သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ရှောင်ဒုက္ခသည်တွေကို ပြန်မောင်းထုတ်တဲ့ကိစ္စ ထိုင်း ငြင်းဆို


မတ်လ ၂၉ ရက်နေ့က Mae Hong Son ခရိုင်အတွင်း တွေ့ရတဲ့ စစ်ရှောင်ကရင် ဒုက္ခသည်များ
မတ်လ ၂၉ ရက်နေ့က Mae Hong Son ခရိုင်အတွင်း တွေ့ရတဲ့ စစ်ရှောင်ကရင် ဒုက္ခသည်များ

(Zawgyi/Unicode)

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ မြန်မာဘက်က ဒုက္ခသည် ၂၀၀၀ ကျော်ကို ပြန်မောင်းထုတ်ခဲ့တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေက ငြင်းဆိုလိုက်ပါတယ်။

စစ်စခန်းတခုအား ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ အပတ်က တိုက်ခိုက်ပြီးနောက် စစ်တပ်ဘက်က ဂျက်တိုက်လေယာဉ်တွေကို အသုံးပြုပြီး နယ်စပ်ကျေးရွာတွေကို တိုက်ခိုက်လာကြတာမို့လူထောင်ချီ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

Burma Campaign UK အဖွဲ့က Mark Farmaner က ရိုက်တာသတင်းဌာနကို ပြောတာကတော့ မြန်မာဘက်အခြမ်းက အိသုထ စခန်းကို လူထောင်နဲ့ချီပြီးတော့ အတင်းအကျပ်ပြန်ခိုင်းတယ်လို့ဆိုပါတယ်။

ကရင်ရွာသားတွေရိုက်ကူးထားပြီး ရိုက်တာသတင်းဌာနက ပြသတဲ့ ဗွီဒီယိုထဲမှာတော့ ဒုက္ခသည်တွေ လှေပေါ်တက်နေတာကို ထိုင်းစစ်သားတွေက စောင့်ကြပ်နေတာကို တွေ့ရပါတယ်။

Mae Hong Son ခရိုင် အုပ်ချုပ်ရေးမှူး Thichai Jindaluang ကတော့ ဒုက္ခသည်တွေကို ပြန်မမောင်းထုတ်ဘူးလို့ သတင်းထောက်တွေကို ပြောဆိုသွားခဲ့ပါတယ်။ သူတို့ဟာ Mae Sariang နဲ့ Sop Moei ခရိုင်ရဲ့ အစွန်အဖျားဒေသတွေမှာ ဘေးကင်းစွာနဲ့ ဘေးကင်စွာရောက်ရှိနေကြတယ်လို့ ထိုင်းပြည်တွင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

သို့သော်လည်းပဲ Mae Sariang ခရိုင် အကြီးအကဲ Sangkhom Khadchiangsaen ကတော့ “စစ်တပ်ဟာ မြေပြင် အခြေအနေကို စီမံခန့်ခွဲဖို အဓိက တာဝန်ရှိပါတယ်။ ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR, အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေ၊ သို့မဟုတ် နိင်ငံတကာ အဖွဲ့တွေကို ခွင့်မပြုနိုင်ဘူး။ ဒါကို လုံး၀ ကန့်သတ်ထားပါတယ်။” လို့ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)







XS
SM
MD
LG