သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္နီးခ်င္းထိုင္းႏိုင္ငံထဲ တရားမဝင္ ဝင္ေရာက္သူျမန္မာ ပိုမ်ားလာ


ေထာင္ပါဖြန္ျမိဳ႕နယ္အတြင္း မတ္လ ၂၀ ရက္ေန႔က ဖမ္းမိတဲ့ ရိုဟင္ဂ်ာနဲ႔ ျမန္မာႏိုင္ငံသားမ်ား။ (ဓာတ္ပံု - ထုိင္းအာဏာပိုင္ - မတ္ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏို္င္ငံမွာ ႏိုင္ငံေရးအရ မျငိမ္မသက္ျဖစ္တာေၾကာင့္ ထိုင္းနိုင္ငံ ကမ္ခ်နဘူရီျပည္နယ္ Thong Pha Phum ျမိဳ႕နယ္ သစ္ေတာအတြင္းမွာ ျမန္မာနိုင္ငံမွ တရားမ၀င္ ခိုး၀င္လာတဲ့ ရိုဟင္ဂ်ာ ၂၂ ဦးအပါအ၀င္ ျမန္မာႏို္င္ငံဘက္က ခိုး၀င္လာတဲ့ ျမန္မာနိုင္ငံသား ၃၅ ဦးကုိ မတ္လ ၂၀ ရက္ေန႔က ဖမ္းမိခဲ့ပါတယ္။ ဒီရက္ပုိင္းအတြင္းမွာ ထုိင္းႏို္င္ငံေတာင္းပုိင္းမွာ ခိုး၀င္လာသူ ၁၀၀ ထက္မနည္းကို ထုိင္းအာဏာပုိင္ေတြက ဖမ္းမိတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ျမန္မာႏို္င္ငံမွာ ႏိုင္ငံေရးအရ မျငိမ္မသက္ျဖစ္တာေၾကာင့္ေရာ၊ အလုပ္အကုိင္ရွားပါးမႈေတြေၾကာင့္ ထိုင္းနိုင္ငံ ကမ္ခ်နဘူရီျပည္နယ္ Thong Pha Phum ၿမိဳ႕နယ္ အတြင္းကုိ ခိုး၀င္လာသူေတြကုိ ဒီရက္ပုိင္းမွာ ဖမ္းမိခဲ့တာပါ။ ေထာင္ပါဖြန္သစ္ေတာအတြင္းမွာ ျမန္မာနိုင္ငံဘက္ကေန တရားမ၀င္ ခိုး၀င္လာတဲ့ (ရိုဟင္ဂ်ာ) ၂၀ ေက်ာ္နဲ႔ ျမန္မာႏို္င္ငံသား ၁၀၀ ၀န္းက်င္ေလာက္ကုိ ဒီရက္ပုိင္းအတြင္း ဖမ္းမိေနတာပါ။ FED အဖဲြ႔က အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးကေတာ့ အခုလိုေျပာျပပါတယ္။

"ျမန္မာတေယာက္ ေမာင္ငယ္ဆုိတဲ့ တေယာက္ကို ဖမ္းမိတာ သူ႔ကို မိေတာ့ စစ္လိုက္တာ ျမန္မာေတြ ကိုေခၚလာတဲ့ေနရာကို ေတြ႔သြားတာ အဲဒီကို လိုက္ေတာ့ ရိုဟင္ဂ်ာ ၂၂ ေယာက္နဲ႔ က်န္တာ ျမန္မာေပါ့။ ၃၅ ေယာက္ ဖမ္းမိတာ စံခဘူရီခိုင္မွာ။ ပဲြစားပဲေျပာရမွာေပါ့... သူက လမ္းျပလုပ္တဲ့သူကို ဖမ္းမိရင္းနဲ႔ မိသြားတာပါ။"

ျမန္မာႏိုင္ငံတြင္းမွာ အလုပ္အကုိင္ရွားပါးမႈနဲ႔ ႏိုင္ငံေရးမတည္မျငိမ္ျဖစ္တဲ့အတြက္ အခက္အခဲေတြ ပိုျဖစ္လာျပီး အိမ္နီးခ်င္းႏိုင္ငံကို အလုပ္လုပ္ဖို႔အတြက္ ပဲြစားေတြနဲ႔ ထြက္လာၾကသူေတြ မ်ားလာတယ္လို႔လည္း ဦးမင္းဦးကေျပာပါတယ္။

"ပဲြစားေတြနဲ႔ သြားေနၾကတာ အခုထိရွိတုန္းပဲ။ အဲဒီအခါက်ေတာ့ ကိုဗစ္နဲ႔ ပတ္သက္တာလည္း စိုးရိမ္ရတယ္။ ဟုိတေလာကလည္း ပကြ်တ္အုပ္စုထဲကပဲ ျမန္မာထဲက ကိုဗစ္ positive ေတြ႔တာ ၄ ေယာက္ေတြ႔တယ္။"

ဒီရက္ထဲမွာပဲ ထိုင္းျမန္မာနယ္စပ္ ကန္ခ်ဘူရီ ျပည္နယ္ေထာင္းပါပြန္းၿမဳိ႕နယ္ကေန ၀င္ေရာက္လာတဲ့ ျမန္မာနိုင္ငံသား ၁၆ ဦး လိုက္ပါလာတဲ့ ကားတစ္စီးေနာက္ကို ထိုင္းနယ္ျခားေစာင့္ ရဲတပ္ဖြဲ႔က ေနာက္ကေန ကားေတြနဲ ့ အမီလိုက္ ဖမ္းဆီးလိုက္ေၾကာင္း သိရပါတယ္။

ျမန္မာနိုင္ငံသားေတြဟာ ထိုင္းနိုင္ငံသား လူေမွာင္ခိုကူးေနသူေတြကို ေတာင္ပိုင္း ျပည္နယ္အထိ လိုက္ပို ့ေပးဖို ့တစ္ဦးကို ဘတ္ ၁၀,၀၀၀ စီေပးရေၾကာင္း ဖမ္းဆီးခံရသူေတြက ထြက္ဆုိၾကပါတယ္။

အခုဆိုရင္ ထုိင္းႏိုင္ငံ ေတာင္ပိုင္းမွာ ဒီရက္ပုိင္းအတြင္း ဖမ္ဆီးခံရသူ ၁၀၀ ေလာက္ရွိေနျပီလို႔ အလုပ္သမားေရးေဆာင္ရြက္ေနသူေတြက ေျပာဆုိၾကပါတယ္။

ျမန္မာနိုင္ငံတြင္းက နိုင္ငံေရး မတည္ျငိမ္ျဖစ္လာေနတာနဲ႔အတူ ျမန္မာနိုင္ငံသား အမ်ားအျပားဟာ ထိုင္းနိုင္ငံအတြင္း ပိုမို၀င္ေရာက္လာေနရာမွာ ထိုင္းျမန္မာနယ္စပ္ ကမ္ခ်ဘူရီျပည္နယ္ဘုရားသံုးဆူ ေဒသကေနအမ်ားစု ၀င္ေရာက္လာတယ္လို႔လည္း ထိုင္းအာဏာပိုင္ေတြက ေျပာဆုိၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိမ်နီးချင်းထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူမြန်မာ ပိုများလာ

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ မငြိမ်မသက်ဖြစ်တာကြောင့် ထိုင်းနိုင်ငံ ကမ်ချနဘူရီပြည်နယ် Thong Pha Phum မြို့နယ် သစ်တောအတွင်းမှာ မြန်မာနိုင်ငံမှ တရားမဝင် ခိုးဝင်လာတဲ့ ရိုဟင်ဂျာ ၂၂ ဦးအပါအဝင် မြန်မာနိုင်ငံဘက်က ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးကို မတ်လ ၂၀ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ထိုင်းနိုင်ငံတောင်းပိုင်းမှာ ခိုးဝင်လာသူ ၁၀၀ ထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းမိတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ မငြိမ်မသက်ဖြစ်တာကြောင့်ရော၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ထိုင်းနိုင်ငံ ကမ်ချနဘူရီပြည်နယ် Thong Pha Phum မြို့နယ် အတွင်းကို ခိုးဝင်လာသူတွေကို ဒီရက်ပိုင်းမှာ ဖမ်းမိခဲ့တာပါ။ ထောင်ပါဖွန်သစ်တောအတွင်းမှာ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ခိုးဝင်လာတဲ့ (ရိုဟင်ဂျာ) ၂၀ ကျော်နဲ့ မြန်မာနိုင်ငံသား ၁၀၀ ဝန်းကျင်လောက်ကို ဒီရက်ပိုင်းအတွင်း ဖမ်းမိနေတာပါ။ FED အဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးကတော့ အခုလိုပြောပြပါတယ်။

"မြန်မာတယောက် မောင်ငယ်ဆိုတဲ့ တယောက်ကို ဖမ်းမိတာ သူ့ကို မိတော့ စစ်လိုက်တာ မြန်မာတွေ ကိုခေါ်လာတဲ့နေရာကို တွေ့သွားတာ အဲဒီကို လိုက်တော့ ရိုဟင်ဂျာ ၂၂ ယောက်နဲ့ ကျန်တာ မြန်မာပေါ့။ ၃၅ ယောက် ဖမ်းမိတာ စံခဘူရီခိုင်မှာ။ ပွဲစားပဲပြောရမှာပေါ့... သူက လမ်းပြလုပ်တဲ့သူကို ဖမ်းမိရင်းနဲ့ မိသွားတာပါ။"

မြန်မာနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ နိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့အတွက် အခက်အခဲတွေ ပိုဖြစ်လာပြီး အိမ်နီးချင်းနိုင်ငံကို အလုပ်လုပ်ဖို့အတွက် ပွဲစားတွေနဲ့ ထွက်လာကြသူတွေ များလာတယ်လို့လည်း ဦးမင်းဦးကပြောပါတယ်။

"ပွဲစားတွေနဲ့ သွားနေကြတာ အခုထိရှိတုန်းပဲ။ အဲဒီအခါကျတော့ ကိုဗစ်နဲ့ ပတ်သက်တာလည်း စိုးရိမ်ရတယ်။ ဟိုတလောကလည်း ပကျွတ်အုပ်စုထဲကပဲ မြန်မာထဲက ကိုဗစ် positive တွေ့တာ ၄ ယောက်တွေ့တယ်။"

ဒီရက်ထဲမှာပဲ ထိုင်းမြန်မာနယ်စပ် ကန်ချဘူရီ ပြည်နယ်ထောင်းပါပွန်းမြို့နယ်ကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၆ ဦး လိုက်ပါလာတဲ့ ကားတစ်စီးနောက်ကို ထိုင်းနယ်ခြားစောင့် ရဲတပ်ဖွဲ့က နောက်ကနေ ကားတွေနဲ့ အမီလိုက် ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံသား လူမှောင်ခိုကူးနေသူတွေကို တောင်ပိုင်း ပြည်နယ်အထိ လိုက်ပို့ပေးဖို့တစ်ဦးကို ဘတ် ၁၀,၀၀၀ စီပေးရကြောင်း ဖမ်းဆီးခံရသူတွေက ထွက်ဆိုကြပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း ဖမ်ဆီးခံရသူ ၁၀၀ လောက်ရှိနေပြီလို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံတွင်းက နိုင်ငံရေး မတည်ငြိမ်ဖြစ်လာနေတာနဲ့အတူ မြန်မာနိုင်ငံသား အများအပြားဟာ ထိုင်းနိုင်ငံအတွင်း ပိုမိုဝင်ရောက်လာနေရာမှာ ထိုင်းမြန်မာနယ်စပ် ကမ်ချဘူရီပြည်နယ်ဘုရားသုံးဆူ ဒေသကနေအများစု ဝင်ရောက်လာတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG