယ်ကြိုးနဲ့ အိမ်တွေကို ဆက်သွယ်ထားတဲ့ အင်တာနက်လိုင်းတချို့ကတော့ သုံးစွဲခွင့် ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ခံ အင်တာနက် သုံးစွဲသူတဦးက ပြောပါတယ်။

"ဖုန်း အင်တာနက် Wifi တွေ သုံးမရတော့ဘူး ။ အိမ်တွေမှာ သွယ်ထားတဲ့ ဖိုင်ဘာ လိုင်းတွေပဲ သုံးလို့ ရတော့မယ်။ ခုလို လုပ်တာက သတင်းစီးဆင်းမှု ဖြတ်တောက်ဖို့ပဲလို့ ထင်တယ်။ အဲလို ဖြတ်တောက်ပြီး ဆိတ်ကွယ်ရာမှာ သူတို့လုပ်ချင်ရာ လုပ်လို့ရအောင် ဖြတ်တယ်လို့ ထင်ပါတယ်။"

မြန်မာနိုင်ငံမှာ သတ်မှတ်ပြဌာန်းထားတဲ့ ဆက်သွယ်ရေး ဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်ရတဲ့အတွက် သုံးစွဲသူတွေအတွက် အဆင် မပြေဖြစ်သွားရတာကို စိတ်မကောင်း ဖြစ်ရကြောင်း Ooredoo မိုဘိုင်းဖုန်းဝန်ဆောင်မှု ကုမ္ပဏီက ရေးတဲ့စာမှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG