သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာသတင္းသမားေတြ အတြက္ ကုလမိတ္ေဆြႏိုင္ငံမ်ားအဖဲြ႕ စိုးရိမ္


မွတ္တမ္းဓါတ္ပံု- ေဖေဖာ္၀ါရီ ၂၇ တုန္းက ဆႏၵျပသူမ်ားႏွင့္ သတင္းသမားမ်ား ရဲၿဖိဳခြင္းမႈရန္မွ ထြက္ေျပးေနစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္ အတိုက္ခိုက္ခံေနရတာနဲ႔ သတင္းေထာက္ေတြ၊ မီဒီယာသမားေတြရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး အထူးစိုးရိမ္ ပူပန္ေၾကာင္း သတင္းသမားမ်ား အကာကြယ္ေပးေရးဆိုင္ရာ ကုလသမဂၢမိတ္ေဆြမ်ားအဖြဲ႔ ပူးတြဲသဘာပတိ ၃ ႏိုင္ငံျဖစ္တဲ့ Lithuania၊ ျပင္သစ္နဲ႔ ဂရိတို႔က အဖြဲ႔ဝင္ႏိုင္ငံအမ်ားစုနဲ႔အတူ ဧၿပီလ ၁ ရက္ေန႔မွာ ပူးတြဲ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ သတင္းသမားေတြ၊ လူအခြင့္ေရးလႈပ္ရွားသူေတြနဲ႔ လူမႈအဖြဲ႔အစည္းအသီးသီးက အဖြဲ႔ဝင္ေတြ အေပၚ ၿခိမ္းေျခာက္တာနဲ႔ တရားလက္လြတ္ ဖမ္းဆီး ထိန္းသိမ္းေနတာေတြ အတြက္လည္း ျပင္းျပင္းထန္ထန္ ရႈတ္ခ်လိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ေနာက္ပိုင္း ဆႏၵျပျပည္သူေတြ အေပၚ အၾကမ္းဖက္ႏွိမ္နင္းမႈေတြ တေန႔တျခားတိုးလာေနတဲ့အျပင္ ဒီျဖစ္ရပ္ သတင္းေတြ ရယူဖို႔ ႀကိဳးစားတဲ့ သတင္းသမားေတြ အပါအဝင္ ဆႏၵျပျပည္သူေတြ အသတ္ခံရတာ၊ အၾကမ္းဖက္ခံရတာနဲ႔ အဖမ္းဆီးခံရတာေတြ၊ ဖမ္းမိသူေတြအေပၚ ႏွိပ္စက္မႈေတြအတြက္ လြန္စြာထိတ္လန္႔ တုန္လႈပ္ရေၾကာင္း ေျပာပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္နဲ႔ လံုျခံဳေရးေကာင္စီ အလွည့္က် သဘာပတိတို႔ ေၾကညာခ်က္ေတြ ထုတ္ျပန္ေျပာဆိုထားတဲ့ အတိုင္း ျမန္မာႏိုင္ငံတြင္း အဖမ္းဆီးခံေနရသူအားလံုးကို အျမန္ဆံုး ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုလိုက္ပါတယ္။

အာဏာသိမ္းခဲ့ခ်ိန္ကေန အခုခ်ိန္အထိဆို ေသဆံုးရသူ အနည္းဆံုး ၅၃၆ ေယာက္ ရွိေနေၾကာင္းနဲ႔ အဖမ္းခံရသူ ၂၀၀၀ ေက်ာ္ထဲမွာ ျပည္တြင္း၊ ျပည္ပ သတင္းေထာက္ေတြ ပါ ပါဝင္ေနတာ ျဖစ္ၿပီး အဖမ္းခံေနရသူေတြ အေပၚ ႏွိပ္စက္ၫွဥ္းပမ္းမႈေတြ ရွိေနသလို ဘယ္ေရာက္ေနမွန္းမသိ ေပ်ာက္ဆံုးမႈေတြပါ ရွိေနေၾကာင္းလည္း ေျပာပါတယ္။

ႏိုင္ငံတြင္း ျဖစ္ပ်က္ေနသမွ် ကို သတင္းသမားေတြ လြတ္လပ္စြာ သတင္းထုတ္ျပန္ခြင့္ရွိရမွာျဖစ္တဲ့ အျပင္ ျပည္သူအားလံုးဟာ အၿခိမ္းေျခာက္ ခံရမႈမရွိပဲ မိမိဆႏၵကို မေၾကာက္မရြ႕ံ လြတ္လပ္စြာထုတ္ေဖၚခြင့္ ရွိရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

သတင္းသမားမ်ားအကာကြယ္ေပးေရး ဆိုင္ရာ ကုလသမဂၢမိတ္ေဆြမ်ားအဖြဲ႔ရဲ႕ ပူးတြဲထုတ္ျပန္ခ်က္အတြက္ လက္မွတ္ေရးထိုးတဲ့ ႏိုင္ငံေတြထဲမွာ အေမရိကန္၊ ၿဗိတိန္၊ ဂ်ပန္၊ Australia အျပင္ ျမန္မာႏိုင္ငံလည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာသတင်းသမားတွေ အတွက် ကုလမိတ်ဆွေနိုင်ငံများအဖွဲ့ စိုးရိမ်
(Unicode)

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အတိုက်ခိုက်ခံနေရတာနဲ့ သတင်းထောက်တွေ၊ မီဒီယာသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ် ပူပန်ကြောင်း သတင်းသမားများ အကာကွယ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂမိတ်ဆွေများအဖွဲ့ ပူးတွဲသဘာပတိ ၃ နိုင်ငံဖြစ်တဲ့ Lithuania၊ ပြင်သစ်နဲ့ ဂရိတို့က အဖွဲ့ဝင်နိုင်ငံအများစုနဲ့အတူ ဧပြီလ ၁ ရက်နေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ သတင်းသမားတွေ၊ လူအခွင့်ရေးလှုပ်ရှားသူတွေနဲ့ လူမှုအဖွဲ့အစည်းအသီးသီးက အဖွဲ့ဝင်တွေ အပေါ် ခြိမ်းခြောက်တာနဲ့ တရားလက်လွတ် ဖမ်းဆီး ထိန်းသိမ်းနေတာတွေ အတွက်လည်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဆန္ဒပြပြည်သူတွေ အပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေ တနေ့တခြားတိုးလာနေတဲ့အပြင် ဒီဖြစ်ရပ် သတင်းတွေ ရယူဖို့ ကြိုးစားတဲ့ သတင်းသမားတွေ အပါအဝင် ဆန္ဒပြပြည်သူတွေ အသတ်ခံရတာ၊ အကြမ်းဖက်ခံရတာနဲ့ အဖမ်းဆီးခံရတာတွေ၊ ဖမ်းမိသူတွေအပေါ် နှိပ်စက်မှုတွေအတွက် လွန်စွာထိတ်လန့် တုန်လှုပ်ရကြောင်း ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိတို့ ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုထားတဲ့ အတိုင်း မြန်မာနိုင်ငံတွင်း အဖမ်းဆီးခံနေရသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းခဲ့ချိန်ကနေ အခုချိန်အထိဆို သေဆုံးရသူ အနည်းဆုံး ၅၃၆ ယောက် ရှိနေကြောင်းနဲ့ အဖမ်းခံရသူ ၂၀၀၀ ကျော်ထဲမှာ ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေ ပါ ပါဝင်နေတာ ဖြစ်ပြီး အဖမ်းခံနေရသူတွေ အပေါ် နှိပ်စက်ညှဉ်းပမ်းမှုတွေ ရှိနေသလို ဘယ်ရောက်နေမှန်းမသိ ပျောက်ဆုံးမှုတွေပါ ရှိနေကြောင်းလည်း ပြောပါတယ်။

နိုင်ငံတွင်း ဖြစ်ပျက်နေသမျှ ကို သတင်းသမားတွေ လွတ်လပ်စွာ သတင်းထုတ်ပြန်ခွင့်ရှိရမှာဖြစ်တဲ့ အပြင် ပြည်သူအားလုံးဟာ အခြိမ်းခြောက် ခံရမှုမရှိပဲ မိမိဆန္ဒကို မကြောက်မရွံ့ လွတ်လပ်စွာထုတ်ဖေါ်ခွင့် ရှိရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သတင်းသမားများအကာကွယ်ပေးရေး ဆိုင်ရာ ကုလသမဂ္ဂမိတ်ဆွေများအဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်အတွက် လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ Australia အပြင် မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG