သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပူတာအိုမွာ အဖမ္းအဆီးၾကမ္းလို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရ


ပူတာအိုဆႏၵျပပြဲျမင္ကြင္းတစ္ခု။ (ဓာတ္ပံု - ဥာဏ္ထြန္း၊ ပူတာအို ေရႊလမင္းကေဖး)

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ ပူတာအိုၿမိဳ႔မွာ ဆႏၵျပ လူငယ္ေတြ၊ CDM မွာ ပါ၀င္တဲ့ ၀န္ထမ္းေတြကို အိမ္တိုင္ရာေရာက္ လုိက္လံဖမ္းဆီးေနတာေၾကာင့္ ရာနဲ႔ခ်ီတဲ့ ေဒသခံေတြဟာ ေတာေတာင္ေတြထဲမွာ တိမ္းေရွာင္ပုန္းေအာင္း ေနရပါတယ္။

ဒီလိုအဖမ္းအဆီးသတင္းေၾကာင့္ မခ်မ္းေဘာနဲ႔ ေနာင္မြန္းၿမိဳ႕ေတြဘက္မွာလည္း CDM ၀န္ထမ္းေတြ တိမ္းေရွာင္ေနၾကရပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏုိင္ကေျပာျပပါမယ္။

ျမန္မာႏိုင္ငံ ေျမာက္ဖ်ားက ကခ်င္ျပည္နယ္ ပူတာအုိၿမိဳ႔မွာ စစ္တပ္က အာဏာသိမ္းခဲ့တာကို ဆန္႔က်င္တဲ့အေနနဲ႔ ေဖေဖာ္၀ါရီလ ၅ ရက္ေန႔ထဲကစၿပီး သံပံုးတီးကန္႔ကြက္ခဲ့ၾကၿပီး ေဖေဖာ္၀ါရီလ ၈ ရက္ေန႔မွာေတာ့ လမ္းေပၚထြက္ ဆႏၵျပခဲ့သလို ၀န္ထမ္းေတြကလည္း ႐ံုးမတက္ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္႐ွားမႈမွာ ပါဝင္ ဆႏၵျပတာေတြကို ဆက္တိုက္ေဆာင္ရြက္ခဲ့ၾကတာပါ။

ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ကစၿပီး ဆႏၵျပေခါင္းေဆာင္ေတြ၊ CDM လႈပ္႐ွားသူေတြကို အာဏာပိုင္ေတြက အိမ္တိုင္ရာေရာက္ လိုက္လံ ဖမ္းဆီးေနတဲ့အတြက္ ေတာ္ေတာ္မ်ားမ်ား ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရတယ္လို႔ ပူတာအို ေဒသခံက VOA ကို ေျပာပါတယ္။

“အဲဒီ ဆႏၵျပတဲ့အထဲမွာ စပီကာကိုင္ၿပီးမွ ေအာ္တဲ့ကေလးေတြကို အိမ္တိုင္ရာေရာက္ ဖမ္းတာေလ။ CDM လုပ္တဲ့ ကေလးေတြကို ဖမ္းတာကေတာ့ စစ္ေတြ၊ ရဲေတြပဲ ဖမ္းတာမဟုတ္ဘဲနဲ႔ ကေလးေတြကို ကာကြယ္ေပးမယ့္ လူၾကီးေတြက၊ ရြာလူၾကီးေတြေပ့ါေနာ္၊ သူတုိ႔က အိမ္မသိတဲ့လူေတြကိုလည္း အိမ္ေတြေျပာျပၿပီးမွ အဲလို ဖမ္းတာေပါ့။ အဲဒါေၾကာင့္ ကေလးေတြက ေတာေတြမွာပဲ ခုိၿပီးမွေလ အိမ္မွာေတာင္ မေနၾကဘူး။ အဲဒါမ်ိဳး ျဖစ္ေနၾကတာ။ မဲရံုးမွဴးေတြလည္း အဲလိုမ်ိဳး၊ ေက်ာင္းဆရာ၊ ဆရာမေတြပါတာေလ အဲဒီအဖဲြ႔ေတြလည္း ေတာ္ေတာ္ေလး ပုန္းေနၾကတယ္။ လံုး၀ လူေတြနဲ႔ေတာင္ အေတြ႔မခံဘူး သိလား။ အဲလုိမ်ိဳးျဖစ္ေနၾကတာ။”

ေလာေလာဆည္ ရရိွထားတဲ့စာရင္းအရဆို ပူတာအို၊ မခ်မ္းေဘာနဲ႔ ေနာင္မြန္းၿမိဳ႔ေတြက တိမ္းေရွာင္ေနသူ ၂၀၀ နီးပါးရိွေၾကာင္း အခုလုိ ဆက္ေျပာပါတယ္။

“သူက ေနာင္မြန္းမွာက ၉၀။ ၉၀ ေက်ာ္တယ္ေနာ။ မခ်မ္းေဘာဘက္မွာက်ေတာ့ ၄၅ ေယာက္ရိွတယ္လို႔ ေျပာတယ္။ ပူတာအိုမွာက်ေတာ့ ၁၀၃ ေယာက္တဲ့။ လူငယ္ေတြ ေခါင္းေဆာင္ေတြက စာရင္းျပဳစုထားတဲ့သူေတြပဲေပါ့ေနာ္။ အခု ျပန္ၿပီးမွ စိစစ္ေနတံုး ဟုတ္တယ္။ ေကာက္ေနတံုးေပါ့ေနာ။”

ပူတာအို၊ ေနာင္မြန္း၊ မခ်မ္းေဘာ ေဒသေတြဟာ ျမန္မာျပည္ေျမာက္ပိုင္း ေရခဲေတာင္ေတြရိွရာေဒသမွာ တည္ရိွၿပီး မုိးရြာခ်ိန္မွာ အလြန္ ေအးခ်မ္းတာေၾကာင့္ တိမ္းေရွာင္ေနသူေတြ က်န္းမာေရးအတြက္ ေဒသခံအမ်ားစုက စိုးရိမ္ေနၾကပါတယ္။
ေတာေတာင္ေတြမွာ ပုန္းေရွာင္ေနသူေတြဟာ ရာသီဥတုဒဏ္ၾကားမွာ ခက္ခက္ခဲခဲ ပုန္းေ႐ွာင္ေနၾကရတယ္လို႔ ကခ်င္ေက်ာင္းသားလူငယ္အဖဲြ႔၀င္ တစ္ဦးက အခုလို ေျပာပါတယ္။

“အၿမဲတမ္းေထာက္လွမ္းၿပီးမွ ဖမ္းဖို႔ လုပ္တဲ့အခါမွာ သူတုိ႔က အိမ္မွာ မေနရဘူး။ ေတာမွာပဲ။ တခ်ိဳ႔ ဆို မိသားစုလုိက္ ေတာမွာပဲ ေနတာ၊ အဲလို သိရတာေပါ့ေနာ။ က်ေနာ္တုိ႔ အမ်ိဳးေတြလည္းပါတယ္။ က်ေနာ္တုိ႔ သူငယ္ခ်င္းေတြလည္း ပါတယ္။ အဲဒါေၾကာင့္ ေသေသခ်ာခ်ာ အဆက္အသြယ္ေတာ့ ရထားတယ္။ အခုက ပူတာအိုပိုင္းမွာေတာ့ မုိးအရမ္းရြာတဲ့အခါက်ေတာ့ ေတာမွာ မုိးရြာတဲ့အခါ က်န္းမာေရးအတြက္လည္း ေတာ္ေတာ္ေလး စုိးရိမ္ရတဲ့လူေတြလည္း ရိွတာေပါ့ ဟိုမွာ။”

ေနာင္မြန္းေဒသခံတစ္ဦးကေတာ့ သူတို႔ ၿမိဳ႔မွာ ဖမ္းတာဆီးတာ မရိွေပမယ့္ တျခားၿမိဳ႔မွာ ဖမ္းဆီးေနတယ္ဆုိတဲ့သတင္းေၾကာင့္ CDM ၀န္ထမ္းေတြ တိမ္းေရွာင္ေနတာျဖစ္တယ္လုိ႔ ေျပာပါတယ္။

“က်ေနာ္တုိ႔ ေနာင္မြန္းအေျခအေနက်ေတာ့ အမ်ားပိုင္းေတာ့ CDM ၀င္ၾကတာေပါ့။ ဒါေပမဲ့ အခုအခ်ိန္မွာ အဖမ္းအဆီးေတာ့ မရိွေသးဘူး။ ဒါေပမဲ့ ဟို CDM ေတြက ဖမ္းေနၾကတယ္ဆုိတဲ့ သတင္းေတြထြက္ေတာ့ ဒီမွာလည္း အဲလုိလုပ္လာမွာစိုးရိမ္လို႔ တခ်ိဳ႔ကေတာ့ တိမ္းေရွာင္ေနတာေတြ ရိွတာေပါ့ေနာ။”

ဒီေဒသေတြက CDM ၀န္ထမ္းေတြဟာ ေခါင္လန္ဖူးေဒသမွာ ျပည္သူ႔စစ္ေတြ ရိွေနတာေၾကာင့္ တရုတ္-ျမန္မာနယ္စပ္ကို တိမ္းေရွာင္လုိ႔ မရသလုိ ျမစ္ၾကီးနားအပါအ၀င္ တျခားေဒသေတြ တိမ္းေရွာင္ဖုိ႔အတြက္ဆိုရင္လည္း လမ္းပန္းဆက္သြယ္ေရးနဲ႔ ခရီးစရိတ္ စတဲ့အခက္အခဲေတြေၾကာင့္ ေတာေတာင္အတြင္းမွာပဲ ပုန္းေရွာင္ေနတာျဖစ္တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

ေလာေလာဆည္မွာေတာ့ ပူတာအိုၿမိဳ႔ေပၚမွာ ဆိုင္ကယ္နဲ႔ ဆႏၵျပတာ၊ ညသပိတ္ဆင္ႏႊဲတာေတြကို ေျပာက္က်ားစနစ္ပံုစံနဲ႔ ဆက္လက္လုပ္ေဆာင္ေနပါတယ္။ တပ္မေတာ္နဲ႔ ကခ်င္လက္နက္ကိုင္ KIA တပ္ေတြၾကားမွာလည္း ပူတာအိုခ႐ိုင္ထဲမွာ ၿပီးခဲ့တဲ့ ၂ရက္အတြင္း တုိက္ပဲြ ၂ ၾကိမ္ ျဖစ္ခဲ့ပါတယ္။

------------------

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပူတာအိုမှာ အဖမ်းအဆီးကြမ်းလို့ ထွက်ပြေးတိမ်းရှောင်နေကြရ

ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဆန္ဒပြ လူငယ်တွေ၊ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးနေတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ တောတောင်တွေထဲမှာ တိမ်းရှောင်ပုန်းအောင်း နေရပါတယ်။ ဒီလိုအဖမ်းအဆီးသတင်းကြောင့် မချမ်းဘောနဲ့ နောင်မွန်းမြို့တွေဘက်မှာလည်း CDM ဝန်ထမ်းတွေ တိမ်းရှောင်နေကြရပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။

မြန်မာနိုင်ငံ မြောက်ဖျားက ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ထဲကစပြီး သံပုံးတီးကန့်ကွက်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့သလို ဝန်ထမ်းတွေကလည်း ရုံးမတက် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင် ဆန္ဒပြတာတွေကို ဆက်တိုက်ဆောင်ရွက်ခဲ့ကြတာပါ။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး ဆန္ဒပြခေါင်းဆောင်တွေ၊ CDM လှုပ်ရှားသူတွေကို အာဏာပိုင်တွေက အိမ်တိုင်ရာရောက် လိုက်လံ ဖမ်းဆီးနေတဲ့အတွက် တော်တော်များများ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပူတာအို ဒေသခံက VOA ကို ပြောပါတယ်။

“အဲဒီ ဆန္ဒပြတဲ့အထဲမှာ စပီကာကိုင်ပြီးမှ အော်တဲ့ကလေးတွေကို အိမ်တိုင်ရာရောက် ဖမ်းတာလေ။ CDM လုပ်တဲ့ ကလေးတွေကို ဖမ်းတာကတော့ စစ်တွေ၊ ရဲတွေပဲ ဖမ်းတာမဟုတ်ဘဲနဲ့ ကလေးတွေကို ကာကွယ်ပေးမယ့် လူကြီးတွေက၊ ရွာလူကြီးတွေပေ့ါနော်၊ သူတို့က အိမ်မသိတဲ့လူတွေကိုလည်း အိမ်တွေပြောပြပြီးမှ အဲလို ဖမ်းတာပေါ့။ အဲဒါကြောင့် ကလေးတွေက တောတွေမှာပဲ ခိုပြီးမှလေ အိမ်မှာတောင် မနေကြဘူး။ အဲဒါမျိုး ဖြစ်နေကြတာ။ မဲရုံးမှူးတွေလည်း အဲလိုမျိုး၊ ကျောင်းဆရာ၊ ဆရာမတွေပါတာလေ အဲဒီအဖွဲ့တွေလည်း တော်တော်လေး ပုန်းနေကြတယ်။ လုံး၀ လူတွေနဲ့တောင် အတွေ့မခံဘူး သိလား။ အဲလိုမျိုးဖြစ်နေကြတာ။”

လောလောဆည် ရရှိထားတဲ့စာရင်းအရဆို ပူတာအို၊ မချမ်းဘောနဲ့ နောင်မွန်းမြို့တွေက တိမ်းရှောင်နေသူ ၂၀၀ နီးပါးရှိကြောင်း အခုလို ဆက်ပြောပါတယ်။

“သူက နောင်မွန်းမှာက ၉၀။ ၉၀ ကျော်တယ်နော။ မချမ်းဘောဘက်မှာကျတော့ ၄၅ ယောက်ရှိတယ်လို့ ပြောတယ်။ ပူတာအိုမှာကျတော့ ၁၀၃ ယောက်တဲ့။ လူငယ်တွေ ခေါင်းဆောင်တွေက စာရင်းပြုစုထားတဲ့သူတွေပဲပေါ့နော်။ အခု ပြန်ပြီးမှ စိစစ်နေတုံး ဟုတ်တယ်။ ကောက်နေတုံးပေါ့နော။”

ပူတာအို၊ နောင်မွန်း၊ မချမ်းဘော ဒေသတွေဟာ မြန်မာပြည်မြောက်ပိုင်း ရေခဲတောင်တွေရှိရာဒေသမှာ တည်ရှိပြီး မိုးရွာချိန်မှာ အလွန် အေးချမ်းတာကြောင့် တိမ်းရှောင်နေသူတွေ ကျန်းမာရေးအတွက် ဒေသခံအများစုက စိုးရိမ်နေကြပါတယ်။

တောတောင်တွေမှာ ပုန်းရှောင်နေသူတွေဟာ ရာသီဥတုဒဏ်ကြားမှာ ခက်ခက်ခဲခဲ ပုန်းရှောင်နေကြရတယ်လို့ ကချင်ကျောင်းသားလူငယ်အဖွဲ့ဝင် တစ်ဦးက အခုလို ပြောပါတယ်။

“အမြဲတမ်းထောက်လှမ်းပြီးမှ ဖမ်းဖို့ လုပ်တဲ့အခါမှာ သူတို့က အိမ်မှာ မနေရဘူး။ တောမှာပဲ။ တချို့ ဆို မိသားစုလိုက် တောမှာပဲ နေတာ၊ အဲလို သိရတာပေါ့နော။ ကျနော်တို့ အမျိုးတွေလည်းပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေလည်း ပါတယ်။ အဲဒါကြောင့် သေသေချာချာ အဆက်အသွယ်တော့ ရထားတယ်။ အခုက ပူတာအိုပိုင်းမှာတော့ မိုးအရမ်းရွာတဲ့အခါကျတော့ တောမှာ မိုးရွာတဲ့အခါ ကျန်းမာရေးအတွက်လည်း တော်တော်လေး စိုးရိမ်ရတဲ့လူတွေလည်း ရှိတာပေါ့ ဟိုမှာ။”

နောင်မွန်းဒေသခံတစ်ဦးကတော့ သူတို့ မြို့မှာ ဖမ်းတာဆီးတာ မရှိပေမယ့် တခြားမြို့မှာ ဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကြောင့် CDM ဝန်ထမ်းတွေ တိမ်းရှောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ နောင်မွန်းအခြေအနေကျတော့ အများပိုင်းတော့ CDM ဝင်ကြတာပေါ့။ ဒါပေမဲ့ အခုအချိန်မှာ အဖမ်းအဆီးတော့ မရှိသေးဘူး။ ဒါပေမဲ့ ဟို CDM တွေက ဖမ်းနေကြတယ်ဆိုတဲ့ သတင်းတွေထွက်တော့ ဒီမှာလည်း အဲလိုလုပ်လာမှာစိုးရိမ်လို့ တချို့ကတော့ တိမ်းရှောင်နေတာတွေ ရှိတာပေါ့နော။”

ဒီဒေသတွေက CDM ဝန်ထမ်းတွေဟာ ခေါင်လန်ဖူးဒေသမှာ ပြည်သူ့စစ်တွေ ရှိနေတာကြောင့် တရုတ်-မြန်မာနယ်စပ်ကို တိမ်းရှောင်လို့ မရသလို မြစ်ကြီးနားအပါအဝင် တခြားဒေသတွေ တိမ်းရှောင်ဖို့အတွက်ဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးနဲ့ ခရီးစရိတ် စတဲ့အခက်အခဲတွေကြောင့် တောတောင်အတွင်းမှာပဲ ပုန်းရှောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောလောဆည်မှာတော့ ပူတာအိုမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ ဆန္ဒပြတာ၊ ညသပိတ်ဆင်နွှဲတာတွေကို ပြောက်ကျားစနစ်ပုံစံနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။ တပ်မတော်နဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေကြားမှာလည်း ပူတာအိုခရိုင်ထဲမှာ ပြီးခဲ့တဲ့ ၂ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG