သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံ ဆႏၵျပပြဲေတြအတြင္း ပိုလန္သတင္းေထာက္တဦး ဖမ္းဆီးခံရ


ဆႏၵျပပြဲအား စစ္တပ္မွ ျဖိဳခြဲစဥ္ (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

ပိုလန္သတင္းေထာက္ တဦးဟာ ျမန္မာႏိုင္ငံမွာ အဖမ္းခံေနရတယ္လို႔ ပိုလန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေသာၾကာေန႔မွာ ေျပာပါတယ္။ ဒါဟာ ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလ တရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးခ်ိန္ကစၿပီး ဒုတိယေျမာက္ အဖမ္းခံရတဲ့ ႏိုင္ငံျခားသတင္းေထာက္ ျဖစ္ပါတယ္။

ပိုလန္ေကာင္စစ္ရံုံးက ဆက္သြယ္ဖို႔ ႀကိဳးစားေနတဲ့ အျပင္ သူ႔ရဲ႕ က်န္းမာေရးနဲ႔ တရားေရးအေျခေနဆိုင္ရာ အခ်က္လက္ေတြ ရဖို႔ ႀကိဳးစားေနၾကာင္းနဲ႔ ဒီအဖမ္းခံေနရတဲ့ ပိုလန္ႏိုင္ငံသားကို ကူညီဖို႔ ေဆာင္႐ြက္ေနေၾကာင္း ပိုလန္ႏိုင္ငံျခားေရး႐ုံးက ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။

ပိုလန္ သတင္းမီဒီယာ ေတြမွာေတာ့ အဖမ္းခံေနရတဲ့ သတင္းေထာက္ဟာ ေရာဘတ္ ဘူဂ်ီ (Robert Bociag) ျဖစ္ေၾကာင္း ေဖၚျပေနေပမယ့္ ပိုလန္ႏိုင္ငံျခားေရးဝန္ႀကီး ဌာန ကေတာ့ အတည္မျပဳေပး ေသးေၾကာင္း ႐ိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။
အရပ္သားအစိုးရကို ဖမ္းဆီးဖယ္ရွားၿပီး ေဖေဖၚဝါရီ (၁)ေန႔ကစလို႔ အာဏာရယူခဲ့တဲ့ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဟာ ျပည္သူေတြနဲ႔ သတင္းသမားေတြရဲ႕ နဂိုရွိရင္းစြဲ လြတ္လပ္ခြင့္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ တင္းၾကပ္တဲ့ ၫႊန္ၾကားခ်က္ေတြ၊ ဥပေဒပုဒ္မတခ်ိဳ႕ ျပင္ဆင္ျဖည့္စြက္တာေတြလုပ္ခဲ့သလို သတင္းေထာက္ေတြကို ႐ိုက္ႏွက္ဖမ္းဆီးတာေတြ လုပ္ခဲ့တာပါ။

အေမရိကန္သံ႐ုံးကေတာ့ ေသာၾကာေန႔က ရန္ကုန္မွာအဖမ္းခံေနရတဲ့ သတင္းေထာက္ ၅ ဦးအတြက္ တရား႐ုံးတခုကို သံ႐ုံးအရာရွိ သြားေရာက္ခဲ့ေၾကာင္း နဲ႔ မီဒီယာဟာ ျပည္သူေတြ ဆုံးျဖတ္ခ်က္ ခ်ေရးအတြက္ အသိႂကြယ္ေစတာေၾကာင့္ အေရးပါတဲ့အျပင္ သတင္းမီဒီယာကို ႏႈတ္ပိတ္ၿပီး အာဏာသိမ္း စစ္ဘက္အရာရွိေတြရဲ႕ စက္ဆုပ္ဖြယ္ လုပ္ရပ္ေတြအတြက္ ကမာၻကေရာ ျမန္မာျပည္သူေတြကပါ ေမ့ေအာင္ လုပ္လို႔ မရေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးေျပာခြင့္ရ Aryani Manring က ဗြီအိုေအကိုေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အၾကမ္းဖက္ႏွိမ္နင္းခံရတဲ့အထဲမွာ သတင္းရယူေနခ်ိန္ ဖမ္းဆီးခံရတဲ့ သတင္းေထာက္ ၄၀ ေက်ာ္ ရွိေနပါတယ္။ ျပန္လြတ္လာသူ တခ်ိဳ႕ ရွိေပမယ့္ အမႈဖြင့္ခံထားရသူေတြ ရွိသလို၊ ဖမ္းဆီးခံရၿပီးခ်ိန္ကစ မိသားစုနဲ႔ ေတြ႕ခြင့္မရေတာ့ဘဲ ခ်ဳပ္ေႏွာင္ခံထားရသူေတြလည္း ရွိပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္


မြန်မာနိုင်ငံ ဆန္ဒပြပွဲတွေအတွင်း ပိုလန်သတင်းထောက်တဦး ဖမ်းဆီးခံရ

(Unicode)

ပိုလန်သတင်းထောက် တဦးဟာ မြန်မာနိုင်ငံမှာ အဖမ်းခံနေရတယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ တရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဒုတိယမြောက် အဖမ်းခံရတဲ့ နိုင်ငံခြားသတင်းထောက် ဖြစ်ပါတယ်။

ပိုလန်ကောင်စစ်ရံုံးက ဆက်သွယ်ဖို့ ကြိုးစားနေတဲ့ အပြင် သူ့ရဲ့ ကျန်းမာရေးနဲ့ တရားရေးအခြေနေဆိုင်ရာ အချက်လက်တွေ ရဖို့ ကြိုးစားနေကြာင်းနဲ့ ဒီအဖမ်းခံနေရတဲ့ ပိုလန်နိုင်ငံသားကို ကူညီဖို့ ဆောင်ရွက်နေကြောင်း ပိုလန်နိုင်ငံခြားရေးရုံးက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ပိုလန် သတင်းမီဒီယာ တွေမှာတော့ အဖမ်းခံနေရတဲ့ သတင်းထောက်ဟာ ရောဘတ် ဘူဂျီ (Robert Bociag) ဖြစ်ကြောင်း ဖေါ်ပြနေပေမယ့် ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဌာန ကတော့ အတည်မပြုပေး သေးကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။
အရပ်သားအစိုးရကို ဖမ်းဆီးဖယ်ရှားပြီး ဖေဖေါ်ဝါရီ (၁)နေ့ကစလို့ အာဏာရယူခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်သူတွေနဲ့ သတင်းသမားတွေရဲ့ နဂိုရှိရင်းစွဲ လွတ်လပ်ခွင့်ကို ထိန်းချုပ်နိုင်ဖို့ တင်းကြပ်တဲ့ ညွှန်ကြားချက်တွေ၊ ဥပဒေပုဒ်မတချို့ ပြင်ဆင်ဖြည့်စွက်တာတွေလုပ်ခဲ့သလို သတင်းထောက်တွေကို ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။

အမေရိကန်သံရုံးကတော့ သောကြာနေ့က ရန်ကုန်မှာအဖမ်းခံနေရတဲ့ သတင်းထောက် ၅ ဦးအတွက် တရားရုံးတခုကို သံရုံးအရာရှိ သွားရောက်ခဲ့ကြောင်း နဲ့ မီဒီယာဟာ ပြည်သူတွေ ဆုံးဖြတ်ချက် ချရေးအတွက် အသိကြွယ်စေတာကြောင့် အရေးပါတဲ့အပြင် သတင်းမီဒီယာကို နှုတ်ပိတ်ပြီး အာဏာသိမ်း စစ်ဘက်အရာရှိတွေရဲ့ စက်ဆုပ်ဖွယ် လုပ်ရပ်တွေအတွက် ကမ္ဘာကရော မြန်မာပြည်သူတွေကပါ မေ့အောင် လုပ်လို့ မရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးပြောခွင့်ရ Aryani Manring က ဗွီအိုအေကိုပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်နှိမ်နင်းခံရတဲ့အထဲမှာ သတင်းရယူနေချိန် ဖမ်းဆီးခံရတဲ့ သတင်းထောက် ၄၀ ကျော် ရှိနေပါတယ်။ ပြန်လွတ်လာသူ တချို့ ရှိပေမယ့် အမှုဖွင့်ခံထားရသူတွေ ရှိသလို၊ ဖမ်းဆီးခံရပြီးချိန်ကစ မိသားစုနဲ့ တွေ့ခွင့်မရတော့ဘဲ ချုပ်နှောင်ခံထားရသူတွေလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG