သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးထားတဲ့ သတင်းသမားတချို့ အွန်လိုင်းကနေ ရုံးထုတ်


Police arrest Associated Press (AP) photographer Thein Zaw posing for a photo during his coverage of demonstrations by protesters against the military coup in Yangon, a day before he was arrested.
Police arrest Associated Press (AP) photographer Thein Zaw posing for a photo during his coverage of demonstrations by protesters against the military coup in Yangon, a day before he was arrested.

{{Zawgyi/Unicode}}

အာဏာသိမ်းမှု ကန့်ကွက်ဆန့်ကျင်တဲ့ ရန်ကုန်နဲ့ တခြားမြို့တွေက ဆန္ဒပြပွဲတွေ၊ အကြမ်းဖက်ဖြိုခွဲတာတွေကို သတင်းရယူရင်းဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေထဲက ၆ ဦးကို ပုဒ်မ ၅၀၅ (က)၊ တပ်မတော်ကို ပြိုကွဲအောင် လှုံ့ဆော်မှု/လုပ်ဆောင်မှု ပုဒ်မနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တရားစွဲထားတာပါ။ ဒီကနေ့မှာတော့ သူတို့ကို ကမာရွတ်မြို့နယ် တရားရုံးမှာ ဗွီဒီယိုနဲ့အွန်လိုင်းကနေ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဒီထဲမှာ Myanmar Now သတင်းဌာနက အမျိုးသမီးသတင်းထောက် ဒေါ်ကေဇင်နွေး လည်းပါပါတယ်။ အမှုကို နောက်တပတ်မှ စပြီး စစ်ဆေးမှာလို့ ဒေါ်ကေဇင်နွေးရဲ့ရှေ့နေ ဒေါ်နီလာခိုင်က ဗွီအိုအေကိုပြောပါတယ်။

"ကေဇင်နွေးရုံးချိန်းကို ကျမပါဝါတင်ခဲ့တယ်။ သူနဲ့ ဗွီဒီယိုနဲ့တွေ့ရတယ်။ စကားပြောရတယ်။ ကျန်းမာ ရေးကတော့ ဝမ်းခဏခဏသွားတယ်။ အဲဒါမကောင်းဘူးပြောပါတယ်။ နောက်ထပ်ရုံးချိန်းက ၂၅ ရက်နေ့ကိုပြန်ချိန်းတယ်။ ဒီနေ့ကရှေ့နေကိုယ်စားလှယ်လွဲစာတင်တယ်။ စစ်တာဆေးတာတော့မလုပ်ရသေးပါဘူး။ နောက်တပတ်မှ တရားဝင်စမှာပါ အမှုတွဲကကျတော့ ခုမှကူးထားတုန်းရုံးကိုခုမှရောက် တာဆိုတော့ တိုင်ချက်ကိုခုမှတရားဝင်မိတ္တူကူးထားတုန်းရှိသေးတယ်။ အဲလိုဆိုတော့ဘာမှတော့ပြောမရသေးပါဘူး"

ဒီကနေ့ရုံးထုတ်တဲ့ထဲမှာ ဒေါ်ကေဇွန်နွေးနဲ့အပြင် AP သတင်းဌာန ဓာတ်ပုံသတင်းထောက် ဦးသိန်းဇော်၊ MPA သတင်းဌာန ဓာတ်ပုံသတင်း ထောက် ဦးရဲမျိုးခန့်၊ 7day News က ဦးအောင်ရဲကို၊ အလွတ်တန်းသတင်းထောက် ဦးဗညားဦးနဲ့ ဇီးကွက်မီဒီယာက ဦးဟိန်းဖြိုးဇော် တို့ဖြစ်ပါတယ်။ ဒီကနေ့ရုံးထုတ်ချိန်အတွင်း ရှေ့နေတွေနဲ့အတူ မိသားစုကပါ သူတို့ကို အွန်လိုင်းကနေတဆင့်တွေ့ ခွင့် ရခဲ့ပါတယ်။

ကျန်းမာရေးချို့တဲ့နေသူနောက်တဦးကတော့ AP သတင်းဌာန ဓာတ်ပုံသတင်းထောက် ဦးသိန်းဇော်ပါ။ သူဟာ အရင်ထဲက ရင်ကျပ်ရောဂါဝေဒနာရှိပြီး လတ်တလောမှာတော့ အဲဒီရောဂါအခံကြောင့် ညနေပိုင်းတွေမှာ ကျန်းမာရေးပိုချို့တဲ့နေတယ်လို့ သူ့ရှေ့နေဒေါ်တင်ဇာဦး က ဗွီအိုအေကိုပြောပါတယ်။

"ကိုသိန်းဇော်နဲ့ ဗီဒီယို conferencing နဲ့တွေ့ရပါတယ်။ ရှေ့နေကောသူ့မိသားစုဝင်တဦးကောတွေ့ခွင့်ရ ပါတယ်။ ၂၄ ရက်နေ့ကိုရုံးပြန်ချိန်းပါတယ်။ ဗွီဒီယိုကွန်းဖရန်းဇင်းမှာသူ့အကိုပါတော့ အကိုကတော့ ပိန်သွားတယ်ပြောတယ်။ နောက်ညပိုင်းကျတော့ သူရင်ကျပ်အခံရှိတော့ညပိုင်းတွေ အဆင်မပြေဘူး သူ့ကိုဒုက္ခပေးတယ်ဆိုတဲ့ အကြောင်းလေးပြောတယ်။ ဒီနေ့ကျမတို့ရဲ့တာဝန်နဲ့ တရားရုံးတာဝန်အရ သက်ဆိုင်ရာဗွီဒီယို ကွန်ဖရန်းဇင်းနဲ့ ရှေ့နေတွေရဲ့ပါဝါတင်တဲ့ အလုပ်နဲ့ မိသားစုဝင်နဲ့တွေ့ခွင့်ပေးတဲ့ အလုပ်ဘဲလုပ်သွားတာပါ။ ကျန်တာတွေကတော့နောက်ရုံးချိန်းက်မွလုပ္မွာပါ"

7 Day သတင်းစာက ကိုအောင်ရဲနဲ့ ကိုသိန်းဇော်ကို မတ်လ ၂၄ ရက်နေ့ ရုံးပြန်ချိန်းလိုက်ပြီး မကေဇင်နွေးအပါအဝင် ကျန်သတင်းသမားတွေကိုတော့ ၂၅ ရက်နေ့မှာပြန် ချိန်းထားတယ်လို့ပြောပါ တယ်။ အမှုကို စပြီ စစ်ဆေးတော့မှသာ ဘယ်လိုကြောင့်ဒီပုဒ်မနဲ့ ဖမ်းဆီးအရေးယူသလဲဆိုတာကို တိတိကျကျသိနိုင်မယ်လို့ ရှေ့နေတွေကပြောပါတယ်။

"လာမယ့် ၁၈ ရက်နေ့မှာလည်း ဒီပုဒ်မနဲ့ တရားစွဲခံရတဲ့ အလွတ်သတင်းထောက် ဦးစိုးရာဇာထွန်းကို ရုံးထုတ်သွားဖို့ရှိပါတယ်။"

ဒီပုဒ်မနဲ့ အပြစ်ရှိတယ်လို့ တရားရုံးကအမိန့်ချရင်တော့ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချခံရနိုင်ပါတယ်။ ဒီပုဒ်မဟာ အာမခံရနိုင်တဲ့ ပုဒ်မမျိုးမဟုတ်ပေမယ့် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးနိုင်တဲ့ပုဒ်မဖြစ်တယ်လို့ ရှေ့နေတွေကပြောပါတယ်။

ဒီကနေ့ရုံးထုတ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တာဝန်ရှိသူတစ်ဦးလည်း လာရောက်ခဲ့ပါတယ်။

ဒီလူတွေလိုပဲ တခြားပြည်နယ်တိုင်းတွေဖြစ်တဲ့ ပုသိမ်မြို့၊ မြိတ်မြို့၊ ပြည်မြို့တို့မှာလည်း ဖမ်းဆီးခံထားရသူတွေရှိသလို အလွတ်တန်း ဓာတ်ပုံသတင်းထောက်အပါအဝင် တခြား သတင်းထောက်တချို့၊ အယ်ဒီတာချုပ်နဲ့ သတင်းတိုက် တွဲဖက်တည်ထောင်သူတချို့လည်း ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။

အဖမ်းခံထားရတဲ့ထဲက သတင်းသမားတချို့ ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးသလို ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားတယ်ဆိုတာကိုလဲ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီမနက်ပိုင်းမှာလည်း တောင်ကြီးမြို့မှာ ပိုလန်နိုင်ငံသား အလွတ်သတင်းထောက်တစ်ဦး သတင်းရယူနေချိန် အဖမ်းခံခဲ့ရပြီး သူ့အခြေအနေကို မသိရသေးပါဘူး။

Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ်သတင်းဌာနတို့ကို အာဏာသိမ်း စစ်ကောင်စီက ထုတ်ဝေခွင့်ရုပ်သိမ်းတဲ့အကြောင်း ကြေညာထားပါတယ်။ ပိတ်သိမ်းတဲ့အထဲမှာမပါဝင်တဲ့ ကမာရွတ်သတင်းဌာနကို မတ်လ ၉ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီး အယ်ဒီတာချုပ်နဲ့ တွဲဖက်တည်ထောင်သူတို့ကို ဖမ်းဆီးထားပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ဒီကနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ သတင်းသမားအရေအတွက်ဟာ ၄၀ ထက်မနည်းရှိနေပြီး ဒီထဲက အယောက် ၂၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ မုံရွာမြို့အခြေစိုက် သတင်းထောက် နှစ်ယောက်ကိုတော့ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး အာမခံနဲ့ လွှတ်ပေးထားပါတယ်။

............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}














XS
SM
MD
LG