(Zawgyi/Unicode)
ဒီမိုကေရစီေရး ေတာင္းဆိုဆႏၵျပသူေတြကို ျမန္မာအာဏာသိမ္း စစ္ေကာင္စီက အၾကမ္းဖက္ၿဖိဳခြဲမႈအတြင္း ကေလးငယ္ ၄၀ ေက်ာ္ေသဆံုးခဲ့ရတာနဲ႔ လူေတြ ရာနဲ႔ခ်ီၿပီး ေပ်ာက္ဆံုးေနၾကရတာေတြအတြက္ ႏုိင္ငံတကာက အျပင္းအထန္ ျပစ္တင္ေဝဖန္ေနပါတယ္။
ေဖေဖၚဝါရီလ ၁ ရက္ အာဏာသိမ္းခ်ိန္ကစလို႔ ၂ လအတြင္း ကေလးငယ္ ၄၄ ေယာက္အပါအဝင္ စုစုေပါင္း ျပည္သူ ၅၄၃ ေယာက္ေသဆံုးခဲ့ၿပီးျဖစ္ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားပါတယ္။
အၾကမ္းမဖက္ ဆန္႔က်င္ကန္႔ကြက္မႈေတြကို ႏွိမ္နင္းၿဖိဳခြဲရာမွာ မ်က္ရည္ယိုဗံုး၊ ရာဘာက်ည္တို႔အျပင္ က်ည္အစစ္ေတြနဲ႔ပါ ပစ္ခတ္ခဲ့ၿပီး အနည္းဆံုး လူေပါင္း ၂,၇၀၀ ကိုလည္း ဖမ္းဆီးထားပါတယ္။
အၾကမ္းဖက္ၿဖိဳခြဲမႈေတြဟာ မၾကာခင္သီတင္းပတ္ေတြထဲ ပိုျပင္းထန္လာၿပီး ၿပီးခဲ့တဲ့ ၁၂ ရက္အတြင္း လူငယ္ေတြ ေသဆံုးမႈႏႈန္း ၂ ဆမက ျမင့္တက္လာခဲ့ေၾကာင္း Save the Children အဖြဲ႔က ေျပာပါတယ္။
ကေလးေတြကို ထိခိုက္နာက်င္မႈက ကာကြယ္ေပးဖို႔ ေတာင္းဆိုေနတဲ့ၾကားက အခုလို ေသေၾကတဲ့အထိ ၿဖိဳခြဲေနတဲ့ထဲ ကေလးေတြကို ဆက္ၿပီး ပစ္မွတ္ထားတိုက္ခုိက္ေနတာဟာ အင္မတန္ တုန္လႈပ္စရာေကာင္းပါတယ္လို႔ Save the Children အဖြဲ႔က ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။
ဆႏၵျပပြဲေတြကို အားေပးတယ္လို႔ ယူဆတဲ့အိမ္ေတြ၊ ဒါမွမဟုတ္ စစ္တပ္က တိုင္းျပည္ကိုအုပ္ခ်ဳပ္မႈ ရပ္တန္႔သြားေအာင္ အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားေနတဲ့သူေတြကို စစ္တပ္နဲ႔ရဲက ညအခ်ိန္မေတာ္ ဝင္ေရာက္စီးနင္းဖမ္းဆီးေနပါတယ္။
အဖမ္းခံထားရသူ ရာေပါင္းမ်ားစြာကို ဘယ္မွာရွိတယ္ဆိုတာေျပာဖို႔ အာဏာပိုင္ေတြက ျငင္းဆိုသလို ေရွ႕ေနနဲ႔လည္း ေတြ႔ခြင့္မေပးဘဲ အတင္းအက်ပ္ ဖံုးကြယ္ေဖ်ာက္ဖ်က္ေနတယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္အဖြဲ႔ HRW က ေျပာပါတယ္။
အခုလို အဆက္အသြယ္မရေတာ့ဘဲျဖစ္ေနသူေတြကို ခ်က္ျခင္းလႊတ္ေပးဖို႔၊ အာဏာသိမ္း စစ္အစိုးရေခါင္းေဆာင္ေတြဘက္က ဒီအၾကမ္းဖက္မႈေတြကို တာဝန္ယူမႈရွိလာေအာင္ စီးပြါးေရးဒဏ္ခတ္ပိတ္ဆို႔ေရးကို ျပဌာန္းေဆာင္ရြက္ၾကဖို႔ အစိုးရေတြက ေတာင္းဆိုသင့္ေၾကာင္းလည္း ဒီေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
----------------------
(Unicode)
ပစ်ခတ်ဖြိုခွဲမှုမှာ ကလေးငယ်တွေပါသေဆုံးရမှု နိုင်ငံတကာ ပြစ်တင်ဝေဖန်
ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူတွေကို မြန်မာအာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲမှုအတွင်း ကလေးငယ် ၄၀ ကျော်သေဆုံးခဲ့ရတာနဲ့ လူတွေ ရာနဲ့ချီပြီး ပျောက်ဆုံးနေကြရတာတွေအတွက် နိုင်ငံတကာက အပြင်းအထန် ပြစ်တင်ဝေဖန်နေပါတယ်။
ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းချိန်ကစလို့ ၂ လအတွင်း ကလေးငယ် ၄၄ ယောက်အပါအဝင် စုစုပေါင်း ပြည်သူ ၅၄၃ ယောက်သေဆုံးခဲ့ပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
အကြမ်းမဖက် ဆန့်ကျင်ကန့်ကွက်မှုတွေကို နှိမ်နင်းဖြိုခွဲရာမှာ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တို့အပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၂,၇၀၀ ကိုလည်း ဖမ်းဆီးထားပါတယ်။
အကြမ်းဖက်ဖြိုခွဲမှုတွေဟာ မကြာခင်သီတင်းပတ်တွေထဲ ပိုပြင်းထန်လာပြီး ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း လူငယ်တွေ သေဆုံးမှုနှုန်း ၂ ဆမက မြင့်တက်လာခဲ့ကြောင်း Save the Children အဖွဲ့က ပြောပါတယ်။
ကလေးတွေကို ထိခိုက်နာကျင်မှုက ကာကွယ်ပေးဖို့ တောင်းဆိုနေတဲ့ကြားက အခုလို သေကြေတဲ့အထိ ဖြိုခွဲနေတဲ့ထဲ ကလေးတွေကို ဆက်ပြီး ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ အင်မတန် တုန်လှုပ်စရာကောင်းပါတယ်လို့ Save the Children အဖွဲ့က ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဆန္ဒပြပွဲတွေကို အားပေးတယ်လို့ ယူဆတဲ့အိမ်တွေ၊ ဒါမှမဟုတ် စစ်တပ်က တိုင်းပြည်ကိုအုပ်ချုပ်မှု ရပ်တန့်သွားအောင် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားနေတဲ့သူတွေကို စစ်တပ်နဲ့ရဲက ညအချိန်မတော် ဝင်ရောက်စီးနင်းဖမ်းဆီးနေပါတယ်။
အဖမ်းခံထားရသူ ရာပေါင်းများစွာကို ဘယ်မှာရှိတယ်ဆိုတာပြောဖို့ အာဏာပိုင်တွေက ငြင်းဆိုသလို ရှေ့နေနဲ့လည်း တွေ့ခွင့်မပေးဘဲ အတင်းအကျပ် ဖုံးကွယ်ဖျောက်ဖျက်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ပြောပါတယ်။
အခုလို အဆက်အသွယ်မရတော့ဘဲဖြစ်နေသူတွေကို ချက်ခြင်းလွှတ်ပေးဖို့၊ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင်တွေဘက်က ဒီအကြမ်းဖက်မှုတွေကို တာဝန်ယူမှုရှိလာအောင် စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့ရေးကို ပြဌာန်းဆောင်ရွက်ကြဖို့ အစိုးရတွေက တောင်းဆိုသင့်ကြောင်းလည်း ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။