{{Zawgyi/Unicode}}
ျမန္မာစစ္တပ္နဲ႔ KIA ကခ်င္လြတ္ေျမာက္ေရး တပ္ဖြဲ႕၀င္ေတြအၾကားစစ္ေရးတင္းမာဆဲ ကခ်င္ျပည္နယ္ အင္ဂ်န္းယန္ၿမိဳ႕ နယ္မွာ စစ္ေဘးေရွာင္ဒုကၡသည္ ၄၀၀ ေက်ာ္ အေရးေပၚစားနပ္ရိကၡာ လိုအပ္ေနပါတယ္။ မတ္လလယ္ပိုင္းက ျဖစ္ပြါးတဲ့တိုက္ပြဲေၾကာင့္ ဘြမ္ရာယန္ ယာယီစစ္ေရွာင္စခန္း ကို တိမ္းေရွာင္ေနတဲ့ စစ္ေဘးေရွာင္ေတြဟာ ပိုျပီးအခက္ခဲရွိေနတာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေနေျပာျပေပးမွာပါ။
ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA) နဲ႔ ျမန္မာစစ္တပ္တို႕အၾကား မတ္လ(၁၅) ရက္ေန႕က ေဂြေထာင္ စခန္းတိုက္ပြဲအၿပီး အင္ဂ်ားယန္ၿမိဳ႕နယ္က ေဂြေထာင္၊ တန္ေဘာင္ယန္၊ ပစီဇြပ္ နဲ႔ ဆနီတူယန္ ေက်းရြာသားေတြဟာ ျမစ္ၾကီးနားၿမိဳ႕က တြီနတီ ျပည္တြင္းဒုကၡသည္ IDP စခန္းနဲ႕ အင္ဂ်န္းယန္ၿမိဳ႕နယ္က ဘြမ္ရာယန္ စခန္းေတြဘက္ကို တိမ္းေရွာင္ေရာက္ရွိ ေနၾကတာပါ။
သူတုိ႔ေရာက္ေနတာ ႏွစ္ပတ္ေက်ာ္လာတဲ့အတြက္ စားေသာက္ေရးမွာအခက္ခဲရွိလာတယ္လို႕ ျမစ္ၾကီးနား ၿမိဳ႕စစ္ေဘးဒုကၡသည္စခန္းတာ၀န္ခံ သိကၡာေတာ္ရဆရာဦးတီလေခါင္ကအခုလိုေျပာပါတယ္။
“ေအာက္ဘက္ေျပးလာသူေတြကေတာ့ကြ်န္ေတာ္တို႕ စစ္ေရွာင္စခန္းကိုေရာက္ေနတယ္။ အဲ(၁၀၀)ေက်ာ္တယ္။ ကြ်န္ေတာ္တို႕ တြီနတီ IDP Camp မွာေလ။ Camp ၀င္လာတဲ့အခါက်ေတာ့ လုပ္ထားၿပီးသားအေဆာင္မွာ တခါ တည္း ေနရတာေပါ့ေနာ္။ ဒါေပမဲ့စားေသာက္ေရးကေတာ့နဲနဲအခက္ခဲရွိတာေပါ့။ ဘြမ္ရာယန္မွာေရာက္ေနတာ။ ဘြမ္ရာယန္က်ေတာ့ ဟိုဘက္အထက္ဘက္တက္သြားတာေပါ့။ ဘြမ္ရာယန္က်ေတာ့အိမ္ေျခ(၂၀၀)နီးပါး ရွိတယ္ လို႕ေျပာတယ္။ လူကေတာ့(၄၀၀)ေက်ာ္ေလာက္ေတာ့ရွိမယ္။ အဲသူတို႕ေတာ့စား၀တ္ေနေရးက ေတာ္ေတာ္ခက္ ေနတယ္လို႕ေျပာတယ္။ ေနရာထိုင္းခင္းကအစေပါ့ေလေနာ္။ ေရကအစအခက္ခဲျဖစ္ေနတယ္။ အိပ္ယာျခင္ေထာင္ အ၀တ္အစားအစေပါ့။”
ဘြမ္ရာယန္ေဒသဖက္မွာ ဒီႏွစ္စပါးစိုက္ခင္းေတြကို ၾကြက္ေတြက ဖ်က္စီးတာေၾကာင့္ စားနပ္ ရိကၡာအခက္ခဲျဖစ္ေနခ်ိန္မွာ ဒုကၡသည္ေတြဟာ စစ္ေဘးလြတ္ေအာင္ ေျပးေနၾကရတာျဖစ္ပါတယ္။
“ဘြမ္ရာယန္တ၀ိုက္က အခုတေလာ။ ဒီႏွစ္ေပါ့။ ဒီႏွစ္စပါးေပၚမဲ့အခ်ိန္မွာ ၾကြက္ေတြေၾကာင့္မို႕သူတို႕က စပါးက အရင္ ႏွစ္ေတြထက္မရဘူး။ အဲဒီလိုဒုကၡေရာက္ေနတဲ့အခ်ိန္ွမွာ အခုဘြမ္ရာယန္မွာ စစ္ေရွာင္ေတြျပန္ေရာက္တဲ့ အခ်ိန္က်ေတာ့ ခက္တဲ့အထဲမွာပိုၿပီး ႏွစ္ထပ္သုံးထပ္ၿဖစ္သြားတာေပါ့။”
ေတာတြင္းရွာေဖြထားတဲ့သစ္၀ါးေတြနဲ႕ျဖစ္သလိုေဆာက္လုပ္ထားတဲ့ ျပည္တြင္းဒုကၡသည္စခန္းေတြမွာ စားနပ္ရိကၡာအျပင္ ေဆး၀ါးအသုံးေဆာင္ပစၥည္းေတြလဲလိုအပ္ေနဆဲလို႕ သူက ေျပာပါတယ္။
အင္ဂ်န္းယန္ေဒသခံတခ်ိဳ႕ကေတာ့ လက္ရွိေတာတြင္းခိုလႈံေနတဲ့ စစ္ေဘး ဒုကၡသည္ေတြအတြက္ အလႉခံေနၿပီး စားနပ္ရိကၡာ ပို႔ေဆာင္နိုင္ေအာင္စီစဥ္ေနၾကပါတယ္။
ဘြမ္ရာယန္စခန္းဟာ KIAထိမ္းခ်ဳပ္ရာေဒသမွာရွိေနတဲ့အတြက္ KIA ဘက္ကလဲေစာင့္ေရွာက္ႏိုင္တယ္လို႔ ေဒသခံတဦးက ခန္႔မွန္းပါတယ္။
“အခုက KIO ထိမ္းခ်ဳပ္နယ္ေျမထဲမွာျဖစ္တဲ့အခါက်ေတာ့ KIO မွာ သူတို႕ကိုျပဳစုေစာင့္ေရွာက္ဖို႕ သူတို႕ေကာ္မီတီရွိ မယ္ထင္တယ္။”
ကခ်င္ျပည္နယ္မွာ၂၀၁၁ ခုႏွစ္မွ စတင္ျပီး တပ္မေတာ္နဲ႕ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ KIA တို႔ တစ္ေက်ာ့ျပန္ တိုက္ပြဲေတြေၾကာင့္ ၿမိဳ႕နယ္အသီးသီးက ျပည္သူေတြ နီးစပ္ရာ ေဒသဖက္ကိုထြက္ေျပးတိမ္းေရွာင္လာျပီး စစ္ေဘး ေရွာင္ စခန္းေတြမွာေနထိုင္ေနရတာပါ။
ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏွိုင္းေရး႐ုံး (UNOCHA) 2020 စက္တင္ဘာလအထိ စာရင္းေတြအရ ကခ်င္ျပည္နယ္မွာ စစ္ေဘးဒုကၡသည္ ၉ ေသာင္းခဲြေက်ာ္ ရွိေၾကာင္းသတင္းထုတ္ျပန္ထားပါတယ္။
...........................................
{{Unicode}}
မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ဝင်တွေအကြားစစ်ရေးတင်းမာဆဲ ကချင်ပြည်နယ် အင်ဂျန်းယန်မြို့ နယ်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော် အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေပါတယ်။ မတ်လလယ်ပိုင်းက ဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ဘွမ်ရာယန် ယာယီစစ်ရှောင်စခန်း ကို တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေဟာ ပိုပြီးအခက်ခဲရှိနေတာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်တို့အကြား မတ်လ(၁၅) ရက်နေ့က ဂွေထောင် စခန်းတိုက်ပွဲအပြီး အင်ဂျားယန်မြို့နယ်က ဂွေထောင်၊ တန်ဘောင်ယန်၊ ပစီဇွပ် နဲ့ ဆနီတူယန် ကျေးရွာသားတွေဟာ မြစ်ကြီးနားမြို့က တွီနတီ ပြည်တွင်းဒုက္ခသည် IDP စခန်းနဲ့ အင်ဂျန်းယန်မြို့နယ်က ဘွမ်ရာယန် စခန်းတွေဘက်ကို တိမ်းရှောင်ရောက်ရှိ နေကြတာပါ။
သူတို့ရောက်နေတာ နှစ်ပတ်ကျော်လာတဲ့အတွက် စားသောက်ရေးမှာအခက်ခဲရှိလာတယ်လို့ မြစ်ကြီးနား မြို့စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ သိက္ခာတော်ရဆရာဦးတီလခေါင်ကအခုလိုပြောပါတယ်။
“အောက်ဘက်ပြေးလာသူတွေကတော့ကျွန်တော်တို့ စစ်ရှောင်စခန်းကိုရောက်နေတယ်။ အဲ(၁၀၀)ကျော်တယ်။ ကျွန်တော်တို့ တွီနတီ IDP Camp မှာလေ။ Camp ဝင်လာတဲ့အခါကျတော့ လုပ်ထားပြီးသားအဆောင်မှာ တခါ တည်း နေရတာပေါ့နော်။ ဒါပေမဲ့စားသောက်ရေးကတော့နဲနဲအခက်ခဲရှိတာပေါ့။ ဘွမ်ရာယန်မှာရောက်နေတာ။ ဘွမ်ရာယန်ကျတော့ ဟိုဘက်အထက်ဘက်တက်သွားတာပေါ့။ ဘွမ်ရာယန်ကျတော့အိမ်ခြေ(၂၀၀)နီးပါး ရှိတယ် လို့ပြောတယ်။ လူကတော့(၄၀၀)ကျော်လောက်တော့ရှိမယ်။ အဲသူတို့တော့စားဝတ်နေရေးက တော်တော်ခက် နေတယ်လို့ပြောတယ်။ နေရာထိုင်းခင်းကအစပေါ့လေနော်။ ရေကအစအခက်ခဲဖြစ်နေတယ်။ အိပ်ယာခြင်ထောင် အဝတ်အစားအစပေါ့။”
ဘွမ်ရာယန်ဒေသဖက်မှာ ဒီနှစ်စပါးစိုက်ခင်းတွေကို ကြွက်တွေက ဖျက်စီးတာကြောင့် စားနပ် ရိက္ခာအခက်ခဲဖြစ်နေချိန်မှာ ဒုက္ခသည်တွေဟာ စစ်ဘေးလွတ်အောင် ပြေးနေကြရတာဖြစ်ပါတယ်။
“ဘွမ်ရာယန်တဝိုက်က အခုတလော။ ဒီနှစ်ပေါ့။ ဒီနှစ်စပါးပေါ်မဲ့အချိန်မှာ ကြွက်တွေကြောင့်မို့သူတို့က စပါးက အရင် နှစ်တွေထက်မရဘူး။ အဲဒီလိုဒုက္ခရောက်နေတဲ့အချိန်ှမှာ အခုဘွမ်ရာယန်မှာ စစ်ရှောင်တွေပြန်ရောက်တဲ့ အချိန်ကျတော့ ခက်တဲ့အထဲမှာပိုပြီး နှစ်ထပ်သုံးထပ်ဖြစ်သွားတာပေါ့။”
တောတွင်းရှာဖွေထားတဲ့သစ်ဝါးတွေနဲ့ဖြစ်သလိုဆောက်လုပ်ထားတဲ့ ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာအပြင် ဆေးဝါးအသုံးဆောင်ပစ္စည်းတွေလဲလိုအပ်နေဆဲလို့ သူက ပြောပါတယ်။
အင်ဂျန်းယန်ဒေသခံတချို့ကတော့ လက်ရှိတောတွင်းခိုလှုံနေတဲ့ စစ်ဘေး ဒုက္ခသည်တွေအတွက် အလှူခံနေပြီး စားနပ်ရိက္ခာ ပို့ဆောင်နိုင်အောင်စီစဉ်နေကြပါတယ်။
ဘွမ်ရာယန်စခန်းဟာ KIAထိမ်းချုပ်ရာဒေသမှာရှိနေတဲ့အတွက် KIA ဘက်ကလဲစောင့်ရှောက်နိုင်တယ်လို့ ဒေသခံတဦးက ခန့်မှန်းပါတယ်။
“အခုက KIO ထိမ်းချုပ်နယ်မြေထဲမှာဖြစ်တဲ့အခါကျတော့ KIO မှာ သူတို့ကိုပြုစုစောင့်ရှောက်ဖို့ သူတို့ကော်မီတီရှိ မယ်ထင်တယ်။”
ကချင်ပြည်နယ်မှာ၂၀၁၁ ခုနှစ်မှ စတင်ပြီး တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် မြို့နယ်အသီးသီးက ပြည်သူတွေ နီးစပ်ရာ ဒေသဖက်ကိုထွက်ပြေးတိမ်းရှောင်လာပြီး စစ်ဘေး ရှောင် စခန်းတွေမှာနေထိုင်နေရတာပါ။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) 2020 စက်တင်ဘာလအထိ စာရင်းတွေအရ ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၉ သောင်းခွဲကျော် ရှိကြောင်းသတင်းထုတ်ပြန်ထားပါတယ်။