သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ထိန်းသိမ်းထားတဲ့ တရားမဝင်အလုပ်သမားအများစုမှာ ကိုဗစ်ပိုးတွေ့ရှိ


ထိုင်းနိုင်ငံရှိ စက်ရုံတခုမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတချို့။ (စက်တာင်ဘာ ၂၃၊ ၂၀၁၈)
ထိုင်းနိုင်ငံရှိ စက်ရုံတခုမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတချို့။ (စက်တာင်ဘာ ၂၃၊ ၂၀၁၈)

[Zawgyi/Unicode]

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဘန်းခဲ လဝကထိန်းသိမ်းရေးအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၄၉၀ ထဲက ၄၀၀ နီးပါး ကိုဗစ်ကပ်ပိုးတွေ့လို့ ထိုင်းအာဏာပိုင်တွေက ကိုဗစ်ကုသရေးအတွက်စီစဉ်ထားတဲ့ ယာယီဆေးရုံရှိရာကို ပို့ဆောင်ကုပေးနေပါတယ်။ အပြည့်အစုံကိုတော့ မအေးအေးမာက ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်းခဲ လဝက ထိန်းသိမ်းရေးအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၄၉၀ ထဲက ၄၀၀ နီးပါး ကိုဗစ်ပိုးတွေ့ရှိခဲ့တာလို့ ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

"ဒီနေ့ ထုတ်ပြန်ချက်အရ ၄၀၁ ဦးဖြစ်တယ်။ ထိုင်းနိုင်ငံ ဘန်ကောက်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တယ်။ ကျနော်ထင်တယ်။ မြန်မာချည်းပဲ ဖြစ်ချင်မှဖြစ်မယ်။ ထိုင်းမှာက ရွှေ့ပြောင်းအလုပ်သမားက မြန်မာ၊ လာအိုဝ်၊ ကမ္ဘောဒီးယားဆိုပြီး ရှိတယ်။ အကြောင်းကြောင်းကြောင့်ပြစ်မှု ကျူးလွန်ပြီး ထိန်းသိမ်းထားသူတွေပါ။ ဒါကစစ်ဆေးလို့ အတည်ပြုနိုင်တာပါ။ တခြားဒေသတွေမှာပါ စစ်ဆေးမယ်ဆိုရင် ဒီထက်လည်း အရေအတွက်ပိုတွက်လာနိုင်ပါတယ်။"

ဘန်ကောက်မြို့ လဝက ထိန်းသိမ်းရေးအချုပ်ခန်းမှာ ရှိနေတဲ့ မူရင်းနိုင်ငံပြန်ဖို့ စောင်ဆိုင်းနေကြတဲ့ ပြစ်ဒဏ်ကျပြီးသား နိုင်ငံခြားသား ၁,၅၀၀ ကျော်ကို ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီး ခုလို တွေရှိခဲ့တာပါ။

လဝက ရဲချုပ် Pol Lt Gen Sompong Chingduang က ဒီနေ့ ပြောသွားတာကတော့ လဝက ထိန်းသိမ်းရေးအချုပ်မှာ ကိုဗစ်ကပ် ပိုးတွေ့ နိုင်ငံခြားသား ၃၉၃ ဦးထဲမှာ အမျိုးသား ၃၇၀ နဲ့အမျိုးသမီး ၂၃ ဦးလို့ပါဝင်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်သွားပါတယ်။

"ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့အကြောင်းနဲ့ မကြာခင်ကပ်ရောဂါအခြေအနေတွေကို ထိန်းချုပ်နိုင်မှာပါ။" - လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားပါတယ်။

ပိုးတွေ့လူနာ ၃၀၀ ကျော်ကိုတော့ vibhavadi rangsit လမ်းမအနီးက အရေးပေါ် ဘော်လုံးကွင်းမှာ ဆောက်ထားတဲ့ ယာယီ ဆေးရုံကို ပို့ဆောင်တော့မှာ ဖြစ်ကြောင်းနဲ့ လဝက ဦးစီး ဌာနက ဝန်ထမ်းအားလုံးကိုတော့ ကာကွယ်ဆေးထိုးပေးခဲ့ပြီး ဖြစ်ကြောင်း လဝက ရဲချုပ် Pol Lt Gen Sompong Chingduang က ရှင်းလင်းပြောဆိုသွားပါတယ်။

အခုလို ပြည်တော်ပြန်မယ့် နိုင်ငံခြားသားတွေ ရာနဲ့ချီ ကိုဗစ် ကူးစက်ပြန့်ပွားရတာနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာနတွေ ဝန်ထမ်းတွေအတွက် စိုးရိမ်စရာရှိတာမို့ လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်နေပြီလို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်လောက်ကတည်းက ဘန်ကောက်က လဝက အချုပ်စခန်းမှာ ကပ်ရောဂါပိုးရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ကပ်ရောဂါကြောင်း သေဆုံးသူ ၉၁ ဦးနဲ့ ကပ်ရောဂါပိုးကူးစက်သူ ၂၇,၈၇၆ ရှိနေပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဒုတိယအကျော့ ကိုဗစ်ကပ်ဘေးကူးစက်မှုမှာ စမုဆာခွန်းပြည်နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံသားအများအပြား ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG