ျမန္မာ အာဏာသိမ္္း စစ္ေကာင္စီက သတင္းေထာက္ေတြကို ဖမး္ဆီးၿပီး တရားစြဲဆုိတဲ့အေပၚ ရန္ကုန္ၿမိဳ႕၊ အေမရိကန္သံ႐ံုးက ျပစ္တင္ ေဝဖန္လိုက္ပါတယ္။
"ကိုယ့္အလုပ္ ကိုယ္လုပ္ရင္း ဖမ္းဆီးခံရတဲ့ သတင္းေထာက္ငါးေယာက္အတြက္ ရန္ကုန္ၿမိဳ႕ တရား႐ံုးတစ္ခုကို အေမရိကန္သံ႐ံုး အရာရွိတဦး သြားေရာက္ခဲ့ပါတယ္။ ျပည္သူေတြ သိဉာဏ္ႂကြယ္ဝစြာနဲ႔ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ဖို႔အတြက္ မီဒီယာရဲ႕အခန္းက႑က အဓိကက်ပါတယ္။ သတင္းမီဒီယာေတြကို ႏႈတ္ဆိတ္ေစျခင္းအားျဖင့္ အာဏာသိမ္္းစစ္ဘက္အရာရွိေတြရဲ႕ စက္ဆုပ္ဖြယ္ရာ လုပ္ေဆာင္ေနမႈကို ကမာၻႀကီးက ဒါမွမဟုတ္ ျမန္မာျပည္သူေတြက မမွတ္မိေအာင္ လုပ္လို႔မရပါဘူး" လို႔ ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္သံ႐ံုးေျပာခြင့္ရ Aryani Manring က ဗီြအိုေအကိုေျပာပါတယ္။
ေအပီသတင္းေထာက္အပါအဝင္ သတင္းေထာက္ငါးဦးကို ပုဒ္မ ၅၀၅ (က) တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႔ေဆာ္မႈ၊ လုပ္ေဆာင္မႈနဲ႔ တရားစြဲ ႐ံုးထုတ္ၿပီး ခ်ဳပ္ရမန္ထပ္ယူၿပီးေတာ့ မတ္လ ၂၄ ရက္ေန႔မွာ ေနာက္ထပ္႐ံုးခ်ိန္း ေပးထားပါတယ္။
အလားတူ Myanmar Now သတင္းဌာနက သတင္းေထာက္ ၆ ေယာက္ကိုလည္း အြန္လိုင္းကေန ႐ံုးထုတ္ခဲ့ၿပီး မတ္လ ၂၅ ရက္ေန႔ကို ေနာက္ထပ္႐ံုးခ်ိန္းေပးထားတယ္လုိ႔ အယ္ဒီတာခ်ဳပ္ ကိုေဆြဝင္းက ႐ုိက္တာသတင္းဌာနကိုေျပာပါတယ္။
.............................................
မြန်မာ အာဏာသိမ်း စစ်ကောင်စီက သတင်းထောက်တွေကို ဖမ်းဆီးပြီး တရားစွဲဆိုတဲ့အပေါ် ရန်ကုန်မြို့၊ အမေရိကန်သံရုံးက ပြစ်တင် ဝေဖန်လိုက်ပါတယ်။
"ကိုယ့်အလုပ် ကိုယ်လုပ်ရင်း ဖမ်းဆီးခံရတဲ့ သတင်းထောက်ငါးယောက်အတွက် ရန်ကုန်မြို့ တရားရုံးတစ်ခုကို အမေရိကန်သံရုံး အရာရှိတဦး သွားရောက်ခဲ့ပါတယ်။
ပြည်သူတွေ သိဉာဏ်ကြွယ်ဝစွာနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် မီဒီယာရဲ့အခန်းကဏ္ဍက အဓိကကျပါတယ်။ သတင်းမီဒီယာတွေကို နှုတ်ဆိတ်စေခြင်းအားဖြင့် အာဏာသိမ်းစစ်ဘက်အရာရှိတွေရဲ့ စက်ဆုပ်ဖွယ်ရာ လုပ်ဆောင်နေမှုကို ကမ္ဘာကြီးက ဒါမှမဟုတ် မြန်မာပြည်သူတွေက မမှတ်မိအောင် လုပ်လို့မရပါဘူး" လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးပြောခွင့်ရ Aryani Manring က ဗွီအိုအေကိုပြောပါတယ်။
အေပီသတင်းထောက်အပါအဝင် သတင်းထောက်ငါးဦးကို ပုဒ်မ ၅၀၅ (က) တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု၊ လုပ်ဆောင်မှုနဲ့ တရားစွဲ ရုံးထုတ်ပြီး ချုပ်ရမန်ထပ်ယူပြီးတော့ မတ်လ ၂၄ ရက်နေ့မှာ နောက်ထပ်ရုံးချိန်း ပေးထားပါတယ်။
အလားတူ Myanmar Now သတင်းဌာနက သတင်းထောက် ၆ ယောက်ကိုလည်း အွန်လိုင်းကနေ ရုံးထုတ်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့ကို နောက်ထပ်ရုံးချိန်းပေးထားတယ်လို့ အယ်ဒီတာချုပ် ကိုဆွေဝင်းက ရိုက်တာသတင်းဌာနကိုပြောပါတယ်။