သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံလြင္ျမစ္နံေဘး ျမန္မာတပ္ကိုပို႔မယ့္ဆန္အိတ္မ်ား ထိုင္း ျပန္သယ္ယူ


မဲ့စံလက္ေဒသ သံလြင္ျမစ္အနီးမွာ ခ်ထားတဲ့ ျမန္မာဘက္ပို႔မယ့္ဆန္အိတ္မ်ား။ (ဓာတ္ပံု - ေဒသခံ-မတ္ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းျမန္မာနယ္စပ္ မယ္ေဟာင္ျပည္နယ္အတြင္းက မဲ့စံလက္ေက်းရြာ အနီးက သံလြင္ျမစ္ကမ္းနံေဘးမွာ ထားျပီး ျမန္မာဘက္ပုိ႔မယ့္ ဆန္နဲ႔ စားနပ္ရိကၡာေတြကို ဒီေန႔မနက္ ၁ နာရီေလာက္မွာ ထုိင္းဘက္က ကားေတြနဲ႔ ျပန္သယ္ေဆာင္သြားခဲ့ေပမဲ့ ဒီဆန္ေတြနဲ႔ ပတ္သက္လုိ႔ ထိုင္းႏို္င္ငံတြင္းမွာ ေ၀ဖန္မႈေတြလည္း ထြက္ေပၚေနတာေၾကာင့္ ထိုင္း၀န္ႀကီးခ်ဳပ္ကသတင္းစာရွင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္လုိ႔ မေအးေအးမာက ေျပာျပေပးမွာပါ။

ထိုင္းႏိုင္ငံ၊ တာ့ခ္ျပည္နယ္၊ မဲေဆာက္ကေန သယ္ေဆာင္သြားျပီး မယ္ေဟာင္ေဆာင္ျပည္နယ္အတြင္းကေန ျမန္မာဘက္ကို ပို႔မယ့္ ဆန္အိတ္ ၇၀၀ နဲ႔ စားနပ္ရိကၡာ အေရးကိစၥနဲ ့ ပတ္သက္လို႔ ထိုင္းႏိုင္ငံအတြင္းမွာ အစုိးရက ျမန္မာစစ္တပ္ကုိ ကူညီေပးတယ္ဆုိတဲ့ ေ၀ဖန္မႈေတြထြက္ေပၚေနတာပါ။ ဒီအတြက္ ထိုင္းစစ္တပ္ဘက္က ျပီးခဲ့တဲ့ရက္က တရား၀င္ျငင္းဆုိထားၿပီး ျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ စေနေန႔ကတည္းက ထုိင္းဘက္ျခမ္း သံလြင္ျမစ္ကမ္းနားမွာ ေရာက္ရွိေနတဲ့ ဆန္ေတြကုိ ဘယ္သူမွ လာျပီး သယ္ေဆာင္တာမရွိသလို႔ ျမန္မာစစ္တပ္နဲ႔ တုိက္ပြဲေတြျဖစ္ေနတဲ့ ေကအန္ယူဘက္ကလည္း ျမန္မာဘက္ကို ဆန္ေတြသယ္လာတာနဲ႔ ပစ္ခတ္မယ္လို႔ သတိေပးထားတာပါ။

မေန႔တုန္းကေတာ့ ထိုင္းဘက္ျခမ္းက ေဒသခံေတြက သံလြင္ျမစ္ကမ္းအနီးသြားတဲ့အခ်ိန္မွာ ျမန္မာဘက္က ထုိင္းဘက္ကုိ ပစ္ခတ္မႈေတြလုပ္တဲ့အတြက္ ေဒသခံေတြအၾကား စုိးရိမ္မူေတြျဖစ္ျပီး သူတို႔အတြက္ အႏၱရာယ္ရွိတာေၾကာင့္ ဒီဆန္ေတြကို မဲ့စံလက္ေနရာကေန ေရႊ႕ေပးဖို႔ အာဏာပုိင္ေတြကုိ ေတာင္းဆုိခဲ့ပါတယ္။ ဒီဆန္ေတြဆက္ရွိေနရင္ဆႏၵေဖာ္ထုတ္မႈေတြလုပ္မယ္လို႔လည္း ေဒသခံေတြကေျပာဆိုေနၾကတာပါ။

ဒီေန႔မနက္ တနာရီေက်ာ္အခ်ိန္ေလာက္မွာပဲ ဒီဆန္ေတြကို ထုိင္းဘက္က ကားေတြနဲ႔ သယ္ေဆာင္သြားျပီး ဘယ္ေနရာမွာ ထားသလဲဆိုတာေတာ့ မသိရေသးပါဘူး။

ထုိင္းသတင္းေထာက္ေတြက အဲဒီေနရာမွာ သတင္းရယူေစာင့္ဆုိင္းေနတာမို႔ ထိုင္းဘက္က ကားေတြနဲ႔ ျပန္ျပီးသယ္ေဆာင္သြားတဲ့ သတင္းဓါတ္ပံုေတြကေတာ့ ထြက္ေပၚခဲ့ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္လုိ႔ ထုိင္း၀န္ႀကီးခ်ဳပ္က သာမန္ကုန္ေရာင္းကုန္၀ယ္ကိစၥကုိ သတင္းေထာက္ေတြက အက်ယ္ခ်ဲ႕ေနတယ္ဆိုျပီး ဒီကေန႔ သတင္းစာရွင္းလင္းပဲြမွာ တုံ႔ျပန္ေျပာဆုိလိုက္ပါတယ္။

"ထိုင္းျမန္မာနယ္စပ္မွာ လုပ္ကိုင္ေနတဲ့ ပံုမွန္ နယ္စပ္စီးပြားေရး ရာင္း၀ယ္ ပို႔ေဆာင္မႈေတြသာျဖစ္ျပီး နယ္စပ္မွာ ရွိေနတဲ့ ျမန္မာစစ္တပ္ဖြဲ႔၀င္ေတြဟာလည္း ေန႔စဥ္စားေသာက္မႈ လိုအပ္ခ်က္ေတြ ရွိေနလို ့ နယ္စပ္ ကုန္သြယ္မႈအရ ထိုင္းနိုင္ငံက ကုန္သည္ေတြက ပို ့ေဆာင္ေပးတာျဖစ္တယ္။ ဒါကို ျပႆနာမဟုတ္ဘဲ အက်ယ္ခ်ဲ႕ေနတာျဖစ္တယ္။" လို႔ ထိုင္း၀န္ႀကီးခ်ဳပ္က ေျပာသြားတာပါ။

ထိုင္း၀န္ႀကီးခ်ဳပ္က အခုလုိေျပာဆုိေပမဲ့ ဒါဟာ ကာကြယ္ေျပာဆုိတာ ျဖစ္ႏိုင္ေၾကာင္း ထုိင္း-ျမန္မာနယ္စပ္အေရး ေလ့လာေနသူ ဦးေအာင္စိုးက သုံးသပ္ပါတယ္။

"ဒါကတာေတာ့ ေသခ်ာပါတယ္။ ထုိင္းသတင္းေထာက္ေတြလည္း သိေနတယ္။ ထုိင္းျပည္သူလူထုကလည္း သိေနျပီဆုိေတာ့ ဒါေၾကာင့္ သူတို႔ ေရွ႕ဆက္မတိုးရဲေတာ့ဘူး။ ပစၥည္းေတြကုိ ၾကည့္ရင္ ဂံုနီအိပ္နဲ႔ ဆန္က ထုိင္းက မသံုးဘူး။ အမဲဘူးေတြလည္း ထုိင္းမွာ မသံုးဘူး။ ျမန္မာဘက္ကပဲ အမဲဘူးလာတယ္။ ေရႊဖိီဦး လဘက္ေျခာက္ေတြဆိုတာလည္း ဦးပိုင္ကလား MEC တို႔က ထုတ္တဲ့ဟာေတြေလ။ ဒါေတြက ျမ၀တီဘက္ကေန စစ္တပ္ကေန ပို႔တဲ့ဟာေတြကို သူတို႔ကၾကားက လုပ္ေပးတဲ့သေဘာပဲ။ အခုဟာက သူတို႔ ယူလို႔ မရေတာ့ဘူးေလ။ သတင္းေတြက ပြင့္က်ကုန္တဲ့အတြက္ေလ။"

အခုထိုင္းဘက္ကေန ျမန္မာဘက္ကုိ ပို႔မယ့္ ဆန္ဟာ ထိုင္းဆန္လား၊ ျမန္မာဆန္လားဆိုတဲ့ ထုိင္းသတင္းေထာက္ေတြရဲ႕ ေမးခြန္းကိုေတာ့ ထုိင္း၀န္ႀကီးခ်ဳပ္က ေျဖၾကားသြားျခင္းမရွိပါဘူး။

မဲေဆာက္က ကုန္သည္ေတြကေတာ့ ထုိင္းႏိုင္ငံအေနနနဲ႔ ျမန္မာဆန္ေတြ တင္သြင္းခြင့္ ပိတ္ထားတာ ၾကာျပီျဖစ္လို႔ ကုန္သည္ေတြအေနနဲ႔ ကန္႔သတ္ထားတဲ့ ဆန္ကို သြင္းရင္ အဖမ္းအဆီးေတြ ရွိတယ္လို႔ ေျပာပါတယ္။

"ဆန္နဲ႔ ၾကက္သြန္နီက သယ္ခြင့္မရွိဘူး ... ပိတ္ထားတဲ့ ကုန္ပဲ။ သူတို႔က ဖမ္းတယ္။ ဆန္က ကန္႔သတ္ကုန္ပဲ။"

ပံုမွန္အရ ျမန္မာနိင္ငံဘက္က ထြက္ကုန္ေတြကို ထိုင္းဘက္ကို တင္သြင္းမယ္ဆိုရင္ ကန္႔သတ္ကုန္ေတြ ပါရင္ နယ္စပ္အေကာက္အခြန္ ဥပေဒအရ စစ္ေဆးဖမ္းဆီးေနတာပါ။

အခုရက္ပိုင္းအတြင္း ထိုင္း-ျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕ကေန ျဖတ္ျပီး မဲေဟာင္ေဆာင္ ကိုပို ့လာတဲ့ ဆန္ေတြဟာ ျမန္မာ စစ္တပ္အတြက္ ေထာက္ပ့ံေရးပစၥည္းေတြျဖစ္တယ္ဆုိျပီး ကရင္အမ်ိဳးသား အစည္းအရံုးကလည္း တနဂၤေႏြေန႔က တရား၀င္ ကန္႔ကြက္ စာထုတ္ခဲ့ပါတယ္။

ဒီကေန ့မနက္ အေစာပိုင္းမွာေတာ့ ကားေလးစီးနဲ ့ ဆန္အိတ္ ၇၀၀ နဲ႔ ရိကၡာေတြကို မဲစံလက္ေနရာသံလြင္ျမစ္နားကေန ျပန္ျပီး သယ္ေဆာင္သြားေပမယ့္ စစ္ေဆးေရးဂိတ္ေတြကေန ျဖတ္သန္းတာ မေတြ ့ရတာေႀကာင့္ ဘယ္ေနရာကို သယ္ေဆာင္သြားလဲဆိုတာကိုေတာ့မသိရေသးေၾကာင္း ထုိင္းႏိုင္ငံရဲ႕ ေဒသဆုိင္ရာသတင္းေတြမွာ ေဖာ္ျပေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သံလွင်မြစ်နံဘေး မြန်မာတပ်ကိုပို့မယ့်ဆန်အိတ်များ ထိုင်း ပြန်သယ်ယူ

ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ပြည်နယ်အတွင်းက မဲ့စံလက်ကျေးရွာ အနီးက သံလွင်မြစ်ကမ်းနံဘေးမှာ ထားပြီး မြန်မာဘက်ပို့မယ့် ဆန်နဲ့ စားနပ်ရိက္ခာတွေကို ဒီနေ့မနက် ၁ နာရီလောက်မှာ ထိုင်းဘက်က ကားတွေနဲ့ ပြန်သယ်ဆောင်သွားခဲ့ပေမဲ့ ဒီဆန်တွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံတွင်းမှာ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာကြောင့် ထိုင်းဝန်ကြီးချုပ်ကသတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက်ကနေ သယ်ဆောင်သွားပြီး မယ်ဟောင်ဆောင်ပြည်နယ်အတွင်းကနေ မြန်မာဘက်ကို ပို့မယ့် ဆန်အိတ် ၇၀၀ နဲ့ စားနပ်ရိက္ခာ အရေးကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအတွင်းမှာ အစိုးရက မြန်မာစစ်တပ်ကို ကူညီပေးတယ်ဆိုတဲ့ ဝေဖန်မှုတွေထွက်ပေါ်နေတာပါ။ ဒီအတွက် ထိုင်းစစ်တပ်ဘက်က ပြီးခဲ့တဲ့ရက်က တရားဝင်ငြင်းဆိုထားပြီး ဖြစ်ပါတယ်။

ဒီနောက်မှာတော့ စနေနေ့ကတည်းက ထိုင်းဘက်ခြမ်း သံလွင်မြစ်ကမ်းနားမှာ ရောက်ရှိနေတဲ့ ဆန်တွေကို ဘယ်သူမှ လာပြီး သယ်ဆောင်တာမရှိသလို့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကေအန်ယူဘက်ကလည်း မြန်မာဘက်ကို ဆန်တွေသယ်လာတာနဲ့ ပစ်ခတ်မယ်လို့ သတိပေးထားတာပါ။

မနေ့တုန်းကတော့ ထိုင်းဘက်ခြမ်းက ဒေသခံတွေက သံလွင်မြစ်ကမ်းအနီးသွားတဲ့အချိန်မှာ မြန်မာဘက်က ထိုင်းဘက်ကို ပစ်ခတ်မှုတွေလုပ်တဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မူတွေဖြစ်ပြီး သူတို့အတွက် အန္တရာယ်ရှိတာကြောင့် ဒီဆန်တွေကို မဲ့စံလက်နေရာကနေ ရွှေ့ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒီဆန်တွေဆက်ရှိနေရင်ဆန္ဒဖော်ထုတ်မှုတွေလုပ်မယ်လို့လည်း ဒေသခံတွေကပြောဆိုနေကြတာပါ။

ဒီနေ့မနက် တနာရီကျော်အချိန်လောက်မှာပဲ ဒီဆန်တွေကို ထိုင်းဘက်က ကားတွေနဲ့ သယ်ဆောင်သွားပြီး ဘယ်နေရာမှာ ထားသလဲဆိုတာတော့ မသိရသေးပါဘူး။

ထိုင်းသတင်းထောက်တွေက အဲဒီနေရာမှာ သတင်းရယူစောင့်ဆိုင်းနေတာမို့ ထိုင်းဘက်က ကားတွေနဲ့ ပြန်ပြီးသယ်ဆောင်သွားတဲ့ သတင်းဓါတ်ပုံတွေကတော့ ထွက်ပေါ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က သာမန်ကုန်ရောင်းကုန်ဝယ်ကိစ္စကို သတင်းထောက်တွေက အကျယ်ချဲ့နေတယ်ဆိုပြီး ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

"ထိုင်းမြန်မာနယ်စပ်မှာ လုပ်ကိုင်နေတဲ့ ပုံမှန် နယ်စပ်စီးပွားရေး ရာင်းဝယ် ပို့ဆောင်မှုတွေသာဖြစ်ပြီး နယ်စပ်မှာ ရှိနေတဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေဟာလည်း နေ့စဉ်စားသောက်မှု လိုအပ်ချက်တွေ ရှိနေလို့ နယ်စပ် ကုန်သွယ်မှုအရ ထိုင်းနိုင်ငံက ကုန်သည်တွေက ပို့ဆောင်ပေးတာဖြစ်တယ်။ ဒါကို ပြဿနာမဟုတ်ဘဲ အကျယ်ချဲ့နေတာဖြစ်တယ်။" လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားတာပါ။

ထိုင်းဝန်ကြီးချုပ်က အခုလိုပြောဆိုပေမဲ့ ဒါဟာ ကာကွယ်ပြောဆိုတာ ဖြစ်နိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ်အရေး လေ့လာနေသူ ဦးအောင်စိုးက သုံးသပ်ပါတယ်။

"ဒါကတာတော့ သေချာပါတယ်။ ထိုင်းသတင်းထောက်တွေလည်း သိနေတယ်။ ထိုင်းပြည်သူလူထုကလည်း သိနေပြီဆိုတော့ ဒါကြောင့် သူတို့ ရှေ့ဆက်မတိုးရဲတော့ဘူး။ ပစ္စည်းတွေကို ကြည့်ရင် ဂုံနီအိပ်နဲ့ ဆန်က ထိုင်းက မသုံးဘူး။ အမဲဘူးတွေလည်း ထိုင်းမှာ မသုံးဘူး။ မြန်မာဘက်ကပဲ အမဲဘူးလာတယ်။ ရွှေဖီဦး လဘက်ခြောက်တွေဆိုတာလည်း ဦးပိုင်ကလား MEC တို့က ထုတ်တဲ့ဟာတွေလေ။ ဒါတွေက မြဝတီဘက်ကနေ စစ်တပ်ကနေ ပို့တဲ့ဟာတွေကို သူတို့ကကြားက လုပ်ပေးတဲ့သဘောပဲ။ အခုဟာက သူတို့ ယူလို့ မရတော့ဘူးလေ။ သတင်းတွေက ပွင့်ကျကုန်တဲ့အတွက်လေ။"

အခုထိုင်းဘက်ကနေ မြန်မာဘက်ကို ပို့မယ့် ဆန်ဟာ ထိုင်းဆန်လား၊ မြန်မာဆန်လားဆိုတဲ့ ထိုင်းသတင်းထောက်တွေရဲ့ မေးခွန်းကိုတော့ ထိုင်းဝန်ကြီးချုပ်က ဖြေကြားသွားခြင်းမရှိပါဘူး။

မဲဆောက်က ကုန်သည်တွေကတော့ ထိုင်းနိုင်ငံအနေနနဲ့ မြန်မာဆန်တွေ တင်သွင်းခွင့် ပိတ်ထားတာ ကြာပြီဖြစ်လို့ ကုန်သည်တွေအနေနဲ့ ကန့်သတ်ထားတဲ့ ဆန်ကို သွင်းရင် အဖမ်းအဆီးတွေ ရှိတယ်လို့ ပြောပါတယ်။

"ဆန်နဲ့ ကြက်သွန်နီက သယ်ခွင့်မရှိဘူး ... ပိတ်ထားတဲ့ ကုန်ပဲ။ သူတို့က ဖမ်းတယ်။ ဆန်က ကန့်သတ်ကုန်ပဲ။"

ပုံမှန်အရ မြန်မာနိင်ငံဘက်က ထွက်ကုန်တွေကို ထိုင်းဘက်ကို တင်သွင်းမယ်ဆိုရင် ကန့်သတ်ကုန်တွေ ပါရင် နယ်စပ်အကောက်အခွန် ဥပဒေအရ စစ်ဆေးဖမ်းဆီးနေတာပါ။

အခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ ဖြတ်ပြီး မဲဟောင်ဆောင် ကိုပို့လာတဲ့ ဆန်တွေဟာ မြန်မာ စစ်တပ်အတွက် ထောက်ပံ့ရေးပစ္စည်းတွေဖြစ်တယ်ဆိုပြီး ကရင်အမျိုးသား အစည်းအရုံးကလည်း တနင်္ဂနွေနေ့က တရားဝင် ကန့်ကွက် စာထုတ်ခဲ့ပါတယ်။

ဒီကနေ့မနက် အစောပိုင်းမှာတော့ ကားလေးစီးနဲ့ ဆန်အိတ် ၇၀၀ နဲ့ ရိက္ခာတွေကို မဲစံလက်နေရာသံလွင်မြစ်နားကနေ ပြန်ပြီး သယ်ဆောင်သွားပေမယ့် စစ်ဆေးရေးဂိတ်တွေကနေ ဖြတ်သန်းတာ မတွေ့ရတာကြောင့် ဘယ်နေရာကို သယ်ဆောင်သွားလဲဆိုတာကိုတော့မသိရသေးကြောင်း ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာသတင်းတွေမှာ ဖော်ပြနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG