သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလလူ႔အခြင့္အေရးေကာင္စီ ဆံုးျဖတ္ခ်က္ ကန္႔ကြက္သူမရွိအတည္ျပဳ


မတ္လ ၃ ရက္ေန႔က မႏၱေလးၿမိဳ႕ရွိ လမ္းမေပၚတြင္ ေတြ႔ရတဲ့ ျမင္ကြင္း။ (မတ္ ၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိ္ုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္ကေန ျမန္မာအရပ္သားအစိုးရကိုျဖဳတ္ခ်တဲ့အေပၚ အျပင္းအထန္ရႈတ္ခ်ထားတဲ့ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ ဆံုးျဖတ္ခ်က္မူၾကမ္းကို ကန္႔ကြက္သူမရွိ၊ မဲမခဲြဘဲ လူ႔အခြင့္အေရးေကာင္စီကေန တညီတည္း ဆံုးျဖတ္အတည္ျပဳလိုက္ပါတယ္။ လူ႔အခြင့္အေရးေကာင္စီအစည္းအေ၀း ေစာင့္ၾကည့္သတင္းယူေနတဲ့ မနန္းေလာ၀္ေျပာျပမွာပါ။

ျမန္မာႏိုင္ငံမွာ အေရးေပၚအေျခအေနေၾကညာၿပီး လႊတ္ေတာ္ကို ပယ္ဖ်က္တာ၊ သမၼတဦး၀င္းျမင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ အစိုးရေခါင္းေဆာင္ပိုင္းေတြ၊ ႏိုင္ငံေရးသမားေတြ သတင္းသမားေတြ အရပ္ဘက္လူမႈအဖဲြ႕အစည္းအသီးသီးက ပုဂၢိဳလ္ေတြကို မတရားဖမ္းဆီးတဲ့အေပၚမွာလည္း ကုလလူ႔အခြင့္အေရးေကာင္စီက အျပင္းအထန္ကန္႔ကြက္ရႈတ္ခ်ထားပါတယ္။ လက္ရွိက်င္းပေနတဲ့ ၄၆ ႀကိမ္ေျမာက္ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီအစည္းအေ၀းမွာ ကမ႓ာအရပ္ရပ္က လူ႔အခြင့္အေရးအေျခအေနေတြကို အေလးထားေဆြးေႏြးေနၾကတာမွာ ျမန္မာျပည္အေရးကိစၥကလည္း အဓိက ေဆြးေႏြးစရာအေၾကာင္းတခုျဖစ္ခဲ့ပါတယ္။

အဆိုမူၾကမ္းတင္သြင္းတဲ့ EU ဥေရာပသမဂၢရဲ ႔ ကုလကိုုယ္စားလွယ္က ျမန္မာ့လူ႔အခြင့္အေရးအေျခအေနအေပၚ အျပင္းထန္ဆုံးရႈတ္ခ်ေၾကာင္း ခုလိုတင္ျပခဲ့ပါတယ္။

“ေရြးေကာက္ခံအရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာရယူထားတဲ့အေပၚ အီးယူက အျပင္းထန္ဆုံး ကန္႔ကြက္ရႈတ္ခ်ပါတယ္။ ဒီမိုကေရစီေရး ကာကြယ္ေနၾကတဲ့ျမန္မာျပည္သူေတြနဲ႔လည္း အတူရပ္တည္ေနပါတယ္။ စိုးရိမ္စရာေကာင္းေလာက္ေအာင္ လူေတြသတ္ျဖတ္ခံေနရတာ၊ အၾကမ္းဖက္ႏွိပ္စက္ခံရတာေတြကိုလည္း ေတြ႕ျမင္ေနရပါတယ္။ ဆႏၵျပျပည္သူေတြကို ခုလိုသတ္ျဖတ္ေနတာ၊ မဆင္မျခင္ဖမ္းဆီးထိန္းသိမ္းေနတာနဲ႔ ႏွိပ္စက္ၫွဥ္းပန္းေနတာေတြကို ကုလသမဂၢ လုံျခဳံေရးေကာင္စီကလည္း စိုးရိ္မ္ေၾကာင္းရွင္းရွင္းလင္းလင္းေျပာဆိုထားပါတယ္။ ၿငိမ္းခ်မ္းစြာအေျဖရွာႏိုင္ေရးအတြက္ အျပဳသေဘာေဆာင္တဲ့ေဆြးေႏြးမႈေတြလုပ္ၿပီး အမ်ိဳးသားရင္ၾကားေစ့ေရးလုပ္ေဆာင္ဖို႔ၾကဖို႔လည္း ကုလသမဂၢလုံျခဳံေရးေကာင္စီကေရာ၊ အာဆီယံအဖြဲ႔ကပါ တိုက္တြန္းေတာင္းဆိုထားပါတယ္။ ဖိႏွိပ္မႈေတြ တိုးလုပ္လာေနတဲ့ ျမန္မာစစ္ဘက္တပ္ဖြဲ႔က သူတို႔လုပ္ရပ္အတြက္တာ၀န္ခံမႈ ရွိေစရပါမယ္။ အေျခခံလူ႔အခြင့္အေရးအရ လြတ္လပ္စြာဆႏၵထုတ္ေဖာ္တဲ့ျပည္သူေတြကို အင္အားသုံးႏွိမ္နင္းတာေတြရပ္ရပါမယ္။ အေရးေပၚအေျခအေန ထုတ္ျပန္တာေတြေရာ စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္ထားတာေတြကိုပါရပ္ၿပီး အရပ္သားအစိုးရကို ျပန္လည္အာဏာအပ္ႏွင္းရပါမယ္။ သမၼတဦး၀င္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ ဖမ္းဆီးထားသူအားလုံးကို ျပန္လႊတ္ေပးဖို႔လည္းေတာင္းဆိုပါတယ္။"

ျငိမ္းခ်မ္းစြာဆႏၵျပသူေတြကို အၾကမ္းဖက္ပစ္ခတ္သတ္ျဖတ္ေနတာ၊ သတင္းမီဒီယာေတြကို ပိတ္ဆို႔ကန္႔သတ္တာ၊ အင္တာနက္ျဖတ္ေတာက္တာ စတဲ့ လြတ္လပ္ခြင့္ေတြ ထိပါးတဲ့ကိစၥေတြအေပၚမွာလည္း အလြန္တရာစိုးရိမ္ေၾကာင္း ဒီ ဆံုးျဖတ္ခ်က္မွာ ေဖာ္ျပပါရွိပါတယ္။ ဒီ ဆံုးျဖတ္ခ်က္မူၾကမ္းကို အီးယူ ဥေရာပသမဂၢက အဆိုျပဳ တင္သြင္းခဲ့တာျဖစ္ၿပီး ဒီေန႔ လူ႔အခြင့္အေရးေကာင္စီအစည္းအေ၀းမွာ ဒီဆံုးျဖတ္ခ်က္မူၾကမ္းကို ကန္႔ကြက္သူမရွိ အတည္ျပဳႏိုင္ခဲ့တာျဖစ္ပါတယ္။ ျမႏ္ုမာဘက္က ႏိုင္ငံျခားေရးဌာနအရာရွိတဦးက ေနျပည္ေတာ္ကေန အြန္လိုင္းကတဆင့္ ဒီအစည္းအေ၀းမွာ ေဆြးေႏြးပါတယ္။ ဥေရာပသမဂၢက တင္ျပခ်က္ေတြဟာ အခ်က္အလက္ခိုုင္လုံမႈမရွိသလို မွန္ကန္မႈလည္းမရွိတဲ့ တဘက္သတ္တင္ျပခ်က္ေတြသာျဖစ္တယ္လို႔လည္း ေျပာဆိုသြားပါတယ္။

“ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကျဖစ္ရပ္ေၾကာင့္ ေပၚေပါက္လာတဲ့ အေျခအေနေတြအေပၚ ႏိုင္ငံတကာကတုံ႔ျပန္ပုံေတြက ျမန္မာ့ျပည္တြင္းေရးတင္းမာမႈေတြ တိုးလာတာမ်ိဳးျဖစ္မလာေအာင္ ေရွာင္ရွားသင့္ပါတယ္။ အစိုးရက ျမန္မာႏိုင္ငံတြင္းႏိုင္ငံေရး၊ လူမႈေရး တည္ၿငိမ္မႈရွိဖို႔ အၾကမ္းဖက္ႏွိမ္နင္းမႈမျဖစ္ေအာင္ အတတ္ႏိုင္ဆုံးေရွာင္ရွားၿပီး ဆႏျပပြဲေတြကို ထိန္းဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။ အီးယူရဲ ႔ေျပာဆိုခ်က္ေတြဟာ ျမန္မာႏိုင္ငံရဲ ႔ အမ်ိဳးသားရင္ၾကားေစ့ေရး၊ ႏိုင္ငံေရးနဲ႔ လူမႈေရးတည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ျမန္မာျပည္သူျပည္သားေတြ ဖြံ႔ၿဖိဳးတိုးတက္ေရး ႀကိဳးပမ္းခ်က္ေတြအေပၚ ႀကီးမားတဲ့ အဟန္႔အတားျဖစ္ေစတယ္လို႔ထင္ပါတယ္။ ျမန္မာႏိုင္ငံရဲ ႔အခ်ဳပ္အျခာအာဏာကို ၾကား၀င္တာမ်ိဳးထက္ ေလးစားတန္ဖိုးထားတာမ်ိဳးျဖစ္သင့္ပါတယ္။"

ျမန္မာကိုယ္စားလွယ္က ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီရဲ ႔ ဒီဆံုးျဖတ္ခ်က္ဟာ ႏိုင္ငံေရးပေယာဂပါၿပီး လြတ္လပ္မႈ မွ်တမႈမရွိဘဲ မခိုင္လံုတဲ့အခ်က္အလက္ေတြကို အေျခခံထားတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ဒီဆံုးျဖတ္ခ်က္ကို လက္မခံဘူးလို႔ ျငင္းဆိုသြားပါတယ္။

ဆံုးျဖတ္ခ်က္မူၾကမ္းထဲမွာ ကုလသမဂၢက ဖဲြ႕စည္းထားတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့စံုစမ္းစစ္ေဆးေရးအဖဲြ႕ IIMM ရဲ႕ အခန္းက႑ကိုလည္း ထည့္သြင္ထားၿပီး ICC ႏိ္ုင္ငံတကာျပစ္မႈဆိုင္ရာတရားရံုး ICJ ႏိုင္ငံတကာတရားရံုးအပါအ၀င္ ႏိုင္ငံတကာနဲ႔ ေဒသတြင္းတရားရံုးေတြနဲ႕ နီးနီးကပ္ကပ္ ဆက္သြယ္ေဆာင္ရြက္ဖို႔ဆိုတာေတြကိုပါ ထည့္သြင္းထားပါတယ္။

ျမန္မာႏိုင္ငံအေရးဟာ စိုးရိမ္စရာေကာင္းေပမယ့္ ျပည္တြင္းေရးကိစၥျဖစ္တယ္လို႔ တ႐ုတ္ကိုယ္စားလွယ္ေျပာပါတယ္။ ဒါေပမဲ့ မဲခဲြဖို႔ကို မတိုက္တြန္းခဲ့သလို႔ ဒီဆံုးျဖတ္ခ်က္မူၾကမ္း ကန္႕ကြက္သလားေမးတဲ့အခ်ိန္မွာလည္း မကန္႔ကြက္ခဲ့ပါတယ္။ ႐ုရွားႏိုင္ငံကလည္း ျမန္မာ့အေရးစိုးရိမ္ေၾကာင္းေဖာ္ျပၿပီး ကန္႔ကြက္မဲမေပးပါဘူး။ အာဆီယံႏိုင္ငံတႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံကေတာ့ ျမန္မာ့အေရးမွာ ညိွႏိႈင္းေဆြးေႏြးၾကမယ္ဆိုရင္ အတတ္ႏိုင္ဆံုးကူညီသြားမယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိအတည်ပြု

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သားအစိုးရကိုဖြုတ်ချတဲ့အပေါ် အပြင်းအထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ လူ့အခွင့်အရေးကောင်စီအစည်းအဝေး စောင့်ကြည့်သတင်းယူနေတဲ့ မနန်းလောဝ်ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာပြီး လွှတ်တော်ကို ပယ်ဖျက်တာ၊ သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရခေါင်းဆောင်ပိုင်းတွေ၊ နိုင်ငံရေးသမားတွေ သတင်းသမားတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေကို မတရားဖမ်းဆီးတဲ့အပေါ်မှာလည်း ကုလလူ့အခွင့်အရေးကောင်စီက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားပါတယ်။ လက်ရှိကျင်းပနေတဲ့ ၄၆ ကြိမ်မြောက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးအခြေအနေတွေကို အလေးထားဆွေးနွေးနေကြတာမှာ မြန်မာပြည်အရေးကိစ္စကလည်း အဓိက ဆွေးနွေးစရာအကြောင်းတခုဖြစ်ခဲ့ပါတယ်။

အဆိုမူကြမ်းတင်သွင်းတဲ့ EU ဥရောပသမဂ္ဂရဲ့ ကုလကိုယ်စားလှယ်က မြန်မာ့လူ့အခွင့်အရေးအခြေအနေအပေါ် အပြင်းထန်ဆုံးရှုတ်ချကြောင်း ခုလိုတင်ပြခဲ့ပါတယ်။

“ရွေးကောက်ခံအရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာရယူထားတဲ့အပေါ် အီးယူက အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပါတယ်။ ဒီမိုကရေစီရေး ကာကွယ်နေကြတဲ့မြန်မာပြည်သူတွေနဲ့လည်း အတူရပ်တည်နေပါတယ်။ စိုးရိမ်စရာကောင်းလောက်အောင် လူတွေသတ်ဖြတ်ခံနေရတာ၊ အကြမ်းဖက်နှိပ်စက်ခံရတာတွေကိုလည်း တွေ့မြင်နေရပါတယ်။ ဆန္ဒပြပြည်သူတွေကို ခုလိုသတ်ဖြတ်နေတာ၊ မဆင်မခြင်ဖမ်းဆီးထိန်းသိမ်းနေတာနဲ့ နှိပ်စက်ညှဉ်းပန်းနေတာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း စိုးရိမ်ကြောင်းရှင်းရှင်းလင်းလင်းပြောဆိုထားပါတယ်။ ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးအတွက် အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေလုပ်ပြီး အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်ဖို့ကြဖို့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကရော၊ အာဆီယံအဖွဲ့ကပါ တိုက်တွန်းတောင်းဆိုထားပါတယ်။ ဖိနှိပ်မှုတွေ တိုးလုပ်လာနေတဲ့ မြန်မာစစ်ဘက်တပ်ဖွဲ့က သူတို့လုပ်ရပ်အတွက်တာဝန်ခံမှု ရှိစေရပါမယ်။ အခြေခံလူ့အခွင့်အရေးအရ လွတ်လပ်စွာဆန္ဒထုတ်ဖော်တဲ့ပြည်သူတွေကို အင်အားသုံးနှိမ်နင်းတာတွေရပ်ရပါမယ်။ အရေးပေါ်အခြေအနေ ထုတ်ပြန်တာတွေရော စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတာတွေကိုပါရပ်ပြီး အရပ်သားအစိုးရကို ပြန်လည်အာဏာအပ်နှင်းရပါမယ်။ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့လည်းတောင်းဆိုပါတယ်။"

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နေတာ၊ သတင်းမီဒီယာတွေကို ပိတ်ဆို့ကန့်သတ်တာ၊ အင်တာနက်ဖြတ်တောက်တာ စတဲ့ လွတ်လပ်ခွင့်တွေ ထိပါးတဲ့ကိစ္စတွေအပေါ်မှာလည်း အလွန်တရာစိုးရိမ်ကြောင်း ဒီ ဆုံးဖြတ်ချက်မှာ ဖော်ပြပါရှိပါတယ်။ ဒီ ဆုံးဖြတ်ချက်မူကြမ်းကို အီးယူ ဥရောပသမဂ္ဂက အဆိုပြု တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဒီဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ မြန်ုမာဘက်က နိုင်ငံခြားရေးဌာနအရာရှိတဦးက နေပြည်တော်ကနေ အွန်လိုင်းကတဆင့် ဒီအစည်းအဝေးမှာ ဆွေးနွေးပါတယ်။ ဥရောပသမဂ္ဂက တင်ပြချက်တွေဟာ အချက်အလက်ခိုင်လုံမှုမရှိသလို မှန်ကန်မှုလည်းမရှိတဲ့ တဘက်သတ်တင်ပြချက်တွေသာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ကဖြစ်ရပ်ကြောင့် ပေါ်ပေါက်လာတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာကတုံ့ပြန်ပုံတွေက မြန်မာ့ပြည်တွင်းရေးတင်းမာမှုတွေ တိုးလာတာမျိုးဖြစ်မလာအောင် ရှောင်ရှားသင့်ပါတယ်။ အစိုးရက မြန်မာနိုင်ငံတွင်းနိုင်ငံရေး၊ လူမှုရေး တည်ငြိမ်မှုရှိဖို့ အကြမ်းဖက်နှိမ်နင်းမှုမဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ရှားပြီး ဆနပြပွဲတွေကို ထိန်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အီးယူရဲ့ပြောဆိုချက်တွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး၊ နိုင်ငံရေးနဲ့ လူမှုရေးတည်ငြိမ်အေးချမ်းရေးနဲ့ မြန်မာပြည်သူပြည်သားတွေ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းချက်တွေအပေါ် ကြီးမားတဲ့ အဟန့်အတားဖြစ်စေတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို ကြားဝင်တာမျိုးထက် လေးစားတန်ဖိုးထားတာမျိုးဖြစ်သင့်ပါတယ်။"

မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးပယောဂပါပြီး လွတ်လပ်မှု မျှတမှုမရှိဘဲ မခိုင်လုံတဲ့အချက်အလက်တွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ ငြင်းဆိုသွားပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းထဲမှာ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်ထားပြီး ICC နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး ICJ နိုင်ငံတကာတရားရုံးအပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းတရားရုံးတွေနဲ့ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်ဖို့ဆိုတာတွေကိုပါ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံအရေးဟာ စိုးရိမ်စရာကောင်းပေမယ့် ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ တရုတ်ကိုယ်စားလှယ်ပြောပါတယ်။ ဒါပေမဲ့ မဲခွဲဖို့ကို မတိုက်တွန်းခဲ့သလို့ ဒီဆုံးဖြတ်ချက်မူကြမ်း ကန့်ကွက်သလားမေးတဲ့အချိန်မှာလည်း မကန့်ကွက်ခဲ့ပါတယ်။ ရုရှားနိုင်ငံကလည်း မြန်မာ့အရေးစိုးရိမ်ကြောင်းဖော်ပြပြီး ကန့်ကွက်မဲမပေးပါဘူး။ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးမှာ ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် အတတ်နိုင်ဆုံးကူညီသွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG