သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ AP သတင်းထောက်တွေကို ချက်ချင်းပြန်လွှတ်ဖို့ အမေရိကန်သတင်းသမားများအဖွဲ့တောင်းဆို


AP သတင်းဌာန ဓာတ်ပုံဆရာ ကိုသိန်းဇော်
AP သတင်းဌာန ဓာတ်ပုံဆရာ ကိုသိန်းဇော်

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအတွင်း သတင်းသမားတွေ ဖမ်းဆီးခံရ၊ ထိခိုက် ဒဏ်ရာတွေ ရတဲ့အပေါ် သတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေက သတိပေးနေပါတယ်။

ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းနေတာကို သတင်းယူနေစဉ် ဖမ်းဆီးခံရတဲ့ AP သတင်းဌာနက ဓာတ်ပုံဆရာ ကိုသိန်းဇော်ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်အခြေစိုက် အမျိုးသား သတင်းထောက်အသင်းက တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးအရေးယူခံထားရတဲ့ သတင်းထောက်ကိုသိန်းဇော်ရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ကြောင်း သတင်းထောက်အသင်း ဥက္ကဋ္ဌ Lisa Nicole Matthews နဲ့ AP သတင်းဌာန တာဝန်ရှိသူတဦးဖြစ်တဲ့ Angela Greiling Kean တို့က ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ သတင်းသမားတွေ ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်နေတာကို ဖမ်းဆီးအရေးယူတာဟာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ဖို့လည်း တောင်းဆိုထားပါတယ်။

ဗွီအိုအေ အမေရိကန်အသံကလည်း မန္တလေးမြို့မှာ သတင်းယူနေစဉ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဗွီအိုအေ သတင်းထောက်တဦးပါ ဒဏ်ရာရခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချခဲ့တာပါ။

ဒီမိုကရေစီစနစ်မှာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ သတင်းစီးဆင်းမှုတွေ ရှိရမှာဖြစ်ကြောင်းလည်း ဗွီအိုအေ ယာယီညွှန်ကြားရေးမှူး Yolanda López က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုတွေ တိုးမြှင့်လာနေချိန်မှာ သတင်းသမားတွေကိုပါ ဖမ်းဆီးအရေးယူတာ၊ ပစ်မှတ်ထားတာတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


.........


(Unicode)







XS
SM
MD
LG